ပူဒီနာရွက်ရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
ပူဒီနာရွက်ရဲ့ အရွက်နဲ့အဆီက ဆေးဘက်ဝင်ပါတယ်။ ဆေးဘက်ဝင်တဲ့အပင်တစ်မျိုးဖြစ်ပြီး လက်ဖက်ရည်ကြမ်းအဖြစ်လည်း သောက်သုံးကြပါတယ်။ ရိုးရာဆေးပညာတွေမှာလည်း ပူဒီနာရွက်ကို အသုံးပြုကြပါတယ်။ ပူဒီနာအရွက်မှာ rosmarinic acid နဲ့ flavonoids တွေလည်းပါဝင်ပါတယ်။ ဗီတာမင်အေ၊ စီ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်၊ ကော့ပါး ၊ သံဓာတ် နဲ့ အခြားသော antioxidant တွေလည်း ပါဝင်ပါတယ်။
ပင်လယ်ရေညှိရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
ပင်လယ်ရေညှိက ဆားငံရေမှာ ရှင်သန်ပါတယ်။ ပင်လယ်ရေညှိအမျိုးပေါင်းများစွာရှိပြီး ယေဘုယျအားဖြင့် ကျန်းမာရေးဆိုင်ရာအာဟာရဓာတ်တွေကတော့ တူညီကြပါတယ်။ နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာ ပင်လယ်ရေညှိကိုထည့်သွင်းစားသုံးခြင်းက သိုင်းဂွိုက်လုပ်ဆောင်ချက်တွေ၊ အစာခြေစနစ်နဲ့ဝိတ်ကျစေခြင်း စသည်တို့မှာ အကူအညီဖြစ်စေပါတယ်။
စိတ်ပိုင်းဆိုင်ရာပြဿနာများကိုညွှန်ပြနေသော ရုပ်ပိုင်းဆိုင်ရာနာကျင်မှု ၁၀မျိုး
ခန္ဓာကိုယ်၊ စိတ်နဲ့ ဝိဉာဉ်ဆိုတဲ့ ၃မျိုးပေါင်းစပ်ပြီး လူသားတစ်ယောက်ဖြစ်တည်နေတာဖြစ်ပါတယ်။ အဲဒါကြောင့်ကိုပဲ စိတ်ခံစားချက်တိုင်းက အံ့အားသင့်စရာ ခန္ဓာကိုယ်ကို တိုက်ရိုက်ပတ်သတ်နေတာဖြစ်ပါတယ်။ ဆေးဝါးဆိုင်ရာအရ အချို့သောလက္ခဏာတွေ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ နောက်ကျောနာကျင်ခြင်း၊ နာတာရှည်မောပန်းလွယ်ခြင်းစတဲ့လက္ခဏာတွေကို မရှင်းပြနိုင်တာတွေရှိပါတယ်။ သူတို့ဖော်ပြချက်တွေအရတော့ ပတ်ဝန်းကျင်က အကြောင်းအရာတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဝမ်းနည်းမှုနဲ့စိတ်ပျက်မှုတွေကြောင့်ဖြစ်နိုင်ပါတယ်တဲ့။ သင့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် မတူညီတဲ့နာကျင်မှုတွေနဲ့ တုံ့ပြန်မှုရှိပါတယ်။ ဖြစ်လေ့ရှိတဲ့နာကျင်မှုအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
စိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့နည်းလမ်း ၁၀ခု
ကျန်းမာရေးလို့ ပြောတဲ့အခါ ကိုယ်ကျန်းမာရေးတင်ပြောလို့မရပါဘူး။ စိတ်ကျန်းမာရေးပါ ထည့်ပြောမှ ပြည့်စုံမှာဖြစ်ပါတယ်။ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးကြား ညီမျှမှုရှိနေမှာသာ ထိုလူက ကျန်းမာနေတယ်လို့ ဆိုနိုင်တာဖြစ်ပါတယ်။ နှစ်ခုစလုံးမျှတအောင် ဂရုမစိုက်နိုင်တဲ့အခါ ထိုလူက