ကိုးကားစာများ

ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ကျန်းမာရေးနဲ့ညီညွှတ်စေတဲ့အမြစ်ပါစားနိုင်သောဟင်းသီးဟင်းရွက်များ

အမြစ်ပါစားနိုင်သော ဟင်းသီးဟင်းရွက်များက အရသာရှိပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေပါ ရရှိစေပါတယ်။ မြေအောက်မှာကြီးထွားနေပြီး စားသုံးလို့ရတဲ့အပင်မျိုးကို ပြောတာဖြစ်ပါတယ်။ ဥပမာ၊ အာလူး၊ မုန်လာဥ နဲ့ ကြက်သွန်နီ ကဲ့သို့။ ပုံစံအမျိုးမျိုးရှိပေမယ့် ထိုအမြစ်ဟင်းသီးဟင်းရွက်တွေရဲ့အာဟာရဓာတ်နဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

သင့်ရဲ့စိတ်ခံစားချက်တွေကိုဘယ်လိုထိန်းချုပ်မလဲ။

ကျွန်တော်တို့နေ့စဉ်လူနေမှုဘဝမှာ ခံစားအချက်လိုက်ပေါက်ကွဲနေလို့မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ခံစားချက်တွေကို ထိန်းချုပ်နိုင်ခြင်းက ဆက်ဆံရေးမှာအောင်မြင်ခြင်းပါပဲ။ အဲဒါဆိုရင် သင့်ခံစားချက်ကိုဘယ်လိုထိန်းချုပ်နိုင်မလဲ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, ကိုးကားစာများ

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကောင်းကျိုးများ

ခန္ဓာကိုယ်လှုပ်ရှားမှုကို လေ့ကျင့်ခန်းလို့ သတ်မှတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ရဲ့ကြွက်သားတွေကို အလုပ်လုပ်ခိုင်းခြင်းဖြစ်ပြီး သင့်ခန္ဓာကိုယ်မှာ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုပုံစံအမျိုးမျိုးရှိပါတယ်။ ရေကူးခြင်း၊ ပြေးခြင်း၊ ရွရွပြေးခြင်း၊ လမ်းလျှောက်ခြင်းနဲ့ ကခုန်ခြင်းကဲ့သို့ပေါ့။ လေ့ကျင့်ခန်းလုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကော နှစ်မျိုးလုံးရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေအမျာကြီးရှိပါတယ်။ အသက်ရှည်စေပါတယ်။

ကျန်းမာရေး ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

သီဟိုဠ်စေ့ရဲ့ စိတ်ဖိစီးမှုဆိုင်ရာပြဿနာများကို ဖြေရှင်းပေးနိုင်တဲ့ ကောင်းကျိုးများ

သီဟိုဠ်စေ့က စိတ်ဖိစီးမှုဆိုင်ရာ ပြဿနာတွေကို ကုစားပေးနိုင်တဲ့ သဘာဝဆေးနည်းတစ်မျိုးဆိုတာ သင်သိပါရဲ့လား။ သီဟိုဠ်စေ့မှာ သံဓာတ်၊ ပရိုတင်း၊ အမိုင်နိုအက်ဆစ်၊ မဂ္ဂနီဆီယမ်၊ အိုမီဂါသရီး၊ ဗီတာမင် ဘီဆစ် စတဲ့ဓာတ်တွေပါဝင်ပါတယ်။ ထိုအာဟာရဓာတ်တွေက စိတ်ဖိစီးခြင်းနဲ့ စိုးရိမ်ပူပန်သောကတွေကို သဘာဝအရသက်သာစေတဲ့ ဓာတ်တွေဖြစ်ပါတယ်။ Tryptophan ဆိုတဲ့ဓာတ်က စိတ်ဖိစီးမှုဆိုင်ရာ လက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့လူတွေအတွက် မဂ္ဂနီဆီယမ်ဓာတ်က အဓိက အာဟာရဖြစ်ပါတယ်။ သီဟိုဠ်စေ့်မျာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာမို့ စိတ်ဓာတ်ကျ၊ စိတ်ဖိစီးသူတွေအတွက် သဘာဝဆေးတစ်မျိုးပါပဲ။ အိုမီဂါသရီးဖက်တီးအက်ဆစ်ကလည်း စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးခြင်းအတွက် သက်သာစေသော ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အဲဒါကြောင့် သီဟိုဠ်စေ့မှာ ပါဝင်သော အာဟာရဓာတ်တော်တော်များများက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးနိုင်တဲ့အတွက် စိတ်ဖိစီးမှုဆိုင်ရာပြဿနာရှိသူတွေအတွက် အကောင်းဆုံးဆေးတစ်မျိုးဖြစ်ပါတယ်။#BAWA101

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဘယ်ရီသီးတွေက ဘာကြောင့်ကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်ရသလဲ။

