လက်တွဲဖော်အဖြစ်လက်မတွဲသင့်သောယောကျ်ားအမျိုးအစားများ

မတူတဲ့လူနှစ်ယောက်လက်တွဲတဲ့အခါ မတူညီတဲ့အရာတွေကအများကြီးဖြစ်နေမှာပါပဲ။ ဒါပေမယ့် အဆင်ပြေအောင် ညှိုနှိုင်းပြီး လက်တွဲသွားရမှာပဲဖြစ်ပါတယ်။ အဓိကက ကိုယ်မှားနေရင်လည်း ပြင်ချင်တဲ့စိတ်ဓာတ်ရှိဖို့ပါ။ အကုန်လုံး မတူညီနိုင်ပေမယ့် အချင်းချင်းညှိုယူပြီး တစ်ယောက်အမှားကို တစ်ယောက်ကထောက်ပြရင်း အမှားတွေပြင်လို့ နားလည်ပေးသင့်တာလည်းနားလည်ပေးရင်း ဘဝကိုရှေ့ဆက်ရတာပါပဲ။ ဒါပေမယ့် အဲဒီလို အမှားပြင်ချင်စိတ်မရှိတဲ့သူမျိုးတွေနဲ့ ကိုယ့်မိသားစုဘဝသာယာဖို့ အပြန်အလှန်အမှားပြင်ရင်း ညှိုနှိုင်းကြမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမရှိတဲ့သူလည်းရှိပါတယ်။ ထိုလူမျိုးကိုတော့ အခွင့်အရေးအခါခါပေးလို့မရပြန်ပါဘူး။ အခွင့်အရေးအခါခါပေးလေ…..အခါခါမပြုပြင်လေနဲ့တင် သံသရာလည်နေမှာပဲဖြစ်ပါတယ်။ အဲဒီလိုယောကျာ်းမျိုးကို ဘယ်တော့မှ လက်တွဲလို့အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်တော့မှယုံကြည်အားကိုးလို့လည်းမရနိုင်ပါဘူး။


၁) တာဝန်မယူတတ်သောယောကျာ်း
တာဝန်ယူချင်စိတ်မရှိသော ယောကျ်ားတွေက သင့်အပေါ်သူတို့လိုအပ်နေတုန်းသာ ချစ်ခင်ကြင်နာပြမှာဖြစ်ပြီး သင်နဲ့ပတ်သက်တဲ့နောက်ဆက်တွဲတွေကိုတော့ ဘာမှစိတ်မဝင်စားတဲ့သူတွေပါ။ အိမ်ထောင်တစ်ခုတည်ထောင်ဖို့က တစ်ဦးတာဝန်ကိုတစ်ဦးက အပြန်အလှန်ယူကြရမှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဘာတာဝန်မှမယူချင်တဲ့ယောကျ်ားမျိုးကတော့ အိမ်ရဲ့တဝန်အသေးဆုံးကစပြီး တာဝန်အကြီးဆုံးဖြစ်တဲ့စီးပွားရှာတဲ့တာဝန်ကအဆုံး ဘာကိုမှတာဝန်ယူချင်စိတ်ရှိမှာမဟုတ်ပါဘူး။

၂) လေကြီးသောယောကျာ်း
လေကြီးလေကျယ်ပြောသောယောကျ်ားတွေက ထိပ်ဆုံးကမယုံကြည်သင့်တဲ့ယောကျ်ားအမျိုးအစားပါပဲ။ ပြောလိုက်ရင်တော့ အမျိုးမျိုးကြီးကျယ်အောင်ပြောတတ်ပေမယ့် တကယ့်လက်တွေ့မှာတော့ ဘယ်နေရာမှ အဖြစ်မရှိတတ်ပါဘူး။ အဲဒါကြောင့် အဲဒီလိုယောကျ်ားမျိုးကို ဘဝတစ်ခုလုံးအတွက် လက်တွဲဖို့မစဉ်းစားသင့်ပါဘူး။

၃) ကိုယ့်အားကိုယ်မကိုးတတ်သောယောကျာ်း
ကိုယ့်ကိုယ်ကိုယ်အားမကိုးတတ်သော ယောကျ်ားမျိုးကတော့ များသောအားဖြင့် မိဘဆွေမျိုးအသိုင်းအဝန်းအားကိုးတတ်တဲ့သူတွေပဲဖြစ်ပါတယ်။ “ကိုယ့်အမေက ဘယ်လို…ကိုယ်အမျိုးကဘယ်လို” နဲ့တင် သာယာနေတတ်ပြီး ကိုယ်စွမ်းကိုယ်စမရှိပါဘူး။ ကိုယ့်စွမ်းကိုယ်စမရှိရာကနေ ပျင်း၊ ပျင်းရာကနေဖျင်းလာတဲ့ယောကျ်ားမျိုးပါ။ အဲဒီလိုယောကျ်ားမျိုးကတော့ မိသားစုတစ်စုလုံးအတွက် အားကိုးလို့မရနိုင်ပါဘူး။

၄) စိတ်ဓာတ်ပျော့ညံသောယောကျာ်း
စိတ်ဓာတ်ပျော့ညံ့သောယောကျ်ားမျိုးကတော့ ဘယ်အရာမဆို ကောက်ရိုးမီးလိုပါပဲ။ ဝုန်းခနဲမီးတောက်ပြီး ပြန်ငြိမ်းသွားတတ်တာမျိုးပေါ့။ တစ်ခုခုကို ဖြစ်မြောက်အောင်မြင်အောင်လုပ်ချင်စိတ်အားနည်းပါတယ်။ ဇွဲလည်းမရှိ၊ ဝီရိယလည်းမရှိတာမို့ ဘယ်နေရာမှာမဆို ထူးချွန်အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ကျရှုံးမှုအနည်းငယ်ကြုံရတာနဲ့တင် လက်လျှော့အရှုံးပေးလိုက်မှာပါ။ အဲဒါကြောင့် ဘဝကို မတူတဲ့သူစိမ်းနှစ်ယောက်ပေါင်းပြီး တိုက်ပွဲဝင်ဖို့ လုံးဝအဆင်မပြေနိုင်ပါဘူး။
အထက်ကဖော်ပြထားတဲ့ယောကျ်ားတွေက ဘဝတစ်ခုလုံးလက်တွဲဖို့လုံးဝအဆင်မပြေနိုင်ပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။