ဘယ်အရာကိုမှအောင်မြင်အောင်လုပ်ဆောင်နိုင်မှာမဟုတ်တော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာသန်စွမ်းနေတယ်လို့ထင်ရပေမယ့် စိတ်ကျန်းမာရေးမကောင်းတဲ့အခါ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါတဖြေးဖြေးထိခိုက်လာနိုင်တာပါပဲ။ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ လွှမ်းမိုးမှုရှိနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းစေဖို့ အခြေခံအချက်ကတော့ အရာအားလုံးကို အကောင်းဘက်က မြင်ပေးတတ်တဲ့စိတ်ပဲဖြစ်ပါတယ်။ ထိုအကောင်းမြင်တတ်တဲ့စိတ်က စိတ်ချမ်းသာစေပြီး အဆိုးမြင်တတ်တဲ့စိတ်ကတော့ သင့်ကို စိတ်ဓာတ်ကျအောင်ဆွဲချနိုင်ပါတယ်။ အဲဒီ့အခါမှာတော့ သင့်စိတ်ညစ်၊ စိတ်ဓာတ်ကျနဲ့ စိတ်ကျန်းမာရေးမကောင်းနိုင်တော့ပါဘူး။ အဲဒီလိုမဖြစ်ရစေဖို့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့လျစ်လျူမရှုထားသင့်တဲ့အရာတွေရှိပါတယ်။ အဲဒီ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒန့်ဒလွန်ရွက်ရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
ဒန့်ဒလွန်ရွက်မှာ အာဟာရပြည့်ဝပြီး အရသာရှိတဲ့အရွက်တစ်မျိုးဖြစ်ပါတယ်။ အသီးကော အရွက်ပါ အာဟာရပြည့်ဝပြီး ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေအများကြီးရနိုင်ပါတယ်။ ဗီတာမင်အေ၊ ဘီဆစ်၊ စီ၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်၊ ဖော့စဖောရတ်၊ မဂ္ဂနီဆီယမ်၊ ဖောလိတ်စတဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။
အသက် ၅၀ကျော်တွေအတွက် အသင့်တော်ဆုံးအစားအစာများ
အသက်မကြီးအောင် လုပ်ဆောင်နိုင်တဲ့လျှို့ဝှက်ချက်မရှိပါဘူး။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က စတင်ပျက်စီးလာတော့တာပါပဲ။ တချို့လှုပ်ရှားမှုတွေ၊ တချို့အစားအစာတွေက ကျွန်တော်တို့အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အပ်စပ်မှုရှိချင်မှရှိတော့မှာပါ။ ဒါပေမယ့် ကံကောင်းစွာပဲ အသက်အရွယ်ကြီးလာလေလေ အိုမင်းရင့်ရော်မှုကို နှေးအောင်ပြုပြင်ပေးနိုင်တဲ့အစားအစာတွေတော့ ရှိပါတယ်။ အစာအာဟာရမျှတအောင် စားပေးခြင်းက ကျွန်တော်တို့အသက်ရှည်ကျန်းမာဖို့အတွက် အကောင်းဆုံးဆေးတစ်မျိုးပါပဲ။ အသက်အရွယ်အလိုက် စားသင့်တဲ့အစားအစာတွေတော့ရှိပါတယ်။
ပျဉ်းတော်သိမ်ရွက်ရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
