နှမ်းနက် (Black Sesame seeds) ကို ဆူရှီမှာကပ်ထားတဲ့နှမ်းနက်စေ့လေးတွေ၊ ပေါင်မုန့်အချို့မှာ ကပ်ထားတာမျိုးတွေ မြင်ဖူးကြမှာပါ။ နှမ်းနက်စေ့က ကျန်းမာရေးအရ ကောင်းကျိုးတွေအများကြီးရှိပါတယ်။ Smoothie တွေ၊ ဒိန်ချဉ်တွေစားရင် ထည့်တတ်ကြပါတယ်။ အိန္ဒိယမှာဆိုရင် နှမ်းနက်စေ့ရဲ့အဆီကို ကျယ်ပြန့်စွာအသုံးပြုကြပါတယ်။ အာဟာရပညာရှင်(Chief Nutritionist)တစ်ယောက်ဖြစ်တဲ့ Dr. Rupali Dutta က နှမ်းနက်စေ့မှာ ကျန်းမာရေးအတွက် အကျိုးများစေတဲ့ polyunsaturated fatty acids နဲ့ Omega-6 ကဲ့သို့ အဆီတွေပါဝင်ပါတယ်။ အမျှင်ဓာတ်တွေ၊ သံဓာတ်တွေ၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စဖောရတ်တွေလည်း ပါဝင်ပါတယ်။ နှမ်းနက်စေ့ရဲ့အစွမ်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဆောင်းရာသီမှာ ကျန်းမာစေဖို့ အလွယ်ဆုံးနည်းလမ်းများ
ဆောင်းရာသီမှာ အရေပြားတွေ ခြောက်သွေ့အက်ကွဲလွယ်သလို၊ နှုတ်ခမ်းသားကွဲခြောက်မှုတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါအပြင် လည်ချောင်းနာခြင်းကလည်း အဆစ်ပါလာနိုင်ပါသေးတယ်နော်။ အအေးမိခြင်း၊ ချောင်းဆိုးခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင် ဆောင်းရာသီမှာ ကျန်းမာစေဖို့ အလွယ်ဆုံးလိုက်နာသင့်တဲ့ နည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်။
ငါးကြီးဆီ စားခြင်း၏ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
ငါးကြီးဆီ ဆိုတာ ငါးရဲ့တစ်ရှုးတွေကနေ ထုတ်လုပ်ထားတဲ့အဆီဖြစ်ပါတယ်။ အဆီများတဲ့ငါးကနေရလာတာဖြစ်ပြီး တူနာငါး၊ မက်ကရယ်ငါးကဲ့သို့ ငါးတွေကနေ ရယူတာဖြစ်ပါတယ်။ တခါတရ့မှာ အခြားသော ငါးတွေရဲ့သည်းခြေကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ ကော့ဒ်ပင်လယ်ငါးရဲ့ အသည်းမှရတဲ့အဆီလည်းဖြစ်ပါတယ်။ တစ်ပတ်မှာ ငါးတစ်ကြိမ်နှစ်ကြိမ်ခန့်စားဖို့ တိုက်တွန်းထားပါတယ်။ ငါးမှာပါဝင်တဲ့ အိုမီဂါသရီးဖက်တိးအက်ဆစ်က များစွာသောကျန်းမာရေးအကျိုးကျေးဇူးတွေရှိပါတယ်။ ဗီတာမင်အေနဲ့ဒီလည်း ပါဝင်နိုင်ပါသေးတယ်။ ငါးကိုမစားဖြစ်ဘူးဆိုရင်တော့ ငါးကြီးဆီကို ဖြည့်စွက်စာအဖြစ်စားပေးနိုင်ပါတယ်။ ငါးကြီးဆီရဲ့အကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။
ဆောင်းရာသီအတွက်အကောင်းဆုံးအစားအစာများ
ဆောင်းတွင်းမှာ တုတ်ကွေးနဲ့ အအေးပတ်ခြင်းကို ကာကွယ်နိုင်ဖို့ သင့်ခန္ဓာကိုယ်က အာဟာရဓာတ်တွေပြည့်ဝဖို့လိုအပ်ပါတယ်။ အာဟာရပညာရှင် Sally Wisbey က ကျွန်တော်တို့ရဲ့အစားအစာက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ခုခံအားတိုးမြင့်ပေးဖို့နဲ့ ရောဂါမကူးစက်နိုင်ဖို့အတွက်အရေးပါတယ်လို့ပြောထားပါတယ်။ အဲဒါအပြင် အကောင်းမြင်စိတ်ရှိခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ညဘက်အိပ်ရေးဝအောင်အိပ်စက်ခြင်းတွေကလည်း အရေးကြီးပါတယ်လို့ပြောထားပါတယ် သင့်ရဲ့ပုံမှန်အသက်ရှင်နေထိုင်နေတဲ့ပုံစံထဲကနေ တခါတရံခွဲထွက်ပြီး အနားယူတာမျိုးလုပ်ပေးပါ။ အလုပ်ဖိစီးမှုနဲ့ အနားယူချိန်နည်းခြင်းက သင့်ကိုခွန်အားနဲ့ ကြံ့ခိုင်မှုလျော့နည်းလာစေပါတယ်။
ကျောက်ပွင့်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
