လမ်းလျှောက်ခြင်းက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ။

တစ်နေ့ကို မိနစ် ၃၀ခန့်လမ်းလျှောက်ခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီး ဖြစ်ပေါ်စေပါတယ်။ အလုပ်များလို့ တခြားသော လေ့ကျင့်ခန်းကို သတ်သတ်မှတ်မှတ်မလုပ်နိုင်ဘူးဆိုရင် နာရီဝက်ခန့်လမ်းလျှောက်သင့်ပါတယ်။ လမ်းလျှောက်ခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။


၁) ဝိတ်ကျစေဖို့ ကူညီပေးနိုင်ပါတယ်။
၂) နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
၃) အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေပါတယ်။
၄) နာတာရှည်ရောဂါတွေကို သက်သာစေနိုင်ပါတယ်။
၅) သွေးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။
၆) ကင်ဆာရောဂါဖြစ်ပွားမှုအလားအလာနည်းစေပါတယ်။
၇) အသက်အရွယ်ကြီးရင့်မှုကြောင့် မသန်စွမ်းခြင်းကို မဖြစ်ပေါ်စေနိုင်ပါဘူး။
၈) အိုမင်းရင့်ရော်ခြင်းကို နှေးစေပါတယ်။
၉) အကြောထုံးခြင်းမဖြစ်ပေါ်စေပါဘူး။
၁၀) သွေးဖိအားလျော့ကျစေပါတယ်။
၁၁) ခုခံစွမ်းအားတိုးစေပါတယ်။
၁၂) လေဖြတ်ခြင်းအန္တရာယ်ကို လျော့ကျစေပါတယ်။
၁၃) အစာကြေလွယ်စေပါတယ်။
၁၄) သွေးချိုဆီးချိုဖြစ်ပွားမှုကို လျော့ကျစေပါတယ်။
၁၅) စိတ်ခံစားမှုကောင်းမွန်စေပါတယ်။
၁၆) မှတ်ဉာဏ်အားနည်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
တစ်နေ့ကို လေ့ကျင့်ခန်းသီးသန့်မလုပ်ဖြစ်ရင်တောင် မိနစ် ၃၀ခန့် လမ်းလျှောက်တာမျိုး၊ လှေကားတက်တာမျိုး၊ အိမ်ကို ကားမှတ်တိုင်တစ်မှတ်တိုင်စာခန့် လမ်းဆင်းလျှောက်တာမျိုး လုပ်ခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်စေပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။