ဂျာမန်လူမျိုး ဒဿနပညာရှင် friedrich Nietzsche ၏ကောက်နုတ်ချက်များ
ဂျာမန်လူမျိုး ဒဿနပညာရှင် friedrich Nietzsche ၏ကောက်နုတ်ချက်များ
အိမ်တွင်းအပင်စိုက်ခြင်းရဲ့အကျိုး
နောက်ပိုင်းလေ့လာတွေ့ရှိချက်တွေအရ အိမ်တွင်အပင်စိုက်ခြင်းက အဆောက်အဦးတွေနဲ့ လူတွေအတွက် ကောင်းကျိုးတွေအများကြီးရှိပါတယ်။ အိမ်တွင်းအပင်စိုက်ခြင်းက စိတ်ဖိစီးမှုကိုပြေလျော့စေပါတယ်။ စိတ်ပျော်ရွှင်ခြင်း၊ စိတ်တင်းမာမှုပြေလျော့ခြင်း၊ အလုပ်လုပ်ရ သက်တောင့်သက်သာဖြစ်ခြင်း နဲ့ စိတ်ကြည်လင်ခြင်းတို့ဖြစ်ပေါ်စေနိုင်ပါတယ်။
သလဲသီးရဲ့ အံ့သြဖွယ် ကျန်းမာရေးကောင်းကျိုး ၇ချက်
သလဲသီးရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေက မရေတွက်နိုင်အောင်များပြားလှပါတယ်။ သလဲသီးမှာ antioxidant ဓာတ်တွေ၊ ဗီတာမင်တွေ အထူးသဖြင့် ဗီတာမင်အေ၊ စီ၊ အီးနဲ့ ဖောလစ်အက်ဆစ်ကဲ့သို့ ဗီတာမင်တွေပါဝင်ပါတယ်။ သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အခြားကျန်းမာရေးအကျိုးသက်ရောက်မှုတွေရှိတဲ့အတွက် ဆရာဝန်တွေက စားသုံးဖို့ တိုက်တွန်းကြပါတယ်။ အရေပြားကို ကြည်လင်စေပြီး ရောင်ရမ်းခြင်းကိုလျော့ကျစေပါတယ်။ အစာအိမ်ရောဂါ၊ သွားကျန်းမာရေး၊ အရိုးပွရောဂါ၊ ဆီးချိုသွေးချို၊ သွေးအားနည်းရောဂါနဲ့ နှလုံးရောဂါကဲ့သို့ ရောဂါတွေအတွက် ကောင်းမွန်စေပါတယ်။
Child Abuse ဆိုတာက ကလေးငယ်တွေကို ရုပ်ပိုင်းဆိုင်ရာအရ၊ စိတ်ပိုင်းဆိုင်ရာအရ၊ လိင်ပိုင်းဆိုင်ရာအရ ထိခိုက်စေခြင်းဖြစ်ပါတယ်။ နာမကျန်းဖြစ်အောင်လုပ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ လျစ်လျူရှုခြင်း ဒါမှမဟုတ် ကလေးငယ်တွေရဲ့လုံခြုံမှုကို ထိခိုက်စေခြင်းတို့လည်း ပါဝင်ပါတယ်။
ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ
Social Media က သင့်အပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ။
လူမှုကွန်ရက်ရဲ့ မမြင်နိုင်တဲ့အကျိုးသက်ရောက်မှုက သင့်အပေါ်ဘယ်လောက်ထိ ဆိုးရွားစေသလဲဆိုတာ သင်သိပါရဲ့လား။ ရုပ်ပိုင်းဆိုင်ရာအရကော၊ စိတ်ပိုင်းဆိုင်ရာအရကော လူမှုကွန်ရက်ရဲ့မကောင်းတဲ့အကျိုးသက်ရောက်မှုကို သင်သိသွားတဲ့အခါ အံ့အားသင့်သွားမှာ အမှန်ပါပဲ။အကောင်းဆုံးမဖြစ်နိုင်ဘဲ သင့်ကိုယ်သင်နဲ့ သင့်ရဲ့ကိုယ်ပိုင်ကမ္ဘာကြီးကို မြင်တဲ့အမြင်တွေကအစ အကောင်းဘက်က မဖြစ်နိုင်တော့ပါဘူး။ ဘယ်လိုမျိုး သင့်ကိုယ်သင်မကောင်းတဲ့အမြင်တွေဖြစ်လာသလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။
ဗီတာမင်အေက အမြင်အာရုံကောင်းမွန်စေခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်းနဲ့ အရေပြားကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ ဗီတာမင်အေ ချို့တဲ့ခြင်းက အမြင်အာရုံပျက်စီးခြင်းအဖြစ် အခြားကူးစက်ရောဂါတွေလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင် ဗီတာမင်အေချို့တဲ့မှုကြောင့် ကလေးငယ်တွေမှာပါ အမြင်အာရုံပျက်စီးတာမျိုးဖြစ်တတ်ကြပါတယ်။ ဗီတာမင်အေ အလွန်အကျွံ့စားသုံးခြင်းကြောင့်လည်း အော့အန်ခြင်း၊ အစာစားချင်စိတ်ကင်းမဲ့ခြင်း နဲ့ ဆံပင်အကျွတ်များခြင်းတို့ ဖြစ်နိုင်ပါတယ်။
ချမ်းသာသူနဲ့ဆင်းရဲသူကြားက ကွာခြားသည့်ငွေကြေးဆိုင်ရာ အကျင့် ၃ချက်
အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့အတွေးပါပဲ။ အချိန်ပြည့်ဘာကြောင့် အလုပ်လုပ်ရတာလဲ။ ချမ်းသာဖို့အတွက် အလုပ်ကြိုးစားနေတယ်ဆိုတာ မှန်ရဲ့လား။ ကျွန်တော်က ကျွန်တော့်ရဲ့အကြွေးတွေကို ဆပ်နိုင်ရုံ အလုပ်လုပ်နေတာမဟုတ်ပါဘူး။ သင့်မှာသာ ချမ်းသာဖို့အတွက် ချမှတ်ထားတဲ့အစီအစဉ်ရှိတယ်ဆိုရင် ညမအိပ်ခင်မှာ သင်ခက်ခဲခဲ့တဲ့အချိန်တွေကို သင့်အတွက်ခွန်အားအဖြစ်ပြန်တွေးဖို့လိုပါတယ်။ သင်သဘောတူတယ်ဆိုရင် ချမ်းသာဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းတစ်ခုကို ကျွန်တော်မျှဝေပေးပါရစေလို့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင် Jim Rohn ကပြောထားပါတယ်။
ဖရုံစေ့ရဲ့ ကျန်းမာရေးကောင်းကျိုးများ
ဖရုံစေ့က အရသာလည်းရှိသလို ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ ဖရုံသီးက ကျန်းမာရေးအတွက်ကောင်းသလို ဖရုံစေ့ကလည်း ကျန်းမာရေးနဲ့ ကိုက်ညီစေတဲ့ဓာတ်တွေအများကြီးပါဝင်ပါတယ်။ omega 3 fatty acids ၊ antioxidants နဲ့ phytosterol ၊ vitamins B complex အုပ်စုဖြစ်တဲ့ thiamine, riboflavin, niacin, folate နဲ့ pantothenic acid စတဲ့ဓာတ်တွေပါဝင်တဲ့အပြင် မဂ္ဂနီဆီယမ်နဲ့ ပရိုတင်းဓာတ်တွေလည်း ပါဝင်ပါတယ်။
ခုချက်ချင်းရပ်တန့်ပစ်သင့်သော အကျင့်ဆိုးများ
မကောင်းတဲ့အကျင့်ဆိုးတွေက သင့်ဘဝကို နှောင့်ယှက်နိုင်ပါတယ်။ သင့်ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိနိုင်ဖို့ အဟန့်အတားဖြစ်စေပါတယ်။ သင့်ကျန်းမာရေး၊ သင့်ပျော်ရွှင်မှု၊ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ နဲ့ သင့်ရဲ့ကျရှုံးမှုတွေကိုသာ ဖြစ်ပေါ်စေနိုင်တာပါ။ ထိုအကျင့်ဆိုးတွေကြောင့် သင့်ရဲ့အချိန်တွေ အလကားကုန်ဆုံးသွားစေသလို၊ သင့်ရဲ့စွမ်းအင်တွေရောပေါ့။ အဲဒါကြောင့် ခုချက်ချင်းရပ်တန့်ပစ်လိုက်သင့်တဲ့ အကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကလေးတွေကို သင်ပေးသင့်သော အလေ့အကျင့်ကောင်း ၅ချက်
ကလေးကောင်းမှ လူကြီးကောင်းဖြစ်မှာဆိုသလိုပါပဲ၊ လူကြီးကောင်းတွေကသာ ကလေးကောင်းတွေဖြစ်အောင် ပြုစုပျိုးထောင်နိုင်မှာပါနော်။ အဲဒီ့တော့ ကလေးကောင်းဖြစ်အောင်ကြိုးစားပြုစုပျိုးထောင်နိုင်ဖို့ လူကြီးတွေက သင်ပေးသင့်တာလေးတွေကို ရှာဖွေလေ့လာမှတ်စုလုပ်ပြီး ကလေးတွေကို ပြန်လည်သွန်သင်ဆုံးမတတ်ရပါတယ်။ အဲဒါကြောင့် ကလေးတွေကို လူတလုံးသူတလုံးဖြစ်အောင် ပျိုးထောင်သင်ပေးသင့်တဲ့အလေ့အကျင့်ကောင်း ၅ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။
နေကြာစေ့ရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
နေကြာစေ့မှာ polyunsaturated နဲ့ monounsaturated fats တွေပါဝင်တဲ့အတွက် ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ နေကြာစေ့ရဲ့ကောင်းကျိုးတွေကို ဖတ်ကြည့်လိုက်ပါအုံး။
သင့်ဘဝတိုးတက်စေဖို့ လိုက်နာသင့်တဲ့ နည်းလမ်း ၁၃ ချက်
အောက်မှာ ဖော်ပြထားတဲ့အချက် ၁၃ချက်ကို သေချာလေး လိုက်နာကြည့်ခြင်းက သင့်ဘဝကို တိုးတက်စေပါလိမ့်မယ်လို့ အမေရိကန်လူမျိုး စွန့်ဦးတီထွင်လုပ်ငန်းရှင် Jim Rohn က ရေးသားထားတဲ့ဆောင်းပါးဖြစ်ပါတယ်။ ဘယ်လိုအချက်တွေဖြစ်မလဲ ဖတ်ကြည့်လိုက်ရအောင်။
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