ကျန်းမာရေး

ကျန်းမာရေး

ကျန်းမာရေး, အစားအစာ, ပျော်ရွှင်သောဘဝ, ကိုးကားစာများ

သင့်ရဲ့ခန္ဓာကိုယ်ခုခံအားစနစ်ကို မြင့်တင်ပေးနိုင်တဲ့အကောင်းဆုံးအစားအစာများ

သင့်ခန္ဓာကိုယ်မှာ ခုခံအားစနစ်ကောင်းမွန်နေတဲ့အခါမှာ သင့်ရဲ့ကျန်းမာရေးကို ပိုကောင်းအောင် ကူညီနိုင်ပါတယ်။ ခုခံအားကောင်းစေတဲ့အစားအစာတွေ ရှိပါတယ်။ သင့်ရဲ့ကိုယ်တွင်းအဂါၤ ၊ ဆဲလ်များ၊ တစ်ရှုးစများ၊ ပရိုတင်း စတဲ့အရာတွေမှာ ခုခံအားစနစ်ပါဝင်ပါတယ်။ ထိုအရာတွေကနေတဆင့် ရောဂါပိုးတွေက ဗိုင်းရပ်စ်၊ ဘက်တီးရီးယားအဖြစ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို သယ်ဆောင်ပြီး ခန္ဓာကိုယ်မှာ ရောဂါကူးစက်စေတာဖြစ်ပါတယ်။ အဲဒါကြောင့် ရောဂါပိုးတွေက ခုခံအားကောင်းတဲ့စနစ်နဲ့ထိတွေ့တဲ့အခါ တုံ့ပြန်တိုက်ခိုက်ခြင်းကိုခံရပါတယ်။ ခုခံအားစနစ်ကနေ ပဋိဇီဝပစ္စည်းတွေထုတ်လုပ်ပေးပါတယ်။ ထိုပစ္စည်းတွေကနေ ရောဂါပိုးတွေကို သတ်ပြစ်နိုင်တာဖြစ်ပါတယ်။ ခုခံအားကို ကောင်းမွန်စေတဲ့အစားအစာတွေက လူရဲ့ခုခံအားကို မြင့်တင်ပေးနိုင်ပါတယ်။ ထိုအစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ပျော်ရွှင်သောဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဝိတ်ကျဖို့ အထောက်အကူဖြစ်စေသော ဗီတာမင်ဓာတ်များ

ဗီတာမင်ဓာတ် တစ်မျိုးထဲနဲ့တော့ အံ့အားသင့်ဖွယ် ဝိတ်ကျအောင် ကူညီနိုင်တာမျိုးမဟုတ်ပါဘူးနော်။ အခြားကိုယ်လက်လှုပ်ရှားမှုတစ်ခုခု၊ လေ့ကျင့်ခန်းတစ်ခုခုနဲ့တွဲလုပ်ခြင်းကပိုပြီး ထိရောက်စေပါတယ်။ ခုပြောပြပေးချင်တာကတော့ ဗီတာမင်တွေထဲမှာမှ သင့်ဝိတ်ကျဖို့ အကူအညီပေးနိုင်တဲ့ဗီတာမင်တွေအကြောင်းပါ။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ရုပ်ပိုင်းဆိုင်ရာအရ ကိုယ့်ကိုကိုယ်ဂရုစိုက်သင့်တဲ့အကြံပြုချက်များ

အထိုင်များခြင်းက ဆေးလိပ်သောက်ခြင်းရဲ့ အကျိုးရလဒ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ အဲဒါကြောင့် သင့်အိမ်နားဝန်းကျင်၊ သင့်အလုပ်ခွင်၊ သင့်ကျောင်းပတ်ဝန်းကျင်စသည်ဖြင့် နေရာအစုံမှာ လှုပ်ရှားမှုပြုလုပ်ခြင်းက လေ့ကျင့်ခန်းလုပ်ခြင်းပါပဲ။ သင့်အလုပ်က အထိုင်များတဲ့အလုပ်ဆိုရင်တော့ ခဏတဖြုတ်လမ်းလျှောက်တာဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာဖြစ်ဖြစ်၊ တစ်နေ့လျှင် မိနစ် ၃၀ခန့်လမ်းလျှောက်သင့်ပါတယ်။

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

အလုပ်တစ်ဖက်နဲ့မိခင်တွေ ပျော်ရွှင်နေဖို့နဲ့ စိတ်ဖိစီးမှုကင်းဝေးအောင် ဘယ်လိုနေထိုင်ရမလဲ။

