စိတ်ဓာတ်ခွန်အား

စိတ်ဓာတ်ခွန်အား

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ဘီလ ျံနာ Warrent Buffet, Bill Gate နှင့် Mark Zuckerberg တို့ပြောတဲ့ဖတ်ကိုဖတ်သင့်သောစာအုပ် ၅ အုပ်။

ကမ္ဘာကေ ျာ် ဘီလီယံနာတွေဖြစ်ကြတဲ့ Warrant Buffet, Bill Gate နဲ့ Mark Zuckerberg တို့ရဲ့ တူညီသောအခ ျက်တစ်ခုကတော့စာအုပ်တွေကိုခုံခုံမင်မင်ဖတ်လေ့ရှိခြင်းပဲဖြစ်ပါတယ်။ သူတို့ဖတ်ဖို့ညွှန်းဆိုထားတဲ့ စာအုပ်ကောင်းတွေထဲက အခ ျို့ ကိုထုတ်နုတ်ဖော်ပြပေးလိုက်ပါတယ်။ “Creativity, Inc.” by Ed Catmull - စီးပွားရေးလုပ်ငန်းတွေကို တီတွင်ဆန်းသစ်စွာ စီမံအုပ်ချုပ်ခြင်းအကြောင်း ရေးထားတဲ့စာအုပ်ပါ။ စာရေးသူ Ed Catmull ဟာ Pixar Animation Studios ကို Steve Jobs နဲ့တွဲကာတည်ထောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ “The Better Angels of Our Nature,” by Steven Pinker – New York Times ရဲ့အရောင်းရဆုံး စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Steven Pinker ရဲ့ဒီစာအုပ်မှာ သမိုင်းကြောင်း၊ စစ်ပွဲနဲ့ ငြိမ်းချမ်းခြင်း၊ လူသားတွေရဲ့ ကောင်းတဲ့စိတ်နဲ့ ဆိုးတဲ့စိတ်တို့ကို ရှုထောင့်အသစ်ကနေ ရေးသားတင်ပြထားပါတယ်။ “How to Win Friends and Influence People,” by Dale Carnegie - နာမည်ကေ ျာ်စာရေးဆရာကြီး Dale Carnegie ရဲ့ လူမှုပတ်ဝန်းက ျင်မှာ ပေါင်းသင်းဆက်ဆံနည်းလမ်းတွေအကြောင်း ရေးသားထားတဲ့ ဒီစာအုပ်က ကမ္ဘာ့ရောင်းအားအကောင်းဆုံးနဲ့ အောင်မြင်ကေ ျာ်ကြားသူတွေ အဖတ်အများဆုံး စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။ “The Catcher in the Rye,” by J. D. Salinger - ဂန္တဝင်စာအုပ်တစ်အုပ်အဖြစ်မှတ်တမ်းတင်ခံထားရတဲ့ J. D. Salinger ရဲ့ဒီစာအုပ်ဟာ ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ ဘဝအပေါ်အတွေးအမြင်၊ ရင်ဆိုင်မှုတွေကို လက်ရာမြောက်စွာ ရေသားသရုပ်ဖော်ဆောင်နိုင်ပါတယ်။ “Einstein: His Life and Universe,” by Walter Isaacson - အတ္ထုပတ္တိစာအုပ်တွေနဲ့ နာမည်ကျော်စာရေးဆရာကြီး Walter Isaacson ရဲ့ဒီစာအုပ်မှာ ပါရမီရှင် နာမည်ကျော် သိပ္ပံပညာရှင်အိုင်းစတိုင်းရဲ့ ဘဝအကြောင်းကို ပြည့်စုံစွာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ #BooksReadByBillionaires #BaWa101 ? ( BaWa101 ) Original Source : buffettsbooks.com & theinvestorpodcast.com ပုံမ ျားကိုအင်တာနက်မှကူးယူဖော်ပြထားပါသည်။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

တစ်ယောက်တည်းခရီးသွားခြင်း Solo Traveling မှရရှိခဲ့သော ဘဝအတွက်မရှိမဖြစ်လိုအပ်တဲ့သင်ခန်းစာ ၇ ခု။

