ပျော်ရွှင်သောဘဝ

ပျော်ရွှင်သောဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကိုယ့်ကိုယ်ကိုယ်သာယှဉ်ပြိုင်ပါ။

လူတော်တော်များများက အခြားသူတွေကိုသာ ကြည့်ပြီး နှိုင်းယှဉ်တတ်ကြပါတယ်။ အခြားသူနဲ့ ပြိုင်ရတာက အင်မတန်လွယ်ပါတယ်။ “သူကတော့ လစာဘယ်လောက်ရပြီ၊” “သူကတော့ ကားဝယ်လိုက်ပြီ” “သူကတော့ ဘာရာထူးဖြစ်နေပြီ” “အမလေး သူကတော့ ဘာအဆင့်မှမရှိပါဘူး” စသဖြင့် အခြားသူတစ်ယောက်ကို မြင်ရတာနဲ့ အခြားသူတစ်ယောက်ကို ဝေဖန်ရတာက အရမ်းကိုလွယ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မြင်အောင်ပြန်ကြည့်ရတာကျတော့ အင်မတန်ခက်ပါတယ်။ “သူက လစာ… ဘယ်လောက်.ရနေပြီ၊ ငါက ဘာလို့မရသေးတာလဲ” လို့တွေးတာက လူတိုင်းတွေးတတ်ပါတယ်။ ဒါပေမယ့် “သူက အဲဒီလောက်လစာရအောင် အဲဒါနဲ့တန်တဲ့အရည်အချင်းရှိတာကိုး” လို့ ဘယ်သူကမှ သိပ်မတွေးတတ်ကြပါဘူး။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

လက်တွေ့ကျကျ ဘဝနေနည်း

ဘဝမှာရှင်သန်နေထိုင်ရတဲ့အခါ လူအမျိုးမျိုးစိတ်အထွေထွေမို့ လူပေါင်းစုံနဲ့စရိုက်ပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။ အဲဒီလို ရင်ဆိုင်ရတဲ့အခါ ကိုယ့်အပေါ်ကောင်းတဲ့လူရှိသလို၊ ကိုယ့်အပေါ်ဒုက္ခပေးမယ့်သူ၊ ကိုယ့်ကို ပြဿနာတွေပေးမယ့်သူ၊ ကိုယ့်ကိုနစ်နာစေပြီး သူတို့သာ အသာရအောင် အနိုင်ကျင့်တတ်သူတွေကို မလွှဲမသွေ ကြုံရမှာပါ။ အဲဒီ့လိုအခါမျိုးမှာ ကိုယ့်ဘဝကို လက်တွေ့ကျကျ ရင်ဆိုင်တတ်ဖို့၊ ဖြေရှင်းတတ်ဖို့လည်း လိုပါတယ်။ တခါတလေ ကိုယ်က စိတ်ကောင်းထားကူညီလိုက်ပေမယ့် ကိုယ့်ရဲ့စေတနာကို အသုံးချတတ်တဲ့သူမျိုးကိုလည်း ကြုံရမှာမို့ ကိုယ့်အတွက်အကောင်းဆုံးဖြစ်စေမယ့်နည်းလမ်းကို ရွေးချယ်နေထိုင်ရပါလိမ့်မယ်။ အဲဒါကြောင့် လက်တွေ့ကျကျ ဘဝမှာနေထိုင်နိုင်စေမယ့် အကောင်းဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

သင့်ဘဝအတွက် သင့်ကိုယ်သင်သတိပေးသင့်သောအချက် (၆) ချက်

ကိုယ့်ဘဝကို အကောင်းဆုံးရှင်သန်နိုင်ဖို့ အတွက် ကိုယ့်ကိုယ်ကိုယ်အမြဲသတိပေးသင့်တဲ့အချက်တွေရှိပါတယ်။ တခါတလေ ထိုအချက်တွေကို မေ့နေခြင်းက သင့်ကိုစိတ်ညစ်၊ စိတ်ဓာတ်ကျပြီး လမ်းပျောက်သလိုဖြစ်စေပါလိမ့်မယ်။ အဲဒါကြောင့် အောက်ကအချက်လေးတွေကို မေ့သလိုဖြစ်လာတိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးဖို့ဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