ဘယ်ရီသီးတွေက ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ အရသာရှိပြီး အာဟာရဓာတ်ပြည့်ဝတဲ့အပြင် ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကလေးပြုစုပျိုးထောင်ခြင်း, ပျော်ရွှင်သောဘဝ, ကိုးကားစာများ

ကြင်နာတတ်တဲ့မိခင်တစ်ယောက်ဖြစ်စေဖို့ နည်းလမ်း ၅သွယ်

မိခင်တစ်ယောက်ဖြစ်ဖို့အကောင်းဆုံးအကြံပေးစကားမျိုး ကြားဖူးပါသလား။ ဒီဆောင်းပါးမှာတော့ အကောင်းဆုံးမိခင်တစ်ယောက်ဖြစ်နိုင်မယ့်နည်းလမ်းလေးတွေဖော်ပြပေးချင်ပါတယ်။ သင့်ရဲ့သားသမီးလေးတွေကို စိတ်ဓာတ်ခွန်အားပေးပြီး သူတို့ကို ချစ်ခင်ကြောင်းပြပါ။ သူတို့ကိုယ်သူတို့ယုံကြည်မှုရှိအောင် ကြိုးစားပေးခြင်းက ကြင်နာတတ်တဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အချက်ပါပဲ။ မိခင်တိုင်းလိုလိုက အလုပ်သိပ်များတတ်သူတွေပါ။ အဲဒါကြောင့်ကိုပဲ အော်တတ်တဲ့မိခင်၊ ဆူတတ်တဲ့မိခင်၊ ပွစိပွစိလုပ်တတ်သူ၊ အဖြစ်ပြောင်းသွားတတ်ကြပါတယ်။ ဒါပေမယ့် အားလုံးလိုလိုကတော့ ကြင်နာတတ်သူတွေချည်းပါပဲ။ ဟုတ်ပါပြီ အဲဒါဆိုရင် ကြင်နာတတ်တဲ့မိခင်ဖြစ်ဖို့က သင့်ရဲ့စကားလုံးလေးတွေ၊ သင့်ရဲ့အပြုအမူလေးတွေကို သတိထားရွေးချယ်လိုတာနဲ့ ဖြစ်လို့ရပါတယ်။ ဘယ်လိုလုပ်ကြည့်ရမလဲ ဖတ်ကြည့်လိုက်ပါနော်။

ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

အစိမ်းရောင်ပြောင်းနေတဲ့အာလူးကအဆိပ်ဖြစ်စေတယ်ဆိုတာ သင်သိပါသလား။

သင့်အိမ်မှာ ဝယ်ထားတဲ့အာလူးတွေ အစိမ်းရောင်ပြောင်းနေတာကိုတွေ့ရတဲ့အခါ သင်ဘယ်လိုလုပ်ပစ်လေ့ရှိသလဲ။ လွှင့်ပစ်လိုက်သလား ဒါမှမဟုတ် မလွှင့်ပစ်ဘူးလား။ အချို့ကတော့ အစိမ်းရောင်ပြောင်းနေတဲ့ အပိုင်းကိုဖြတ်ထုတ်လိုက်ပြီး ကျန်တဲ့အခြမ်းကိုတော့ ပြန်သုံးတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အစိမ်းရောင်ပြောင်းနေတဲ့အာလူးက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ စစ်စစ်တော့ အစိမ်းရောင်ပြောင်းသွားတယ်ဆိုတာ အဆိပ်တွေပါဝင်မှုရှိနေပြီလို့ ပြသနေတာပဲဖြစ်ပါတယ်။ ထိုအစိမ်းရောင်ပြောင်းနေတဲ့အာလူးကို စားမိတဲ့အခါ သင့်ကို နာမကျန်းဖြစ်စေနိုင်ပါတယ်။ အာလူးကဘာကြောင့်အစိမ်းရောင်ပြောင်းသွားတာလဲ။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

သင့်အစာခြေစနစ်ကို ကောင်းမွန်စေမယ့် သဘာဝနည်းလမ်း ၁၁မျိုး

လူတိုင်းလိုလိုက အစာခြေစနစ်နဲ့ဆိုင်တဲ့လက္ခဏာတွေ ခံစားဖူးကြမှာပါ။ အစာမကြေဖြစ်ခြင်း၊ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ အော်ကလီဆန်ခြင်း စတဲ့လက္ခဏာတွေပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ထိုလက္ခဏာတွေက သင့်ရဲ့အစာခြေစနစ်နဲ့ဆိုင်တဲ့လက္ခဏာတွေဖြစ်ပြီး သင့်ကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့အစားအစာ စားသောက်ပုံစနစ်နဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ခြင်းက သင့်ရဲ့အူတွင်းကျန်းမာရေးအခြေအနေကို အကောင်းဘက်ပြောင်းလဲသွားစေနိုင်ပါတယ်။ သင့်အစာခြေစနစ်ကို အကောင်းဘက်ကပြောင်းလဲပေးနိုင်တဲ့ သဘာဝနည်းလမ်း ၁၁ခုကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။