ဒီနေ့ခေတ်အမျိုးသမီးတွေက အခန်းကဏ္ဍတော်တော်များများမှာ ပါဝင်လှုပ်ရှားနေကြရပါတယ်။ မိခင်အဖြစ်၊ ဇနီးအဖြစ်၊ ဝန်ထမ်းအဖြစ် စသည်ဖြင့်ပေါ့။ အဲဒီလို တာဝန်ပေါင်းများစွာကို ထမ်းရွက်နေရတဲ့အတွက်ကြောင့်ကိုပဲ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအရ စိန်ခေါ်မှုတွေအများကြီးရှိလာပါတယ်။ အလုပ်တစ်ဖက်နဲ့ မိခင်ဘဝ၊ ဇနီးမယားဘဝကိုဖြတ်သန်းနေရတဲ့ အမျိုးသမီးတွေမှာ အခြားသူများထက်ကို စိတ်ဖိစီးမှု၊ စိတ်ခံစားမှု၊ စိတ်ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးက ကွာခြားမှုရှိလာနိုင်ပါတယ်။ အဲဒါကြောင့် အလုပ်လုပ်ရတဲ့မိခင်ဝန်ထမ်းတွေအတွက် စိတ်ကော ရုပ်ကော ကျန်းမာဖို့အတွက် အေရးကြီးတဲ့အချက် ၈ချက်ကို မျှဝေပေးချင်ပါတယ်။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

စိတ်ပိုင်းဆိုင်ရာအရကိုယ့်ကိုကိုယ်ဘယ်လိုဂရုစိုက်မလဲ။

စိတ်ပိုင်းဆိုင်ရာအရကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ကလည်းအရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေမကောင်းတဲ့လူတစ်ယောက်ကတစ်နေ့တာလုံးကိုကောင်းမွန်စွာဖြတ်သန်းနိုင်မှာမဟုတ်ပါဘူး။ အဲဒါအပြင် ကိုယ့်ရဲ့လုပ်ငန်းဆောင်တာမှန်သမျှကိုလည်းကောင်းမွန်စွာလုပ်ဆောင်နိုင်မျာမဟုတ်ပါဘူး။ အဆိုးဆုံးကေတာ့ စိတ်ကျန်းမာရေးကိုပါထိခိုက်လာနိုင်ပြီး စိတ်ဓာတ်ကျခြင်းဖြစ်လာနိုင်ပြီး နောက်ဆုံး မိမိကိုယ်ကိုသတ်သေခြင်းမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်ဖို့ အကြံပြုချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, အစားအစာ

သခွားမွှေးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုး ၁၃ချက်

သခွားမွှေးသီးက လိမ္မောဖျော့ရောင်ရှိပြီး အရသာလည်းရှိ အနံလည်းမွှေးတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ ကျန်းမာရေးကောင်းကျိုးတွေလည်း အများကြီးရနိုင်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်၊ အာဟာရဓာတ်နဲ့ antioxidant တွေလည်းပါဝင်ပါတယ်။ အဲဒါအပြင် သကြားဓာတ်၊ အဆီဓာတ်ပါဝင်မှုနည်းပါးစေပြီး အမျှင်ဓာတ်လည်း ပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သခွားမွှေးစားသုံးခြင်းကြောင့် အစာခြေစနစ်ကို ပိုကောင်းစေပါတယ်။ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ အမြင်အာရုံနဲ့ အရေပြား၊ ဆံသားအတွက်လည်း ကောင်းမွန်စေနိုင်ပါတယ်။ တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝစေပြီး အာဟာရဓာတ်နဲ့ပြည့်ဝစေတဲ့အရင်းအမြစ်လည်းဖြစ်ပါတယ်လို့ ဖော်ပြကြပါတယ်။

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဓာတ်မတည့်မှုဖြစ်ပွားတယ်ဆိုတာ ဘာလဲ။

အသက်ရှုလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ရဲ့ ပြောပြချက်အရဆိုရင် ဓာတ်မတည့်မှုဆိုတာက ဓာတ်မတည့်တဲ့အရာနဲ့ထိတွေ့တဲ့အခါ ခန္ဓာကိုယ်ရဲ့ခုခံစနစ်က အလွန်အကျွံ့တုံ့ပြန်ခြင်းပဲဖြစ်ပါတယ်။ ဓာတ်မတည့်မှုဖြစ်ပွားစေတဲ့အရာတွေက များသောအားဖြင့် အစားအစာ ၊ ဆေးဝါးနဲ့ အန္တရာယ်ရှိတဲ့ဖုန်မှုန်တွေပဲဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က ထိုအရာတွေကို လက်ခံရတဲ့အခါ အန္တရာယ်ဖြစ်စေခြင်း၊ ခက်ခဲခြင်းနဲ့ ဓာတုဗေဒပစ္စည်းတွေထုတ်လွှတ်ခြင်းကဲ့သို့ ဓာတ်မတည့်မှုလက္ခဏာတွေပြသပါတော့တယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, လူနေမှုဘဝ, ကိုးကားစာများ

