အောင်မြင်ခြင်းတွင်ရရှိဖို့ သတိထားရမည့်အခ ျက်မ ျား။
အောင်မြင်ခြင်းတွင်ရရှိဖို့ သတိထားရမည့်အခ ျက်မ ျား။ #BaWa101
ဖြတ်ကေ ျာ်ရမယ့်ရက်သတ္တပတ်အတွက်အထောက်အကူပြုမယ့် စာသားမ ျား။
ဒီစာသားတွေကသင့်အတွက်တစ်နည်းနည်းဖြင့်ခွန်အားဖြစ်စေခဲ့တယ်စေရင် သင့်ရဲ့ အခြားသောသူငယ်ခ ျင်းမိတ်ဆွေတွေလည်းနိုးကြားတက်ကြွလာအောင် Share ပြီးဝေမ ျှလိုက်ပါအုန်းနော်။ #MotivationaMonday #BaWa101
သင်ကြားမှုနှင့်ဆိုင်သော ကမ္ဘာကျော်စီးပွားရေးပညာရှင်များ၏ အဆိုအမိန့်များ။
သင်ကြားမှုနှင့်ဆိုင်သော ကမ္ဘာကျော်စီးပွားရေးပညာရှင်များ၏ အဆိုအမိန့်များ။ #BAWA101
နိုင်ငံတကာမှ နာမည်ကျော် အမျိုးသမီးကြီးများအချို့၏ မှတ်သားဖွယ် ကောက်နုတ်ချက်များ - အပိုင်း ၁
နိုင်ငံတကာမှ နာမည်ကျော် အမျိုးသမီးကြီးများအချို့၏ မှတ်သားဖွယ် ကောက်နုတ်ချက်များ - အပိုင်း ၁#BAWA101
လူသန်းပေါင်းများစွာကို စိတ်ဓါတ်ခွန်အားတွေ ပေးစွမ်းနိုင်ခဲ့သော မသန်စွမ်းသောသူရဲကောင်းများ။
လူသန်းပေါင်းများစွာကို စိတ်ဓါတ်ခွန်အားတွေ ပေးစွမ်းနိုင်ခဲ့သော မသန်စွမ်းသောသူရဲကောင်းများ။ #BAWA101
ခက်ခဲရုန်းကန်ရတဲ့ အချိန်တွေမှာ ဘယ်လိုရှင်သန် နေထိုင်မလဲ
ခက်ခဲရုန်းကန်ရတဲ့ အချိန်တွေမှာ ဘယ်လိုရှင်သန် နေထိုင်မလဲ#BAWA101
ဘယ်လိုခွင့်လွှတ်ပြီး ပျော်ရွှင်တဲ့ဘဝကိုနေထိုင်ကြမလဲ။
၁) ခွင့်လွှတ်ပေးလိုက်ပါ။ လူ့ဘဝမှာ လူအမျိုးမျိုး စိတ်အထွေထွေပါပဲ။ ကိုယ်ကောင်းခဲ့ပေမယ့် ကိုယ့်အပေါ်ပြန်ကောင်းတဲ့သူရှိမယ်၊ မကောင်းတဲ့သူရှိမယ်။ ယုတ်မာတဲ့သူရှိမယ်။ ချောက်တွန်းတဲ့သူရှိမယ်။ အမျိုးမျိုးတွေ့ရမှာပါပဲ။ အရေးကြီးတာက သူ့တို့ကြောင့် ကိုယ့်ဘဝရဲ့စာမျက်နှာ အမြဲညစ်ပတ်မနေဖို့ပါပဲ။ ပြန်တွေးတိုင်း စိတ်တိုဒေါသထွက်နေရင် ကိုယ့်ဘဝရဲ့ တစ်နေ့တာ ညစ်ညမ်းသွားတာပါပဲ။ အဲဒီတော့ ပြန်မတွေးဘဲ ခွင့်လွှတ်ပေးလိုက်ပါ။ ၂) မေ့ပစ်လိုက်ပါ။ ကိုယ်က မမေ့ပစ်ရင် အမြဲတသသ ပြန်တွေးတိုင်း ကိုယ်ပဲနာကျင်မယ်၊ ဒေါသထွက်မယ်။ ကိုယ်ပဲစိတ်ဖိစီးနေရမှာပါ။ သူတို့ကို ခွင့်လွှတ်ပေးလိုက်ခြင်းက ကိုယ့်ကိုကိုယ် သနားခြင်းတစ်မျိုးပါပဲ။ “သူတို့ကို သနားစရာမလိုဘူး…..