ပျဉ်းတော်သိမ်ရွက်ကို Kadhi Patta လို့လည်း ခေါ်ပြီး ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်ရွက်တစ်မျိုးလည်းဖြစ်ပြီး သင့်နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး သင့်ဆံသားနဲ့ အရေပြားအတွက်လည်း ကောင်းမွန်စေပါတယ်။ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေအများကြီးရရှိစေနိုင်တဲ့ ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ ကော့ပါး၊ သတ္တုဓာတ်၊ ကယ်လဆီယမ်နဲ့ ဖော့စဖောရတ်တွေပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ မဂ္ဂနီဆီယမ်နဲ့ သံဓာတ်လည်ပါဝင်ပါတယ်။ ဗီတာမင်နဲ့ အမိုင်နိအက်ဆစ်တွေလည်းပါဝင်ပါတယ်။ အရွက်ကို အခြောက်လှမ်းတာပဲဖြစ်ဖြစ်၊ ကြော်ထာပဲဖြစ်ဖြစ်၊ ဟင်းထဲထည့်ခတ်တာပဲဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။
ကျန်းမာတဲ့စားသောက်မှုပုံစံဖြစ်စေဖို့ အဆင့် ၃ဆင့်
သင်က ဇီဝဗေဒပုံစံဖွဲ့စည်းထားတဲ့နာရီတစ်လုံးနဲ့ဆင်တူပါတယ်။ ပုံမုန်အချိန်နဲ့ အိပ်ရာထရမယ့်အချိန်၊ အိပ်စက်ရမယ့်အချိန်၊ အခြားသော လုပ်ဆောင်ချက်တွေလုပ်ဆောင်ရမယ့်အချိန် စသဖြင့် အချိန်ကိုက်လုပ်ဆောင်နေရပါတယ်။ အစာစားတဲ့အချိန်တန်ရင် အစာစားရပါတယ်။ တိရိစ္ဆာန်တွေနဲ့လူသားတွေကို လေ့လာချက်အရ သင့်ရဲ့ကိုယ်တွင်းက အချက်ပေးနေတဲ့အချိန်အတိုင်း မလုပ်ဆောင်တဲ့အခါ ဝိတ်တက်ခြင်း၊ ဝိတ်ကျခြင်းနဲ့ အခြားသော ရောဂါပေါင်းစုံဖြစ်လာတော့တာပါပဲ။ အဲဒါကြောင့် သင့်ဗိုက်ထဲက ဗိုက်ဆာတယ်လို့အချက်ပြနေပြီဆိုရင် သင်အစာစားသင့်တဲ့အချိန်ရောက်နေပြီလို့သိနိုင်မှာပါ။ သင်မောနေပြီဆိုရင်လည်း သင်အနားယူဖို့အချိန်ရောက်နေပြီလို့ သတိပေးနေတာပါ။ အခုဆောင်းပါးမှာဆွေးနွေးသွားမှာကတော့ သင့်ရဲ့ကိုယ်တွင်းနာရီက အစာစားသင့်ပြီလို့အချက်ပြနေတဲ့အခါမျိုးမှာ ကျန်းမာတဲ့စားသောက်မှုပုံစံဖြစ်အောင် လိုက်နာသင့်တဲ့အဆင့် ၃ဆင့်အကြောင်းပြောပြသွားမှာဖြစ်ပါတယ်။ သင့်ရဲ့ဝိတ်တက်ခြင်းနဲ့ အစာစားခြင်းက တိုက်ရိုက်ပတ်သက်နေတဲ့အတွက်ကြောင့် စားသောက်ပုံစံမှန်ကန်ဖို့က အရေးကြီးပါတယ်။ အဲဒါကြောင့် အောက်ပါအဆင့် ၃ဆင့်ကို ဖတ်ကြည့်လိုက်ပါနော်။
ဂိမ်းစွဲနေတဲ့ကလေးကို ဘယ်လိုလုပ်သင့်သလဲ။
ဒီနေ့ခေတ်မှာ နည်းပညာတိုးတက်လာတဲ့အတွက် ကောင်းကျိုးတွေအများကြီးရှိသလို နည်းပညာရဲ့ဆိုးကျိုးတွေအများကြီးလည်းရှိလာပါတယ်။ ထိုဆိုးကျိုးတွေထဲမှာ ဖုန်းကို အချိန်တိုင်းအသုံးပြုနိုင်ခြင်းနဲ့ ဖုန်းထဲကနေ application ပေါင်းများစွာထည့်သွင်းအသုံးချနိုင်ပြီး ဂိမ်းစွဲလမ်းခြင်းလည်း တခုအပါအဝင်ပါပဲ။ အထူးသဖြင့် အရမ်းငယ်သေးတဲ့ကလေးတွေနဲ့ ကျောင်းသားလူငယ်လေးတွေ ဂိမ်းစွဲလမ်းခြင်းက ဆိုးကျိုးတွေအများကြီးဖြစ်လာပါတယ်။ အရမ်းငယ်သေးတဲ့ကလေးတွေမှာတော့ ဖုန်းစွဲလမ်းခြင်းက ဦးနှောက်ရဲ့ကြီးထွားမှု၊ ဦးနှောက်လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေပြီး ဉာဏ်ရည်မမီတဲ့အထိဖြစ်နိုင်ပါတယ်။ ကျောင်းသားလူငယ်တွေမှာတော့ ကျောင်းစာကိုစိတ်မဝင်စားခြင်း၊ အခြားသော activities တွေကို စိတ်မဝင်စားခြင်း၊ နေ့မအိပ်ညမအိပ်ဂိမ်းဆော့ခြင်းကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ဦးနှောက်လုပ်ဆောင်ချက်တွေပျက်ပြားခြင်းထိဖြစ်နိုင်ပါတယ်။ ကျောင်းနေအရွယ် စာကိုစိတ်မဝင်စားသလို မိဘရဲ့အုပ်ထိန်းမှုကိုလည်း ဂရုမပြု၊ လျစ်လျူရှုတတ်သူတွေဖြစ်လာနိုင်တဲ့အတွက် ထိန်းကျောင်းရခက်လာတတ်ပါတယ်။ အဲဒါကြောင့် ဂိမ်းစွဲနေတဲ့ကလေးကို ဘယ်လိုလုပ်သင့်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
Migraine ခေါင်းတခြမ်းကိုက်ရောဂါဖြစ်ပေါ်စေသော အကြောင်းအရင်းများ
လေ့လာချက်တွေအရ ကမ္ဘာ့လူဦးရေ ၂ရာခိုင်နှုန်းခန့်က နာတာရှည်ခေါင်းကိုက်ရောဂါခံစားနေရပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ သုံးဆပိုပြီးဖြစ်ပေါ်ကြပါတယ်။ လေ့လာချက်တွေအရ ခေါင်းတခြမ်းကိုက်ရောဂါက များပြားလှတဲ့အကြောင်းအရာတွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ UK ရဲ့လေ့လာချက်အရ ၁၉၀၀၀၀ခန့်က ခေါင်းတခြမ်းကိုက်ရောဂါကို နေ့တိုင်းလိုခံစားနေကြရပါတယ်။ Migraine ခေါင်းတခြမ်းကိုက်ရောဂါကို ဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေထဲက အဓိက အကြောင်းအရာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
အောင်မဲညိုပန်း (Blue Butterfly Pea) ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
အောင်မဲညိုပန်းကို blue butterfly pea လို့ခေါ်ပြီး ဆေးဘက်ဝင်မှုကြောင့် မြန်မာနိုင်ငံမှာလူသိများလာတဲ့ပန်းပင်တစ်မျိုးဖြစ်ပါတယ်။ ပွင့်ဖတ်မှာ အပြာရင့်ရောင်ရှိပြီး အလယ်မှာအဝါရောင်သန်းပါတယ်။ အောင်မဲဖြူနဲ့ အောင်မဲညို နှစ်မျိုးရှိပေမယ့် အောင်မဲညိုလို့သာ အသိများကြပါတယ်။ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကတော့ အများကြီးရနိုင်ပြီး လက်ဖက်ရည်ပုံစံမျိုးလည်း သောက်သုံးကြပါတယ်။
ရှားစောင်းလက်ပတ်ရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
ရှားစောင်းလက်ပတ်က အနာတွေကိုသက်သာစေတဲ့အစွမ်းသတ္တိကြောင့် လူသိများပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀၀ခန့်လောက်ကတည်းက အသုံးပြုခဲ့ကြတယ်။ အရေပြားကနေစပြီး သင့်ခန္ဓာကိုယ်တစ်ခုလုံးထိ အကျိုးကျေးဇူးအများကြီးရှိပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ ဓာတုပစ္စည်းတွေမပါဝင်ပါဘူး။ အခြေအနေအမျိုးမျိုးအတွက် ဆေးဘက်ဝင်တဲ့အပင်ဖြစ်ပါတယ်။