ခရီးသွားခြင်းက သင့်ဘဝအပေါ် ဘယ်လိုသက်ရောက်မှုရှိစေသလဲ။
ခရီးသွားခြင်းက သင့်ရဲ့ကျန်းမာရေးအခြေအနေပေါ်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိစေပါတယ်။ ခရီးသွားတဲ့အခါ ဘဝအမြင်တွေပြောင်းလဲသွားစေနိုင်ပါတယ်။ ဘဝနဲ့ပတ်သက်တဲ့ခံယူချက်တွေပြောင်းလဲသွားစေနိုင်ပါတယ်။ စိတ်ခံစားချက်တွေကောင်းမွန်စေပါတယ်။ စိတ်ကျန်းမာရေးကောင်းမွန်တဲ့အတွက် ကိုယ်ကျန်းမာရေးကိုလည်း သွယ်ဝိုက်ပြီး အကျိုးပြုပါတယ်။ အဲဒါကြောင့် ခရီးသွားခြင်းက သင့်ဘဝအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။
ဘဝကို အဓိပါ္ပယ်ရှိစွာရှင်သန်တတ်စေဖို့………
ကျွန်တော်တို့ရှင်သန်ရတဲ့လူ့ဘဝကို ရဖို့ခက်ခဲလှပါတယ်လို့ အမြဲကြားဖူးနေကြမှာပါ။ ဗုဒ္ဓဘာသာဝင်တွေဆို ပိုပြီး ကြားဖူးမှာပါ။ လူ့ဘဝက ရဖို့ခက်ခဲလှသလို ကုန်ဆုံးဖို့ကတော့ လွယ်ပါတယ်။ ဒါပေမယ့် လူ့ဘဝကုန်ဆုံးသွားတဲ့အခါ နောက်ထပ်လူ့ဘဝပြန်ရနိုင်မရနိုင်ကလည်း ဘယ်သူကမှ တရားသေမပြောနိုင်ပြန်ပါဘူး။ ဒီနေရာမှာ ဘာသာရေးတွေဘာတွေမစဉ်းစားဘဲနဲ့ ရှင်သန်မှုအကြောင်းကိုပဲ စဉ်းစားကြည့်ကြရအောင်ပါ။ ခုလက်ရှိလူသားဘဝကို ရထားတယ်ဆိုရင် ဘယ်လိုရှင်သန်နေထိုင်သင့်သလဲ။ လက်ရှိပိုင်ဆိုင်ထားတဲ့လူ့ဘဝကုန်ဆုံးသွားတဲ့အခါ ဘာဖြစ်မလဲဆိုတာကို မသိနိုင်တဲ့အတွက် ခုလက်ရှိဘဝကို အကောင်းဆုံး ရှင်သန်နေထိုင်ကြရင် မကောင်းဘူးလား။ အကောင်းဆုံးရှင်သန်မှုဆိုတာက ဘဝမှာ အဓိပါ္ပယ်ရှိစွာရှင်သန်နေထိုင်ခြင်း၊ ပျော်ရွှင်မှုအစစ်အမှန်ကိုရှာဖွေခြင်း၊ လူသားအချင်းချင်းကြား ကြင်နာဖေးမကူညီမှုတွေမျှဝေခြင်း၊ ကိုယ့်ကြောင့် အခြားသူတွေ မနာကျင်စေခြင်း၊ မထိခိုက်စေခြင်းက ပိုပြီးလေးနက်စွာရှင်သန်ခြင်းဖြစ်ပါတယ်။ အဲဒါဆိုရင် လူ့ဘဝမှာ ရှင်သန်ရကျိုးနပ်စေဖို့ လုပ်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဘယ်အရွယ်မှာ အိမ်ထောင်ပြုသင့်သလဲ။
ဒီမေးခွန်းမျိုးက တချို့လူတွေအတွက်တော့ ထည့်တွေးစရာလို့ သတ်မှတ်ပေမယ့် တချို့လူတွေအတွက်ကျပြန်တော့ ထည့်တွေးစရာလို့ မထင်ကြပါဘူး။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်စုတ်ထိုး ဆိုတာမျိုးက ပြင်ရခက်တယ်လို့ဆိုကြတာမို့ အိမ်ထောင်မပြုမီ ကြိုတင်စဉ်းစားပြီး ကြိုတင်ပြင်ဆင်ပြီးမှ အိမ်ထောင်ပြုသင့်ပါတယ်။ သေချာစီစဉ်ပြီးမှ အိမ်ထောင်ပြုကြသူတွေတောင် အဆင်မပြေမှုတွေကြုံလာနိုင်သေးတာမို့ သေချာမစီစဉ်ဘဲ ရုတ်တရက်အိမ်ထောင်ပြုခြင်းက ပိုပြီးတော့ အဆင်မပြေဖြစ်နိုင်ပါတယ်။