ကိုယ့်ကိုကိုယ်သနားတဲ့အနေနဲ့ အားလုံးကိုမေ့ပစ်မယ်” အဲဒီလိုတွေးပါ။ ၃) ကျေးဇူးတင်တတ်ပါစေ။ ဘယ်လောက်ပဲ သူတို့ကြောင့် ကိုယ်နာကျင်ခံစားခဲ့ရပါစေ။ အနည်းဆုံး သင်ခန်းစာတစ်ခုတော့ ကိုယ်ရခဲ့မှာပါပဲ။ အဲဒီ့သင်ခန်းစာကို ဆုပ်ကိုင်ပြီး နောက်ထပ်နာကျင်မှုတွေမကြုံနိုင်အောင် ပြင်ဆင်တတ်ခြင်းက အဆိုးထဲက ရလဒ်ကောင်းတစ်ခုပါပဲ။ သူတို့ဘယ်လောက်ဆိုးဆိုး ကိုယ့်အတွက်တော့ ရလဒ်ကောင်းတစ်ခုရသွားတဲ့အတွက် သူတို့ကို ကျေးဇူးတင်တတ်ပါစေ။ “သူတို့လုပ်ခဲ့သမျှ ဒီနေ့ကစပြီး ငါမေ့ပစ်လိုက်ပြီ…..။ နောက်တစ်ချိန်တွေတဲ့အခါ ကျေးဇူးတင်တဲ့အနေနဲ့ အပြုံးတစ်ခုလှိုက်လှိုက်လှဲလှဲ ပြုံးနိုင်အောင် ငါကြိုးစားမယ်” အဲဒီလိုလေးတွေးပြီး ပြုံးကြည့်ပါ၊ သင်ကအောင်နိုင်သူပါပဲ။ ၄) အကောင်းမြင်စိတ်ဖြင့် တွေးပါ။ တစ်နေ့လုံးမှာ ကိုယ့်အပေါ် ဝေဖန်သူ၊ ဟားတိုက်သူ၊ လှောင်ပြောင်သူ စသည်ဖြင့် တွေ့ရမှာပါပဲ။ အဲလိုတွေကြုံရတဲ့အခါ အသေးအဖွဲလေးပါ၊ ကိုယ်ကျေနပ်မယ့်အတွေးတစ်ခုတွေးပြီး ကျေနပ်လိုက်ပါ။ ဥပမာ။ ကိုယ့်ကိုဝေဖန်သူတွေ့တဲ့အခါ “အော်….သူက အဲလိုပဲ လူတကာကိုဝေဖန်နေကြပဲ မဆန်းပါဘူး” ထိုကဲ့သို့တွေးလိုက်တာမျိုးပါ။ ကိုယ်က ဒေါသမထွက်ဖြစ်တဲ့အခါ ကိုယ့်အတွက် စိတ်ဖိစီးမှု တစ်ခုအလကားမတိုးလာတော့ပါဘူး။ ၅) ရယ်မောပါ။ အရမ်းစိတ်ဖိစီးနေတာမျိုး၊ ရုန်းကန်နေရတဲ့ဘဝကြီးမှာ ဖိစီးမှုတွေက အများကြီးပါပဲ။ ဖိစီးမှုကို ပိုက်ထားပြီး ငိုင်နေရင်တော့ ဘာမှအလုပ်မဖြစ်ပါဘူး။ ဖိစီးမှုဆိုတာ ကိုယ့်ဟာကိုယ်ဖြေဖျောက်နိုင်တဲ့အရာလို့တွေးပါ။ ဖိစီးမှုတွေများလာပြီလို့ ခံစားရတဲ့အခါ ရယ်မောဖို့လိုပါတယ်။ social media ပေါ်မှာ ရယ်စရာဗီဒီယိုလေးတွေ ရှာပြီးကြည့်တာမျိုး၊ ရယ်စရာစာအုပ်လေး ကောက်ဖတ်လိုက်တာမျိုး လုပ်ပေခြင်းဖြင့် သင့်ဖိစီးမှုတွေ ပြေလျော့စေပါတယ်။ ရယ်မောစရာကို ရှာဖွေရယ်မောပစ်လိုက်ပါ။ ၆) ကိုယ့်ကိုကိုယ်ချီးကျူးပြီး ပျော်ရွှင်ပါ။ ကိုယ့်ဘဝရဲ့မကောင်းတဲ့စာမျက်နှာတွေကို ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသလို မေ့ပစ်ခြင်းက ပျော်ရွှင်စေပါတယ်။ သင့်ဘဝရဲ့မကောင်းတဲ့သူတွေကြောင့် သင့်ဘဝကြီး မညစ်စွန်းစေရဘူးလို့ တွေးခြင်းက သင့်ကိုပျော်ရွှင်စေပါတယ်။ နာကျင်မှုတွေကို လက်မခံဘဲ မေ့ပစ်နိုင်တဲ့ သင့်ကိုသင်ချီးကျူးပေးပါ။ အဲဒီ့နောက်တော့ သင်ပျော်ရွှင်လာပါလိမ့်မယ်။ #BAWA101
စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား