ကျန်းမာရေး

ကျန်းမာရေး

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

သင့်ကို ပျော်ရွှင်စေတဲ့ အစားအစာ ၁၂မျိုး

အစားအစာတွေက သင့်ကိုပျော်ရွှင်အောင်လုပ်နိုင်တယ်ဆိုတာ အိပ်မက်မဟုတ်ပါဘူး။ အစားအစာတွေက သင့်ကို ပျော်ရွှင်အောင်လုပ်နိုင်တယ်၊ စိတ်ခံစားချက်ပိုကောင်းစေတယ်၊ ပိုပြီးလည်းကျန်းမာစေနိုင်ပါတယ်။ အစားအစာကို ကြိုက်နှစ်သက်လို့စားတာထက် အဲဒီလိုကောင်းကျိုးတွေကိုသိနားလည်ပြီး စားတာက ပိုပြီး မကောင်းဘူးလား။ မကြာသေးမီကလေ့လာချက်အရ အစားအစာတော်တော်များများက သင့်ရဲ့ဦးနှောက်အလုပ်လုပ်ဖို့အတွက်သာမက ပိုပြီး စိတ်ပြေလျော့စေခြင်း၊ ပိုပြီး ပျော်ရွှင်မှုကို ခံစားရစေခြင်း ဆိုတဲ့အကျိုးပါ ရှိနိုင်တယ်လို့ တွေ့ရပါတယ်။ ခန္ဓာကိုယ်အတွက် စိတ်ဓာတ်ကျခြင်းကိုကစားနိုင်ပြီး စိုးရိမ်သောကကိုပါ ပြေလျော့စေပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

မေမေတွေအတွက် Me Time Ideas

Me time ဆိုတာ လူတိုင်းလိုအပ်တဲ့အရာပါပဲ။ အထူးသဖြင့်တော့ မေမေတွေအတွက် ပိုလိုအပ်မှာပါ။ တစ်နေ့တာလုံး အိမ်မှုကိစ္စမှန်သမျှနဲ့ သားသမီးဝေယျာဝစ္စ၊ အမျိုးသားဝေယျာဝစ္စ၊ အခြားအတူနေ မိဘတွေရှိရင်လည်း ထိုလူတွေရဲ့ဝေယျာဝစ္စ စသဖြင့် အကုန်လုံးအတွက်သာ ခေါင်းထဲထည့်ရပြီး ရှုပ်ယှက်ခတ်နေတတ်ပါတယ်။ တစ်အိမ်လုံးကလူတွေရဲ့ကိစ္စအ၀၀ကိုသာ ခေါင်းထဲထည့်ရပြီး ကိုယ့်အတွက်တော့ တခါမှ မစဉ်းစားဘူးတဲ့ အိမ်ရှင်မတွေ အများကြီးပါပဲနော်။

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

သီဟိုဠ်စေ့ရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

အသီးအဖြစ်၊ အစေ့အဖြစ် ၂မျိုးလုံးအသုံးဝင်ပြီး ကော့ပါး၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ ဖော့စဖောရတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

သင့်ဦးနှောက်ကိုပျက်စီးစေသော မကောင်းတဲ့အကျင့် ၅ခု

ဦးနှောက်က ကျွန်တော်တို့အတွက် အရေးကြီးဆုံးအဂါၤရပ်တစ်ခုဖြစ်ပါတယ်။ ဦးနှောက်ပျက်စီးခြင်းက ကျွန်တော်တို့အတွက် အရာအားလုံးပျက်စီးခြင်းပါပဲ။ ဒီဆောင်းပါးထဲမှာ ဦးနှောက်ကိုပျက်စီးစေတဲ့အကျင့်ဆိုး ၅ခုကို ဖော်ပြပေးထားပါတယ်။ ဒီအကျင့်ဆိုးတွေကို ပြုပြင်နိုင်မှသာ ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက်ကောင်းမွန်စေမှာဖြစ်ပြီး ဦးနှောက်ကျန်းမာရေးကိုလည်း မြင့်တင်နိုင်မှာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ဦးနှောက်မှာ အာရုံကြောပေါင်း ၁၀၀ဘီလီယံခန့်ရှိပါတယ်။ အာရုံကြော တစ်ခုစီမှာ အခြားသောအာရုံကြောပေါင်း တစ်သောင်းခန့်နဲ့ဆက်သွယ်ရပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, လူနေမှုဘဝ, ကိုးကားစာများ

