ဘဝတွင် တက်ဖူးသင့်သော တောင် (၇) တောင်

တောင်တက်ခြင်းက ကျန်းမာရေးနဲ့ညီညွှတ်တယ်ဆိုတာ သိကြပါသလား။ တောင်တက်ဖို့အတွက် ကျန်းမာရေးကောင်းအောင် လေ့ကျင့်ရသေးတဲ့အတွက် လူကိုကျန်းမာကြံ့ခိုင်စေသလို ကျန်းမာရေးမကောင်းစေတဲ့ ဆေးလိပ်၊ အရက်၊ ကွမ်း၊ အခြားမူးယစ်ဆေးဝါးတွေနဲ့ ရှောင်ပြီးသားဖြစ်စေပါတယ်။ လူမှုဆက်ဆံရေးကိုကောင်းစေပါတယ်။ လူအများနဲ့စည်းလုံးညီညွှတ်အောင်နေတတ်လာပါတယ်။ အတွေ့အကြုံအသစ်တွေရသလို သဘာဝတောတောင်ကို ပိုပြီးချစ်တတ်လာပါလိမ့်မယ်။ ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်တဲ့အားကစားတစ်မျိုးဖြစ်လို့ မြန်မာနိုင်ငံမှ တောင်တက်လေ့ကျင့်ရင်း တက်သင့်တဲ့တောင် (၇) တောင်ဖော်ပြပေးလိုက်ရပါတယ်။


၁) နတ်မတောင် (သို့) ဝိတိုရိယတောင်
ချင်းပြည်နယ်၊ကန်ပက်လက်၊ မင်းတပ်၊မတူပီမြို့နယ်မှာရှိပါတယ်။ အမြင့်ပေး ၁၀၅၀၀ မြင့်ပါတယ်။ မြန်မာနိုင်ငံမေသားတောင်တွေထဲမှာ အမြင့်ဆုံးဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ အမြင့်ဆုံးတောင်လည်းဖြစ်ပါတယ်။ တောင်ဇလပ်ပန်းတွေရဲ့အလှကို ခံစားနိုင်သလို ပေါ့ပေါ့ပါးပါးဝတ်ဆင်ပြီး တောင်တက်နိုင်ပါတယ်။ မှော်ဆန်ဆန်သစ်ပင်ကြီးတွေနဲ့ ဓာတ်ဖမ်းလို့ရသလို ပေါ့ပေါ့ပါးပါး hiking လုပ်နိုင်လို့ စွန့်စားရတာနဲ့တော့ သိပ်မတူဘဲ အမှတ်တရတွေဖန်တီးနိုင်မှာပါ။

၂) စာရာမေတိတောင်
အမြင့်ပေ ၁၂၅၅၂ပေရှိပြီး ဆီးနှင်းတောင်ဖြစ်ပါတယ်။ တောင်တက်သမားမှန်ရင် တက်သင့်တာအမှန်ပါ။ တခြားတောင်တွေ တက်ပြီးမှသာ တက်သင့်ပါတယ်။ တောင်တက်သမားဘဝကို ခံယူချင်တယ်ဆိုရင်တော့ မဖြစ်မနေတက်သင့်ပါတယ်။ တောင်ပေါ်မှာ ် ရှုခင်းတွေက အိပ်မက်ဆန်ဆန်လှနေမှာဖြစ်သလို အအေးကဲပြီး ဆီးနှင်းတွေလည်း ကျတတ်ပါတယ်။ တောင်ထိပ်ပေါ်မှာ နာဂလူမျိုးတွေရဲ့ရွာတွေလည်း ရှိတာကြောင့်တောင်ပေါ်မှာ တစ်ညအိပ်တည်းခိုပြီး နေ့တစ်နေ့တာရဲ့အလှအပကို အပြည့်အဝခံစားနိုင်ပါတယ်။

၃)ဇွဲကပင်တောင်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ တည်ရှိပါတယ်။ မြင့်မားမက်စောက်ပြီး စိတ်ဝင်စားစရာ ရာဇဝင်ဇာတ်လမ်းတွေလည်း ရှိပါတယ်။ တောင်ခြေမှာ ဘုရားအဆူတစ်ထောင်ရှိ လုမ္ပ
နီဥယျာဉ်ရှိပါတယ်။ တောင်တန်းကြီးနောက်ခံနဲ့မို့ အလွန်ကြည်နူးစရာကောင်းတဲ့မြင်ကွင်းဖြစ်ပါတယ်။ အမြင့်ပေ ၂၇၃၄ပေမြင့်ပါတယ်။ မြို့တော်ဘားအံရဲ့တောင်ဘက် ၄မိုင်ကျော်အကွာမှာ တည်ရှိပါတယ်။ ဇွဲကပင်တည်ရှိရာ ဒုံရင်းဒေသဟာ ရှေးခေတ်ကရင်လူမျိုးတွေရဲ့ ထီးနန်းတည်ထောင်ရာနေရာဖြစ်ပါတယ်။ တောင်ရဲ့အနောက်ဘက် လုမ္ပ
နီဥယျာဉ်ရှိရာ တောင်တက်လမ်းအပြင် တောင်ရဲ့အရှေ့ဘက်မှာလည်း တစ်လမ်းရှိပါသေးတယ်။ အနောက်ဘက်လမ်းက လမ်းကြောရှည်ပြီး ဆင်ခြေရှောများတဲ့အတွက် အတက်လမ်းအဖြစ်အသုံးပြုကြပါတယ်။ အရှေ့ဘက်လမ်းကတော့ မက်စောက်ပြီး လမ်းကြောတိုတဲ့အတွက် ပြန်ဆင်းတဲ့လမ်းအဖြစ်အသုံးပြုကြပါတယ်။ သောက်ရေအပြည့်အဝထည့်သွားရန်လိုအပ်ပါတယ်။ ခုမှစတင်ပြီး တောင်တက်တဲ့အရသာကို ခံစားချင်သူတွေအတွက် အဆင်ပြေနိုင်ပါတယ်။

၄) ကိုးသောင်းကိုးထောင်တောင်
ရှမ်းပြည်နယ်တာချီလိတ်မြို့မှာရှိပါတယ်။ တောင်တက်အရေအတွက်နည်းတဲ့အတွက် နားအေးပါးအေးတောင်တက်ချင်သူတွေအတွက် အဆင်ပြေပါတယ်။ တောင်တက်လမ်းမရှိတာကြောင့် adventure ဆန်ဆန် တောတိုး၊လမ်းရှင်းပြီး သွားမှရမှာပါ။ ဆူးပင်တွေဖြတ်၊ ကျောက်ကြိုကျောက်ကြားတွေကဖြတ် ကျောက်သားတွေကို တွယ်တက်ရတာမို့ rock climbing အစပျိုးချင်သူတွေအတွက် ရေခဲတောင်လို အန္တ
ရာယ်များတဲ့တောင်တက်ချင်သူတွေအတွက်အဆင်ပြေပါတယ်။ adventure အမိုက်စားခံစားချင်သူတွေအတွက် တက်ကြည့်သင့်သောတောင်ဖြစ်ပါတယ်။

၅) ဖုန်ကန်ရာဇီရေခဲတောင်
အမြင့်ပေ 11921ရှိပြီး (ကချင်ပြည်နယ် ပူတာအိုမှာရှိ) ဖုန်ကန်ရာဇီက ရေခဲတောင်ဖြစ်တယ်. 11 12လပိုင်းလောက်ကနေ 3 လပိုင်း 4 လပိုင်းလလယ်လောက်ထိရေခဲတွေ့ရတယ်. 2လပိုင်းဆိုအရမ်းလှတဲ့ရှု့ခင်းတွေတွေ့ရမှာပါ။ . တစ်နှစ်ပတ်လုံးတော့ ရေခဲမရှိတတ်ဘဲ. အချိန်အခါရွေးပြီသွားရပါမယ်။ မြေသားတောင်တွေတက်ပြီးလို့ ရေခဲတောင်စတက်ချင်တယ်ဆိုလျှင် ဖုန်ကန်ရာဇီသွားသင့်ပါတယ်။. ရေခဲတောင်စတက်မယ့်သူတွေအတွက် အလွယ်ဆုံးနဲ့ ရေခဲအတွေ့အကြုံရမယ့်တောင်မျိုးဖြစ်ပါတယ်။ တောတွင်းစခန်းချ အတွေ့အကြုံတွေ. အမြင့်ပေမတူရင်ဖြစ်တတ်တဲ့ mountain sick လိုခေါင်းမူးတဲ့ဒဏ်တွေခံစားရလို့ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အတွေ့အကြုံတွေ. ရိက္ခာထုတ်ပုံတွေ. ရေခဲထဲမှာ ဘယ်လိုနင်းရသွားလာရမလဲဆိုတဲ့ စတဲ့အခြေခံအတွေ့အကြုံတွေရနိုင်တယ်။
အဲလိုအတွေ့အကြုံတွေလည်းရ မြေသားတောင်နဲ့မတူဘဲရေခဲနင်းရတဲ့အခါ ကိုယ့်ကိုကိုယ်အဓိကယုံကြည်မှုရှိစေပါတယ်။ . ရေခဲတောင်တွေကြည့်ပြီးသွားရတော့ အရမ်းလှတဲ့သဘာဝပတ်ဝန်းကျင်ကိုလည်း ခံစားကြည့်ရှုနိုင်ပါတယ်။

၆) ဆင်တောင်
အမြင့်ပေ 6020 ပေမြင့်ပြီး မြင်းမထိတောင် (5826 ပေ) ရှမ်းပြည်ကလောက ဆင်တောင်နဲ့မြင်းမထိတောင်က မြေသားတောင်ထဲမှာ beginner တွေအတွက်အခြေခံအကျဆုံးတောင်ဖြစ်တဲ့အတွက် စတက်မယ့်သူတွေတက်သင့်တယ် ဆင်တောင်ဆို မိုးရာသီဆို မြေတွေချောတော့ နင်းလိုက်တိုင်းချော်ကျနေတော့ သတိထားနင်းရသွားရတယ်. ကိုယ့်ကိုကိုယ်သတိထားယုံကြည်ပြီးသွားရတယ်. အဲအတွေ့အကြုံလးတွေရချင်သူအတွက်အင်ပြေနိုင်ပါတယ်။

၇) ခါကာဘိုရာဇီတောင်
မြန်မာနိုင်ငံရဲ့အမြင့်ဆုံးရေခဲတောင်(နှင်းဖုံးလွှမ်းတောင်)ဖြစ်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာရှိပါတယ်။ ၁၉၂၉၅ ပေမြင့်ရှိတယ်လို့ အကြမ်းဖျဉ်းယူဆထားကြပါတယ်။ မြန်မာနိုင်ငံတောင်တက်သမားတွေရဲ့ စိတ်ကူးအိပ်မက်ဖြစ်သလို ကမ့ာတောင်တက်သမားတွေရဲ့ အိပ်မက်လည်းဖြစ်ပါတယ်။ အရှေ့တောင်အာရှရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီး အာရှသားတွေတက်ရောက်မှတ်တိုင်ထူသင့်ပါတယ်။ အမြဲတမ်းစိမ်းစိုနေတဲ့ မိုးသစ်တောတွေ၊ နှင်းတောတွေ့ရှိပါတယ်။ ဆောင်းရာသီမျိုးမှာဆို ရေခဲတုံးလေးတွေကိုတောင် မြင်နိုင်ပါတယ်။
ငွေကုန်ကြေးကျအလွန်များနိုင်ပါတယ်။ ရက်လနှစ်တွေကြာအောင် ခန္ဓာ
ကိုယ်ကျန်းမာကြံ့ခိုင်အောင် အလေ့အကျင့်လုပ်ပြီးမှ တက်သင့်ပါတယ်။ နည်းပညာတွေနဲ့ ပစ္စည်းကောင်းတွေလိုအပ်ပါတယ်။

ပူတာအို basecamp ကနေတက်ရပေမယ့် ပူတာအိုနဲ့ဝေးလွန်းတဲ့အတွက် ရက်ပေါင်း ၄၀ခန့်လမ်းလျှောက်ရပါတယ်။ သဘာဝအလှအပရှုမျှော်ခင်းတွေ၊ သူတစ်ပါးမမြင်နိုင်တဲ့ အရမ်းအံ့သြငေးမောစရာကောင်းတဲ့ ရှုခင်းတွေ၊ သဘာဝပေါက်ပင်တွေ ရှားပါးသစ်ခွတွေ၊ ရှားပါးတောရိုင်းတိရိစ္ဆာန်တွေနဲ့ အင်းဆက်ပိုးမွှားတွေကို မျက်ဝါးထင်ထင်တွေ့နိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝတောတောင်ရှုခင်းတွေနဲ့ လှပလွန်းတာဖြစ်တဲ့အတွက် မိတ်ဆွေတို့ အကြံပြုချင်တဲ့ အခြားတောင်တွေရှိသေးတယ်ဆိုရင်လည်း မန့်သွားပေးကြပါအုန်းနော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။