

၁) လစ်ဟာသွားတဲ့နေရာကိုပြန်လည်ဖြည့်စွက်ဖို့မကြိုးစားပါနဲ့ သူ့အတွက်ပေးထားခဲ့တဲ့နေရာကိုသူ့အတွက်သာထားထားပြီးတံခါးပိတ်ထားလိုက်ပါတော့။ ကိုယ့်အပေဓတကယ်စိတ်ရှိလို့ရောက်လာတဲ့လူအသစ်တစ်ယောက်ကို ကိုယ်ရဲ့ လစ်ဟာနေတဲ့နေရာမှအစားထိုးလိုက်ခြင်းဟာ သူ့အတွက်မတရားသလို ကိုယ့်အတွက်လည်း အဆင်မပြေလှပါဘူး။ ဘဝမှာကောင်းခြင်းဆိုးခြင်းတွေအားလုံးဟာသူ့အတိုင်းပကတိလေးသာထားထားသင့်တာမျိုးပါ။ ဘယ်အရာနဲ့မှအစားထိုးဖုံးကွယ်မထားသင့်ပါဘူး။
နောက်တစ်ပုံ

၂) ဘဝအတွက်အကျိုးရှိတဲ့အရာတွေကိုလုပ်ရင်းအချိန်တွေကိုကုန်ဆုံးပါစေ။ အရင်တုန်းကနေ့နေ့ညညသူနဲ့စကားပြောတာတွေ၊ ပိတ်ရက်လေးတွေမှာ အတူတူသွားလာတာတွေမရှိတော့တဲ့အခါ အချိန်တွေပိုသွားလေ့ရှိပြီး အဲ့ဒီအချိန်ပိုတွေမှာ သူ့ကိုသာပြန်တမ်းတနေတတ်ပါတယ်။ ဒါကြောင့် အဲ့ဒီလိုပိုသွားတဲ့အချိန်မှာ ကိုယ်အရင်တုန်းကလုပ်ခဲ့ချင်တာအရာမျိုးတွေ ဥပမာ ရေကူးသင်ချင်တာတို့၊ ဘာသာစကားတစ်ခုအသစ်တက်ချင်တာတို့ ဆိုတာမျိုးတွေလက်တွေ့အကောင်အထည်ဖော်ကြည့်ပါ။ ပိုနေတဲ့အချိန်တွေကိုဘဝအတွက်သာအသုံးချစေချင်ပါတယ်။ ကိုယ်လည်းစိတ်သက်သာရာရသလို ဘဝအတွက်တကယ်အထောက်အကူဖြစ်မယ့်ပညာမျိုးလည်းရတာကြောင့်ပါ။
နောက်တစ်ပုံ

၃) ကိုယ့်ကိုယ်ကိုမေးခွန်းတွေထပ်မမေးပါနဲ့တော့။ နာကျင်ခဲ့ရတုန်းကလိုမေးခွန်းပေါင်းများစွာထပ်မေးပြီးကိုယ့်ဘာသာမနှိပ်စပ်ပါနဲ့တော့။ အရှိအရှိတိုင်းကိုလက်ခံပေးလိုက်ပါ။ နားလည်းမကျည်းပါနဲ့တော့။ နောက်ဆုံးသူ့အနေနဲ့အခြားကောင်မလေးတွေရသွားပြီဆိုရင်တောင် ကောင်မလေးကောင်းတစ်ယောက်၊ ကောင်းလေးကောင်းတစ်ယောက်ရတယ်ဆိုရင် သူ့အတွက်ပျော်ရ့ွှင်ပေးလိုက်ပါ။ သူ့အသစ်လေးရဲ့ သတင်းကောင်းတွေမကြားရဘူးဆိုရင်လည်း သူ့ဘဝကြီးအဆင်ပြေစေဖို့ ဆုမွန်ကောင်းတောင်းပေးပြီးသာမေ့မေ့လျော့လျော့ထားလိုက်ပါတော့။ ကိုယ့်ဘာသာထပ်မနှိပ်စက်ပါနဲ့တော့။ ဘဝမှာကိုယ့်ဘာသာနှိပ်စက်ရလေအောင်ဘယ်အရာကမှမထိုက်တန်ပါဘူး။
နောက်တစ်ပုံ

၄) ဘဝရဲ့ စာမျက်နှစ်အသစ်တွေကလန်းဆန်းနေမှာပါ။ သူ့နဲ့ရေးခဲ့တဲ့ဘဝစာမျက်နှာ်တစ်ခုအဆုံးသတ်သွားပြီပဲလေ။ ရှေ့ လာမည့်စိတ်လှုပ်ရှားဖွယ်စာမျက်နှစ်အသစ်တွေရှိအုန်းမှာပါဆိုတဲ့ အတွေးလေးကိုနှလုံးသွင်းစေချင်ပါတယ်။ ဘဝကြီးကခါးပေမယ့် ရှေ့ ဆက်သွားဖို့ဆိုတာကတော့ မေ ျှာ်လင့်ချက် ဆိုတဲ့အရာလေးက ဘဝမှာမရှိမဖြစ်ရှိသင့်အတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ လစ်ဟာသွားတဲ့ရင်ထဲကကွက်လပ်လေးတစ်ခုကိုလက်ခံရင်း ပျော်ရွှင်သောအမှတ်တရများစွာရှိတဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ကြစေလို့ဆုမွန်ကောင်းတောင်ေးပးလိုက်ပါတယ်။#BAWA101