

ချေးယူထားတဲ့ငွေကို သတိတရပြန်ပေးပါ။ ကိုယ်အခက်အခဲရှိနေတုန်း အကူအညီရတာနဲ့တင် ကျေးဇူးတင်စရာကောင်းနေပါပြီ။ ကိုယ့်ကိုအကြောင်းအမျိုးမျိုးကြောင့် ဖွင့်မပြောထွက်ဘဲ ပြန်မတောင်းရက်ပေမယ့် သူ့မှာလည်းအခက်အခဲရှိနေနိုင်ပါတယ်။
နောက်တစ်ပုံ

ငှားယူထားသော ပစ္စည်းကို မှတ်မှတ်ရရပြန်ပေးပါ။ လိုအပ်လို့အခြားသူထံမှငှားယူထားတဲ့ပစ္စည်းတွေကိုလည်း ပြန်ပေးဖို့ သတိရသင့်ပါတယ်။
နောက်တစ်ပုံ

ဘယ်လောက်သေးဖွဲတဲ့အကူအညီဖြစ်ပါစေ…..ကူညီခဲ့ဖူးသူကို ကျေးဇူးတင်ပါ။ ကူညီတယ်ဆိုတာ စေတနာကိုလက်ဆောင်ပေးလိုက်တာပါ၊ အဲဒါကြောင့်ငွေနဲ့ပြန်ချေလို့မရပါဘူး။ ကျေးဇူးတင်တဲ့အကျင့်လေးလုပ်ပေးပါ။
နောက်တစ်ပုံ

လူကြီသူမ၊ ကလေးသူငယ်တွေကို ဘယ်နေရာမှာမဆို အလေးထားဖို့ သတိထားပါ။ အသက်အရွယ်အိုမင်းနေတဲ့လူကြီးတွေနဲ့ အရွယ်မရောက်သေးတဲ့ကလေးတွေကို ဘယ်နေရာမျိုးမှာမဆို ကိုယ်ချင်းစာနာစိတ်နဲ့ အလေးထား ဦးစားပေးပါ။
နောက်တစ်ပုံ

အစားအစာနဲ့ပတ်သက်ပြီး ဒကာခံမယ့်သူရှိတဲ့အခါ ဒကာခံမယ့်သူစိတ်ကြိုက်မှာပါစေ။ ဥပမာ ။ အလကားစားရတယ်ဆိုပြီး ဈေးအကြီးဆုံးမှာစားတာမျိုး၊ မူးယစ်သောက်စားပြီး ပြဿနာရှာတာမျိုးစသဖြင့် တဖက်လူကို ထိခိုက်တဲ့အပြုအမူမလုပ်မိပါစေနဲ့။
နောက်တစ်ပုံ

တဖက်လူအဖြေရခက်တဲ့မေးခွန်းမျိုး၊ မဖြေချင်တဲ့မေးခွန်းမျိုးတွေ မမေးသင့်ပါ။ ဥပမာ။ ဘယ်တော့ စားရမှာလဲ၊ လစာဘယ်လောက်ရလဲ၊ ငါ့လစာထက်နည်းတာပဲဆိုတာမျိုး
နောက်တစ်ပုံ