လေလည်ကောင်းစေသော အစားအစာ ၈မျိုး
ကျွန်တော်တို့လေပွသလိုခံစားရတဲ့အခါ နေရထိုင်ရမသက်မသာဖြစ်ကြရပါတယ်။ မတော်တဆလေလည်ချင်တဲ့အခါမှာတောင် သင့်ဘေးပတ်ဝန်းကျင်မှာ အခြားလူတွေကြောင့် အားနာရတာမျိုးဖြစ်ရပြန်ပါတယ်။ အဲဒါကြောင့် လေလည်ကောင်းစေတဲ့အစားအစာတွေကို သိထားတဲ့အခါ သင်ကိုယ်တိုင်လည်း မစားမိအောင် ရှောင်ရှားနိုင်ပါတယ်။
သင့်ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးမယ့်အစားအစာ ၇ မျိုး
ဆံပင်ကျွတ်ခြင်းက အသက်အရွယ်ကြောင့်ဖြစ်သလို၊ ဆံပင်ကို တင်းကြပ်စွာစည်းနှောင်ထားခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တမျိုးကတော့ မျိုးရိုးကြောင့် ဆံပင်ကျွြတ်ခင်းပါပဲ။ သင့်ရဲ့မျိုးရိုးကိုသင်မပြောင်းလဲနိုင်တဲ့အတွက်တော့ သင့်ဆံပင်ကျွတ်ခြင်းကို သက်သာစေမယ့် နည်းလမ်းကိုသာ သင်သုံးနိုင်မှာပါ။
ကလေးရဲ့ screen time ကို ဘယ်လိုလျှော့ချမလဲ။
ဒီနေ့ခေတ်က digital ခေတ်ဖြစ်တဲ့အတွက် ဖုန်း၊ လက်တော့၊ ကွန်ပျူတာ စသဖြင့် အမျိုးမျိုးကို မသုံးချင်လည်း အသုံးပြုနေကြရတာပါပဲ။ ထိုကဲ့သို့အသုံးပြုရတဲ့အတွက် ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်း ရှိပါတယ်။ လူကြီးတွေအတွက်လည် းဆိုးကျိုးရှိရုံမက ကလေးတွေမှာလည်း ဖုန်းကိုစွဲလမ်းခြင်း၊ ဂိမ်းစွဲလမ်းခြင်း စတဲ့ပြဿနာတွေကို ရင်ဆိုင်ကြရပါတယ်။ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းရှိတဲ့လူကြီးတွေမှာတောင် ထိုဆိုးကျိုးရဲ့ပြဿနာတွေကို ရင်ဆိုင်နေရတဲ့အခါ အသိဉာဏ်မကြွယ်ဝသေးတဲ့ကလေးတွေအတွက် ဆိုးကျိုးတွေက ပိုပြီး ပြင်းထန်ပါတယ်။ အဲဒါကြောင့် ကလေးတွေရဲ့ screen time ကို အကန့်အသတ်နဲ့ အသုံးပြုခိုင်းသင့်ပါတယ်။ ဘယ်လိုကန့်သတ်မလဲဆိုတာလေး ဖတ်ကြည့်လိုက်ပါအုံးနော်။
ရဲယိုသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
ရဲယိုသီးကို အရည်ပုံစံနဲ့ ရောင်းချတာအတွေ့များပါတယ်။ အချိုလျှော့၊ အချို၊ အခြားသော ဘယ်ရီသီးနဲ့ စပျစ်သီးကဲ့သို့ အသီးမျိုးနဲ့ရောစပ်ပြီး အချိုရည်အဖြစ် ထုတ်လုပ်တတ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း ရဲယိုအမှုန့်ကိုရေနဲ့ရောပြီး ဖျော်သောက်ကြပါတယ်။ အချို့မပါတဲ့ဖျော်ရည်ကတော့ ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ ရဲယိုဖျော်ရည်က သင့်ခန္ဓာကိုယ်ခုခံအားကို မြင့်တင်ပေးနိုင်ပြီး နာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဂျင်းရဲ့ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ
ဂျင်းက ကျန်းမာရေးအတွက် အသင့်တော်ဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။ ဂျင်းမှာ အာဟာရဓာတ်တွေအများကြီးပါဝင်နေပြီး သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် အကျိုးများစေတဲ့ အစွမ်းသတ္တိတွေပါဝင်ပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေအရ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။
စိတ်ဖိစီးမှုများတဲ့မေမေတွေ စိတ်ဖီစီးမှုကိုဘယ်လိုကုစားမလဲ။
“အရမ်းတွေအိပ်ချင်နေပြီ၊ ဒီအရာတွေအားလုံးကို လွှတ်ချခဲ့ပြီး အဝေးကို ထွက်ပြေးပစ်လိုက်ချင်တယ်” ဆိုတဲ့စကားမျိုးတွေကို ဘယ်မိခင်မဆိုပြောဖူးကြမှာပါ။ မိခင်တွေက ဖခင်တွေထက်ကို စိတ်ဖိစီးမှုကို ပိုပြီး ခံစားကြရပါတယ်။ မိသားစုကိုအရမ်းချစ်ပြီး အရမ်းကို အာရုံထဲထည့်လွန်းတဲ့အတွက်ကိုပဲ စိတ်ဖိစီးမှုကို ပိုပြီး ခံစားကြရပါတယ်။ အဲဒီလို စိတ်ဖိစီးမှုအမြဲခံစားတတ်ကြရတဲ့မေမေတွေအတွက် စိတ်ဖိစီးမှုကိုပြန်လည်ကုစားနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
CHAMOMILE TEA ရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
