အားလပ်ရက်မှာဘယ်လိုပေါ့ပေါ့ပါးပါးဖြတ်သန်းမလဲ။
ဒီနေ့ခေတ်မှာ အစစအရာရာတိုးတက်လာတာနဲ့အမျှ လူတွေမှာလည်း ငွေနောက်ကိုလိုက်ရင်း ပိုမွန်းကြပ်လာကြပါတယ်။ အဲဒီ့အတွက် ကိုယ့်အတွက်သီးသန့်အားလပ်ချိန်သပ်သပ်ယူပြီး ကိုယ်ရော၊ စိတ်ပါအနားပေးသင့်ပါတယ်။ အဲဒါမှ မွန်းကြပ်မှုတွေက ရုန်းထွက်နိုင်မှာဖြစ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို ပြန်ပြီး လန်းဆန်းတက်ကြွစွာလုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် မင်မင်ရဲ့အားလပ်ရက်မှာကုန်ဆုံးမယ့်ပုံစံလေးကို ပြောပြပေးလိုက်ပါမယ်နော်။ ကိုယ်နဲ့အဆင်ပြေသလို ဉာဏ်ရှိသလို အသုံးချနိုင်ပါစေလို့
6 : 30 am အိပ်ရာထမယ် (Wake up) ခပ်စောစော အိပ်ရာထခြင်းက စိတ်ကိုကြည်နူးလန်းဆန်းစေသလို၊ idea အသစ်တွေလည်း ရစေပါတယ်။ စာရေးချင်တဲ့သူ၊ ကဗျာရေးချင်တဲ့သူအတွက်ဆို အရမ်း အဆင်ပြေတဲ့အချိန်ဖြစ်သလို၊ အခြား အလုပ်ကိစ္စအတွက်တွေးတောကြံစည်စရာရှိရင်လည်း အကြံသစ်တွေရနိုင်တာမို့ မနက်စောစောအိပ်ရာထဖို့တိုက်တွန်းပါတယ်နော်။
နောက်တစ်ပုံ7 : 00 am ကိုယ်လက်လေ့ကျင့်ခန်း လုပ်မယ် (exercise) မနက်စောစောအာရုံဟာ တစ်နေ့တာလုံးအတွက်အရေးကြီးပါတယ်။ မနက်စောစောမှာ စိတ်လန်းဆန်းပြီး အကောင်းမြင်နေတဲ့စိတ်ဟာ တစ်နေ့လုံးကို စိတ်ကြည်လင်ပြီး အကောင်းမြင်တတ်စေပါတယ်။ ပတ်ဝန်းကျင်မှာ လမ်းလျှောက်ထွက်မယ်၊ ကိုယ်လက်လှုပ်ရှားမှုတခုခုကို လုပ်ကြည့်ဖို့ အချိန်ကောင်းပါပဲ။ ကိုယ်လက်လှုပ်ရှားခြင်းက စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။
နောက်တစ်ပုံ8 :00 am မနက်စာစားမယ် (breakfast) အားလပ်ရက်မှာ ကိုယ့်အတွက် အာဟာရပြည့်ဝပြီး တကယ့်ကို လိုလိုလားလားစားချင်တဲ့မနက်စာမျိုး တနည်းအားဖြင့် ကိုယ်စားချင်တဲ့မနက်စာကို အချိန်လေးပေးပြီး ဇိမ်နဲ့စားပေးပါ။ ရုံတက်တဲ့ကျောင်းတက်တဲ့နေ့တွေဆို အသည်းအသန် ကမန်းကတမ်းစားရတာမို့ ခုတော့ အေးဆေးလေး စားသောက်ခြင်းက သင့်ကိုစိတ်ဖိစီးမှုပြေလျော့စေပါတယ်။ မနက်စာစားပြီး ကော်ဖီကြိုက်တတ်ရင် ကော်ဖီကိုဇိမ်လေးနဲ့သောက်ရင်း သတင်းစာလေးဖတ်လိုက်ပါအုံးနော်