၁) အရေးမပါသောအရာတွေအတွက်အခ ျိန်အကုန်မခံတော့ပဲ မိမိအတွက်ပေ ျာ်ရွှင်မှုအစစ်မှန်တွေကိုလိုက်ရှာတတ်လာပါလိမ့်မယ်။ ဘဝကြီးကိုဘယ်လိုကေ ျာ်ဖြတ်ရမှန်းမသိလောက်အောင်ရှုပ်ထွေးပြီးစိတ်ညစ်စရာကောင်းတဲ့နေ့ရက်မ ျားစွာကိုသူငယ်ခ ျင်းတို့ကြုံတွေ့ ဖူးမှာပါ။ လေးငါးနှစ်လောက်ကြာတဲ့အခါအဲ့ဒီလိုမ ျိုးအခ ျို့ ရက်တွေကိုတော့မှတ်မိဦးပဲဖြစ်ပါတယ်။ အကုန်လုံးတော့မမှတ်မိဖို့မ ျားပါလိမ့်မယ်။ ဒါပေမယ့်က ျိန်းသေတာတစ်ခုကတော့တစ်ယောက်တည်းတစ်ခါမှမသွားဖူးတဲ့နိုင်ငံသစ်တစ်ခုသွားလည်ပြီးအရမ်းလှတဲ့နေထွက်ခ ျိန် နှင့် ဆည်းဆာဝင်ခ ျိန်တွေကိုသင်တစ်ယောက်ထဲဖီးလ်အပြည့်အဝခံစားခဲ့တဲ့အခ ျိန်တွေကိုနောင်ဆယ်နှစ်ကြာလည်းသင်မေ့မှာမဟုတ်ပါဘူး။ နိုင်ငံသစ်တစ်ခုမှာတစ်ယောက်တည်းအခက်အခဲတွေကြုံတွေ့နေခိုက်လုံးဝမတွေ့ဖူးမခင်မင်ဘူးပဲဘာသာစကားတောင်မတူတဲ့လူတစ်ယောက်ကသင့်ကိုစေတနာအရင်းအမှန်နဲ့ ဘာတုံ့ပြန်မှုမှမမေ ျှာ်လင့်ဘဲသင့်ကိုကူညီသွားတဲ့လူစိမ်းတစ်ယောက်ရဲ့ စေတနာမ ျိုးကိုတော့သင်မေ့ပေ ျာက်ဖို့အရမ်းကိုခက်ခဲပါလိမ့်မယ်။ သင်လုံးဝမထင်ထားတဲ့ ဓလေ့စရိုက်တွေ၊ အမူအက ျင့်တွေကိုက ျင့်သုံးတဲ့တစ်ကယ့်ကိုအံသြဖွယ်ကောင်းတဲ့အခြားတိုင်းတစ်ပါးကမြင်ကွင်းတွေကိုသင်တစ်ယောက်တည်းပါးစပ်ကြီးဟပြီးခံစားသင်ယူခဲ့ရတဲ့အခ ျိန်တွေကိုလည်းသင်အမြဲတမ်းအမှတ်ရနေဦးမှာပဲဖြစ်ပါတယ်။ ဘဝအတွက်အရေးပါတဲ့ကောင်းမွန်သောအတွေ့အကြုံတွေ၊ သင်ယူရရှိခဲ့တဲ့အခက်အခဲတွေနဲ့ သင်ခန်းစာတွေကိုမှတ်သားရင်းတိုတောင်းတဲ့ဒီဘဝကြီးမှာဘာမဟုတ်တဲ့ဟာတွေအတွက်အခ ျိန်ကုန်ခံမနေပဲပေ ျာ်ရွှင်မှုအစစ်အမှန်တွေကိုရှာဖွေခ ျင်တဲ့စိတ်တွေတစ်ဖွားဖွားပေါ်ပေါက်လာပါမှာပဲဖြစ်ပါတယ်။ ၂) ဘဝအတွက်ဘာတစ်ကယ်အရေးကြီးလဲဆိုတာကိုစဉ်းစားဖို့အခ ျိန်ရလာပါလိမ့်မယ်။ တစ်ယောက်တည်းခရီးသွားတာဖြစ်တဲ့အတွက်တော်ရုံတန်ရုံဘယ်သူ့ နဲ့ မှစကားပြောစရာမလိုတဲ့အတွက်သင်စဉ်းစားစရာအခ ျိန်တွေအမ ျားကြီးရလာပါလိမ့်မယ်။ သဲသောင်ပြင်မှာသင်တစ်မနက်လုံးသင်တစ်ယောက်တည်းထိုင်ရင်းငေးမောရင်းသင့်မိသားစုအကြောင်းတွေခေါင်းထဲပေါ်လာပါလိမ့်မယ်။ အလုပ်အကြောင်းအတွေပေါ်လာပါလိမ့်မယ်။ လုူမှုရေးအကြောင်းတွေပေါ်လာပါလိမ့်မယ်။ အမ ျားကြီးသင့်ခေါင်းထဲဝင်လာမှာဖြစ်ပြီးသင်တစ်ယောက်တည်းအေးအေးဆေးဆေးနေနေခ ျိန်မှာအဲ့ဒီအကြောင်းအရာတွေထဲကသင့်အတွက်တစ်ကယ့်ကိုအရေးကြီးတဲ့အရာတွေသာနောက်ဆုံးမှာက ျန်ရစ်ခဲ့မှာဖြစ်ပြီးသင့်ဘဝအတွက် ဒါမှမဟုတ် သင့်ဘဝအတွက်အရေးကြီးသောသူတွေအတွက်သင်ဘာတွေလုပ်သင့်တယ်ဆိုတာကိုသင်စပြီးတွေးလာနိုင်မှာပဲဖြစ်ပါတယ်။ ရှုပ်ထွေးလှတဲ့မြို့ ပြကြီးမှာပဲဖြစ်ဖြစ်၊ အခြားသောသူတွေအမ ျားကြီးနဲ့ ခရီးထွက်ရင်ပဲဖြစ်ဖြစ်အဲ့ဒီလိုတွေစဉ်းစားဖို့အခ ျိန်ရမှာမဟုတ်ပါဘူး။ တစ်ယောက်တည်းခရီးသွားမှသာအဲ့ဒါတွေစဉ်းစားမိမှာပဲဖြစ်ပါတယ်။ ၃) တစ်ယောက်တည်းသွားရတာထင်သလောက်ကြောက်စရာမကောင်းမှန်းသိလာပါလိမ့်မည်။ တစ်ယောက်တည်းခရီးမသွားဘူးသူမ ျားအနေနဲ့ကတော့စိုးရိမ်ကြောက်ရွံ့ မှုုတွေအပြည့်နဲ့ပေါ့။ ကိုယ်ကသူတို့စကားမပြောတတ်တော့တစ်ခုခုဆိုဘယ်လိုလုပ်မလဲ၊ လုံကောလုံခြုံပါ့မလား၊ ပိုက်ဆံတွေအကုန်က ျပြောက်သွားရင်ဘယ်လိုလုပ်မလဲ စသည်စသည်ဖြင့်ကြောက်လန့်မှု မ ျိုးစုံတွေနဲ့ ပေ့ါဗ ျာ။ ဟုတ်လည်းဟုတ်ပါတယ်။ တစ်ယောက်တည်းခရီးသွားမယ်ဆိုရင်တစ်ကယ်ကိုစဉ်းစားပြီးပြင်ဆင်သင့်တဲ့မေးခွန်းတွေပါ။ ဘယ်နိုင်ငံမှာပဲနေနေအခက်အခဲနဲ့ အန ္တရာယ်ဆိုတာရှိပြီးသားပါ။ မသွားခင်သေခ ျာကိုယ်ကိုယ်တိုင်အဲ့ဒီနိုင်ငံအကြောင်းဖတ်ရှုလေ့လာသင့်ပါတယ်။ မလုပ်သင့်တဲ့အရာတွေကိုမလုပ်မိဖို့ဂရုပြုသင့်ပါတယ်။ ဥပမာအနေနဲ့ ဆိုရင်တော့ ဘယ်လောက်ပဲခရီးတွေသွားဖူးတဲ့လူဖြစ်ဖြစ်သူစိမ်းတိုင်းပြည်မှာညဘက်တစ်ယောက်တည်းလမ်းမကြီးမှာလေ ျှာက်မသွားသင့်ဘူးဆိုတာမ ျိုးသတိထားရမှာပဲဖြစ်ပါတယ်။ အဲ့ဒီလိုအခ ျက်အလက်စုံစုံလင်လင်ကိုဂရုတစိုက်နဲ့ လိုက်နာမယ်ဆိုရင်တော့တစ်ယောက်တည်းခရီးသွားလည်းအတော်ကိုအန ္တရာယ်တွေရှောင်ရှားနိုင်ပြီးပေ ျာ်ဖို့ကောင်းတဲ့ခရီးစဉ်တစ်ခုဖြစ်လာမှာပါ။ နောက်တစ်ခုကကိုယ့်လိုပဲတစ်ယောက်တည်းသွားနေတဲ့ခရီးသွားဧည့်သည်တွေအမ ျားကြီးရှိကြောင်းလည်းကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ၄) မိတ်ဆွေသစ်တွေရလာမှာပါ။ မိတ်ဆွေအပေါင်းအသင်းတွေမိသားစုတွေနဲ့ သွားတဲ့အခါအခြားသူနဲ့ စကားပြောဖြစ်ဖို့အခြေအနေကနည်းပါတယ်။ သူမ ျားကစကားလာပြောဖို့လည်းနည်းပါတယ်။ တစ်ယောက်တည်းခရီးသွားတဲ့အခါ အခြားမိတ်ဆွေသစ်တွေနဲ့ စကားပြောမိတ်ဖွဲ့ ပိုမ ျားပါတယ်။ ခရီးသွားရတာဝါသနာပါတဲ့လူအခ ျင်းခ ျင်းဖြစ်တဲ့အတွက်လည်းစကားပြောရတာအတိုင်အပေါက်ညီလှပြီးဗဟုသုတဖလှယ်ရင်းမိတ်ဆွေသူငယ်ခ ျင်းသစ်တွေရရှိလာမှာပဲဖြစ်ပါတယ်။ နိုင်ငံမတူပေမယ့်လည်းတစ်သက်တာခရီးသွားမိတ်ဆွေတွေဖြစ်လာခဲ့တဲ့ဥပမာတွေအမ ျားကြီးလည်းရှိပါတယ်။ ၅) ဘယ်သူနဲ့ မှညှိစရာမလိုပဲကိုယ်ကြိုက်တာလုပ်၊ကိုယ်ကြိုက်တဲ့နေရာသွား၊ကိုယ်ကြိုက်တာကိုစားနိုင်ပါတယ်။ ဒီအခ ျက်ကတော့တစ်ကယ်ကိုကောင်းပါတယ်။ ခရီးသွားရင်းကြုံဖူးကြမှာပါ။ ဘယ်လောက်ခ ျစ်တဲ့သူနဲ့ပဲသွားသွားအနည်းငယ်တော့ညှိရသေးတာပါပဲ။တစ်ခါတစ်ခါအလွန်စိတ်ပ ျက်ဖို့ကောင်းပါတယ်။ခရီးတောင်ဆက်မထွက်ခ ျင်လောက်အောင်ကိုညှိရတာမ ျိုးလည်းရှိပါတယ်။ တစ်ယောက်တည်းခရီးသွားတာဆိုတေ့ာကြိုက်တဲ့အခ ျိန်ထလို့ရတယ်။ ကြိုက်တဲ့နေရာမှကြိုက်တာမှာစားလို့ရတယ်။ မကေ ျနပ်လည်းဟိုတယ်မှာတစ်နေကုန်နှပ်နေရုံပဲ။အားနာပါးနာနဲ့ လေ ျှ ာက်သွားနေစရာကိုမလိုတာ။ကိုယ့်စိတ်ကြိုက်ပေါ့ကွယ်။ ၆) ပိုမိုယုံကြည်မှုရှိလာပါလိမ့်မယ်။ လောကကြီးမှာတစ်ယောက်တည်းခရီးသွားဖူးတဲ့လူတွေကခပ်ရှားရှားပါ။ အဲ့ဒီလိုတစ်ကိုယ်တော်ခရီးသွားခြင်းဖြင့်အကြောင်းအရာတွေတော်တော်မ ျားမ ျားစီစဉ်တက်လာတယ်။ ပြသာနာဖြစ်လည်းကိုယ့်ဘာသာရှင်းတတ်လာတယ်။ လူအသစ်တွေနဲ့ ပိုပြီးဆက်ဆံလာရတယ်။ အဲ့ဒါကြောင့်လည်းပိုပြီးတော့ယုံကြည်မှုတွေရှိလာမှာပဲဖြစ်ပါတယ်။ ၇) အမြင်က ျယ်လာပါလိမ့်မယ်။ နောက်ဆုံးအခ ျက်လည်းဖြစ်သလိုအရေးအကြီးဆုံးအခ ျက်လည်းဖြစ်ပါတယ်။ ဒီအိမ်လေးမှာနေ ဒီရပ်ကွက်ထဲမှာပဲကြီး ဒီအလုပ်မှာပဲတစ်သက်လုံးလုပ်ပြီး သေးသိမ်တဲ့အတွေးအခေါ်တွေနဲ့ လူတကာကိုဆရာကြီးလုပ် သူပဲအားလုံးတတ်သူပဲအားလုံးသိ ဆိုတဲ့လူစားမ ျိုးတွေကို သူငယ်ခ ျင်းတို့ဘဝမှာတွေ့ဖူးကြမှာပါ။ ခရီးတွေထွက်ပါမ ျားလာရင်အသစ်အဆန်းတွေအမ ျားကြီးကိုကြုံတွေ့ရမှာပါ။ အဲ့လိုကြုံတွေရတဲ့အခါကိုယ်သိတာဘာမှမဟုတ်သေးကြောင်းသင်ယူစရာတွေအမ ျားကြီးရှိသေးကြောင်းကောင်းကောင်းကြီးသိလာမှာပါ။အဲ့လိုသိလာတဲ့အခါအခြားသူတွေရဲ့ စကားကိုသေသေခ ျာခ ျာနားထောင်တတ်လာတယ်။ အရာတစ်ခုကိုအလွယ်တကူမဖြစ်နိုင်ဘူးမအောင်မြင်နိုင်ဘူးဆိုတဲ့အဆိုးမြင်အတွေးအခေါ်တွေလည်းလေ ျာ့နည်းလာလိမ့်မယ်။ အရာတစ်ခုကိုအမြင်တစ်မ ျိုးတည်းနဲ့ပဲမကြည့်ပဲ ထောင့်ပေါင်းစုံကနေကြည့်တတ်လာမှာပါ။ လူတော်တို့ရဲ့ အက ျင့်စရိုက်တွေကိုခရီးသွားခြင်းအားဖြင့်သင်ယူလာနိုင်မှာပဲဖြစ်ပါတယ်။ အားလုံးခရီးတွေအမ ျားကြီးသွားပြီးပေ ျာ်ရွှင်သောဘဝလေးတည်ဆောက်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ သူငယ်ခ ျင်းတို့ရဲ့ တစ်ကိုယ်တော်ခရီးသွားအတွေ့အကြုံကောင်းလေးတွေရှိရင်လည်းအောက်ကမန့်မှာအားလုံးသင်ယူနိုင်အောင်ပြောပြပေးပါဦး။ ခရီးမ ျားမ ျားသွားဖို့တိုက်တွန်းခ ျင်တဲ့သူတွေရှိရင်လည်းဒီပို့စ်လေးကိုရှယ်လ်ပြီးတိုက်တွန်းလိုက်ပါဦးနော်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ကမ္ဘာ့အသက်ငယ်ဆုံး ဘီလီယံနာသူဋ္ဌေးလေးမ ျား ၅ယောက်အကြောင်း

အခ ျို့ သောသူမ ျားကအင်မတန်ကံကောင်းပြီးအမွေဆက်ခံရရှိခဲ့တဲ့အတွက်ဘီလီယံနာမ ျားဖြစ်ခဲ့ကြသလိုအခ ျို့ ကလည်းတစ်ကယ်ကိုကြိုးစားပြီးအကြံဉာဏ်ကောင်းတွေကိုအကောင်အထည်ဖော်နိုင်ခဲ့လို့ဘီလီယံနာဖြစ်ခဲ့ကြပါတယ်။ ဘာအကြောင်းကြောင်းကြောင့်နဲ့ ပဲဖြစ်ဖြစ်အသက်ငယ်ရွယ်သူတွေလည်းဘီလီယံနာဖြစ်နိုင်တဲ့အကြောင်းကိုမိတ်ဆွေတို့အားက ျအတုယူစေနိုင်ရန်လူငယ်ဘီလီယံနာလေးမ ျားအကြောင်းဗဟုသုတအနေနဲ့ဝေမ ျှလိုက်ရပါတယ်။ Alexandra Anderson and Katharina Anderson နော်ဝေနိုင်ငံသူတွေဖြစ်တဲ့ Alesxandra နဲ့ Anderson တို့ညီအစ်မနှစ်ယောက်ဟာ ကမ္ဘာ့အသက်ငယ်ဆုံး ဘီလီယံနာတွေဖြစ်ကြပါတယ်။ Alesandra က (၂၁) နှစ်နဲ့ Katharina က (၂၂) နှစ်ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ ရင်းနှင်းမြုပ်နှံမှုကုမ္ပဏီ Fred ရဲ့ဝေစု 42% ကိုအမွေရရှိပြီးတဲ့နောက်မှာ သူတို့တစ်ဦးချင်းစီရဲ့ ချမ်းသာမှုက 1.2 billion စီရှိနေကြပါတယ်။ Gustav Magnar Witzoe ကမ္ဘာ့အကြီးဆုံး ဆော်လမွန်ငါးမွေးမြူထုတ်လုပ်ရေးနဲ့ နော်ဝေနိုင်ငံရဲ့ ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Salmar ASA ရဲ့ဝေစု 47% ကိုပိုင်ဆိုင်ထားတဲ့ Gustav Magnar Witzoe ကတော့ အသက် (၂၃) နှစ်အရွယ်မှာ 1.7 billion ပိုင်ဆိုင်ထားပါတယ်။ John Collison and Patrick Collison အိုင်းရစ်လူမျိုး စွန့်ဦးတီထွင်သူတွေဖြစ်တဲ့ John နဲ့ Patrick တို့ညီအစ်ကိုကို Stripe တည်ထောင်သူတွေအဖြစ် လူသိများကြပါတယ်။ Stripe ဆိုတာ အွန်လိုင်းပေါ်ကနေငွေပေးချေနိုင်ဖို့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုပါ။ John က (၂၇) နှစ်နဲ့ Patrick က (၂၈) နှစ်ဖြစ်ပြီးတော့ ကမ္ဘာ့အသက်ငယ်ဆုံး Sefl-made billionaires တွေဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ချမ်းသာမှုက တစ်ဦးချင်းစီကို 1.1 billion စီရှိကြပါတယ်။ Evan Spiegel American multinational technology နဲ့ နာမည်ကေ ျာ်လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Snapchat တို့ရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်တဲ့ Evan Spiegel ဟာအသက် (၂၇) နှစ်သာရှိပါသေးတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုကတော့ 3.3 billion ရှိပါတယ်။ Ludwig Theodor Braun ဒီဘီလီယံနာရဲ့ ထူးခြားတဲ့အခ ျက်ကတော့ငယ်ငယ်ရွယ်ရွယ်နဲ့ ခ ျမ်းသာကြွယ်ဝသူဖြစ်သော်လည်းသူ၏ဓါတ်ပုံကိုအွန်လိုင်းတွင်ရှာရန်ပင်အလွန်ခက်ခဲလှပါပေတယ်။ ကမ္ဘာ့အကြီးမားဆုံး ဂ ျာမနီဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ B.Braun Melsungen AG ကိုဦးဆောင်နေသူ Ludwig Theodor Braun ဟာ ကုမ္ပဏီဝေစု 10% ကိုပိုင်ဆိုင်ထားပြီး အသက် (၂၈) နှစ်အရွယ်မှာ 1.2 billion ပိုင်ဆိုင်ထားပါတယ်။ #YoungBillionaires#BaWa101 #Inspirations ? ( BaWa101 ) Source: forbes.com ဓါတ်ပုံမ ျားကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

နာမည်ကြီးတရုတ်သူဋ္ဌေးကြီး Jack Ma ပြောကြားခဲ့သောအလုပ်နှင့်ရှုံးနှိမ့်မှု ။

ယနေ့ခေတ်ရဲ့ အအောင်မြင်ဆုံး စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့၊ တစ်နည်းပြောရရင် ၂၁ ရာစုရဲ့အကြီးက ျယ်ဆုံး entrepreneur တစ်ဦးဖြစ်တဲ့ Jack Ma ပြောနေကြစကားတစ်ခွန်းရှိပါတယ်။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ကမ္ဘာကြီးကိုပြောင်းလဲခဲ့သောလူသားများ၏နာမည်ကြီးအဆိုအမိန့်များ

ကမ္ဘာကိုပြောင်းလဲနိုင်ခဲ့တဲ့ သို့မဟုတ်၊ နိုင်ငံနဲ့ချီပြီး လွှမ်းမိုးမှုကြီးမားခဲ့တဲ့ လူသားတွေ ခေတ်အဆက်ဆက်မှာ အသီးသီးထွက်ပေါ်ခဲ့ကြပါတယ်။ အခုဖော်ပြပေးမှာကတော့ ကမ္ဘာကေ ျာ်ခဲ့တဲ့လူသားတွေရဲ့ ကမ္ဘာကေ ျာ်အဆိုအမိန့်တွေထဲက အချို့ကိုထုတ်နုတ်ပြီး အတတ်နိုင်ဆုံးဘာသာပြန်ကာသူငယ်ချင်းတို့နဲ့ မ ျှဝေလိုက်ပါတယ်။ ၁။ “လကမ္ဘာပေါ်ကိုခ ျခဲ့တဲ့ ခြေတစ်လှမ်း၊ လူသားတစ်ယောက်အနေနဲ့တော့ ဒါက ခြေလှမ်းသေးသေးလေးပါပဲ။ ဒါပေမယ့် လူသားမျိုးနွယ်စု တစ်ခုလုံးအတွက်ဆိုရင်တော့ ကြီးမားတဲ့ခြေတစ်လှမ်းပါ။” – Neil Armstrong ၂။ “ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့က ျလို့ရှိရင် ကျွန်တော့်ရဲ့ ကလေး ၄ ယောက်ဟာ လူတစ်ယောက်ရဲ့ အသားအရောင်ကိုကြည့်တာမဟုတ်ပဲ သူ့ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ စာရိတ္တအပေါ်ကိုသာ မူတည်ပြီး ဝေဖန်အကဲဖြတ်ခံရမယ့် နိုင်ငံမှာနေနိုင်ရမယ်။” – Martin Luther King ၃။ “ကျွန်မဘဝမှာ အဖြစ်အပ ျက်ဆိုးတွေကြုံခဲ့ရပေမယ့်၊ လူသားတွေရဲ့ တကယ့်အတွင်းစိတ်ဟာ ကောင်းမွန်တယ်လို့ ကျွန်မအခုထိ ယုံကြည်ဆဲပါ။” – Anne Frank ၄။ “ကေ ျးကျွန်ပြုတဲ့ အလေ့အထကသာ မမှားယွင်းဘူးဆိုရင် တခြားဘယ်အရာမှ မမှားယွင်တော့ဘူး။” – Abraham Lincoln ၅။ “လူတိုင်းက ကမ္ဘာကြီးကို ပြောင်းလဲဖို့ တွေးကြတယ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့က ျ ဘယ်သူမှ မတွေးကြဘူး။” – Leo Tolstoy ၆။ “အားနည်းပေ ျာ့ညံ့သူတွေဟာ ဘယ်တော့မှ ခွင့်မလွှတ်တတ်ကြဘူး၊ ခွင့်လွှတ်ခြင်းဆိုတာ ခွန်အားကြီးသူတွေရဲ့ လက္ခဏာတစ်ခုဖြစ်တယ်။” – Mahatma Gandhi ၇။ “ကမ္ဘာကြီးကို ပြောင်းလဲဖို့အတွက် ပညာရေးက စွမ်းအားအရှိဆုံးလက်နက်ဖြစ်တယ်။” – Nelson Mandela ၈။ “တံခါးတစ်ခ ျပ်ပိတ်သွားရင် နောက်တံခါးတစ်ခ ျပ်ပွင့်သွားတယ်။ ဒါပေမယ့် ကျွန်မတို့တွေက ပိတ်သွားတဲ့တခါးကိုပဲ အချိန်အကြာကြီးကြည့်နေတတ်ကြတဲ့အတွက် ဖွင့်ပေးလိုက်တဲ့ နောက်တံခါးကို မမြင်ကြတတ်ပါဘူး။” – Helen Keller #QuotesByInfluentialPeople #BAWA101 ? ( BaWa101 ) Source: “History best quotes,” by huffingtonpost.com

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ရှည်လ ျားခက်ထန်တဲ့ရက်သတ္တပတ်တစ်ခုကိုကျော်လွန်နိုင်စေဖို့လိုအပ်တဲ့စိတ်ခွန်အားအတွက်စာစုများ

ရှည်လ ျားခက်ထန်တဲ့ရက်သတ္တပတ်တစ်ခုကိုကျော်လွန်နိုင်စေဖို့လိုအပ်တဲ့စိတ်ခွန်အားအတွက်စာစုများ #InspirationEveryday #Translations #BaWa101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ခရီးတွေအများကြီးတစ်ချိန်လုံးသွားချင်တယ်။

ခရီးတွေအများကြီးတစ်ချိန်လုံးသွားချင်တယ်။ #InspirationEveryday #BAWA101 #Translations

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ကိုယ်ကျိုးကိုမငဲ့ပဲနိုင်ငံတကာတွင်လူမှုအကျိုးပြုလုပ်ငန်းဆောင်တာများပြုလုပ်နေသည့်အာဂလူသားတို့၏လုပ်ဆောင်ချက်များ

အများအက ျိုးကို ကူညီသယ်ပိုးတာဟာ ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ လူသားတွေနေထိုင်နေရာ ဒီကမ္ဘာမြေကြီး ပိုမိုကောင်းမွန်လာဖို့အတွက် လူသားအားလုံးမှာ တာဝန်ကိုယ်စီရှိကြပါတယ်။ အခုဖော်ပြမှာကတော့ ကိုယ်က ျိုးကို မငဲ့ကွက်ပဲ နိုင်ငံတကာမှာ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ ခ ျီးက ျူးထိုက်တဲ့ လေးစားဖွယ် အာဂလူသားအချို့နဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုအားက ျအတုယူနိုင်ရန်ရှယ်ပေးလိုက်ရပါတယ်။ ၁။ ဉာဏ်ရည်ပိုင်းဆိုင်ရာ အခက်အခဲရှိသူတွေကို အလုပ်ခန့်ထားတဲ့ Bitty & Beau ကော်ဖီဆိုင် မြောက်ဘက် ကာရိုလိုင်းနားက ဝယ်လ်မင်တန်ဆိုတဲ့ မြို့လေးမှာ Bitty & Beau’s Coffee ဆိုတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ ထူးခြားချက်ကတော့ အဲ့ဒီဆိုင်မှာရှိတဲ့ ဝန်ထမ်း၊ အလုပ်သမားတွေဟာ Down syndrome, Autism, Cerebral Palsy စတဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာ အခက်အခဲရှိသူတွေဖြစ်နေတာပါပဲ။ ဆိုင်ပိုင်ရှင် Amy Wright ကိုယ်တိုင်မှာလဲ Beau နဲ့ Bitty လို့ခေါ်တဲ့ Down syndrome ဖြစ်နေတဲ့ကလေး ၂ ယောက်ရှိပါတယ်။ ဒါကသူမရဲ့ စိတ်ကိုလှုံ့ဆော်ပေးခဲ့ပါတယ်၊ အကူအညီလိုအပ်နေတဲ့ လူမှုအသိုက်အဝန်းတစ်ခုကို သူမဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲ။ ဒါနဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ စိတ်ကူးစရခဲ့ပါတယ်။ ၂၀၁၆ မှာစဖွင့်ခဲ့တဲ့ သူမရဲ့ဆိုင်မှာ အခုဆိုရင် ဉာဏ်ရည်ပိုင်းဆိုင်ရာ အခက်အခဲရှိသူ ၄၀ ခန့်ကို အလုပ်ခန့်ထားနိုင်နေပြီး ကောင်းမွန်စွာ လည်ပတ်နေပါတယ်။ ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲရှိသူတွေရဲ့ ၇၀% ဟာအလုပ်မရှိကြပါဘူး။ Bitty & Beau’s Coffee Shop ဟာသူတို့အတွက်တော့ မျှော်လင့်ချက်တွေ မွေးဖွေးပေးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ နားခိုရာနေရာတစ်ခုလဲဖြစ်ပါတယ်။ ၂။ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ဆပ်ပြာတွေဖြန့်ဝေပေးနေတဲ့ Eco-Soap Bank ကမ်ဘောဒီးယားနိုင်ငံသားအများစုအတွက် ဆပ်ပြာဆိုတာ ဇိမ်ခံပစ္စည်းတစ်ခုလိုပါပဲ၊ သုံးစွဲဖို့ မတတ်နိုင်ကြပါဘူး။ ကေ ျးလက်ဒေသမှာဆို ကလေးငယ်တွေမှာ ရောဂါတွေဖြစ်ကြတယ်၊ လက်ဆေးတဲ့အခါ ဆပ်ပြာမသုံးနိုင်ကြလို့ပါ။ UNICEF ရဲ့စစ်တမ်းအရ ကမ်ဘောဒီးယားမှာ အသက် ၅ နှစ်အောက် ကလေး ၅ ယောက်မှာ ၁ ယောက်က ဝမ်းရောဂါကြောင့် သေဆုံးနေရပါတယ်။ ဒီလိုအခြေအနေတွေကို ၂၀၁၄ ခုနှစ်မှာ ကမ်ဘောဒီးယားကျေးရွာတစ်ခုမှာ လာရောက်ကူညီတဲ့ ကောလိပ်ကျောင်းသား Samir Lakhani တစ်ယောက်တွေ့သွားခဲ့ပါတယ်။ ဒီကျန်းမာရေး ပြသနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုက အလဟသဖြစ်နေတဲ့ ဟော်တယ်တွေက ဆပ်ပြာတုံးတွေဖြစ်တယ်ဆိုတာလဲ သိလာခဲ့ပါတယ်။ ဒါနဲ့ Eco-Soap Bank ကိုစတင်တည်ထောင်ခဲ့တယ်။ သူ့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကနေ ကမ်ဘောဒီးယားမှာရှိတဲ့ ဟော်တယ်တွေကနေ အလဟသဖြစ်နေတဲ့၊ အသုံးပြုနိုင်သေးတဲ့ စွန့်ပစ် ဆပ်ပြာတုံးတွေကို စုဆောင်းတယ်၊ ပြီးတော့ ပြန်လည်အသုံးပြုနိုင်အောင် ထုတ်လုပ်တယ်၊ နောက်ပြီး လိုအပ်တဲ့နေရာတွေကို ဖြန့်ဝေပေးပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုပြသနာကိုလဲ တစ်ထောင့်တစ်နေရာက ပါဝင်ဖြေရှင်းပေးပြီးသားဖြစ်တယ်၊ သူ့ရဲ့လုပ်ငန်းအတွက် ပြည်တွင်း အမျိုးသမီးအလုပ်သမား ၃၅ အတွက်လဲ အလုပ်ရှာဖွေခန့်ထားပေးနိုင်တယ်၊ ဟော်တယ်တွေမှာ မလိုအပ်ပဲ အမှိုက်ပွနေတာကိုလဲ ရှင်းပေးပြီးသားဖြစ်ပါတယ်။ ခဲတစ်လုံးထဲနဲ့ ငှက် ၃ ကောင်ထိသလိုပါပဲ၊ Eco-Soap Bank ဟာယနေ့မှာဆို လူပေါင်း ၆၅၀,၀၀၀ ကျော်ရဲ့ ကျန်းမာရေးကို အထောက်အကူပြု တိုးတက်စေနိုင်ခဲ့ပြီဖြစ်ပါတယ်။ ၃။ မိဘမဲ့ AIDS ကလေးငယ်တွေရဲ့ ကယ်တင်ရှင် Mama Rosie UNICEF ရဲ့ခန့်မှန်းချက်အရ တောင်အာဖရိကမှာ မိဘမဲ့ကလေးငယ် အရေအတွက်ဟာ ၃.၇ သန်းကျော်ရှိပါတယ်။ ၎င်းတို့ထဲက ကလေးငယ်တစ်ဝက်ခန့်ရဲ့ မိဘတွေဟာ AIDS နဲ့သေဆုံးခဲ့သူတွေ ဖြစ်ပါတယ်။ ဒီကလေးငယ်တွေကို ဘယ်သူကကြည့်ရှုစောင့်ရှောက်ပေးမှာလဲ။ Rosie Mashale ဟာကျောင်းဆရာမဟောင်းတစ်ဦး ဖြစ်ပါတယ်။ ကိတ်ပ်တောင်းမြို့ကို ပြောင်းရွှေ့နေထိုင်တဲ့အချိန်မှာ မြောင်းကြိုမြောင်းကြားတွေထဲမှာ အစာရှိလိုရှိငြား လိုက်ရှာနေကြတဲ့ ကလေးငယ်လေးတွေကို စိတ်ထိခိုက်စွာ တွေ့ခဲ့ရတယ်။ ဒီလိုနဲ့ သူမတတ်နိုင်သလောက် ကလေးငယ်တွေကို စောင့်ရှောက်ပေးရင်းနဲ့ သူမရဲ့ အိမ်ဟာ နေ့ကလေးထိန်းဂေဟာလေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ သူမရဲ့အိမ်ရှေ့မှာ လာရောက်စွန့်ပစ်ထားခံရတဲ့ ကလေးငယ်လေးကို တွေ့ခဲ့တယ်၊ ၂ နှစ် ၃ နှစ်ခန့်သာရှိပါဦးမယ်။ ဒီလိုနဲ့ မိဘမဲ့ကလေးစောင့်ရှောက်ရေး ဂေဟာကိုပါ စတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့အချိန်မှာဆိုရင် Rosie Mashale နဲ့ သူမရဲ့အဖွဲ့ဟာ အစွန့်ပစ်ခံ AIDS ကလေးငယ် ၅၀၀၀ ကျော်ကို စောင့်ရှောက်ကူညီပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ၄။ ကလေးငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ လူမှုဝန်းကျင်တစ်ခုဖန်တီးပေးနေတဲ့ Harlem Grown စိုက်ခင်း Tony Hillery ဟာလွန်ခဲ့တဲ့ ၆ နှစ်ခန့်က နယူးယော့ခ်မြို့၊ ဟာလမ်မက ပုဂ္ဂလိကကျောင်းတစ်ခုမှာ သင်ကြားရေးပိုင်း လုပ်အားပေးအနေနဲ့ ဝင်ရောက်ကူညီခဲ့ဖူးပါတယ်။ ကလေးငယ်တော်တော်များများရဲ့ မိသားစုတွေဟာ ဆင်းရဲနွမ်းပါးကြပါတယ်။ တစ်နေ့တော့ မူလတန်းကျောင်းသားလေးတစ်ဦးကို ခရမ်းချဉ်သီးဘယ်ကသီးလဲလို့မေးလိုက်တဲ့အခါ စူပါမားကတ်ကသီးတယ်လို့ပြန်ပြောတော့ သူအံ့သြသွားခဲ့ပါတယ်။ ကလေးငယ်တော်တော်များဟာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို မတတ်နိုင်ကြသလို ပိုဆိုးတာက ဟင်းသီးဟင်းရွက်တွေ ဘယ်ကရတယ်ဆိုတာကိုပါ မသိတာဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကိုလဲ ကွဲကွဲပြားပြား မသိကြပါဘူး။ ဒါနဲ့ ကေ ျာင်းမ ျက်စောင်းထိုးမှာရှိတဲ့ စွန့်ပစ်ထားတဲ့ ဥယ ျာဉ်ဟောင်းတစ်ခုကို အသုံးချဖို့ အကြံရသွားပါတယ်။ လိုအပ်တဲ့ စီစဉ်မှုတွေ ပြုလုပ်ပြီးနောက်မှာ သီးနှံစိုက်ခင်းအဖြစ် ပြောင်းလဲလိုက်ပြီး Harlem Grown ဆိုတာဖြစ်ပေါ်လာပါတယ်။ ယနေ့မှာဆိုရင် Harlem Gorwn စိုက်ခင်း ၁၀ ခုအထိရှိလာပြီဖြစ်ပါတယ်။ Tony Hillery နဲ့သူ့ရဲ့ဝန်ထမ်းတွေက ကလေးငယ်တွေကို သီးနှံစိုက်ပျိုးနည်းတွေ သင်ပေးတယ်၊ ဟင်းချက်နည်းတွေလဲ သင်ကြားပေးပါတယ်။ Harlem Grown ဟာသီးနှံစိုက်ခင်းတစ်ခုဆိုတာထက် ပိုပါတယ်၊ ဒါဟာ ကလေးငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ လူမှုဝန်းကျင်တစ်ခုကို တည်ဆောက်ပေးနေတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ နှစ်စဉ် ကလေး ၄၀၀၀ ကျော်ကို ကောင်းမွန်တဲ့ ပညာရေးသင်ကြားမှုတွေနဲ့ ချိတ်ဆက်ပေးနေလျက်ရှိပါတယ်။ ၅။ အိမ်ခြေယာမဲ့တွေအတွက် ရွေ့လျားကိုယ်လက်သန့်စင်ခန်း Lava Mae Lava Mae ဆိုတာ စပိန်ဝေါဟာရဖြစ်ပါတယ်၊ “Wash me” လို့အဓိပ္ပါယ်ရပါတယ်။ ဆန်ဖရန်စစ္စကိုမှာ ထောင်ချီတဲ့ အိမ်ခြေမဲ့တွေအတွက် ကိုယ်လက်သန့်စင်ခန်းအရေအတွက်က ၂၀ ထက်နည်းပါတယ်။ ကျန်းမာရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ကိုယ်လက်သန့်စင်ခြင်းကိုတောင် လုပ်ဖို့ခက်ခဲနေတဲ့ ဒီလူမှုအသိုက်အဝန်းအတွက် တစ်စုံတစ်ခုလုပ်ပေးရမယ်ဆိုတာ Doniece Sandoval အတွေးရခဲ့ပါတယ်။ ဒါနဲ့ ၂၀၁၃ ခုနှစ်မှာ မြို့ပတ်ဘတ်စ်ကားဟောင်းတွေကို ရွေ့လျားကိုယ်လက်သန့်စင်ခန်းတွေအဖြစ် အသွင်ပြောင်းပြီး Lava Mae လို့ခေါ်တဲ့ အိမ်ခြေမဲ့တွေ ကိုယ်လက်သန့်စင်နိုင်မယ့် အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ကိုယ်လက်သန့်စင်တာအပြင် ဆံပင်ညှပ်တာ၊ အဝတ်အစားထောက်ပံ့ပေးတာ၊ ကျန်မာရေးစောင့်ရှောက်မှု စတာတွေကိုပါ ထောက်ပံံ့ပေးလျက်ရှိပါတယ်။ အခကျေးငွေမယူတဲ့ ဒီ Lava Mae အစီအစဉ်ဟာ လက်ရှိအချိန်ထိ အိမ်ခြေမဲ့ပေါင်း ၄,၀၀၀ ကျော်အတွက် ကိုယ်လက်သန့်စင်ဖို့နေရာ ထောက်ပံ့ပေးနိုင်ခဲ့ပါပြီ။ အခုဆိုရင် ဆန်ဖရန်စစ္စကိုမှာသာမက လော့စ်အိန်ဂျလိစ်နဲ့ ဆီလီကွန်ဗယ်လီမှာပါ ရွေ့လျားကိုယ်လက်သန့်စင်ခန်းတွေထားရှိပြီး အိမ်ခြေယာမဲ့တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလျက်ရှိပါတယ်။ #Inspiration #BaWa101 ? ( BaWa101 ) Original Source of Translation : “CNN Heroes,” cnn.com Photo Credit : CNN

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

နိုင်ငံတကာမှအားကျစရာကောင်းသောထင်ရှားသည့် Blogger ၁၀ ယောက်အကြောင်း

နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားနေတဲ့ Blogger တွေများစွာရှိပါတယ်။ ခရီးသွား၊ အစားအသောက်၊ စီးပွားရေး၊ စိတ်ဓာတ်တက်ကျဖွယ်၊ ဗဟုသုတရဖွယ် စသည်ဖြင့် နယ်ပယ်အသီးသီးမှာ ထူးချွန်စွာ စာရေးသားနေကြသူတွေပါ။ ဒီအထဲကမှ လေးစားအားကျစရာကောင်းတဲ့ ထင်ရှားတဲ့ Blogger (၁၀) ယောက်ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ ၁။ Gary Vaynerchuk (GaryVaynerchuk.com) နယူးယောက်ခ်မြို့က Blogger တစ်ဦးဖြစ်တဲ့ Gary Vaynerchuk ဟာ ဝိုင်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို တင်ဆက်တဲ့ ဗီဒီယိုဘလော့ဂ်တစ်ခုဖြစ်တဲ့ Wine Library TV မှာအစီအစဉ်တင်ဆက်သူအဖြစ်နဲ့ အင်တာနက်ပေါ်မှာ နာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းဗီဒီယိုဘလော့ဂ်ကနေတဆင့် သူ့ရဲ့ကိုယ်ပိုင် ဝိုင်လုပ်ငန်းကို ၁ နှစ်ကို ဒေါ်လာ ၃ သန်းတန်ဖိုးကနေ ဒေါ်လာသန်း ၆၀ တန်ဖိုးရှိ ဝိုင်လက်ကားရောင်းချတဲ့ လုပ်ငန်းကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ဒေါ်လာသန်းကြွယ်တန်ဖိုးရှိ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ရောင်းအားအကောင်းဆုံး စာရေးဆရာလဲ ၂ ကြိမ်တိုင်တိုင် ရွေးချယ်ခံထားရသူပါ။ ကမ္ဘာ့အကြီးမားဆုံးအမှတ်တံဆိပ်တွေနဲ့ လက်တွဲလုပ်ကိုင်လ ျှက်ရှိတဲ့ Vayner Media အမည်ရ အွန်လိုင်းမားကတ်တင်းအေဂျင်စီကို ပူးတွဲထူထောင်သူလဲဖြစ်ပါတယ်။ Gary Vaynerchuk ဟာဆိုရင် ကမ္ဘာ့နာမည်ကျော် The Wall Street Journal, GQ, Time Magazine စတဲ့မဂ္ဂဇင်းဂ ျာနယ်တွေမှာ ထည့်သွင်းဖော်ပြခြင်းခံထားရပြီး Late Night Show with Conan O’Brien နဲ့ The Ellen Degeneres Show လိုနာမည်ကျော် ရုပ်သံအစီအစဉ်တွေမှာ ပါဝင်ဖူးသူ နာမည်ကေ ျာ် Blogger တစ်ယောက်ပဲဖြစ်ပါတယ်။ ၂။ Rand Fishkin (SEOmoz.org) ကော်လိပ်ကေ ျာင်းမပြီးခင် ကေ ျာင်းမှထွက်ခဲ့တဲ့ Rand Fiskin ကမိသားစုပိုင် ဝက်ဘက်ဆိုဒ်တည်ဆောက်ပေးတဲ့ ကုမ္ပဏီတစ်ခုအတွက် အလုပ်လုပ်ပေးနေရင်းကနေ ၂၀၁၄ မှာ SEO (Search Engine Optimization) အကြောင်းကို ဘလော့ဂ်စတင်ရေးသားခဲ့ပါတယ်။ တစ်ဆက်ထဲမှာပဲ SEO နဲ့ပတ်သတ်ပြီး အကြံပေးဝန်ဆောင်မှုတွေကိုလဲ လုပ်ဆောင်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ SEOmoz ဘလော့ဂ်ဟာ အကြံပေးဝန်ဆောင်မှုလုပ်ငန်းကနေ ထွက်ခွာလိုက်ပြီးတော့ SEO ဆော့ဖ်ဝဲဖန်တီးမှုကို အာရုံစိုက်လုပ်ဆောင်လာခဲ့ပါတယ်။ အွန်လိုင်းရှာဖွေမှုတွေမှာ ပညာရေးဆိုင်ရာ သင်ထောက်ကူအရင်းအမြစ်တွေ ပိုမိုပြည့်စုံလာအောင်လဲ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ Rand Fishkin ပိုင်ကုမ္ပဏီဟာ တစ်လချင်းစီကို ဒေါ်လာသန်းချီဝင်ငွေရှိနေတဲ့ အောင်မြင်နေတဲ့ လုပ်ငန်းတစ်ခုပါ။ ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ၁၈ သန်းအထိတန်ကြေးမြင့်တက်ခဲ့ပါတယ်။ ရရှိထားတဲ့အမြတ်ငွေကို အခြားကုမ္ပဏီတွေကို ဝယ်ယူရာမှာ အသုံးပြုခဲ့တယ်။ လက်ရှိမှာ Rand Fishkin ဟာသူ့ရဲ့ကုမ္ပဏီကို အောင်မြင်စွာ လည်ပတ်လျက်ရှိပြီးတော့ သူ့ရဲ့ဘလော့ဂ်မှာလဲ ပို့စ်တွေဆက်လက်တင်ပေးလျက်ရှိပါတယ်။ ၃။ Pat Flynn (SmartPassiveIncome.com) Pat Flynn ဟာကမ္ဘာပေါ်မှာ လေးစားအားကျဖို့ အကောင်ဆုံး Blogger တစ်ဦးဖြစ်ပါတယ်။ အလုပ်ကထွက်လိုက်ရပြီးနောက်၊ ဘလော့ဂ်စတင်ရေးသားပြီး နှစ်အနည်းငယ်အကြာမှာတင် သူရဲ့မိသားစုကို ထောက်ပံ့ပေးဖို့ တာဝန်ကိုယူခဲ့ရပါတယ်။ သူတည်ဆောက်ခဲ့တဲ့ ဝက်ဘက်ဆိုဒ်တွေနဲ့ အွန်လိုင်းငွေရှာ လုပ်ငန်းတွေရဲ့ တိုးတက်မှုကို မှတ်သားထားဖို့အတွက် SmartPassiveIncome.com ဆိုတဲ့ ဝက်ဘက်ဆိုဒ်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး သူ့ရဲ့ပွင့်လင်းမြင်သာရှိမှုနဲ့ ရိုးသားမှုတို့ကြောင့် စာဖတ်သူအရေအတွက်တွေ ခိုင်ခိုင်မာမာကို ရရှိခဲ့ပါတယ်။ ယနေ့အချိန်ထိ Pat Flynn ကသူ့ရဲ့လစဉ်ရရှိငွေတွေကို စာဖတ်သူတွေကို မ ျှဝေပေးနေဆဲပဲဖြစ်ပါတယ်။ ဒါတွေက စာဖတ်သူတွေအတွက် စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေပါတယ်။ လက်ရှိအချိန်မှာတော့ စက်ရုံအလုပ်ရုံ ဆွေးနွေးပွဲတွေကို ပုံမှန်တက်ရောက်ရင်း သူ့ရဲ့ စာဖတ်ပရိတ်သတ်တွေနဲ့လဲ အဆက်အသွယ်မပြတ်စေပဲ မိသားစုကိုလဲ အချိန်ပေးကာ နေထိုင်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ၆ လမှာ Pat Flynn ရဲ့ပျမ်းမ ျှဝင်ငွေဟာ တစ်လကို ဒေါ်လာ ၅ သောင်းဝန်းက ျင်ရှိပါတယ်။ ၄။ Brian Clark (Copyblogger.com) Brian Clark က Copyblogger ဝက်ဘက်ဆိုဒ်ကိုတည်ထောင်သူဖြစ်ပါတယ်။ စွန်းဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ ပိုမိုကောင်းမွန်တဲ့ copywriter, content marketer တွေဖြစ်ဖို့ သင်ယူနိုင်မယ့်နေရာတစ်ခုအဖြစ် ၂၀၀၆ ခုနှစ်မှာ ဘလော့ဂ်ကို စတင်ခဲ့ပါတယ်။ အမိုက်စား အကြောင်းအရာတွေတင်ဆက်ပေးနိုင်တာကြောင့် အောင်မြင်လာခဲ့တဲ့ Copyblogger ဟာဆိုရင်ယနေ့ဆိုရင် ပုံမှန်ဝင်ရောက်ကြည့်ရှုသူပေါင်း ၁ သိန်းကျော်ရှိနေပြီဖြစ်ပါတယ်။ Copyblogger Media ကိုလဲတည်ထောင်ထားပြီး Scribe, Synthesis, Premise, StudioPress စတဲ့ ဆော့ဖ်ဝဲကုမ္ပဏီခွဲများစွာကိုလဲ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ Brain Clark ရဲ့အောင်မြင်မှုနောက်ကွယ်က အကြောင်းတရားကတော့ သူ့ရဲ့စာတွေကို ပုံမှန်စောင့်ဖတ်လေ့ရှိပြီး သူ့ရဲ့ကုမ္ပဏီက တည်ဆောက်လိုက်တဲ့ မားကတ်တင်းဆော့ဖ်ဝဲတွေကို ဝယ်ယူအားပေးတဲ့ သစ္စာရှိစာဖတ်သူတွေပဲဖြစ်ပါတယ်။ Brain Clark ဟာသူ့ရဲ့ Copyblogger ဝက်ဘ်ဆိုဒ်ကို သေချာစီမံလုပ်ဆောင်လျက် ရှိပါတယ်။ ၅။ Andrew Sullivan (thedishdaily.com) Andrew Sullivan ကသူ့ရဲ့ဘလော့ဂ် The Daily Dish ကို ၂၀၀၀ ခုနှစ်အကုန်မှာ စတင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် နှစ်လယ်ရောက်တဲ့အချိန်မှာတော့ လစဉ်ပုံမှန်ဝင်ရောက်ကြည့်ရှုသူ ၃ သိန်းကျော်ရှိနေပြီဖြစ်ပါတယ်။ ဒီနှစ်မှတော့ Andrew Sullivan ကသူ့ရဲ့ ဘလော့ဂ်မှာ အချိန်ပြည့်အလုပ်လုပ်နိုင်ဖို့အတွက် TIME, The Atlanic, The Daily Beast စတဲ့ဆိုဒ်တွေမှာ ဘလော့ဂ်တွေရေးနေတာကို ရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာဆိုရင် စာဖတ်သူတွေကို တစ်လကို ဒေါ်လာ ၂၀ ကျပ်နှုန်းကောက်ခံနေတာကနေ ဒေါ်လာသန်း ၃ သိန်း ၃ သောင်းကျော်အထိ ဝင်ငွေပြန်လည်ရရှိထားပြီးဖြစ်ပါတယ်။ ၆။ Harvey Levin (TMZ.com) Harvey Levin ဟာ အမေရိကန်ရှေ့နေ၊ တရားဥပဒေရေးရာ ဆန်းစစ်အကဲဖြတ်သူ၊ ဘလော့ဂ်ဂါနဲ့ ဆယ်လီဘရစ်တီ သတင်းထောက်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဝက်ဘ်ဆိုဒ် TMZ ဟာဆိုရင် အောင်မြင်ကျော်ကြားသူတွေရဲ့ သတင်းနဲ့ ကောလဟာလတွေကို ဖော်ပြပေးလျက်ရှိတာကြောင့် နာမည်ကျော်ကြားပါတယ်။ ကိုယ်ပိုင် ရုပ်သံအစီအစဉ်လဲရိုက်ကူးထုတ်လွှင့်လျက်ရှိပြီး CNN, FOX နဲ့အခြား မီဒီယာတွေမှာ အောင်မြင်ကျော်ကြားသူတွေရဲ့ သတင်းကိစ္စတွေနဲ့ပတ်သတ်ပြီး ဧည့်သည်အဖြစ် မကြာခဏပါဝင်လျက်ရှိပါတယ်။ Harvey Levin ဟာသူ့ဘလော့ဂ်ရဲ့ နာမည်ကျော်ကြားမှုကို အသုံးချပြီး ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုကို အောင်မြင်စွာတည်ဆောက်ထားပါတယ်။ ၇။ Michael Arrington (TechCrunch.com) Michael Arrington ကအရင်က ကယ်လီဖိုးနီးယားပြည်နယ်မှာ နည်းပညာပိုင်းဆိုင်ရာ ရောင်းဝယ်မှုတွေကို ကြားကကိုယ်စားလှယ်လုပ်ပေးသူ ရှေ့နေတစ်ယောက်ပါ။ Startup လုပ်ငန်းအပေါ်သူ့ရဲ့ စိတ်ပါဝင်စားမှုကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်မှာ TechCrunch.comလို့အမည်ရတဲ့ နည်းပညာဘလော့ဂ်တစ်ခုကို စတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ဘလော့ဂ်မှာ ကမ္ဘာတစ်ဝန်းက ရှေ့လျှောက်အောင်မြင်လာနိုင်ခြေရှိတဲ့ အကောင်းဆုံး နည်းပညာကုမ္ပဏီတွေနဲ့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တွေကို သူ့ရဲ့ထင်မြင်ချက်နဲ့ ယှဉ်ပြီးတော့ ဖော်ပြထားပါတယ်။ နည်းပညာပိုင်းဆိုင်ရာနယ်ပယ်မှာ လူဖတ်အများဆုံး ဘလော့ဂ်တစ်ခုဖြစ်လာပြီးနောက်မှာ TechCrunch.com ကို AOL က ဒေါ်လာသန်း ၃၀ နဲ့ဝယ်ယူခဲ့ပါတယ်။ Michael Arrington ကဒီငွေကိုအသုံးပြုပြီး ရင်းနှီးမြုပ်နှံသူအနေနဲ့ သူ့ရဲ့ကိုယ်ပိုင် ရင်းနှီးမြုပ်နှံမှုလုပ်ငန်း CruchFund ကိုတည်ထောင်ခဲ့တယ်၊ နည်းပညာကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။ ယနေ့အခါမှာဆိုရင် Michael Arrington ဟာနည်းပညာနယ်ပယ်မှာ အရေးပါသူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ၈။ Tim Ferriss (Fourhourworkweek.com/blog) Tim Ferriss ကသူ့ရဲ့ ဘလော့ဂ်ပို့စ်တွေကနေ ခိုင်မာတဲ့အွန်လိုင်း စာဖတ်ပရိတ်သတ်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ 4 Hour Work စာအုပ်ဟာဆိုရင် ရောင်းအားအကောင်းဆုံး စာအုပ် အချိန်တိုအတွင်းမှာ ဖြစ်လာခဲ့ပါတယ်။ အခြားရောင်းအားအကောင်းဆုံး မှတ်တမ်းဝင်ခဲ့တဲ့ စာအုပ် ၂ အုပ်ကိုလဲ ထပ်မံထုတ်လုပ်ထားခဲ့ပါတယ်။ Tim Ferriss က ကမ္ဘာတစ်ဝှမ်းမှာ စာရေးုခြင်းနဲ့ပတ်သက်ပြီး သင်ကြားပို့ချမှုတွေ မကြာခဏလုပ်လေ့ရှိပါတယ်။ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကမ္ဘာရဲ့ဘယ်နေရာကမဆို လက်ပ်တော့ပ်ရှိရုံနဲ့ အလုပ်လုပ်နိုင်တယ်ဆိုတဲ့ အင်တာနက်လူမှုနေထိုင်ပုံစံကို ရေပန်းစားအောင်စတင်ခဲ့သူအဖြစ် သတ်မှတ်ခြင်းခံထားသူပါ။ ၉။ Timothy Sykes (TimothySykes.com) Timothy Skykes ကသူ့မှာရှိတဲ့ Bar-Mitzvah ငွေဒေါ်လာ ၁ သောင်း ၂ ထောင်ကနေ ဒေါ်လာ ၁ သန်းကျော်ရရှိအောင် ပြုလုပ်ခဲ့တာကို မှတ်တမ်းတင်တဲ့သဘောမျိုးနဲ့ ဘလော့ဂ်ရေးတာကို စတင်ခဲ့တာဖြစ်ပါတယ်။ Penny စတော့ခ် ရောင်းဝယ်ဖလှယ်ရာမှာ အောင်မြင်စွာလုပ်ဆောင်နိုင်မှုတွေကြောင့် အင်တာနက်ပေါ်မှာ နာမည်ကျော်ကြားလာခဲ့ပါတယ်။ ထောင်ပေါင်း ရာချီတဲ့ ဝင်ရောက်ကြည့်ရှုသူတွေကြောင့် Profit.ly လိုမျိုး အင်တာနက်မှာကုန်စည်ရောင်းဝယ်ဖလှယ်သူတွေကို နည်းစနစ်တွေသင်ကြားပေးတဲ့ ကုမ္ပဏီတွေတိုးချဲ့နိုင်ခဲ့ပါတယ်။ Timothy Sykes ကို ABC, CNN, FOX နဲ့ CNBC တို့လို မီဒီယာတွေမှာ စတော့ခ်ဈေးကွက်နဲ့ ပတ်သတ်ပြီးမကြာခဏဆိုသလို ပါဝင်လေ့ရှိတာကို တွေ့မြင်နိုင်ပါတယ်။ ၁၀။ Darren Rowse (Problogger.com) Darren Rowse ကဘလော့ဂ်ရေးတာကို ဝါသနာတစ်ခုအနေနဲ့ စတင်ခဲ့တာပါ။ ဓာတ်ပုံပညာရပ်ဆိုင်ရာအကြောင်းတွေ၊ Oympics ပွဲတော်အကြောင်းတွေကို တင်ရင်းနဲ့ အခြား Blogger တွေကိုကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီး Problogger ကိုစတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။ အချိန်ပြည့်ဘလော့ဂ်ရေးသူအဖြစ် လုပ်ကိုင်နေပြီး ကြော်ငြာလုပ်ငန်းတွေ၊ ဆက်စပ်အစီအစဉ်တွေနဲ့ e-book ရောင်းချမှုတွေကနေ ဝင်ငွေရရှိနေသူဖြစ်ပါတယ်။ Forbes ရဲ့ ၂၀၁၇ ခုနှစ် အင်တာနက်ဆယ်လီဘရစ်တီစာရင်းမှာလဲ ထည့်သွင်းဖော်ပြခြင်းခံခဲ့ရပါတယ်။ Darren Rowse ဟာလက်ရှိအချိန်မှာတော့ သြစတြေးလျနိုင်ငံ မယ်လ်ဘုန်းမြို့မှာ သူ့ရဲ့မိသားစုနဲ့အတူ နေထိုင်နေပြီးတော့ ဘလော့ဂ်ရေးတာကို အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နေပါတယ်။ ? ( BaWa101 ) Translation from Original Source : “Top 10 most inspirational bloggers in the world,” lifehack.org ပုံမ ျားကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

စိတ်ကြံ့ ခိုင်သောလူတို့ ပြုလုပ်လေ့မရှိသည့်အလေ့အထ ၁၃ ခု

ပေ ျာ်ရွှင်က ျန်းမာတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ်ခန္ဓာက ျန်းမာသန်စွမ်းဖို့လိုသလို စိတ်ဓာတ်ပိုင်းဆိုင်ရာလဲ ကြံ့ ခိုင်သန်မာဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းတို့ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဖြစ်လာအောင် ဒီဆောင်းပါးလေးက အထောက်အကူပြုနိုင်မယ်လို့ မေ ျှာ်လင့်ရင်းနဲ့ စိတ်ဓာတ်ကြံ့ခိုင်မာတဲ့သူတွေ မပြုလုပ်တဲ့ အခ ျက် (၁၃) ခ ျက်ကိုရှာဖွေ ဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ကျရှုံးမှုကိုအံ့တုခဲ့သောအောင်မြင်သည့်အားကစားသမားများ၏ဖြစ်ရပ်မှန် ဇာတ်လမ်းများ

ဘဝမှာ တစ်ကြိမ်တစ်ခါတော့ လူတိုင်း ရှုံးနိမ့်ခဲ့ကြဖူးပါလိမ့်မယ်။ အခုလက်ရှိမှာ အောင်မြင်ကျော်ကြားနေသူတွေဟာ အမြဲအောင်မြင်နေခဲ့တယ်လို့ သင်ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ အောင်မြင်မှုကြီးလေလေ သူကြုံတွေ့ခဲ့ရတဲ့ ရှုံးနိမ့်မှုတွေ များလေလေပါပဲ။ အခုပြောပြမှာကတော့ ကျရှုံးမှုကို အံတုပြီး အောင်မြင်လာခဲ့တဲ့ နာမည်ကျော် အားကစားသမား (၅) ယောက်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေ ဖြစ်ပါတယ်။ Kieran Behan (ဘားဂျွမ်း ကစားသမား) သင်သာ တစ်သက်လုံး လမ်းလျှောက်နိုင်မှာ မဟုတ်တော့ဘူးလို့ အပြောခံရမယ်ဆိုရင် စိတ်ထဲဘယ်လို ခံစားရမလဲ? Kieran Behan ကတော့အဲ့လို အပြောခံခဲ့ရပါတယ်။ အသက် ၁၀ နှစ်အရွယ်မှာ ပေါင်ထဲက ကင်ဆာအကျိတ်လုံးကို ဖယ်ရှားဖို့ ခွဲစိတ်မှု ပြုလုပ်ခဲ့ရတယ်။ ခွဲစိတ်မှုက ဆိုးရွားခဲ့ပါတယ်။ သူ့ရဲ့ ပေါင်က နာ့ဗ်ကြောတွေ ထိခိုက်ပျက်စီးသွားခဲ့တာပေါ့။ ဒီ့မတိုင်ခင်အထိက သူဟာ ဂျွမ်းဘားကို အရူးအမူးနှစ်ခြိုက်ပြီး အိုလံပစ် ချန်ပီယံဖြစ်ဖို့ လေ့ကျင့်နေခဲ့တဲ့ ကလေးငယ်တစ်ဦးပါ။ ဒါပေမယ့် အခုလို လက်တွန်းလှည်းပေါ်မှာပဲ ထိုင်နေရတော့မယ့် ဘဝမှာ သူ့ရဲ့အိပ်မက်က ဘယ်လိုလုပ် ဖြစ်လာနိုင်တော့မှာလဲ။ လူအတော်များများက ဒီလိုပဲ တွေးမိကြပါလိမ့်မယ်။ ဒီအထဲမှာ သူကိုယ်တိုင်တော့ မပါဝင်ခဲ့ပါဘူး။ ပြန်လည်ကျန်းမာလာဖို့ အချိန်အတော်ကြာခဲ့တယ်။ လက်တွန်းလှည်းပေါ်မှာ ၁၅ လကြာ နေခဲ့ရပြီးနောက်မှာတော့ Gym ကိုပြန်သွားနိုင်ခဲ့တယ်။ ဒါပေမယ့် လအနည်းငယ်အကြာမှာပဲ လေ့ကျင့်နေရင်းနဲ့ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိပြီး ဦးနှောက်ဒဏ်ရာ ရခဲ့ပါတယ်။ ဘယ်လောက်တောင် ဆိုးလဲဆိုရင် မျက်တောင်ခတ်ရင်တောင်မှ မိုက်ခနဲဖြစ်သွားပြီး သတိမေ့သွားလေ့ရှိပါတယ်။ ကျောင်းကို တစ်နှစ်နားခဲ့ရတယ်။ ဒါပေမယ့် ဂျွမ်းဘားကစားဖို့ကတော့ သူ့စိတ်ထဲမှာ ရှိနေဆဲပါ။ ဒီအခေါက်ကတော့ ပိုခက်ခဲပါတယ်။ ဦးခေါင်းဒဏ်ကို ပြန်သက်သာလာအောင် အရင်ပြန်ကျန်းမာအောင် ကြိုးစားခဲ့ရတယ်။ ကျောင်းတက်တဲ့အခါ လမ်းလျှောက်တုတ်နဲ့ပေါ့။ အခန်းဖော်တွေရဲ့ လှောင်ပြောင်မှုတွေက နားထဲမှာ ပြည့်လို့။ မတော်တဆမဖြစ်ခင် အခြေအနေကို ပြန်ရဖို့ ၃ နှစ်တိတိ ပြန်ကြိုးစားခဲ့ရပါတယ်။ ဒီကြားထဲမှာ လေ့ကျင့်မှုတွေက ချောမွေ့နေတာတော့ မဟုတ်ခဲ့ဘူး။ အရိုးကျိုးတာတွေ အရိုးအက်သွားတာတွေ များစွာ ခံစားခဲ့ရတယ်။ အဆိုးဆုံးကတော့ ဥရောပချန်ပီယံပြိုင်ပွဲအတွက် ရွေးချယ်ခံရချိန်မှာပဲ ဒူးခေါင်းကြေတဲ့ ဒဏ်ရာ ထပ်ရခဲ့တာပါ။ ဒီတစ်ခါမှာတော့ Kieran Behan ကိုယ်တိုင် စိတ်ဓာတ်တော်တော် ကျသွားခဲ့ပါတယ်။ သူလက်လျှော့ခါနီးအထိ ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ အားကစားကို ချစ်တဲ့စိတ်ကြောင့်ပဲ လက်မလျှော့ဖြစ်ခဲ့ပါဘူူး။ သူ့ရဲ့ ဇွဲလုံ့လကြောင့် ၂၀၁၁ ခုနှစ်မှာ Challenge World Cup Floor ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်မှာ ပါဝင်ဖို့ လက်ရွေးစင်အဖြစ် နောက်ဆုံးတော့ ရွေးချယ်ခံခဲ့ရပါတယ်။ ဆိုးရွားလှတဲ့ နာကျင်မှု၊ ဒဏ်ရာတွေနဲ့ စိတ်ဓာတ်ကျဖွယ် အခြေအနေအားလုံးကို ကျော်ဖြတ်ခဲ့ပြီးနောက်မှာတော့ Kieran Behan ဟာသူ့ရဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ဇွဲလုံ့လနဲ့ စိတ်ဓာတ်ပြင်းပြမှုရဲ့ အကောင်းဆုံး နမူနာ စံပြအားကစားသမားတစ်ယောက်ပါပဲ။ Michael Jordan (ဘတ်စကတ်ဘော ကစားသမား) အားကစားကြိုက်နှစ်သက်သူတိုင်း Micahel Jordan ဆိုတဲ့နာမည်ကို ကြားဖူးကြမှာပါ။ ဘတ်စကတ်ဘောသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးခံရသူပေါ့။ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးနဲ့ အအောင်မြင်ဆုံး အားကစားသမားတစ်ဦး ဖြစ်ပါတယ်။ Michael Jordan ကတော့ သူ့ရဲ့ အောင်မြင်မှုတွေအားလုံးဟာ သူ့ရဲ့ကျရှုံးမှုတွေနေ အရင်းတည်လာတယ်လို့ ပြောပါတယ်။ ရှုံးနိမ့်မှုတွေက စိတ်ပျက်လက်ပျက်ဖြစ်စေမယ့်အစား သူ့ကို ပိုကြိုးစားဖို့ တွန်းအားတွေ ပေးခဲ့တယ်။ ကမ္ဘာ့အတော်ဆုံး ဘက်စကတ်ဘော ကစားသမားဟာ ငယ်စဉ်ဘဝတုန်းက အရည်အချင်းရှိတယ်လို့တောင် သတ်မှတ် မခံခဲ့ရသူပါ။ အထက်တန်းကျောင်း ဘက်စကတ်ဘောအသင်းကနေ ချန်လှပ်ထားခံခဲ့ရပါတယ်။ သူရဲ့ ရှုံးနိမ့်မှုတွေအားလုံးကို သူမှတ်ထားလေ့ရှိတယ်၊ ဒီအထဲမှာ ပွဲပေါင်း ၃၀၀ ရှုံးခဲ့ပြီး အရေးကြီးတဲ့ အနိုင်ရမှတ်အတွက် ၂၆ ကြိမ်တိတိ သူ့ရဲ့ပစ်သွင်းမှု လွဲချော်ခဲ့ဖူးတာတွေ ပါဝင်ပါတယ်။ ချန်ပီယံအများစုအနေနဲ့ ရှုံးနိမ့်သွားတာကြောင့် ဆက်မကြိုးစာချင်ကြတော့ဘူး၊ ဒါပေမယ့် Michael Jordan မှာတော့ အတွေးတစ်ခုထဲပဲရှိခဲ့တယ်၊ ဆက်ကြိုးစားဖို့။ သူပြောဖူးတဲ့စကားတစ်ခွန်းရှိပါတယ်။ “ကြောက်ရွံ့မှုက လူတစ်ချို့အတွက် အတားအဆီးဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ မဟုတ်ဘူး၊ အထင်မှားမှု ပုံရိပ်ယောင်တစ်ခု သက်သက်ပဲ။ ရှုံးသွားတာက နောက်ထပ်ကြုံလာမယ့် အခွင့်အရေးအတွက် အခုထက်ပိုကြိုးစားဖို့ အမြဲတွန်းအားပေးတယ်။” Bethany Hamilton (ရေလွှာလှိုင်းစီး ကစားသမား) Hawaii မှာကြီးပြင်းလာခဲ့တာမို့ Bethany Hamilton တစ်ယောက် အသက် ၇ နှစ်အရွယ်မှာထဲက ရေလွှာလှိုင်းစစီးတတ်နေပြီဆိုတာ ထူးခြားတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကံမကောင်းစွာနဲ့ ၂၀၁၃ ခုနှစ်မှာ သူမရဲ့ ဘယ်ဘက်လက် ငါးမန်းကိုက်ခံခဲ့ရပြီး ပြတ်သွားခဲ့ပါတယ်။ ပြန်လည်ကျန်းမာလာတဲ့အချိန်မှာ သူမကိုယ်သူမ ကတိ ၂ ခုပေးခဲ့တယ်၊ ပထမတစ်ခုက ကံဆိုးတာကို ငြီးညူအပြစ်တင်မနေဘူးဆိုတဲ့ ကတိနဲ့ ဒုတိယတစ်ခုက သူမ ရေလွှာလှိုင်းပြန်စီးကိုစီးနိုင်ရမယ်ဆိုတဲ့ ကတိပါ။ သူမနေရာမှာ တစ်ခြားတစ်ယောက်ဆို လက်လျှော့လိုက်နိုင်ပါတယ်၊ တော်ပြီ၊ ငါဆက်မလုပ်တော့ဘူး၊ ဒီလိုတွေးကောင်းတွေးမိနိုင်ပါတယ်။ Bethany Hamilton ကတော့ပြတ်သားသူပါ၊ ပြန်လည်ကျန်းမာလာပြီး ၂၆ ရက်အကြာမှာပဲ ပင်လယ်ထဲပြန်ရောက်နေပါပြီ။ အခုဆိုရင် ကမ္ဘာ့ထိပ်ဆုံး အမျိုးသမီး ရေလွှာလှိုင်းစီး ကစားသမား ၅၀ ထဲမှာ Bethany Hamilton ပါဝင်နေပါတယ်။ NSSA National Championships ရဲ့ Explorer Women’s Division မှာလဲ ပထမဆုကို သူမရယူနိုင်ခဲ့ပါတယ်။ လက်တစ်ဖက်ထဲနဲ့ ရေလွှာလှိုင်း ကစားသမားအဖြစ် အောင်မြင်လာဖို့ သူမ အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ရတာပါ။ လက်တစ်ဖက်ထဲနဲ့ ဟန်ချက်ညီအောင် ထိန်းဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စတစ်ခုပါ။ စိတ်ရှုပ်ထွေးစရာ အခိုက်အတန့်တွေ အများအပြားရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီမတော်တဆမှုက သူမကို ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်ဖို့အတွက် လိုအပ်တဲ့ စိတ်ဓာတ်ခွန်အားကို ပေးခဲ့တယ်၊ အထူးသဖြင့် ကြောက်စရာကောင်းတဲ့ အခြေအနေတွေမှာ အကြောက်တရားကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူမကောင်းကောင်းကြီး သဘောက်ပေါက်နားလည်သွားခဲ့ပါတယ်။ မသန်စွမ်းကလေးငယ်များစွာအတွက် Bethany Hamilton ဟာတကယ့်ကို စံပြလူသားတစ်ဦးပါပဲ။ သူမကိုယ်တိုင် ဦးစီးတည်ထောင်ထားတဲ့ Friends of Bethany အသင်းအဖွဲ့ကနေတဆင့် ခြေလက်အင်္ဂါ ဆုံးရှုံးသွားရတဲ့ လူငယ်များကို ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။ Muhammad Ali (လက်ဝှေ့သမား) “စွန့်စားမှုတွေပြုလုပ်ဖို့ သတ္တိမရှိသူတစ်ယောက်ဟာ ဘဝမှာ ဘာအောင်မြင်မှုမှ ရလိမ့်မယ် မဟုတ်ဘူး။” ရောမမြို့က ၁၉၆၀ ပြည့်နှစ် ကစားပွဲတွေမှာ Gloden Glove နဲ့ အိုလံပစ်ရွှေတံဆိပ်တွေကို ရယူနိုင်ခဲ့သူ ကမ္ဘာ့အကြီးကျယ်ဆုံး လက်ဝှေ့သမားအဖြစ် သတ်မှတ်ခံရတဲ့ နာမည်ကျော် လက်ဝှေ့သမားကြီး Muhammad Ali ပြောခဲ့တဲ့စကားပါ။ သူ့ရဲ့ လက်ဝှေ့သမားဘဝနဲ့ အားကစားကနေ လူပေါင်းများစွာကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ လက်ဝှေ့ကြိုးဝိုင်းကနေ အနားယူပြီးနောက်ပိုင်းမှာတော့ သူ့ရဲ့ဘဝကို ပရဟိတလုပ်ငန်းတွေနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ နှစ်မြုပ်ခဲ့တယ်။ အထူးသဖြင့် သူကိုယ်တိုင် ခံစားခဲ့ရတဲ့ Parkinson ရောဂါနဲ့ပတ်သက်ပြီးတော့ ကူညီထောက်ပံ့မှုတွေ လုပ်ခဲ့ပါတယ်။ စွန့်စားမှုဆိုတာ သူ့အတွက်တော့ အသစ်အဆန်းကိစ္စ မဟုတ်ပါဘူး။ အသက် ၁၂ နှစ်အရွယ်မှာ သူ့ရဲ့ စက်ဘီးအခိုးခံရပြီးနောက်မှာ နောင်သူခိုးတွေကို ရင်ဆိုင်ဖို့ လက်ဝှေ့သင်ဖို့ကို စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ အားကစားသမား အများစုဟာ အကောင်းဆုံးမဖြစ်မှာဆိုတဲ့ ကြောင့်ကြစိတ်နဲ့ ငါရှုံးနိမ့်သွားခဲ့ရင်ဆိုတဲ့ ကြောက်စိတ်တွေရဲ့ လွှမ်းမိုးခြင်းကို ခံရပါတယ်။ ဒါက သူတို့ရဲ့ အစွမ်းအစတွေ အပြည့်အဝမပေါ်လာစေတဲ့ အတားအဆီးတစ်ခုပါပဲ။ အမှားလုပ်မိမှာကို ကြောက်ကြတယ်၊ အနိုင်ကလွဲလို့ ကျန်တဲ့ရလဒ်ကို အရှုံးလို့ ယူဆတတ်ကြတယ်။ Muhammad Ali ကတော့ လိုအပ်တဲ့ စွန့်စားမှုတွေကို ပြုလုပ်ဖို့ ဘယ်တော့မှ တွန့်ဆုတ်တတ်ခဲ့သူ မဟုတ်ပါဘူး။ ဒါကြောင့်လဲ မျိုးဆက်သစ်တွေရဲ့ ရင်ထဲမှာ အခုအချိန်ထိ စံပြအားကစားတစ်ယောက်အနေနဲ့ ရှိနေသေးတာဖြစ်ပါတယ်။ Michael Phelps (ရေကူး အားကစားသမား) Michael Phelps ဟာကမ္ဘာ့အကောင်းဆုံး အိုလံပစ် ရေကူးသမား တစ်ဦးဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲတစ်ခုထဲမှာ ရွှေတံဆိပ်ဆု ၈ ခုကို ကစားသမားတစ်ယောက်ထဲက ရယူနိုင်မယ်လို့ ဘယ်သူတွေက တွေးခဲ့ဖူးမှာလဲ။ ဘယ်သူမှ တွေးထင်မထားတဲ့ ကိစ္စကို သူကအမှန်တကယ် လုပ်ပြသွားခဲ့ပါတယ်။ အိုလံပစ် ဆုတံဆိပ် ၁၉ ခုကိုရယူထားနိုင်ခဲ့ပြီး ၁၅ ခုကရွှေတံဆိပ်တွေ ဖြစ်ပါတယ်။ အံ့သြစရာကောင်းတဲ့တစ်ချက်က Michael Phelps ဟာငယ်စဉ်တုန်းက ADHD (Attention disorder/ hyperactivity disorder) လို့ခေါ်တဲ့ ဦးနှောက်လုပ်ဆောင်မှု မူမမှန်တာကို ကုသခဲ့ရသူ တစ်ဦးပါ။ လူအများစုက ထင်ကြတာက ADHD သမားတွေကို အာရုံမစူးစိုက်နိုင်သူတွေ၊ စိတ်လိုက်မာန်ပါလုပ်တတ်သူတွေ၊ ဂနာမငြိမ်ဖြစ်နေတတ်သူတွေလို့ ယူဆထားကြပါတယ်။ ဒါပေမယ့် တစ်ချိန်ထဲမှာ ADHD သမားတွေဟာ သူတို့ စိတ်ပါဝင်စားတဲ့အရာတစ်ခုအပေါ်ကို လုံးဝသေချာ အာရုံစူးစိုက်နိုင်စွမ်းကိုလဲ ပိုင်ဆိုင်ထားပါတယ်။ ဒီအချက်ကို Michael Phelps ကအပြည့်အဝအသုံးချနိုင်ခဲ့တယ်၊ ADHD ကိုအပြုသဘောအနေနဲ့ အသုံးချလို့ကမယ့် နည်းကိုရှာဖွေပြီး သူ့ရဲ့ရေကူး အားကစားမှာ လက်တွေ့အသုံးချခဲ့ပါတယ်။ အတော်ဆုံးဆိုတဲ့ ရေကူးသမားတွေကို အနိုင်ယူပြခဲ့တဲ့ Michael Phelps ဟာစိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်၊ တခြားအားနည်းချက်ရှိသူတွေအတွက် တကယ်ကို စံပြကောင်းတစ်ဦးပါ။ သူ့အောင်မြင်မှုရဲ့ နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကတော့ ပြိုင်ပွဲမစခင်မှာထဲက အနိုင်ရမယ့်ပုံရိပ်ကို စိတ်ထဲမှာ ပုံဖော်ကြည့်လေ့ရှိတာပါ၊ ဒီအမူအကျင့်ကို သူအသက် ၇ နှစ်အရွယ်ထဲက စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အမှန်တကယ် စိတ်ပါဝင်စားပြီဆိုရင် မအောင်မြင်စရာ ဘာကန့်သတ်မှတ်ချက်မှ ရှိမနေပါဘူးဆိုတာကို Michale Phelps ကသက်သေထူပြသွားခဲ့ပါတယ်။ အခုပြောပြပေးလိုက်တဲ့ အားကစားသမားတွေရဲ့ နာမည်ကို စိတ်ဓာတ်ကျစရာကြုံတိုင်း၊ ငါဆက်မကြိုးစားတော့ဘူးကွာ၊ လက်လျှော့လိုက်တော့မယ်လို့ အတွေးပေါ်တိုင်း သတိရေပေးပါ။ ဒီဆောင်းပါးလေးကနေ စာဖတ်သူတွေ စိတ်ဓာတ်ခွန်အား တစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် ရေးသားရကျိုး နပ်ပါပြီ။ Source: “The stories of these 5 athletes will motivate everyone of you,” llifehack.org မှဘာသာပြန်ဖော်ပြထားပါသည်။ ပုံမ ျားကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။