Chamomile ဆိုတာက ဒေစီအနွယ်ဝင်ပန်းအဖြူနဲ့အဝါပွင့်လေးတွေဖြစ်ပါတယ်။ Chamomile tea ကို ညအိပ်ရာမဝင်မှီသောက်သုံးကြပါတယ်။ Chamomile tea က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။
ဒီနေ့ခေတ်မှာ လူတိုင်းလို ဖုန်းကိုင်နိုင်ကြပါတယ်။ လူတိုင်းဖုန်းကိုင်နိုင်ခြင်းရဲ့ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးလည်း ရှိပါတယ်။ အဲဒီ့ထဲကမှ ကလေးငယ်တွေကို ဖုန်းပေးသုံးခြင်းက ကလေးရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ အတွေးအခေါ်ပိုင်းမှာ ချို့တဲ့မှုဖြစ်နိုင်ပါတယ်။ အမြဲတက်ကြွပြီး ဆော့ကစားနေတတ်တဲ့ကလေးတွေကို ထိန်းရခက်တဲ့အခါ မိဘတွေက ငြိမ်ဆေးသဘောမျိုးနဲ့ ဖုန်းပြထားတာမျိုးလုပ်တတ်ပါတယ်။ အဲဒီ့အခါ ကလေးက ဖုန်းမရတဲ့အခါ ဂျီကျတာမျိုး၊ အော်ဟစ်ငိုယိုတာမျိုးလုပ်တတ်ပါတယ်။ ဖုန်းကိုများများကြည့်တဲ့ကလေးက အာရုံစူးစိုက်မှုအားနည်းပါတယ်။ အကြောင်းကျိုးပြဆိုဆုံးမမှုကို နားထောင်မှုအားနည်းလာပါတယ်။ မျက်လုံးနဲ့အခြားအာရုံကြောတွေပျက်စီးနိုင်ပါတယ်။ အဲဒါကြောင့် ကလေးတွေကို အသက်အရွယ်အလိုက် screen time ပြသင့်တဲ့အချိန်လောက်ကိုပဲ အချိန်လေးသတ်မှတ်ပြီးပြသင့်ပါတယ်။
လည်ချောင်းနာခြင်းအတွက် အိမ်တွင်းကုထုံးများ
လည်ချောင်းနာခြင်းက ခံရခက်တဲ့ရောဂါတစ်မျိုးပါပဲ။ လည်ချောင်းထဲမှာ မြိုလိုက်ရင် နာမယ်၊ ခြောက်သွေ့နေမယ်၊ ပူစပ်ပူလောင်ခံစားနေရမယ်စသဖြင့်ပေါ့။ သက်တောင့်သက်သာမရှိတဲ့ခံစားချက်ကို အစာစားခြင်းနဲ့ ရေသောက်သုံးခြင်းတွေမှာ ခံစားနေရမှာပါ။ စကားလည်းကောင်းကောင်းမပြောနိုင်တော့ပါဘူး။ အသံလည်း မထွက်တော့သလိုပါပဲ။ လည်ချောင်းနာခြင်းက ဘက်တီးရီးယား ဒါမှမဟုတ် မှိုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင်က ဓာတ်မတည့်တဲ့တုံ့ပြန်မှုတစ်ခုခုကြောင့်လည်း လည်ချောင်းနာခြင်းဖြစ်နိုင်ပါတယ်။ လည်ချောင်းနာခြင်းကို သက်သာစေနိုင်တဲ့အိမ်တွင်းဆေးဝါးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၀က်ခြံအမာရွတ်တွေကို ဘယ်လိုဖယ်ရှားမလဲ။
ခန္ဓာကိုယ်ကတော့ ပုံမှန်သဘာဝအားဖြင့် အချိန်တစ်ခုအရောက်မှာ အမာရွတ်တွေကို ပြန်လည်ဖြူဖျော့သွားပြီး ပျောက်ကွယ်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အမာရွတ်တွေကို လျှင်မြန်စွာ ပျေက်ကင်းချင်တယ်ဆိုရင်တော့ သဘာဝအိမ်တွင်းနည်းလမ်းလေးတွေတော့ ရှိပါတယ်။
အောင်မြင်သူတွေက စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှု ကို ဘယ်လိုတိုက်ဖျက်ကြသလဲ။
အောင်မြင်သူတွေက သူတို့ကိုယ်သူတို့ စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ၂ခုစလုံးကို သတိထားနေတတ်ကြပါတယ်။ သူတို့ရဲ့စိတ်ကိုလည်း အမြဲလို ဆန်းစစ်နေတတ်တဲ့သူတွေဖြစ်တာမို့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်မူတွေကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာ သိသူတွေပါ။ သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုတိုက်ဖျက်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။
သစ်ကြားသီးက လုံးဝန်းပြီး အစေ့တစ်လုံးထဲသာပါတဲ့ မာကြောသော အခွံရှိတဲ့အသီးတစ်မျိုးမှရတဲ့အစေ့ဖြစ်ပါတယ်။ သစ်ကြားစေ့မှာ ကောင်းမွန်တဲ့ကျန်းမာရေးုဆိုင်ရာ အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ နှလုံးကျန်းမာရေးနဲ့ အရိုးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး ဝိတ်ထိန်းဖို့အတွက်လည်း အကျိုးသက်ရောက်မှုရှိပါတယ်။ အပင်ကနေရတဲ့အစားအစာအမျိုးအစားတွေက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိတာများပါတယ်။ သစ်ကြားစေ့ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေထဲမှာ နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေပြီး အရိုးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။