နောက်တစ်ပုံ9 : 00 am အိမ်အလုပ်တွေလုပ်မယ် (to do list) ကိုယ်လုပ်စရာရှိတာလေးတွေ လုပ်မယ်၊ ဒါမှမဟုတ် အိမ်အလုပ်လေးတွေလုပ်မယ်၊ အိမ်ရှင်းတာ ၊ အဝတ်လျှော်တာစသဖြင့်ပေါ့။ အဲဒီလိုလုပ်စရာမရှိရင်လည်း ကိုယ့်အလုပ်အတွက်ပြင်ဆင်သင့်တာလေးတွေပြင်ဆင်ထားပါမယ်။ ဒါမှမဟုတ်ရင်လည်း နေ့လယ်စာအတွက် ကိုယ်စားချင်တာလေးတွေ ပြင်ဆင်ချက်ပြုတ်တာမျိုးပေါ့။
နောက်တစ်ပုံ12 : 00 pm နေ့လယ်စာစားမယ် (lunch) နေ့လယ်စာကို ရုပ်ရှင်လေးကြည့်ရင်းစားတာမျိုး သေချာပြည့်ပြည့်စုံစုံပြင်ဆင်ပြီးစားပါ။ အာဟာရလည်းပြည့်ဝပြီး စိတ်ဖိစီးမှုလျော့ကျစေပါတယ်။
နောက်တစ်ပုံ1 : 00 pm အပန်းဖြေမယ် (screen time or happy time) ဒီအချိန်မှာ သက်တောင့်သက်သာအနားယူမယ်။ ရုပ်ရှင်ကြည့်မလား၊ စာဖတ်မလား၊ ဖုန်းသုံးမလား၊ တခုခုကို အေးဆေးလေးပဲဖြတ်သန်းဖို့ပါ။
နောက်တစ်ပုံ4 : 00 pm ဈေးဝယ်မယ် (shopping) ရေချိုးမယ်၊ လန်းဆန်းစွာ လှပသပ်ရပ်အောင် ဝတ်စားပြင်ဆင်မယ်။ ညနေစာအတွက် ဝယ်ချင်တာလေးတွေ ထွက်ဝယ်မယ်၊ ဒါမှမဟုတ် ပတ်ဝန်းကျင်ကိုခဏတဖြုတ်ထွက်ပြီး ငေးမောမယ်လေ့လာမယ်ပေါ့။
နောက်တစ်ပုံ5 : 00 pm ချက်ပြုတ်ပြင်ဆင်မယ်(dinner) မနက်ဖြန်ရုံးတက်ဖို့ ပြင်ဆယ်မယ်၊ ချက်ပြုတ်ထားမယ်၊ အဝတ်တွေမီးပူတိုက်သင့်တိုက်မယ် ဒါမှမဟုတ် အလုပ်ကိစ္စအတွက် ဝတ်မယ့်အဝတ်၊ မှတ်စု စသဖြင့် ကြိုတင်စီစဉ်ထားမယ်။ ညစာစားမယ်။
နောက်တစ်ပုံ7 : 00 pm အစီအစဉ်ဆွဲမယ်( to do list) မနက်ဖြန်အတွက် လုပ်စရာတွေ အလုပ်ကြိုတင်စီစဉ်မယ်။ ဘာကိုအရင်ဆုံးဦးစားပေးရမလဲစဉ်းစားမယ်။ စသဖြင့်။
နောက်တစ်ပုံ8 : 00 pm ဝါသနာပါရာလေးတွေလုပ်မယ် (creative) ကိုယ်ဝါသနာပါရာလေးတွေလုပ်မယ်။ ကဗျာရေးမလား၊ စာရေးမလား၊ ပန်းချီဆွဲမလား၊ စသဖြင့် တခုခုလုပ်မယ်
နောက်တစ်ပုံ