နိုင်ငံတကာတွင်တည်ရှိသောဆိတ်ငြိမ်အေးချမ်းသည့်တရားစခန်းများ

မြန်မာလူမျိုးတွေနဲ့ တရားစခန်းဆိုတာ စိမ်းတဲ့အရာတော့ မဟုတ်ပါဘူး။ Meditation တရားထိုင်ခြင်းဟာ ဘာသာဝင်အားလုံးပြုလုပ်နိုင်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ စိတ်ကိုတည်ငြိမ်အေးချမ်းစေတာကြောင့် ခုနောက်ပိုင်းမှာဆိုရင် နိုင်ငံတကာက လူငယ်တွေကြားမှာပါ ရေပန်းစားလာတဲ့ စိတ်လေ့ကျင့်ခန်းတစ်ခုပါ။ တရားစခန်းများစွာရှိတဲ့အထဲက ထူးထူးခြားခြားကို ဆိတ်ငြိမ်အေးချမ်းပြီး သဘာဝနဲ့တစ်သားထဲကျနေတဲ့ ကမ္ဘာတစ်ဝှမ်းက တရားစခန်း (၁၀) ခုကိုရှာဖွေဖော်ပြပေးလိုက်ပါတယ်။


၁။ White Cloud Sanctuary – Santa Ana, Costa Rica မှာ ၁၉၇၂ ခုနှစ်ထဲက ဖွင့်လှစ်ထားတဲ့ တရားစခန်းတစ်ခုပါ။ တစ်ကြိမ်မှာ ဧည့်သည်တစ်ယောက်ကိုသာ လက်ခံလေ့ရှိပါတယ်။ အဲ့ဒါမှတစ်ကယ်ကိုတစ်ယောက်တည်းဆိတ်ငြိမ်စွာအနှောင့်အယှက်မရှိတရားက ျင့်နိုင်အောင်လို့ဖြစ်ပါတယ်။

၂။ The Middle Way Meditation Retreat – Thailand ရဲ့သာာယာလှပတဲ့ တောင်ကုန်းတွေပေါ်မှာ တည်ရှိတဲ့ ဒီတရားရိပ်သာဟာ သဘာဝအလှတရားနဲ့ စိတ်တည်ငြိမ်စွာ တရားလေ့ကျင့်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

၃။ Ananda – Himalayas, India နိုင်ငံမှာရှိတဲ့ ဆိတ်ငြိမ်ပြီး အေးချမ်းလှတဲ့ တရားစခန်းဖြစ်ပါတယ်။

၄။ The Holy Isle – Scotland ရဲ့အနောက်ဘက် ကမ်းရိုးတန်းဘက်မှာ ဖွင့်လှစ်ထားပါတယ်။ ဧည့်သည်တွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်း ၅ ချက်ရှိပါတယ်။
• ရှင်သန်မှုကို လေးစားရမယ်၊ အသက်မသတ်မရဘူး။
• တစ်ပါးသူရဲ့ ပိုင်ဆိုင်မှုကို လေးစားရမယ်၊ မခိုးမဝှက်ရဘူး။
• အမှန်ကိုသာ ပြောဆိုရမယ်၊ မလိမ်ညာရဘူး။
• ကျန်းမာခြင်းကို တန်ဖိုးထားရမယ်၊ အဆိပ်အတောက် (အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး) တို့ကို မသုံးစွဲရဘူး။
• တစ်ပါးသူတွေကို လေးစားရမယ်၊ အပျော်အပါး လိင်ကိစ္စတွေမှ ရှောင်ကျဉ်ရမယ်။

၅။ Green Gulch Farm Zen Centre – San Francisco မြို့မြောက်ဘက်မှာ တည်ရှိပြီး အေးချမ်းလှတဲ့ ဒီတရားစခန်းကို Green Dragon Temple လို့လဲလူသိများပါတယ်။

၆။ Osho Meditation Resort – Pune, India နိုင်ငံရဲ့ ကိုရီဂါဝန်ဥယျာဉ်အတွင်းမှာ တည်ရှိတဲ့ သစ်ပင်ပန်းမန်တွေနဲ့ ဝန်းရံနေတဲ့ ဒီတရားရိပ်သာဟာ သဘာဝ အိုအေစစ်လေးတစ်ခုပါ။ စိတ်ပိုင်းဆိုင်ရာသာမက ကိုယ်ကျန်းမာရေးအတွက် ရေကူးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ကိုလဲ လုပ်ဆောင်ရပါတယ်။

၇။ Silent Stay Retreat Home – နာမည်နဲ့လိုက်အောင် သင့်စိတ်ကို ဆိတ်ငြိမ်စေမှာပါ။ California ပြည်နယ်မှာ တည်ရှိပါတယ်။ ဆူညံသံတွေ များပြားနေတဲ့ ကမ္ဘာပေါ်က တိတ်ဆိတ်အေးချမ်းရာ နယ်မြေလေးတစ်ခုပါပဲ။

၈။ Insight Meditation Society – Massachusetts ပြည်နယ်မှာ တည်ရှိပြီး ဗုဒ္ဓရဲ့ ဝိပဿနာ တရားနည်းလမ်းတွေကို ပို့ချနေတဲ့ တရားစခန်းတစ်ခုဖြစ်ပါတယ်။ အဓိကတရားရိပ်သာ ၂ ခုရှိပါတယ်။ တစ်ခုကတော့ Retreat Centre ဖြစ်ပြီးတော့ နောက်တစ်ခုကတော့ Forest Refuge လို့ခေါ်ပါတယ်။

၉။ Rolling Meadows Meditation Retreats - ဧက ၁၀၀ ကျော်ကျယ်ဝန်းတဲ့ Mexico ကတရားရိပ်သာဖြစ်ပါတယ်။ တရားလေ့ကျင့်ဖို့ အကောင်းဆုံးရိပ်သာတစ်ခုအဖြစ် ခရီးသွားဝက်ဆိုဒ်တွေက သတ်မှတ်ထားပါတယ်။

၁၀။ The Abode of the Message – New York မြို့မှာ ၁၉၇၅ ခုနှစ်ထဲက စတင်ဖွင့်လှစ်ထားခဲ့တဲ့ ဒီတရားစခန်းဟာ ကမ္ဘာပေါ်မှာ အငြိမ်းချမ်းဆုံး တရားရိပ်သာတစ်ခုပါ။ ရသေ့ကျောင်းသင်္ခမ်း၊ တဲစခန်း၊ သဘာဝသီးနှံစိုက်ခင်း၊ ဥယျာဉ်နဲ့ ရေကူးကန်တွေ ပါဝင်ပါတယ်။

ရှုပ်ထွေးစွာ ဖြတ်သန်းနေကြ နေ့စဉ်ဘဝအတွက် အခုလိုတရားစခန်းတွေဟာ စိတ်နားခိုရာ နေရာတွေဖြစ်ပါတယ်။ အခုဆောင်းပါးကို ဖတ်ရှုနေကြတဲ့ သူငယ်ချင်းတို့အားလုံးပဲ စိတ်အေးချမ်းမှုကို ရှာတွေ့နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ဒ

? ( BaWa101 )

Source: “The top 10 meditation retreats,”exploremeditation.com မှဘာသာပြန်ဖော်ပြထားပါသည်။

ပုံကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။