ဘဝကိုရှေ့ဆက်နိုင်ဖို့အတွက် ခံယူသင့်တဲ့သဘောထားများ

သင့်ဘဝမှာ လဲကျမှုတွေ၊ နာကျင်မှုတွေ၊ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ကျရှုံးမှုတွေကြုံရတဲ့အခါ သင့်ကိုသင်ပြန်အားပေးဖို့လိုပါတယ်။ အခြားသူတစ်ယောက်က ဘယ်လောက်ပဲအားပေးပါစေ၊ သင့်ကိုယ်သင်မှ အားမပေးရင် ဘယ်သူကမှ သင့်ကိုခွန်အားမဖြစ်လာစေနိုင်ပါဘူး။


သင်ကသာ သင့်ကိုသင်ဂရုစိုက်မယ်၊ သင့်ကိုယ်သင် ချစ်ခင်မယ်၊ သင့်ကိုသင်ပြန်အားပေးမယ်၊ စိတ်အားတက်စေတဲ့စာတွေဖတ်ရင်း တကယ်လိုက်နာမှတ်သားမယ်၊ နာယူမယ်ဆိုရင် သင့်စိတ်ခွန်အားတက်ဖို့ သင့်ကိုသင်အားပေးနိုင်မှာပါ။ အဲဒါကြောင့် သင့်ဘဝမှာ မတော်တဆ လဲကျ၊ နာကျင်၊ ကျရှုံးမှုတွေကြုံလာခဲ့ရင် ဘဝကို ရှေ့ဆက်ဖို့ရာ အားဖြစ်စေမယ့် ကိုယ့်ကိုယ်ကိုယ်အားပေးဖို့အတွက် သင်ခံယူသင့်တဲ့သဘောထားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ သင်လဲကျအရှုံးပေးချင်လာတိုင်း ပြန်ပြီး ရေရွတ်ရင်း ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်ပါနော်။

၁) လဲကျပါစေ ပြန်ထမယ်
၂) ဘယ်တော့မှ အရှုံးမပေးဘူး
၃) အလားတူအမှားတွေထပ်မမှားဖို့ အမှားထဲက သင်ခန်းစာယူမယ်
၄) အခက်အခဲဆိုတာလူတိုင်းကြုံနေကျ၊ အဆင်ပြေမယ့်နည်းတစ်ခုတော့ရှိပါတယ်
၅) ကိုယ်ထိန်းချုပ်နိုင်တာတွေအတွက် ပိုကြိုးစားမယ်၊ မထိန်းချုပ်နိုင်တာတွေအတွက် အားတင်းထားမယ်
၆) လူတိုင်းက ကိုယ့်အကြောင်းကို အချိန်တိုင်းမတွေးနေနိုင်ပါဘူး
၇) ဘဝမှာ သမာသမတ်ကျကျ၊ မှန်ကန်စွာ ရှင်သန်မယ်
၈) အသိဉာဏ်ပညာနဲ့ ရိုးသားမှုဟာ ကိုယ့်ဘဝအတွက် ရတနာသိုက်ပါ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။