ကျောက်ပွင့်ကို တရုတ်တွေက ရိုးရာဆေးဝါးအဖြစ်သုံးတတ်ကြပါတယ်။ ဟင်းချက်ရာတွင်လည်းထည့်သုံးတတ်ပါတယ်။ ကျောက်ပွင့်ကို Tremella Mushrooms လို့ခေါ်ပြီး ကျွန်တော်တို့ရဲ့ခုခံအားစနစ်ကိုမြင့်တင်ပေးပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။ အသားအရေကောင်းစေပြီး အရွယ်တင်နုပျိုစေပါတယ်။
ဒူးရင်းသြဇာသီးရဲ့အံ့မခန်းကျန်းမာရေးအကျိုးများ
ဒူးရင်းသြဇာသီးမှာ အံ့အားသင့်ဖွယ် အာဟာရဓာတ်တွေပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် စတဲ့အာဟာရဓာတ်တွေအပြင် niacin ၊ riboflavin ၊ folate နဲ့ iron ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒူးရင်းသြဇာသီးကို soursop လို့လည်းခေါ်ပြီး graviola လို့လည်းခေါ်ကြပါသေးတယ်။ ဒူးရင်းသြဇာသီးရဲ့အကျိုးကျေးဇူးတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
သပြုသီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
သပြုသီးမှာ ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ phenols ၊ tannins ၊ alkaloids ၊ flavonoids ၊ saponins ဆိုတဲ့ဓာတ်တွေအပြင် ဗီတာမင် ဘီ၊ အေ၊ စီ ဓာတ်တွေလည်း ပါဝင်ပါတယ်။ သပြုသီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
ဆီးဖြူသီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
ဆီးဖြူသီးကို goose berry လို့ခေါ်သလို amla လို့လည်းခေါ်ပါတယ်။ ဆီးဖြူပင်ကို မြန်မာနိုင်ငံမှာ သဘာဝအလျောက်သော်လည်းကောင်း စိုက်ပျိုး၍သော်လည်းကောင်း ပေါက်ရောက်ပါတယ်။ အပင်လတ်မျိုးဖြစ်ပါတယ်။ ဆီးဖြူသီးမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် ဘီဖိုက်၊ ဘီဆစ်၊ ကော့ပါး၊ မဂ္ဂနီစ်၊ စတဲ့ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဆီးဖြူသီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
ကလေးတွေကို ပြောပြသင့်သော သင်ခန်းစာပေး ပုံပြင်တိုလေးများ
စာဖတ်ခြင်းရဲ့အခြေခံ၊ စာဖတ်ခြင်းကို နှစ်သက်စွဲလမ်းသွားစေဖို့အတွက် ကလေးတွေကို ခုချိန်ကစပြီး ပုံပြောတဲ့အကျင့်လေး လုပ်ပေးပါ။ ပုံပြင်လေးတွေကို နှစ်သက်တတ်လာတဲ့ကလေးငယ်တွေဟာ အရွယ်ရောက်လာတဲ့အခါ စာဖတ်ခြင်းကို စွဲလမ်းတဲ့ကလေးတွေဖြစ်လာစေပါတယ်။ စာဖတ်ခြင်းအလေ့အကျင့်ရှိတဲ့ကလေးငယ်တွေဟာလည်း စဉ်းစားဆင်ခြင်ဉာဏ်နဲ့ပြည့်ဝတဲ့ကလေးတွေ၊ လိမ္မာယဉ်ကျေးတဲ့ကလေးတွေဖြစ်ဖို့ အလားအလာများပါတယ်။ အမြဲတင်ဆက်ပေးနေကျ ကလေးများအတွက် ပုံပြင်တိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ခံတွင်းအနံ့ဆိုးခြင်းကို ဘယ်လိုကာကွယ်ကြမလဲ။
ခံတွင်းအနံ့ဆိုးထွက်ရသည့် အကြောင်းရင်းတွေကိုဖော်ပြပြီးတဲ့နောက်မှာတော့ အနံ့ဆိုးမထွက်အောင် ကာကွယ်မယ့်နည်းလမ်းတွေဖော်ပြပေးလိုက်ပါတယ်။ ခံတွင်းအနံ့ဆိုးထွက်ရတဲ့အကြောင်းရင်းမှာ အရင်ဆုံးစဉ်းစားသင့်တာက ခံတွင်းသန့်ရှင်းရေးအားနည်းခြင်းကြောင့်လားဆိုတာပါပဲ။ တစ်နေ့ကို နှစ်ကြိမ်သွားတိုက်တာ၊ သွားကြားထိုးတာ၊ ခံတွင်းသန့်ဆေးနဲ့ပလုပ်ကျင်းတာမျိုးလုပ်သင့်ပါတယ်။ ခံတွင်းမှာ အစာအကြွင်းအကျန်တွေကပ်နေပြီး ဘက်တီးရီးယားပေါက်ဖွားနိုင်တာမို့ပါ။ ခံတွင်းနဲ့ သွား၊ သွားဖုံးတွေမှာ ဘက်တီးရီးယားတွေကပ်ညှိုနေခြင်းက ခံတွင်းအနံ့ဆိုးစေပါတယ်။