ပထမဆုံးစတင် ခရီးသွားမယ့်သူတွေ ဆောင်ရန်ရှောင်ရန်များ
ခရီးသွားခြင်းက သင့်စိတ်ကို ကုစားနိုင်ပါတယ်။ သင့်စိတ်တွေ ပြန်လည်လန်းဆန်းလာနိုင်ပြီး စိတ်ဖိစီးမှုတွေလည်း လျော့နည်းစေပါတယ်။ အတွေးအခေါ်အသစ်တွေလည်း ရနိုင်သလို၊ ဒေသန္တရဗဟုသုတတွေလည်း ရနိုင်ပါတယ်။ ခရီးသွားနေကျသူတွေက သိပြီးသားဖြစ်ပေမယ့် ခုမှ စတင်ခရီးသွားဖို့ ပြင်ဆင်မယ့်သူတွေအတွက် ဆောင်ရန်ရှောင်ရန်လေးတွေကိုဖော်ပြပေးချင်ပါတယ်။ လာမယ့်နှစ်မှာ ပိတ်ရက်တွေဆက်ပြီးပိတ်တာမို့ ခရီးထွက်ဖို့ စိတ်ကူးထားသူတွေကို ဒီဆောင်းပါးလေးက အကူအညီဖြစ်မယ်ထင်ပါတယ်။
နှေးတာကအရေးမကြီးပါဘူး။ ရပ်မနေဖို့ပဲလိုပါတယ်။
ဒီစကားကို ကြားဖူးနေလိမ့်မယ်ထင်ပါတယ်။ တကယ်တော့ သင့်ရည်မှန်းချက်တွေဆီကို ရောက်အောင်သွားတဲ့ခရီးလမ်းမှာ နှေးကွေးနေတာက အရေးမကြီးပါဘူးတဲ့။ အရေးကြီးတာက ရပ်မနေဖို့ပါပဲလို့ ပြောချင်တာပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြားဖူးတဲ့ ယုန်နဲ့လိပ်ပုံပြင်လိုပေါ့။ ယုန်ကတော့ အရင်ကတည်းက လျင်မြန်ဖြတ်လတ်တဲ့ အစွမ်းရှိပြီးသားပါပဲ။ လိပ်ကတော့ အားလုံးသိသလို နှေးကွေးလေးလံနေတဲ့သူပါ။ ဒါပေမယ့် လိပ်ရဲ့အားသာချက်က ရပ်မနေတာပါပဲ။ သူ့ရဲ့အားနည်းချက်ကို သူသိပြီး နှေးပါစေ၊ တစိုက်မတ်မတ်နဲ့ တရွေ့ရွေ့သွားနေခဲ့တဲ့အတွက် အနိုင်ရတဲ့သူက လိပ်ဖြစ်နေခဲ့တာပေါ့။
ကူညီတတ်တာ ကောင်းတဲ့အကျင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကူညီတဲ့အခါမှာ ကူညီသင့်တဲ့လူရယ် မကူညီသင့်တဲ့လူရယ်လို့ ခွဲခြားနားလည်ဖို့လည်း လိုပါသေးတယ်။ အချို့တွေက ကိုယ့်အတွက်ကိုယ်ပါ အနစ်နာခံပြီး တဖက်သားကို စာနာနားလည်ပြီး ကူညီပေးတတ်တဲ့စိတ်ဓာတ်ကို ခုတုံးလုပ် အသုံးချတတ်ကြပါတယ်။ အဲဒီလို ကူညီပေးမှန်းသိလို့ အခွင့်အရေးယူတတ်သူတွေက ကူညီမှုနဲ့ မထိုက်တန်တဲ့သူတွေဖြစ်ပါတယ်။ မကူညီပေးသင့်တဲ့လူကို ကူညီပေးမိခြင်းက သင့်ကိုပါ အမျိုးမျိုးဒုက္ခပေးနိုင်သလို၊ အမျိုးမျိုးသောပုံစံနဲ့ ထိခိုက်နစ်နာစေပါလိမ့်မယ်။ အဲဒါကြောင့်လူတွေကို ကူညီခြင်းက ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ကူညီလိုက်တဲ့လူမျိုးက ဘယ်လိုလူမျိုးလဲဆိုတာတော့ သေချာသုံးသပ်သင့်ပါတယ်။ ဘယ်လောက်ကူညီပါစေ…….ကူညီခြင်းကို အလွဲသုံးစားလုပ်ပြီး အခွင့်အရေးယူတတ်တဲ့လူတွေကို ယေဘုယျအားဖြင့်ဖော်ပြပေးလိုက်ပါတယ်။
