သတိမထားမိဘဲ တဖက်လူစိတ်ထိခိုက်အောင် လုပ်နေမိသော အပြုအမူများ
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ၊ နေ့စဉ်လူနေမှုဘဝမှာ ကျွန်တော်တို့ လုံးဝသတိမထားလိုက်မိဘဲ ၊ မရည်ရွယ်ဘဲ bully လုပ်မိသလိုဖြစ်သွားတတ်တဲ့ အပြုအမူတွေရှိပါတယ်။ အဲဒါကို ကျွန်တော်တို့ ကိုယ်တိုင်ပြုမူမိရင် သတိမထားမိပေမယ့် ကျွန်တော်တို့ကို အခြားသူက လာပြီး ပြုမူလိုက်တဲ့အခါမှာတော့ စိတ်ထဲနာကျင်သလို ၊ မကြိုက်သလိုခံစားသွားမိစေတတ်ပါတယ်။ အဲဒါကြောင့် ကိုယ်တိုင် ကိုယ့်ကိုပြုမူတာမကြိုက်တဲ့အပြုအမူအပြောအဆိုမျိုးတွေကို ကိုယ်ကလည်း အခြားသူကို မပြုမူမိအောင် သတိထားနိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။
ကိုယ့်သမိုင်းကိုသာ အကောင်းဆုံးဖြစ်အောင်ရေးပါ။
ကိုယ့်သမိုင်းကို အကောင်းဆုံးဖြစ်အောင်ရေးတယ်ဆိုတာ ဘာကိုဆိုလိုတာပါလဲ။ ကိုယ်သေဆုံးသွားတဲ့အခါ ကိုယ့်ကိုယ်ဘယ်သူလူမျိုးအဖြစ်နဲ့လူတွေကို သတ်မှတ်ကြသလဲ။ ကိုယ့်ကိုယ်ဘယ်လိုမျိုးတန်ဖိုးသတ်မှတ်ကြသလဲဆိုတာ ကိုယ့်သေပြီးတဲ့အခါ ကျန်ခဲ့ရမယ့်ကိုယ့်သမိုင်းပါ။ ထိုသမိုင်းလှဖို့အတွက်က ငွေတွေအများကြီးနဲ့ဆိုင်ပါသလား။ စည်းစိမ်ဥစ္စာတွေအများကြီးနဲ့ဆိုင်ပါသလား။ တကယ်တော့ မဆိုင်ပါဘူးနော်။ ကိုယ်သေဆုံးသွားတဲ့အခါ ကိုယ်ဘယ်လောက်ချမ်းသာပါတယ်ဆိုတာလည်း ချန်ခဲ့ရမှာပါပဲ။ ကိုယ်ဘယ်လောက်ဆင်းရဲတယ်ဆိုတာလည်း ဘယ်သူကမှ အချိန်အတော်ကြာအောင် မှတ်မိမှာမဟုတ်နိုင်ပါဘူး။
ဘဝမှာပျော်ရွှင်စွာနေထိုင်နိုင်စေဖို့ လိုအပ်တဲ့စွမ်းရည်များ
ဘဝမှာ လိုအပ်တဲ့စွမ်းရည်တွေထဲမှာလည်း ပျော်ရွှင်အောင်နေထိုင်တတ်ဖို့ စွမ်းရည်လည်းလိုအပ်ပါသေးတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ်သေချာနားလည်လက်ခံထားတဲ့သူက ရောက်တဲ့နေရာမှာပျော်ရွှင်အောင်နေထိုင်တတ်ပါတယ်။ အဲဒါကြောင့် ဘဝမှာ ပျော်ရွှင်စွာနေထိုင်တတ်စေဖို့ လိုအပ်တဲ့စွမ်းရည်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒီနေ့မှစတင်ကျင့်သုံးသင့်သည့် ငွေကြေးဆိုင်ရာနည်းလမ်း ၅ချက်
နှစ်သစ်တစ်နှစ်ရောက်လာတဲ့အခါ အခြားသော skills ပေါင်းများစွာ တိုးတက်ကောင်းမွန်အောင် ကြိုးစားသင့်တဲ့အထဲမှာ ငွေကြေးဆိုင်ရာနည်းလမ်းတွေလည်း လိုအပ်ပါတယ်။ ဘယ်လောက်ပဲကြိုးစားပမ်းစား ငွေရှာနေပါစေ၊ ငွေကြေးဆိုင်ရာ စနစ်ကျမှုမရှိရင် အိတ်ပေါက်နဲ့ဖားကောက်နေသလို၊ သင်ရှာသလောက် အဖတ်မတင်ဖြစ်နေမှာပါပဲ။ အဲဒီ့အခါ သင်လုပ်သမျှ အရာမထင်သလို ခံစားရခြင်းက သင့်ကိုစိတ်ဓာတ်ကျလာစေနိုင်ပါတယ်။ အဲဒါကြောင့် ဒီနေ့ကစပြီး စတင်ကျင့်သုံးသင့်တဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်ဘယ်လိုပိုချစ်ကြမလဲ။
ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းဆိုတာဘာလဲ။ အကျဉ်းချုပ်ဆိုရမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်း (self-love) ဆိုတာက ခွင့်လွှတ်တတ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်အရှိအတိုင်းလက်ခံတတ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်လေးစားခြင်းဆိုတာတွေပါဝင်ပါတယ်။ သင့်ကိုသင်ချစ်ခင်တတ်လာတဲ့အခါ သင့်ကိုယ်သင်ဂရုစိုက်လာမယ်၊ သင့်ရဲ့အကန့်အသတ်၊ သင့်ရဲ့လုပ်နိုင်စွမ်းကို သင်ရိုးသားမယ်၊ သင့်ရဲ့လိုအပ်ချက်ကို သင်နားထောင်မယ်၊ သင့်ရဲ့အိပ်မက်တွေကိုအလေးထားမယ်၊ သင့်ရဲ့ပျော်ရွှင်မှုကိုအလေးထားမယ်၊ သင့်ရဲ့ကျန်းမာရေးကိုဂရုစိုက်မယ်၊ သင့်ကိုယ်သင်အလေးထားတတ်လာတဲ့အခါ အခြားသူများကိုလည်း အလေးထားရကောင်းမှန်းသိလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်တတ်လာရင် အခြားသူတွေကိုလည်း ချစ်ခင်ရကောင်းမှန်းနားလည်လာပါတယ်။ ကိုယ်ချင်းစာတတ်လာပါတယ်။
၂၀၂၀တစ်နှစ်လုံး အကျိုးရှိစွာ ကုန်ဆုံးနိုင်စေဖို့ ကိုယ့်ကိုယ်ကိုယ်သတိပေးသင့်တဲ့အကျင့်များ
နှစ်ဟောင်းမှာတုန်းက အချိန်တွေအလကားကုန်ဆုံးခဲ့ပြီး ကိုယ့်ဘဝဘာမှမတိုးတက်လာဘူးဆိုရင် ထားခဲ့လိုက်ပါတော့။ ပြန်တွေးပြီး နှမြောတသဖြစ်နေလို့ အပိုပါပဲ။ ပြန်တွေးပြီး ပူပန်နေခြင်းက ခုလက်ရှိအချိန်ပါ ထပ်ကုန်ဖို့ပဲရှိပါတယ်။ အဲဒါကြောင့် ခုနှစ်သစ်တစ်နှစ်လုံးကို အကျိုးရှိစွာ ကုန်ဆုံးနိုင်စေဖို့ သင့်ကိုသင်သတိပေးသင့်တဲ့အကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။
အခြားသူများကြောင့် စိတ်မရှုပ်ရစေဖို့ ၂၀၂၀ကို ယူဆောင်မလာသင့်တဲ့အကျင့်များ
ဘဝမှာ အခြားသူတွေရဲ့ကိစ္စတွေ၊ ပြဿနာတွေ၊ အခက်အခဲတွေကြားထဲမှာ ကြားညှပ်ဖူးကြမှာပါ။ တခါတလေ ကိုယ့်ကြောင့်မဟုတ်ဘဲ အခြားသူကြောင့်ဖြစ်တတ်တဲ့ပြဿနာတွေကို စေတနာနဲ့တော့ ကူညီပေးလိုက်တာပါပဲ၊ ဒါပေမယ့် စေတနာက ဝေဒနာဖြစ်သွားတာမျိုလည်း ကြုံရတတ်ပါတယ်။ အဲဒီ့အခါ ကိုယ့်ရဲ့စေတနာကိုတန်ဖိုးမထားသူမျိုး၊ စေတနာထားမှန်းသိလို့ ခုတုံးလုပ်သွားတာမျိုး၊ ကိုယ့်ကိုအသုံးချသွားတာမျိုးခံရတတ်ပါတယ်။ နှစ်ဟောင်းမှာ ထိုပြဿနာမျိုးတွေကြုံခဲ့မယ်ဆိုရင်နှစ်သစ်မှတော့ မယူဆောင်လာသင့်တော့ပါဘူး။ ကိုယ့်အတွက်အကျိုးမရှိနိုင်တဲ့ပြဿနာအဟောင်းတွေ၊ ကိုယ့်ကိုဒုက္ခပေးမယ့်သူတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ်လေးစားခြင်းဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းပါပဲ။ အဲဒီ့အတွက် အခြားသူများကြောင့် စိတ်မရှုပ်ရစေဖို့ ၂၀၂၀ကို ယူဆောင်မလာသင့်တဲ့အကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။
သင့်ကိုယ်ပိုင်အလင်းရောင်က သင့်တန်ဖိုးပါပဲ
"သင်က သင့်ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပနေတာဆိုရင် ဘယ်သူကမှ သင့်ရဲ့တောက်ပမှုကို မရပ်တန့်နိုင်ပါဘူး။" #quoteoftheday #BAWA101
ရောင့်ရဲခြင်းက ပျင်းရိခြင်းလား။
တခါတခါကျရင် ရောင့်ရဲခြင်းက စိတ်ချမ်းသာတယ်လို့ ပြောတာကြားဖူးမှာပါ။ အဲဒီ့မှာ ရှင်းစရာရှိလာတာက ရောင့်ရဲခြင်းက လောဘကြီးခြင်းရဲ့ဆန့်ကျင်ဘက်စာသားအဖြစ်အားလုံးက အကြမ်းဖျင်းသတ်မှတ်ထားကြပါတယ်။ လောဘကြီးခြင်းကမကောင်းတဲ့လက္ခဏာတစ်ခုအဖြစ်သတ်မှတ်မယ်ဆိုရင် ရောင့်ရဲခြင်းကတော့ ကောင်းတယ်လို့သတ်မှတ်နိုင်တယ်ပေါ့။ အချို့ကျပြန်တော့ တခုခုမလုပ်ချင်တဲ့အခါတိုင်း ရောင့်ရဲတာဆိုပြီး အကြောင်းပြချက်ပေးတတ်ကြပြန်ပါတယ်။ တကယ်တော့ ရောင့်ရဲခြင်းနဲ့ ပျင်းရိခြင်းက မတူပါဘူး။
မပြောလည်း သိသင့်သော စည်းကမ်းများ(၁)
တခါတလေမှာ ဘာစည်းကမ်းရယ်လို့ တရားဝင်စာထုတ်ပြီး မသတ်မှတ်ထားပေမယ့် တစ်ဦးနဲ့တစ်ဦး လေးစားတဲ့အနေနဲ့ လိုက်နာသင့်တဲ့စည်းကမ်းတွေ ရှိပါတယ်။ စည်းကမ်းရယ်လို့ ဘယ်သူကမှ မသတ်မှတ်ပေမယ့် စာနာစိတ်ဖြင့် အလိုလိုသိထားသင့်တဲ့စည်းမျဉ်းတွေဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ အဲဒီလိုစည်းမျဉ်းတွေကို နားလည်မှုနဲ့လိုက်နာသင့်တယ်ဆိုတာကို မသိတတ်တဲ့သူတွေအတွက် ဒီစာလေးကို လက်တို့လိုက်ကြပါအုံးနော်။
လက်ရှိအချိန်ကို အကျိုးရှိစွာအသုံးချပြီး အကောင်းဆုံးကိုဖန်တီးပါ။
တခုခုလုပ်မယ်လို့ ကြံစည်တိုင်း၊ ဒါမှမဟုတ် ပြိုင်ပွဲတစ်ခုခု၊ ရည်ရွယ်ချက်တစ်ခုခုနဲ့ ပြုလုပ်ကြတဲ့အခါတိုင်း လူတိုင်းက အဲဒီ့ကပြန်ရလာမယ့် ရလဒ်ကို အကောင်းဖြစ်ဖို့ မျှော်လင့်တတ်ကြပါတယ်။ အဲဒါက ထုံးစံပါပဲ။ စာမေးပွဲတစ်ခုဖြေလိုက်တယ်ဆိုပါစို့…..ဖြေနိုင်တာမဖြေနိုင်တာထက် အောင်တော့အောင်ချင်ကြတာချည်းပါပဲ။ အလုပ်အင်တာဗျူးတစ်ခုဖြေလိုက်တယ်ဆိုပါစို့….. အလုပ်တော့ ခန့်ဖို့ရွေးစေချင်ကြတာချည်းပါပဲ။ ဒါပေမယ့် အဲဒီ့ရလဒ်ကို မျှော်လင့်ပြီး ကြိုတွေးနေမယ့်အစား ခုလက်ရှိ ကိုယ့်ရဲ့ပြင်ဆင်မှုပေါ်သာ အာရုံစိုက်လိုက်မယ်ဆိုရင် ကိုယ်ရလာမယ့် ရလဒ်ကတော့ အညံ့ဆုံးရယ်လို့ ဖြစ်နေမယ်မထင်ပါဘူးနော်။ အဲဒီ့အချက်က အရေးကြီးတဲ့အချက်ပဲဖြစ်ပြီး အတော်များများက အဲဒီ့အချက်ကို မေ့နေတတ်ကြပါတယ်။