တစ်ယောက်တည်းအချိန်ဖြုန်းခြင်းရဲ့ကောင်းကျိုးများ

များသောအားဖြင့် တစ်ယောက်တည်းဖြစ်နေတယ်ဆိုရင် လူအချို့က မနှစ်သက်တတ်ကြပါဘူး။ “ငါတစ်ယောက်တည်း ပျင်းတယ်” “ ဘယ်သူမှမရှိလို့ ဘာလုပ်ရမှန်းမသိဘူး” “တစ်ယောက်တည်းဖြစ်နေတာ သနားပါတယ်” တို့ စသဖြင့် တစ်ယောက်တည်းသမားဖြစ်နေရင်ကို အလိုလိုသနားစရာကောင်းနေသလိုလို ပြောတတ်ကြပါသေးတယ်။ တကယ်တော့ “lonely” ဆိုတာက ယူတတ်ရင် အကျိုးအများကြီးရှိနိုင်ပါတယ်။ “freedom” ဆိုတဲ့လွတ်လပ်မှုတောင်ရနိုင်သေးရဲ့။ အဲဒီ့တော့ တစ်ယောက်တည်းဖြစ်နေတဲ့အခါ ဘယ်လိုကောင်းကျိုးတွေရမလဲဆိုတာဖတ်ကြည့်လိုက်ပါအုံးနော်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

Facebook ကို အကျိုးရှိအောင်ဘယ်လိုသုံးကြမလဲ။

ဒီနေ့ခေတ်မှာ နည်းပညာအဆင့်မြင့်လာသလို လူမှုကွန်ရက် (Social network) ကလည်း လူတိုင်းနီးပါးလို တယ်။ မြန်မာနိုင်ငံမှာ Jan 2020 ထိကောက်ယူထားတဲ့စစ်တမ်းအရ ဖေ့ဘုတ်အသုံးပြုသူပမာဏ 94.9%ရှိပါတယ်လို့ Social Media Stats Myanmar မှာဖော်ပြထားပါတယ်။ အဲဒါကြောင့် မြန်မာပြည်မှာဆိုရင်တော့ အခြားလူမှုကွန်ရက်တွေထက် ဖေ့ဘုတ်အသုံးပြုသူအများဆုံးလို့ပြောနိုင်ပါတယ်။ ဒါပေမယ့် ဖေ့ဘုတ်ကို အထာကျကျ မသုံးတတ်ရင်ဘေးဖြစ်နိုင်သလို၊ သေချာလေးစနစ်တကျသုံးတတ်မယ်၊ လေ့လာတတ်မယ်ဆိုရင်တော့ ဖေ့ဘုတ်ကနေ ပညာအမျိုးမျိုးရနိုင်သလို၊ အများကြီးလည်းတိုးတက်လာစေနိုင်ပါတယ်။ အဲဒါကြောင့် facebook ကို ဘယ်လိုအကျိုးရှိအောင်အသုံးချမလဲဆိုတာလေးဖော်ပြပေးလိုက်ပါတယ်နော်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

သင့်ရဲ့relationships အတွက် ရှောင်ကျဉ်သင့်သောအချက်များ

လူတိုင်းလိုလိုက ကိုယ်ချစ်ရတဲ့သူနဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်ကြတာချည်းပါပဲ။ လူတစ်ကိုယ် စိတ်တစ်မျိုးမို့ အကြိုက်ချင်းမတူသလို၊ စိတ်ချင်းကလည်း ထပ်တူမကျနိုင်ပါဘူး။ အဲဒီ့အခါ အဆင်မပြေကတောက်ကဆဖြစ်တာမျိုးတော့ ရှိတတ်ကြပါတယ်။ ဒါပေမယ့် တခါတရံဖြစ်တာက ပြဿနာလို့ ယူဆလို့မရပါဘူးနော်(လူတိုင်းအမြင်မှမတူကြတာကိုး) ။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်ခင်ကြပေမယ့် အမြဲလို ကတောက်ကဆဖြစ်နေတယ်ဆိုရင်တော့ ချစ်ရက်နဲ့လမ်းခွဲတဲ့အဆင့်ရောက်ရမှာပါ။ အဲဒါကြောင့် သင်တို့ရဲ့ ဆက်ဆံရေးမှာ ဘာတွေကြောင့်အဆင်မပြေဖြစ်စေသလဲဆိုတာ ဒီပုံလေးတွေဖတ်ကြည့်ပြီး ကိုယ့်ချစ်သူကိုပြင်စေချင်တဲ့အချက်လေးတွေ မန့်ရှင်းခေါ်ကြည့်လိုက်ပါအုံး ကဲ….သင်တို့ဆက်ဆံရေးထဲမှာကော ဘယ်လိုအချက်တွေပါနေသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်လိုက်ပါအုံး။ အဆင်ပြေသော RS ဖြစ်ကြပါစေနော်။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ယုံကြည်မှုတိုးစေတဲ့ အလွယ်ဆုံးနည်းလမ်းများ

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးခြင်းက လိုအပ်တဲ့အရာတစ်ခုပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းတဲ့လူအဖို့ ဘယ်နေရာမှာမဆို တွန့်ဆုတ်နေမှာဖြစ်ပြီး ကိုယ့်မှာရှိတဲ့အစွမ်းအစတွေကိုလည်း ထုတ်ပြရဲမှာမဟုတ်လို့ အောင်မြင်ဖို့နောက်ကျနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ အလွယ်ဆုံးအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

သင့်ရဲ့စွမ်းရည်ကို ဘယ်လိုမြင့်တင်မလဲ။

လူတစ်ယောက်မှာ အပြင်ပန်း ရုပ်ဝတ္ထုပစ္စည်းတွေက မတည်မြဲနိုင်ပါဘူး။ ကိုယ့်ရဲ့ဦးနှောက်ထဲမှာ သိမ်းထားမယ့် ပညာကသာ ကိုယ်သွားတဲ့နေရာတိုင်းပါလာမှာဖြစ်ပါတယ်။ ဘယ်သူကမှ ကိုယ့်ရဲ့ပညာစွမ်းရည်ကိုမဖျက်စီးနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်ရဲ့စွမ်းရည်မြင့်လာဖို့ ကိုယ့်ရဲ့ပညာကိုသာ အမြဲတိုးနေအောင်ကြိုးစားရမှာဖြစ်ပါတယ်။ ပညာဆိုတာ ဘွဲ့လက်မှတ်တွေတသီကြီးရတာမျိုးကိုပဲ ပြောချင်တာမဟုတ်ပါဘူး။ အတတ်ပညာလည်း အကျုံးဝင်ပါတယ်။ တချိန်မှာ ကိုယ့်အတွက် ပြန်ပြီး အသုံးချဝင်ငွေတိုးစေမယ့် ပညာမျိုးပါ။ တနည်းအားဖြင့် ကိုယ့်ရဲ့စွမ်းရည်ပါ။ ကိုယ့်ရဲ့စွမ်းရည်တိုးလာလေလေ ကိုယ့်ရဲ့ဝင်ငွေလည်း တိုးလာလေလေပါပဲ။ ရောက်ရှိနေတဲ့နေရာကနေ ပိုပြီးမြင့်မားတဲ့နေရာရောက်ဖို့ သင့်စွမ်းရည်က အခြေခံပါပဲ။ အဲဒါကြောင့် သင့်ရဲ့စွမ်းရည်ကို ဘယ်လိုမြင့်တင်မလဲ ဆိုတာလေးဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

သင် လိုသုံးဖြစ်နေပြီမှန်းသိသာစေတဲ့အချက်များ

လိုသုံးဆိုတဲ့အဓိပ္ပါယ်က သင့်ကို လိုမှသာ သုံးဖို့သတိရတယ်ဆိုတဲ့အဓိပါ္ပယ်ပါပဲ။ တကယ်အခက်အခဲကြုံနေတဲ့လူတစ်ယောက်နဲ့ လိုတော့မှ အသုံးချဖို့သက်သက်နဲ့ကိုယ့်ဆီလာအကူအညီတောင်းတတ်သူနဲ့မတူပါဘူး။ တကယ်အခက်ကြုံလို့ကူညီလိုက်ရတာက ကူညီလိုက်တဲ့သူအတွက် ပီတိဖြစ်ရသလို၊ အကူညီခံရတဲ့သူအတွက်လည်း အကျိုးရှိအဆင်ပြေသွားစေပါတယ်။ ဒါပေမယ့် အဆင်ပြေနေတုန်းတော့ ကိုယ့်ကို သတိတောင်မရဘဲ လိုတော့မှ မျက်နှာချိုလာသွေးပြီး မရအရ အတင်းအကူအညီတောင်းတတ်တဲ့သူကျတော့ ကိုယ့်ကိုလူလည်လုပ်သွားတာဖြစ်သွားပါပြီ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အားလပ်ရက်မှာဘယ်လိုပေါ့ပေါ့ပါးပါးဖြတ်သန်းမလဲ။

ဒီနေ့ခေတ်မှာ အစစအရာရာတိုးတက်လာတာနဲ့အမျှ လူတွေမှာလည်း ငွေနောက်ကိုလိုက်ရင်း ပိုမွန်းကြပ်လာကြပါတယ်။ အဲဒီ့အတွက် ကိုယ့်အတွက်သီးသန့်အားလပ်ချိန်သပ်သပ်ယူပြီး ကိုယ်ရော၊ စိတ်ပါအနားပေးသင့်ပါတယ်။ အဲဒါမှ မွန်းကြပ်မှုတွေက ရုန်းထွက်နိုင်မှာဖြစ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို ပြန်ပြီး လန်းဆန်းတက်ကြွစွာလုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် မင်မင်ရဲ့အားလပ်ရက်မှာကုန်ဆုံးမယ့်ပုံစံလေးကို ပြောပြပေးလိုက်ပါမယ်နော်။ ကိုယ်နဲ့အဆင်ပြေသလို ဉာဏ်ရှိသလို အသုံးချနိုင်ပါစေလို့

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။