သင့်ခန္ဓာကိုယ်မှာ ဟော်မုန်းမညီမျှကြောင်း ပြသနေသော လက္ခဏာများ

ဟော်မုန်းမညီမျှခြင်းဆိုတာက သင့်ရဲ့သွေးစီးဆင်းမှုမှာ ဟော်မုန်းတွေ လိုအပ်တာထက်ပိုပြီးများနေတာ၊ ဒါမှမဟုတ် ရှိသင့်တဲ့ဟော်မုန်းပမာဏထက်လျော့နည်းနေတာမျိုးတွေပဲဖြစ်ပါတယ်။ ဟော်မုန်းတွေက ကျွန်တော်တို့ခန္ဓာကိုယ်မှာ အခြားသောအဂါၤရပ်တွေနဲ့ ဆက်သွယ်ထားတာလည်းဖြစ်ပါတယ်။ ဘယ်လိုဟော်မုန်းမဆို များလွန်းပြန်ရင်လည်း မကောင်းဘဲ နည်းလွန်းပြန်ရင်လည်း အဆင်မပြေနိုင်ပါဘူး။ ဟော်မုန်းအပြောင်းအလဲတွေဖြစ်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဟော်မုန်းမညီမျှမှုတွေဖြစ်နေကြောင်းကို လက္ခဏာတွေပြသနေတတ်ပါတယ်။ ဘယ်လိုလက္ခဏာမျိုးတွေလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။

ကျန်းမာရေး လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဒိန်ချဉ်ရဲ့ အံ့အားသင့်ဖွယ်အစွမ်းများ

ဒိန်ချဉ်က အစာခြေစနစ်အတွက်ကောင်းမွန်စေတယ်ဆိုတာတော့ သိထားပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒိန်ချဉ်မှာ အခြားသော ကောင်းကျိုးတွေအများကြီးရှိပါသေးတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ကျန်းမာရေး, ကလေးပြုစုပျိုးထောင်ခြင်း, ပျော်ရွှင်သောဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ပျော်ရွှင်တဲ့မိခင်တွေရဲ့လုပ်နေကျအကျင့် ၁၀မျိုး

ပျော်ရွှင်ခြင်းဆိုတာက အခြေအနေနဲ့အချိန်အခါအရဖြစ်ပေါ်တတ်တာလား။ တကယ်တော့ ပျော်ရွှင်မှုဆိုတာက ကိုယ့်စိတ်ထဲအဓိက ဖြစ်တည်နေတာလို့ အခါပေါင်းများစွာ ဖတ်ခဲ့ဖူးကြမှာပါ။ တဖက်ကကြည့်ရင် ကျွန်တော်တို့ရဲ့ရွေးချယ်မှု၊ ကျွန်တော်တို့ရဲ့အပြုအမူတွေက ကျွန်တော့်အတွက်ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းဆိုတာဖြစ်လာနိုင်ပါတယ်။ မိခင်တွေမှာတော့ ဖခင်တွေထက်ကို စိတ်ဖိစီးမှု၊ တာဝန်၊ အလုပ်၊ ငွေကြေး၊ သားသမီးအရေ စတဲ့ဖိစီးမှုတွေပိုများနေတတ်ပါတယ်။ အဲဒါကြောင့် ပျော်စရာကောင်းတဲ့မိခင်တွေမှာတွေ့ရလေ့ရှိတဲ့အကျင့် ၁၀မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ တခါတလေမှာ ကြီးကျယ်တဲ့အရာတွေမဟုတ်ဘဲ ပြောင်းလဲမှုအသေးလေးတွေ လုပ်လိုက်ခြင်းကပဲ ပျော်ရွှင်မှုဆီဦးတည်သွားနိုင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အကျင့် ၁၀မျိုးကိုဖတ်ကြည့်လိုက်ပါအုံး။

စွမ်းရည် ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ပင်မှည့်သီးရဲ့ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

ပင်မှည့်သီးရဲ့အတွင်းမှာ အစေ့တွေအမြောက်အမြားပါဝင်ပါတယ်။ အစေ့တွေကိုဖျော်ရည်လုပ်သောက်ပြီး သောက်နိုင်သလို အခြားဖျော်ရည်တွေမှာလည်း ထည့်ပြီးသောက်သုံးတတ်ကြပါတယ်။ ပင်မှည့်သီးမှာ ကျန်းမာရေးအတွက်အကျိုးများတဲ့ antioxidants တွေအများကြီးပါဝင်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ကျန်းမာရေး, လူနေမှုဘဝ, ကိုးကားစာများ