သူငယ်ချင်းကောင်းနဲ့ သူငယ်ချင်းဆိုး ခွဲခြားတတ်စေဖို့
မိတ်ဆွေအပေါင်းအသင်းထားတဲ့အခါ မိတ်ဆွေစစ်၊ မိတ်ဆွေတုရယ်လို့ သတ်မှတ်ကြတာရှိပါတယ်။ များသောအားဖြင့် မိတ်ဆွေစစ်၊ အတုရယ်လို့ ချက်ချင်းသိနိုင်ဖို့က မလွယ်ပါဘူး။ လူအမျိုးမျိုး စိတ်အထွေထွေမို့ လူချင်းမတူသလို၊ စရိုက်ခြင်းကလည်း မတူနိုင်ပါဘူး။ စိတ်ထားခြင်းကလည်း မတူနိုင်ပါဘူး။ ဒါပေမယ့် အပြင်ပန်းကြည့်ရုံနဲ့တော့ သူငယ်ချင်းအတုအစစ်မခွဲခြားနိုင်ပါဘူး။ ယေဘုယျအားဖြင့် မိတ်ဆွေစစ်၊ မိတ်ဆွေတု ခွဲခြားနိုင်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဘဝမှာ ပြတ်သားစွာ စွန့်လွှတ်သင့်သောသူများ
သင့်ဘဝမှာ အဘက်ဘက်က စာနာထောက်ထားပြီး မစွန့်လွှတ်နိုင်တဲ့အရာတွေရှိမှာပါ။ ဒါပေမယ့် တချို့အရာတွေက ပြတ်သားစွာ ဘယ်သူမျက်နှာမှ မငဲ့ဘဲ စွန့်လွှတ်လိုက်ပါမှ သင့်ဘဝက အရင်ကထက်ပိုပြီး တိုးတက်နိုင်မယ်၊ ပိုပြီးအောင်မြင်နိုင်လာမှာဖြစ်ပါတယ်။ အဲဒီလို ပြတ်သားစွာစွန့်လွှတ်သင့်တာမျိုးကို မစွန့်လွှတ်နိုင်ခြင်းက သင့်ကိုသင်ပဲ ထိခိုက်စေတာဖြစ်ပါတယ်။ သင့်ဘဝကို အသစ်ပြန်မစနိုင်ဘဲ ထိုနွံ့ထဲမှာပဲ တဝဲလည်လည်ဖြစ်ပြီး နစ်သထက်နစ်လာစေပါတယ်။ အချိန်ကုန်လာလေ သင့်ဘဝအညွှန့်တုံးလေ သင်အိုမင်းလာလေ သင်မစွမ်းသာလေ ပြန်ပြီးဖက်တွယ်ထားမိတဲ့အချို့အရာတွေက သင့်အတွက် အဆိပ်အတောက်လိုအရာတွေမှန်းသင်သိလာလေ နောက်ပြန်မဆုတ်နိုင်လေ ဖြစ်နိုင်ပါတယ်။ ထိုအချိန်မျိုးရောက်မှ သင့်မှာ မှားမှန်းသိရင်တောင် ပြန်ပြင်ခွင့်နည်းပါးသွားပါပြီ။ အဲဒီလိုမဖြစ်ရအောင် သင့်ဘဝမှာ ပြတ်သားစွာ စွန့်ကိုစွန့်လွှတ်သင့်တဲ့အရာတွေကိုဖော်ပြပေးလိုက်ပါတယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ၊ ဆိုရှယ်မီဒီယာပေါ်မှာ၊ မကြာခဏဆိုသလို ဖောက်ပြန်သွားတဲ့အိမ်ထောင်ရေး၊ ဖောက်ပြန်သွားတဲ့ချစ်သူဆိုတာမျိုးတွေ မကြာခဏ ကြားဖူးကြမှာပါ။ ဘာကြောင့်ဖောက်ပြန်ကြသလဲဆိုတဲ့မေးခွန်းသာ ရှိပေမယ့် အဖြေကတော့ ရေရာစွာမပေးနိုင်ကြပါဘူး။ ဖောက်ပြန်ခံရတဲ့သူကို ကြည့်လိုက်ရင်လည်း ဖောက်ပြန်ရလောက်အောင် ညံ့ဖျင်းဆိုးရွားတဲ့သူမျိုးတွေ မဟုတ်တာကို တွေ့ရပြန်ပါတယ်။ ပြန်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် ဖောက်ပြန်တတ်တဲ့လူဖြစ်နိုင်တဲ့အချက်က အဓိက အချက်ကြီး ၃ချက်ကြောင့်ပဲဖြစ်နိုင်ပါတယ်။