အဆိုးမြင်သမားတစ်ယောက်ရဲ့အကျင့်ဆိုးများ

သင့်မှာ ဒီအချက်တွေရှိနေသလား ပြန်ဆန်းစစ်ကြည့်လိုက်ပါနော်။ - ဖြစ်ပြီးသားတွေကိုပဲ အားတိုင်းပြန်တွေးမိနေတယ်။ - ကိုယ့်ရဲ့အားနည်းချက်ကိုသာ တွေးပြီး ဝမ်းနည်းနေမိတယ်။ - သင့်ဘဝရဲ့ ဟာကွက်တွေ၊ ဆိုးကွက်တွေကိုသာ မြင်နေတယ်။ - မဖြစ်လာသေးတာတွေကိုလည်း ကြိုတွေးပြီး စိုးရိမ်ပူပန်နေတယ်။ - ကျရှုံးခဲ့တာတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့မဆုံးဘူး။


လက်ရှိအချိန်ကို အထက်ကအချက်တွေနဲ့ချည်း ကုန်ဆုံးမိနေတယ်ဆိုရင်တော့ သင်က အဆိုးမြင်တတ်တဲ့လူတစ်ယောက်ဖြစ်မှန်းမသိဖြစ်နေပါတယ်။ အဲဒီ့အတွက်
သင့်ဘ၀ စိုးရိမ်ပူပန်မှုထဲကနေ ရုန်းထွက်နိုင်မှာမဟုတ်သလို၊ တိုးတက်မှုလည်း ရှိလာမှာမဟုတ်တော့ပါဘူးနော်။ အဲဒါကြောင့် အတတ်နိုင်ဆုံး အထက်က အကျင့်တွေကို တခုချင်းပြုပြင်ဖို့ကြိုးစားပါ။ သင့်ကိုယ်သင်မပြုပြင်နိုင်သေးဘူးဆိုရင် အချိန်ကြာလေ သင့်ဘဝက အဆိုးတွေကြားထဲမှာပဲ လှောင်ပိတ်နေပြီး ဘဝရဲ့ကံကောင်းနေသေးတဲ့အချက်တွေကို မြင်နိုင်တော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် အတတ်နိုင်ဆုံး အဆိုးမြင်စိတ်ထဲကရုန်းထွက်ဖို့ ကြိုးစားပါလို့တိုက်တွန်းလိုက်ပါတယ်။
#BAWA101 See Less

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။