အလုပ်ခွင်မှာ အိပ်ငိုက်နေတဲ့အခါ လုပ်သင့်တဲ့အချက်များ

လူတိုင်းနီးပါး အလုပ်ခွင်မှာ တစ်ကြိမ်တစ်ခါတော့ အိပ်ငိုက်ဖူးကြတာချည်းပါပဲ။ အဲဒါက ဘာမှကြီးကျယ်တဲ့ကိစ္စမဟုတ်ပေမယ့် သင်တကယ်အိပ်ငိုက်တဲ့အချိန်မှာတော့ သင့်ရဲ့အလုပ်တွေမှာ အမှားအယွင်းတွေဖြစ်လာတာမျိုး၊ အလုပ်မှာ စိတ်မပါတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ သင့်အထက်လူကြီးက မြင်သွားတာမျိုးဖြစ်ရင်တော့ သင့်အတွက် မကောင်းနိုင်ပါဘူး။ ဒီနေ့လို အပြိုင်အဆိုင်များပြီး တိုးတက်ဖို့ကြိုးစားနေတဲ့အချိန်မှာ အလုပ်ခွင်ထဲအိပ်ငိုက်နေလို့လည်း အလုပ်ကမပြီးမြောက်နိုင်၊ စိတ်မလန်းလူမလန်းဖြစ်နိုင်တာပေါ့။ အဲဒါကြောင့် နိုးကြားတက်ကြွနေပြီး ဖြတ်လတ်စွာအလုပ်လုပ်နိုင်ဖို့လိုပါတယ်။ အဲဒါကြောင့် ဘယ်လိုနည်းလမ်းလေးတွေသုံးပြီ အလုပ်ခွင်မှာ အိပ်ငိုက်ခြင်းကို ဖြေရှင်းကြမလဲဖတ်ကြည့်လိုက်ပါအုံးနော်။

စွမ်းရည် ကျန်းမာရေး လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ကွမ်းရွက် (betel leaf) ရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

ကွမ်းရွက်ကို များသောအားဖြင့် အိန္ဒိယမှာ အသုံးများကြပါတယ်။ မူလရည်ရွယ်ချက်ကတော့ ခံတွင်းအနံ့အတွက်သုံးတာဖြစ်ပြီး ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများတဲ့အတွက် ဆေးဘက်ဝင်တဲ့အရွက်ဖြစ်ပါတယ်။ ဆီးချိုရောဂါသမားတွေအတွက် ကလူးကို့စ်ပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ကင်ဆာကိုကာကွယ်နိုင်ပြီး ကိုလက်စထရောနည်းစေပြီး သင့်ရဲ့နှလုံးကိုကာကွယ်ပေးနိုင်ပါတယ်။ ကွမ်းရွက်မှာ ပိုတက်ဆီယမ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်ဘီတူးနဲ့ နိုက်ထရစ်အက်ဆစ် တွေအပြင် အခြားသော အာဟာရများစွာပါဝင်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

သစ်ကြံပိုးခေါက်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

သစ်ကြံပိုးခေါက်က ဆေးဘက်ဝင်ပြီး နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာ ထည့်သွင်းစားသုံးသင့်တဲ့အရာတစ်မျိုးဖြစ်ပါတယ်။ သစ်ကြံပိုးက ဆေးဘက်ဝင်အိမ်သုံးဆေးဝါးတစ်မျိုးအဖြစ် ရှေးခေတ် ၂၇၀၀ ဘီစီလောက်ကတည်းက ဥရောပ၊ တရုတ်နဲ့ အိန္ဒိယ၊ အီဂျစ်တွေမှာ အသုံးပြုခဲ့ကြပါတယ်။ သစ်ကြံပိုးပင်က ကျန်းမာရေးဆိုင်ရာအရ ဘယ်လိုအကျိုးရှိသလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, ကလေးပြုစုပျိုးထောင်ခြင်း, ကိုးကားစာများ

သင့်ကလေးကို အချိန်တိုင်းပြောမိနေတဲ့အခါ ကလေးစိတ်ထိခိုက်စေမယ့်စကား ၄ မျိုး

ကလေးငယ်တွေမှာ ထိလွယ်ရှလွယ်တဲ့ခံစားချက်မျိုးဖြစ်တတ်ပါတယ်။ တခါတလေမှာ ကျွန်တော်တို့တွေက အဲဒါကိုသိပေမယ့် လျစ်လျူရှုမိတတ်ကြပါတယ်။ အဲဒီလိုလျစ်လျူရှုမိရာကနေစပြီး ကလေးတွေရဲ့ဦးနှောက်ကနေတဆင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်စေတော့တာပါပဲ။ ကလေးတွေရဲ့ဦးနှောက်ရဲ့ အရမ်းကို နူးညံ့လွန်းတယ်လို့ စိတ်ပိုင်းဆိုင်ရာပညာရှင်တွေက ပြောကြပါတယ်။ ကြမ်းတမ်းတဲ့စကားလုံးတွေကို မိဘအုပ်ထိန်းသူတွေက အသုံးပြုပြီး ကလေးကို ပြောဆိုတဲ့အခါ ကလေးရဲ့ဦးနှောက်မှတဆင့် စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကိုထိခိုက်စေပါတယ်။

ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။