ဘဝအတွက် သင်ခန်းစာပေးနိုင်တဲ့ ဇာတ်လမ်းတိုလေးများ
ကျွန်တော်တို့တွေရဲ့ ငယ်ဘဝမှာ ပုံပြင်လေးတွေကို စွဲလမ်းခဲ့ဖူးကြမှာပါ။ အဲဒီလိုပါပဲ။ ခုလက်ရှိ ဘဝကို ရင်ဆိုင်ဖြတ်သန်းနေရချိန်မှာလည်း စာတွေဖတ်ဖြစ်ကြမယ်ထင်ပါတယ်။ ငယ်စဉ်က ပုံပြင်လေးတွေက သင်ခန်းစာပေးသလိုပါပဲ။ အရွယ်ရောက်လာတဲ့အခါမှာ ဖတ်ဖြစ်တဲ့ ဇာတ်လမ်းတို၊ ဝတ္ထုတိုလေးတွေကနေလည်း နေ့စဉ်ဘဝကျင်လည်မှုအတွက် ပညာယူလို့ရပါတယ်။ အဲဒါကြောင့် ဘဝအတွက် သင်ခန်းစာပေးနိုင်တဲ့ ဇာတ်လမ်းတိုလေးတွေကို ဖော်ပြပေးလိုက်ပါ။
၁) နွားကွဲကျားကိုက် နွားလေးကောင်က တောထဲက မြက်ခင်းပြင်မှာ နေထိုင်ကြပါတယ်။ သူတို့လေးကောင်လုံးက မိတ်ဆွေတွေဖြစ်ကြပြီး အားလုံးအတူတူတိုင်ပင်ပြီးမှ အရာအားလုံးကိုလုပ်လေ့ရှိကြပါတယ်။ သူတို့ကို သတ်ဖြတ်စားသောက်မယ့် ကျားတွေ၊ ခြင်္သေ့တွေမရှိတဲ့အတွက်ကြောင့် သူတို့လေးကောင်စလုံး အေးချမ်းစွာအတူတကွနေထိုင်နိုင်ကြပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူတို့ထဲက တစ်ကောင်က သူတို့အဖွဲ့ထဲက ခွဲထွက်ပြီး တစ်ကောင်တစ်နေရာစီသွားချင်ကြပါတယ်။ အဲဒါကို ကျားတစ်ကောင်နဲ့ ခြင်္သေ့တစ်ကောင်က မြင်တဲ့အခါ နွားတွေကိုတော့ သတ်စားဖို့အခွင့်အရေးရပြီလို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ခြင်္သေ့နဲ့ကျားဟာ ခြံပုတ်တွေထဲမှာ ပုံးခိုနေပြီး နွားတွေကို တစ်ကောင်ပြီးတစ်ကောင်သတ်စားဖို့ ကြံစည်ပါတော့တယ်။ ဒီပုံပြင်လေးကြောင့် နွားကွဲကျားကိုက်တယ်ဆိုတဲ့စကားပုံဖြစ်ပေါ်လာရပါတယ်။ အပြင်လောကမှာလည်း အဲဒီလိုပါပဲ။ တစုတစည်းတည်းချစ်ခင်စည်းလုံးစွာရှိနေသူတွေကို အခြားသူတွေက မဖျက်ဆီးနိုင်ပေမယ့် ညီညွှတ်ခြင်းမရှိ၊ တစည်းတလုံးထဲမရှိဘဲ တစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့မိသားစုကို အခြားသူတွေက ဖျက်ဆီးဖို့လွယ်ကူပါတယ်လို့ သင်ခန်းစာပေးထားတာပါ။
နောက်တစ်ပုံ၂) ကုလားအုတ်မေမေနဲ့ သူမ၏သားလေး တစ်နေ့မှာ ကုလားအုတ်မေမေကို သူမရဲ့သားလေးကမေးပါတယ်။ “မေမေ သားရဲ့ကျောကုန်းမှာ ဘာလို့ ဘုကြီးတွေပါနေရတာလဲ” အမေကပြန်ဖြေပါတယ်။ “မေမေတို့ရဲ့ကျောကုန်းက ဘုကြီးထဲမှာရေတွေကို သိုလှောင်ထားတာပေါ့။ အဲဒါကြောင့် ဒီကန္တရထဲမှာ မေမေတို့ရှင်သန်နိုင်တာပေါ့သားရဲ့” “အို….အဲဒါဆို ကျွန်တော်တို့မှာ ဘာလို့ ခြေတံရှည်ပြီး ခြေထောက်မှာ ဘာလို့ခွာတွေပါနေရတာလဲ” လို့ ကုလားအုတ်သားလေးက မေးပြန်တယ် ။ “ သဲကန္တရထဲမှာ လမ်းလျှောက်ရတာအဆင်ပြေအောင်လို့ပေါ့သားရယ်” လို့ အမေကပြန်ဖြေပြန်တယ်။ “ဟုတ်လား…အဲဒါဆိုရင် ကျွန်တော်တို့ရဲ့မျက်ခွံကလည်း ဘာလို့ရှည်နေရပြန်တာလဲ” “မေမေတို့မျက်လုံးတွေကို ဖုန်တွေအမှုန့်အမွှားတွေဒဏ်ကို ကာကွယ်ပေးနိုင်ဖို့ပေါ့” အဲဒီ့အခါ ကုလားအုတ်သားပေါက်လေးက စဉ်းစားပြီးမေးပြန်တယ်။ “ အဲဒါဆိုရင် သားတို့က သဲကန္တရထဲမှာနေနိုင်အောင် ရေတွေသိုလှောင်ထားဖို့ ကျောမှာ ဖုကြီးပါတယ်။ ခြေထောက်တွေက သဲထဲမှာလမ်းလျှောက်ရလွယ်အောင် လုပ်ထားပေးတယ်၊ မျက်လုံးကို သဲကန္တရက သဲမုန်တိုင်းဒဏ်တွေ၊ ဖုန်တွေဒဏ်ကာကွယ်အောင် မျက်ခွံကကာကွယ်ပေးထားပေမယ့် ကျွန်တော်တို့က တိရိစ္ဆာန်ရုံထဲရောက်နေရင် အဲဒါတွေက ဘာမှအသုံးမဝင်တော့ဘူးပေါ့နော်။” လို့ပြောလိုက်ပါတယ်။ ဒီပုံပြင်လေးထဲကလိုပါပဲ ကျွန်တော်တို့မှာရှိတဲ့စွမ်းရည်တွေ၊ ခွန်အားတွေ၊ အသိဉာဏ်ပညာတွေကို နေရာမှန်စွာ အသုံးမချရင် တန်ဖိုးမရှိ၊ အသုံးမဝင်တော့ပါဘူး။ ကိုယ့်ရဲ့တန်ဖိုးကို သိပြီး ကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေနဲ့သာ ကိုယ့်တန်ဖိုးက ပိုပြီး အရောင်တောက်ပလာနိုင်တာဖြစ်သလို၊ ပိုပြီးလည်း အသုံးဝင်နိုင်ပါတယ်။ ကိုယ့်ကဘယ်လောက်ပဲအဖိုးတန်ပါစေ၊ တန်ဖိုးမသိတဲ့လူတွေအတွက်တော့ ဘာမှသုံးစားလို့မရနိုင်ပါဘူးလို့ သင်ခန်းစာပေးထားတာဖြစ်ပါတယ်။
နောက်တစ်ပုံ၃) လယ်သမားနဲ့ ရေတွင်း လယ်သမားက သူ့စိုက်ခင်းတွေအတွက် ရေတွင်းတူးလို့ရမယ့်နေရာတစ်နေရာလောက် လိုက်ရှာပါတယ်။ လယ်သမားရဲ့စိုက်ခင်းက အရမ်းကို အထွက်ကောင်းတဲ့စိုက်ခင်းဖြစ်တာမို့ အိမ်နီးနားချင်းက မနာလိုဖြစ်နေပါတယ်။ လယ်သမားက သူ့စိုက်ခင်းအတွက်ရေလိုတာကြောင့် သူ့ရဲ့အိမ်နီးနားချင်းဆီက သူ့စိုက်ခင်းတွေအတွက် ရေတွင်းကို ဝယ်ယူလိုက်ပါတယ်။ ရေတွင်းကိုဝယ်ယူပြီးတဲ့ နောက်နေ့မှာတော့ ကောက်ကျစ်တဲ့အိမ်နီးနားချင်းက လယ်သမားကို ပြောပါတယ် “ငါကမင်းကို ရေတွင်းကိုရောင်းမယ်၊ ဒါပေမယ့် ရေတွေတော့မပါဘူး” လို့ပြောပြီး ထွက်သွားပါတယ်။ လယ်သမားက အံ့အားသင့်ပြီး ဘာလုပ်ရမယ်မှန်းမသိပါဘူး။ အဖြေထုတ်ရခက်တဲ့အတွက် လယ်သမားက တရားရုံးကိုသွားပြီးပြောပြပါတယ်။ တရားရုံးက လယ်သမားနဲ့ သူ့ရဲ့အိမ်နီးချင်းကို ခေါ်လိုက်ပါတယ်။ ”ဘာကြောင့် လယ်သမားကို ရေတွင်းထဲက ရေကိုယူခွင့်မပေးတာလဲ”လို့ ကောက်ကျစ်တဲ့အိမ်နီးချင်းကို မေးလိုက်ပါတယ်။ ကောက်ကျစ်သူက အထက်ကမေးခွန်းအတိုင်းပဲပြန်ဖြေပါတယ်။ “ကျွန်တော်က သူ့ကို ရေတွင်းပဲရောင်းတာပါ၊ ရေကိုရောင်းတာမဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်တော့်ရေကို သူယူသုံးလို့မရပါဘူး” လို့ပြန်ဖြေပါတယ်။ တရားသူကြီးက ပြန်ပြောလိုက်ပါတယ် “ဟုတ်ပြီ….အဲဒါဆိုရင်တော့ ရေတွင်းထဲကရေကို ယူသုံးလို့မရဘဲ ရေတွင်းကိုသာ ဝယ်လိုက်တာဖြစ်လို့ မင်းက ရေတွင်းကိုပဲပိုင်ဆိုင်တယ်။ သူကတော့ ရေကိုပိုင်ဆိုင်တာမို့ ရေတွင်းထဲကရေကို သူ့ကိုအခုချက်ချင်းဖယ်ရှားပေးပါ။” လို့ ကောက်ကျစ်တဲ့အိမ်နီးချင်းကိုပြောလိုက်ပါတော့တယ်။ အဲဒီ့အခါကျတော့မှ ကောက်ကျစ်တဲ့အိမ်နီးချင်းက သူ့ကိုသင်ခန်းစာပေးမှန်းသိပြီး တောင်းပန်လိုက်ပါတော့တယ်။ ဒီပုံပြင်လေးထဲက ကောက်ကျစ်တဲ့အိမ်နီးချင်းလိုလူမျိုးကို ကျွန်တော်တို့ တွေ့ကြုံဖူးကြမှာပါ။ မှတ်ထားရမှာက ဘယ်တော့မဆို ကိုယ်က ကောက်ကျစ်ယုတ်မာလိုက်ခြင်းက အခြားသူကို ထိခိုက်မှာမဟုတ်ဘဲ ကိုယ်ပေးလိုက်တဲ့အတိုင်း ကိုယ်သာပြန်ရမှာဖြစ်ပါတယ်ဆိုတာပါပဲ။
နောက်တစ်ပုံ၄) သူငယ်ချင်းနှစ်ယောက်နဲ့ ဝက်ဝံ သူငယ်ချင်းနှစ်ယောက်က တောထဲကို အတူလမ်းလျှောက်လာကြပါတယ်။ သဘာဝတရားကဘယ်လောက်လှပကြောင်း အတူစကားပြောဆိုနေတုန်းမှာ ဗြုန်းကနဲဆို ဝက်ဝံတစ်ကောင်က သူတို့ဆီလာနေတာကို ရုတ်တရက်တွေ့လိုက်ရပါတယ်။ သူတို့နှစ်ယောက်စလုံးကြောက်လန့်နေကြပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာ ပထမသူငယ်ချင်းက သစ်ပင်ပေါ်ကို တက်ပြေးပါတယ်။ ဒုတိယသူငယ်ချင်းအန္တရာယ်ကျရောက်နေတာကို ဘယ်လိုမှ မတွေးပေးဘဲ သူ့အသက်လွတ်မြောက်ဖို့ရာအတွက်သာ အပင်ပေါ်ထိရောက်အောင် အလျင်အမြန်တက်သွားပါလေတယ်။ သတိရလာတဲ့အချိန်မှာ ဒုတိယသူငယ်ချင်းက သစ်ပင်ပေါ်တက်ပြေးလို့ မမှီတော့ပါဘူး။ ဝက်ဝံက ဒုတိယသူငယ်ချင်းနဲ့မလှမ်းမကမ်းကို ရောက်လာပြီဖြစ်ပါတယ်။ အဲဒါနဲ့ပဲ ဒုတိယသူငယ်ချင်းက ရုတ်တရက် မြေကြီးပေါ်လှဲချလိုက်ပြီး အသက်အောင့်ထားလိုက်ပါတယ်။ ဝက်ဝံက ဒုတိယသူငယ်ချင်းအနားရောက်လာပြီး အနံ့ခံကြည့်ပါတယ်။ လူအနံ့မရတဲ့အခါမှာတော့ ဝက်ဝံက အဝေးကို ထွက်သွားပါတော့တယ်။ ထိုအခါကျမှ ပထမသူငယ်ချင်းက သစ်ပင်ပေါ်က ပြန်ဆင်းလာပါတယ်။ ဒုတိယသူငယ်ချင်းကို ပထမသူငယ်ချင်းက မေးလိုက်ပါတယ်။ “ဝက်ဝံက မင်းကို အနားကပ်ပြီး ဘာတွေပြောသွားတာလဲ” လို့ စနောက်လိုက်ပါတယ်။ ဒုတိယသူငယ်ချင်းက “ဟုတ်တယ်….မင်းလိုသူငယ်ချင်းမျိုးကို ဝေးဝေးရှောင်…” လို့ပြောသွားတာပဲလို့ ပြောလိုက်ပါတော့တယ်။ ဒီပုံပြင်လေးထဲကလိုပါပဲ။ ကျွန်တော်တို့တွေအတွက်သူငယ်ချင်းတွေအများကြီး ရှိကောင်းရှိုနိင်ပေမယ့် တကယ်အရေးကြုံတဲ့အခါ ကူညီပေးမယ့် သူငယ်ချင်းကောင်းကတော့ ရှားပါတယ်။ ကိုယ့်အတွက် တကယ်အကူအညီလိုချိန်မှာ ကူညီတတ်တဲ့သူငယ်ချင်းမျိုးကို တန်ဖိုးထားရမှာဖြစ်သလို၊ ကိုယ်တိုင်ကလည်း သူငယ်ချင်းကောင်းအဖြစ် ပြုမူနေထိုင်သင့်ပါတယ်။ သူငယ်ချင်းကောင်းရှိခြင်းက ဘဝအတွက် အထောက်အကူဖြစ်စေပါတယ်။
နောက်တစ်ပုံ၅) အသိအမှတ်ပြုဖို့သင်ယူပါ။ ဟိုးရှေးရှေးတုန်းက အရမ်းကို ကြင်နာတတ်ပြီး ကူညီတတ်တယ် လူကောင်းတစ်ယောက်ရှိပါတယ်။ အမြဲတမ်းလူတစ်ဖက်သားကို ကူညီတတ်ပြီး သူ့အတွက် ဘာကိုမှ ပြန်မလိုချင်စိတ်မရှိတဲ့သူမျိုးဖြစ်ပါတယ်။ အခြားသူကို ကူညီတယ်ဆိုတာကို သူလုပ်ချင်တဲ့အတွက်ကြောင့်လုပ်တာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဖုန်ထူတဲ့လမ်းကိုလမ်းလျှောက်လာနေတုန်း ပိုက်ဆံအိတ်တစ်လုံးကို ကောက်ရပါတယ်။ ပိုက်ဆံအိတ်ထဲမှာ ဘာမှတော့မရှိပါဘူး။ ရုတ်တရက်မိန်းမတစ်ယောက်ရောက်လာပြီး ရဲသားတစ်ယောက်ကို ပြပြီး ထိုလူကိုဖမ်းခိုင်းလိုက်ပါတယ်။ ပြီးတော့ အမျိုးသမီးကမေးပါတယ်။ “ကျွန်မငွေတွေကို ဘယ်မှာ ဝှက်ထားသလဲ” “ကျွန်တော်တွေ့ကတည်းက ပိုက်ဆံအိတ်ထဲမှာ ဘာမှမရှိပါဘူး။” လို့ ကြင်နာတတ်တဲ့လူကဖြေလိုက်ပါတယ်။ ထိုအခါ အမျိုးသမီးက ထိုလူကို အော်လိုက်ပါတယ်။ “အဲဒီ့ငွေတွေကျေးဇူးပြုပြီး ပြန်ပေးပါ။ အဲဒါက ကျွန်မသားကျောင်းလခတွေ” အမျိုးသမီးကိုကြည့်လိုက်တဲ့အခါ တကယ်ဝမ်းနည်းနေပုံရတဲ့အတွက် လိမ်နေတာမဖြစ်နိုင်ဘူးလို့ ကြင်နာတတ်တဲ့လူကြီးက တွေးမိပါတယ်။ အဲဒါကြောင့် “ဟုတ်လား....ကျွန်တော်ယူမိပါတယ်။ စိတ်မရှိပါနဲ့ခင်ဗျာ။ ဒီမှာ ခင်ဗျားငွေတွေပါ” အမျိုးသမီးကထွက်သွားတဲ့အခါ ရဲသားက မေးခွန်းတွေမေးဖို့ ကြင်နာတတ်တဲ့ဦးလေးကို ခေါ်ထားလိုက်ပါတယ်။ အမျိုးသမီးက အရမ်းကိုပျေ်ာရွှင်သွားပါတယ်။ ဒါပေမယ့် ငွေကိုရေတွက်လိုက်တဲ့အခါ နဂိုငွေထက် နှစ်ဆပိုများနေတာကို တွေ့လိုက်ရပါတယ်။ တစ်နေ့မှာတော့ အားနည်းဖျော့တော့နေပုံရတဲ့လူတစ်ယောက်က အမျိုးသမီးရဲ့အနောက်ကနေ လိုက်လာတာကို အမျိုးသမီးက သတိထားမိပါတယ်။ အမျိုးသမီးက သူမရဲ့ငွေကို ထိုလူလုယူမယ်လို့တွေးပြီး ရဲသားရှိရာဆီ အမြန်လျှောက်သွားလိုက်ပါတယ်။ ထိုရဲသားက ပထမတစ်ခေါက်သူမပိုက်ဆံအိတ်ပျောက်တုန်းက ရဲသားပဲဖြစ်နေပါတယ်။ အမျိုးသမီးက ရဲသားကိ အကျိုးအကြောင်းပြောပြတဲ့အခါ ရဲသားက အနောက်လိုက်လာသူကို ကြည့်လိုက်ပါတယ်။ ထိုအခါမှာတော့ အနောက်ကလိုက်လာသူက အရမ်းကို အားနည်းပြီးနေမကောင်းဟန်ပေါ်နေပါတယ်။ ထိုလူကလည်း ပထမတစ်ခေါက်တုန်းက ငွေတွေစိုက်ပေးခဲ့တဲ့ဦးလေးပဲဖြစ်ပါတယ်။ ထိုသူကိုတွေ့တဲ့အခါ ရဲသားက အမျိုးသမီးကို ရှင်းပြလိုက်ပါတယ်။ “ဒီလူက လုမယ့်သူမဟုတ်ပါဘူး။ ပထမတစ်ခေါက်တုန်းက ခင်ဗျားကို ငွေစိုက်ပေးခဲ့တာ သူပါပဲ။ တကယ်တော့ သူက လူဆိုးမဟုတ်ပါဘူး။ ခင်ဗျားသားရဲ့ကျောင်းလခပျောက်သွားလို့ ခင်ဗျားစိတ်မကောင်းဖြစ်နေတာကို သနားလို့ သူ့မှာရှိသမျှ ငွေတွေ ခင်ဗျားကို ပေးခဲ့တဲ့လူပါ” “ခင်ဗျားသားရဲ့ကျောင်းလခ ပေးလိုက်နိုင်ရဲ့လား” လို့ ကြင်နာတတ်တဲ့လူကြီးက အမျိုးသမီးကိုမေးလိုက်ပါတယ်။ ထိုအခါမှအမျိုးသမီးက အံ့အားသင့်သွားပါတော့တယ်။ တခါတလေကျရင် ဘဝက အံ့အားသင့်စရာကောင်းတဲ့သင်ခန်းစာတွေပေးတတ်ပါတယ်။ တချို့အရာတွေမှ သင်အံ့အားသင့်ရပါလိမ့်မယ်။ သင်မှားယွင်းပြီး ယူဆနေတဲ့အရာတွေရှိတယ်ဆိုတာလည်း သင်သိလာပါလိမ့်မယ်။ တချို့လူတွေက သင်ထင်ထားသလိုမျိုး၊ အပြင်ပန်းသွင်ပြင်နဲ့ စိတ်ဓာတ်တွေက အရမ်းကွာခြားနေတတ်တယ်ဆိုတာကို သင်ကြုံရပါလိမ့်မယ်။ အဲဒါကြောင့် လူတစ်ယောက်ရဲ့အပေါ်ယံအမြင်ကို ကြည့်ပြီး ထိုလူရဲ့ အကျင့်စာရိတ္တကို သင်မဆုံးဖြတ်သင့်ပါဘူး။ လူတိုင်းကို အသိအမှတ်ပြုနိုင်ဖို့ သင်ယူသင့်ပါတယ်။ လမ်းဘေးက သူတောင်းစားဖြစ်နေပေမယ့် သူများပစ္စည်းမခိုးမဝှက်တတ်တဲ့သူမျိုးတွေလည်း အများကြီးပါပဲ။ အဲဒါကြောင့် လူတိုင်းကို လေးစားစွာ ဆက်ဆံတတ်ဖို့ သင်ယူသင့်ပါတယ်။