သင့်မျက်လုံးကျန်းမာရေးကို ဘယ်လိုဂရုစိုက်မလဲ။

မျက်လုံးက လူတစ်ယောက်ရဲ့အမြင်အာရုံအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အမြင်အာရုံပျက်စီးခြင်းက လူတစ်ယောက်အတွက် ဘယ်လိုမှပြန်ပြီးအစားထိုးမနိုင်တဲ့ဆုံးရှုံးမှုမျိုးဖြစ်ပါတယ်။ အဲဒါကြောင့် အမြင်အာရုံကို ဂရုစိုက်သင့်ပါတယ်။ သင့်မျက်လုံးကျန်းမာရေးအတွက် ဘယ်လိုအချက်လေးတွေကို လိုက်နာရင်း ဂရုစိုက်နိုင်မလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။

ကျန်းမာရေး အစားအစာ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

နံနံပင်စားခြင်းရဲ့ ကောင်းကျိုးများ

နံနံပင်ကို ဆေးဖက်ဝင်အပင်တစ်မျိုးအဖြစ် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ကျော်ကတည်းက စားသုံးခဲ့ကြတာပါ။ နံနံပင်စားသုံးခြင်းကြောင့် နှလုံးကျန်းမာရေးကို ထိန်းသိမ်းဖို့ကူညီပေးနိုင်ခြင်း၊ ခုခံအားတိုးစေခြင်းနဲ့ အခြားသောရောဂါများကိုဖြစ်ပွားနိုင်ချေကို လျော့ကျစေပါတယ်။ အသုတ်ထဲမှာပဲ ထည့်ထည့်၊ ဟင်းထဲမှာပဲထည့်ထည့် သင့်ရဲ့ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။ နံနံပင်ကြောင့်ရရှိမယ့် ကျန်းမာရေးအတွက် ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ

ရေသောက်ခြင်းက ဘယ်လိုရောဂါတွေကိုကာကွယ်ပေးနိုင်သလဲ။

တစ်နေ့လျှင် ရေ၈ခွက်ခန့်သောက်သင့်ပါတယ်။ ရေဓာတ်မပြည့်ဝခြင်းက ကျန်းမာရေးအပေါ်ဆိုးကျိုးများစွာသက်ရောက်စေနိုင်ပါတယ်။ အဲဒါကြောင့် ရေဓာတ်ပြည့်ဝနေဖို့က အရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝစွာသောက်သုံးခြင်းက အောက်ပါရောဂါ ၇မျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

တရုတ်ဆီးသီးရဲ့ ကောင်းကျိုးများ

တရုတ်ဆီးသီးရဲ့ အကျိုးအာနိသင်ကတော့ အံမခန်းပါပဲ။ လိမ္မော်ရောင်သန်းတဲ့အမျိုးအစားဖြစ်ပါတယ်။ တရုတ်ဆီးသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်အီး၊ သံဓာတ်နဲ့ beta-carotene တို့ပါဝင်ပါတယ်။ အရေပြားနဲ့ဆံသားအတွက်ကောင်းမွန်စေပြီး ရောဂါတော်တော်များများကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ

ဆိုးဝါးတဲ့နေ့တွေမှာ သင့်စိတ်ခံစားချက်တွေပိုကောင်းလာစေမယ့် နည်းလမ်းများ

သင့်ရဲ့ စိတ်ခံစားချက်တွေကို အမြဲလို သတိထားနေဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ လှုပ်ရှားရုန်းကန်နေရတာ၊ အခက်အခဲတွေရင်ဆိုင်နေရတာ၊ ပြဿနာတွေဖြေရှင်းနေရတာ စတာတွေအမျိုးမျိုး ကြုံတွေ့နေရတာပါပဲ။ အဲဒါကြောင့် သင့်ခံစားချက်တွေက အမြဲလို အကောင်းဘက်ကချည်းဖြစ်နေမှာ မဟုတ်ပါဘူး။ သင့်စိတ်ခံစားချက်တွေက မကောင်းတဲ့အခါ သင့်ရဲ့လုပ်နိုင်စွမ်းရည်ပေါ်ကို သက်ရောက်မှုရှိလာပါတယ်။ အဲဒါကြောင့် သင့်စိတ်ခံစားချက်တွေကောင်းမှာ သင့်ရဲ့အလုပ်အကိုင်၊ သင့်မိသားစု၊ သင့်ပတ်ဝန်းကျင်၊ သင့်ရဲ့ပေါင်းသင်းဆက်ဆံရေးနဲ့ သင့်ရဲ့ကျန်းမာရေးအပေါ်မှာပါ သက်ရောက်မှုကောင်းရနိုင်မှာပါ။ သင့်ရဲစိတ်ခံစားချက်တွေဆိုးဝါးနေတဲ့နေ့မျိုးမှာ ဘယ်လိုမျိုး သင့်ရဲ့စိတ်ခံစားချက်ကို ပြန်လည်မြင့်တင်သင့်သလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်နော်။ တခုချင်းဖတ်ပြီး လိုက်လုပ်ကြည့်လိုက်ပါအုံး။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။