အဆိုးဝါးဆုံးမနက်ခင်းအလေ့အကျင့်များ

သင့်ထံမှာ ဒီအကျင့်ဆိုးတွေရှိနေရင် ပြုပြင်လိုက်ပါ။ ဒီအကျင့်တွေက သင့်ကိုတဖြည်းဖြည်း အကျင့်ပျက်လာစေပါလိမ့်မယ်။ သင့်ကျန်းမာရေးအတွက်လုံးဝမကောင်းသလို၊ သင့်ရဲ့တစ်နေ့တာလုံးအတွက် မကောင်းပါဘူး။ တစ်နေ့ကစပြီး အလေ့အကျင့်တစ်ခုလို မကောင်းတဲ့အကျင့်ကို စွဲမြဲသွားမယ်ဆိုရင် သင့်ဘဝအတွက်ပါမကောင်းနိုင်ပါဘူး။ အဲဒါကြောင့် သင့်မှာအောက်ပါအကျင့်ဆိုးတွေရှိရင် ဖတ်ကြည့်ဆန်းစစ်ပြီး ပြုပြင်လိုက်ပါ။


၁) အိပ်ရာနောက်ကျမှထခြင်း
ဒါက တစ်နေ့တာလုံးအတွက်အဆိုးဆုံးဖြစ်စေတဲ့ ကနဦးအစပါပဲ။ အိပ်ရာနောက်ကျမှထတဲ့အခါ မနက်ခင်းရဲ့လတ်ဆတ်တဲ့လေကောင်းလေသန့်ကိုလည်းမရှုရှိုက်ရတော့သလို၊ သွေးလေးပြိး ကိုယ်လက်လှုပ်ရှားရာမှာလည်း လေးလံစေပါတယ်။ ဦးနှောက်ကိုလည်း လေးလံထိုင်းမှိုင်းစေပြီး အတွေးသစ်၊ အိုင်ဒီယာအသစ်တွေမရစေနိုင်တော့ပါဘူး။ အဆိုးဆုံးကတော့ စိတ်မကြည်လင်တာကြောင့် တစ်နေ့တာလုံးလုပ်စရာရှိသမျှကို ပေါ့ပါးစွာမပြုလုပ်နိုင်တော့ပါဘူး။

၂) မနက်စာမစားခြင်း
မနက်စာမစားခြင်းကလည်း ဦးနှောက်မှတ်ဉာဏ်ကိုထိခိုက်စေသလို၊ သင့်ကျန်းမာရေးအတွက်လည်း လုံးဝမကောင်းပါဘူး။ အဲဒါအပြင် ရေရှည်မှာ သင့်အတွက် ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်ပါတယ်။ အာဟာရပြည့်ဝအောင် မစားထားတဲ့အတွက်တစ်နေ့တာလုံးလှုပ်ရှားရုန်းကန်ဖို့ တွေးတောဆင်ခြင်ဖို့ ခွန်အားမရှိသလိုခံစားရစေပါလိမ့်မယ်။

၃) အိပ်ရာနိုးနိုးခြင်းဖုန်းသုံးခြင်း
ဒါကလည်းထိုင်းမှိုင်းစေပြီး ဘာမှဆက်ပြီးလုပ်ချင်ကိုင်ချင်စိတ်မရှိအောင်ဖြစ်စေပါတယ်။ ဖေ့ဘုတ်ဖွင့်ကြည့်တာ အခြားလူမှုကွန်ရက်တွေကို မနက်အိပ်ရာနိုးနိုးခြင်းဖွင့်ကြည့်လိုက်မိတဲ့အခါ ကျန်တဲ့အလုပ်ကို အာရုံမရှိတော့ဘဲ ထိုဖုန်းပေါ်မှာသာ အာရုံရောက်သွားစေပါတယ်။ လူကိုလည်း ထိုင်းမှိုင်းစေပါတယ်။ အလုပ်လည်း မပြီးသလို အကြံကောင်းဉာဏ်ကောင်းတွေလည်း မထွက်နိုင်တော့ပါဘူး။

၄) တစ်ကိုယ်ရည်သန့်ရှင်းမှုမပြုခြင်း
မနက်ခင်းအိပ်ရာနိုးချိန်ဟာ လန်းဆန်းတက်ကြွဖို့အလိုအပ်ဆုံးပါ။ ထိုအချိန်မှာ လန်းဆန်းတက်ကြွမှုရှိုဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးကို အိပ်ရာနိုးတာနဲ့တပြိုင်တည်းလုပ်ဖို့လိုပါတယ်။ အဲလိုမဟုတ်ရင် တစ်နေကုန်လေးလံထိုင်းမှိုင်းပြီး လူကလည်း ဘာမှအဆင်ပြေမှာမဟုတ်ပါဘူး။

၅) ကိုယ်လက်လှုပ်ရှားမှုမပြုခြင်း
မနက်ခင်းကိုအိပ်ရာစောစောထပြီး ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုပြုပေးရင် ခန္ဓာကိုယ်တွင်းသွေးလေလှုပ်ရှားမှုလည်ပတ်မှုကောင်းစေတာကြောင့် ကျန်းမာရေးကောင်းစေသလို တွေးခေါ်နိုင်စွမ်း၊ တီထွင်နိုင်စွမ်းလည်းကောင်းစေပါတယ်။ အဲဒီလိုမဟုတ်ဘဲ အိပ်ရာနိုးနေတာကိုမှ မထဘဲ alarm ပိတ်ပြီးပြန်အိပ်ခြင်းက သွေးလေးသလို၊ ကိုယ်လက်လှုပ်ရှားမှုမပြုခြင်းလည်းအလားတူပါပဲ။

၆) တစ်နေ့တာအတွက်လုပ်စရာများကိုကြိုတင်စီစဉ်မှုမရှိခြင်း
အိပ်ရာနောက်ကျမှထခြင်းက သင့်ကိုမနက်စာစားဖြစ်မစားဖြစ်မသေချာတော့သလို တကိုယ်ရည်သန့်ရှင်းရေးပါမလုပ်မိရင် ပိုထိုင်းမှိုင်းလေးလံစေသလို ကိုယ်လက်လှုပ်ရှားမှုမရှိတာကြောင့် ပိုပြီး ကျန်းမာရေးထိခိုက်စေပြန်ပါတယ်။ အဲဒါအပြင် တစ်နေ့တာလုံးလုပ်စရာရှိတာတွေကိုပါ ကြိုတင်စီစဉ်ဖို့ အချိန်မရစေတော့ပါဘူး။ တစ်နေ့တာလုံး ကမန်းကတမ်း ကတိုက်ကရိုက်ဖြစ်စေပါတယ်။ အဲဒီ့အခါ သင့်အလုပ်အပေါ်ဖြစ်ဖြစ်၊ တခြားအိမ်မှုကိစ္စမှာဖြစ်စေ စိတ်မကြည်လင်တော့ဘဲ လုပ်ရပါတယ်။ စိတ်ခံစားချက်မကောင်းတဲ့အခါ တစ်နေ့တာလုံးလည်း စိတ်မကြည်လင်တော့ပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။