"ငွေကြောင့်မဟုတ်ဘဲ ယောကျာ်းလေးတွေကို မိန်းကလေးအချို့စိတ်မဝင်စားရတဲ့အကြောင်းရင်း "

အချို့တွေက ငွေရှိမှလူရာဝင်မယ်၊ ငွေကြောင့် ချစ်ခြင်းတရားအချို့ကပါ အရောင်ပြောင်းသွားနိုင်တယ်လို့ ပြောကြတာကြားဖူးကြမှာပါ။ မှန်သင့်သလောက်မှန်ပါတယ်။ ခံယူချက်ခြင်းမတူတဲ့အတွက်ကြောင့်ကိုပဲ လူအချို့ရဲ့အချစ်ဟာ အရောင်အမျိုးမျိုးပြောင်းလဲသွားနိုင်တာပေါ့။ ဒါပေမယ့် ငွေကြောင့်ဆိုတာကတော့ သိပ်ခိုင်လုံတယ်လို့လည်း ပြောမရပြန်ပါဘူးနော်။ ပြောင်းလဲချင်တဲ့လူက ပြောင်းလဲတတ်တာပါပဲလေ။ တကယ်တမ်းဆိုရင် ငွေဆိုတာ လူကလုပ်တာမဟုတ်လား။ အချစ်စစ်ကိုပိုင်ဆိုင်ထားတာမှန်တယ်ဆိုရင် သုညဘဝကစပေမယ့် ငွေရှိလာအောင် မောင်တစ်ထမ်းမယ်တစ်ရွက်နဲ့ကြိုးစားကြတဲ့လူတွေလည်း တပုံကြီးပါပဲနော်။ ငွေတွေရှိလာပြန်တော့လည်း အတူလက်တွဲသွားတဲ့လူတွေလည်း ဒူးနဲ့ဒေးပါပဲ။ ဘဝက စိတ်ကူးယဉ်နေသလို တဲအိုပျက်မှာ ထမင်းရည်တော့အတူလျက်လို့မရဘူးပေါ့။ လက်တွေ့ကျကျ အခက်ခဲတွေကို တကယ်ရင်ဆိုင်ဖြေရှင်းရဲတဲ့သတ္တိရှိဖို့တော့လိုတာပေါ့လေ။ အဲဒီလိုလက်တွေ့ကျကျ ဘဝကို ရင်ဆိုင်ဖြေရှင်းရဲတဲ့သတ္တိမရှိတာကြောင့် အချို့အချို့တွေက လက်တွဲဖြုတ်သွားကြတာမျိုးလည်းရှိပါတယ်။ အဲဒါကြောင့် ငွေမရှိလို့မဟုတ်ဘဲ မိန်းကလေးအချို့က ယောကျ်ားလေးအချို့ကို စိတ်မဝင်စားရတဲ့အကြောင်းရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ နောက်ထပ်လည်း ငွေကြောင့်မဟုတ်ဘဲ မိန်းကလေးတွေကို စိတ်မဝင်စားရတဲ့ ယောကျ်ားလေးတွေရဲ့အကြောင်းရင်းအချို့ကိုလည်း ဖော်ပြပေးသွားအုံးမှာပါ။ #BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။