ဘယ်တော့မှလက်မလွှတ်သင့်တဲ့ အရာ(၃)ခု
ဘဝမှာ ဘယ်တော့မှ ပြန်မရနိုင်တော့သလို၊ ဘယ်တော့မှ ပြန်အစားထိုးလို့မရတဲ့အရာတွေရှိပါတယ်။ အဲဒါတွေအတွက် ငွေတွေအများကြီးပုံပေးရင်တောင် ပြန်မဝယ်နိုင်ပါဘူး။ အချိန်မလွန်ခင် ထိုအရာတွေရဲ့တန်ဖိုးကို သိပြီး တန်ဖိုးထားမှသာ ရနိုင်တဲ့အရာတွေပါ။ အဲဒီ့အရာတွေကတော့
သင့်ဘဝမှာ ထိန်းချုပ်နိုင်တဲ့အရာများ
ကျွန်တော်တို့ဘဝမှာ မထိန်းချုပ်နိုင်တဲ့အရာတွေရှိတယ်ဆိုတာကို ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် မထိန်းချုပ်နိုင်တဲ့အရာတွေကိုချည်းထိုင်တွေးနေခြင်းက အချိန်ကုန်စေသလို၊ စွမ်းရည်ကျဆင်းစေပြီး စိုးရိမ်သောကသာတိုးစေပါတယ်။ တခုမှအကျိုးမရှိနိုင်ပါဘူး။ အဲဒါကြောင့် မထိန်းချုပ်နိုင်တဲ့အရာတွေကို ဘုရားပေးတာလို့သာ သဘောထားပြီး ကိုယ်ထိန်းချုပ်နိုင်တာကိုသာ အာရုံစိုက်သင့်ပါတယ်။ ကိုယ်ထိန်းချုပ်နိုင်တာကို အာရုံစိုက်တဲ့အခါ ကိုယ့်စွမ်းရည်တွေပိုတိုးတက်လာသလို၊ ကိုယ့်ဘဝရဲ့အဆိုးတွေကိုလည်း ကျော်လွှားနိုင်စေပါတယ်။ အဲဒါကြောင့် သင့်ဘဝမှာ သင်ထိန်းချုပ်နိုင်တဲ့အရာတွေကိုဖော်ပြပေးလိုက်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးနေသောအကျင့်ဆိုးများ
လူတိုင်းမှာ အကျင့်ဆိုးဆိုတာရှိတတ်ကြပါတယ်။ လူတိုင်းက prefect ဖြစ်နေကြတဲ့လူတွေမဟုတ်ပါဘူး။ အကျင့်ဆိုးတွေရှိသလို အကျင့်ကောင်းတွေလည်းရှိမှာပါ။ အဓိကကတော့ အကျင့်ဆိုးတွေကို သိပြီး အကျင့်ကောင်းဖြစ်လာအောင်ပြုပြင်ရတာပါပဲ။ အကျင့်ဆိုးတွေနည်းလာတဲ့အခါ အကျင့်ကောင်းတွေများလာမှာပါ။ အကျင့်ကောင်းတွေများလာခြင်းက လူတစ်ယောက် အဖက်ဖက်ကတိုးတက်လာခြင်းရဲ့အစပါပဲနော်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးနေတတ်တဲ့အကျင့်ဆိုးတွေရှိနေတတ်ပါတယ်။ အကျင့်ဆိုးတွေကို ပြန်ပြီးဆန်းစစ်နိုင်တဲ့အခါ အမှန်ပြင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။
စိတ်ဓာတ်ကြံ့ခိုင်လာစေဖို့ နည်းလမ်း ၅ချက်
သင့်ရဲ့ပန်းတိုင်ကဘာဖြစ်ဖြစ် အဲဒီ့ပန်းတိုင်ကိုရောက်အောင်သွားဖို့ စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုပါတယ်။ လူတော်တော်များများက ရည်မှန်းချက်အကြီးကြီးတွေချမှတ်ပြီး သူတို့တို့ဘဝကိုပြောင်းလဲပစ်ချင်ကြပါတယ်။ ဒါပေမယ့် ထိုရည်မှန်းချက်ကိုအောင်မြင်နိုင်ဖို့ ကြုံလာတဲ့အခက်အခဲတွေကိုမကျော်လွှားနိုင်၊ ကြံ့ကြံ့မခံနိုင်တဲ့အခါမှာ သူတို့ကျရှုံးသွားကြပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ရည်မှန်းချက်က ဘာဖြစ်ဖြစ် ထိုရည်မှန်းချက်ကိုရအောင်ယူနိုင်ဖို့ စိတ်ဓာတ်ကြံ့ခိုင်ဖို့က အဓိကအခြေခံပါပဲ။ အဲဒီ့အတွက် သင့်ဘဝမှာ ဘယ်လိုအကြောင်းအရာကိစ္စမျိုးပဲဖြစ်လာပါစေ ရင်ဆိုင်နိုင်ဖို့က သင့်စိတ်ဓာတ်ကြံ့ခိုင်ဖို့ပါပဲ။ စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက် သင်လုပ်နိုင်တဲ့အချက်တွေရှိပါတယ်။
ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုယ်တိုင်ဖန်တီးပါ။
လူတော်တော်များများက ကိုယ်ဖြစ်ချင်တာတွေမဖြစ်ရဘူးလို့ ညည်းညူကြတာကြားဖူးမယ်ထင်ပါတယ်။ ထိုကဲ့သို့အခြားသူတွေညည်းညူတာကြားတဲ့အခါ ကိုယ့်အလှည့်ကျရင်တော့ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုယ်တိုင်မဖြစ်ဖြစ်အောင်ဖန်တီးမယ်လို့တွေးဖူးပါသလား။ ကိုယ့်ဘဝက ဖြစ်ချင်တိုင်းဖြစ်နေတယ်…ဆိုတဲ့လူတွေကိုမြင်တဲ့အခါ ဘာကြောင့်လဲ..ဆိုတဲ့အကြောင်းရင်းကို ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ အဲဒါမှ ကိုယ့်ဘဝမှာ ထိုကဲ့သို့မဖြစ်အောင် ဆင်ခြင်နိုင်မှာပါ။
ဘဝမှာ လက်ကိုင်ထားသင့်တဲ့စည်းကမ်းတွေရှိပါတယ်။ ထိုစည်းကမ်းလေးတွေကို နားလည်ထားရင် သင့်မှာ အပူသောကနည်းသထက်နည်းသွားမှာပါ။ “ဘာလို့များ….ကိုယ့်ကျမှဖြစ်ရသလဲ” ဆိုတဲ့အတွေးမျိုးမတွေးမိတော့ပါဘူး။ သင့်ဘဝမှာ သင့်အနေဲ့ တွေးရခက်တာမျိုး ၊ “ဘာကြောင့်ငါ့ကျမှဖြစ်နေတာလဲ..” ဆိုပြီး ခံစားရတာမျိုး ၊ အဆင်မပြေမှုတွေကြုံလာတဲ့အခါမျိုး၊ အခက်အခဲနဲ့ရင်ဆိုင်ပြီး မဖြေရှင်းနိုင်ဘူးလို့ ထင်နေတဲ့အခါမျိုးမှာ အထက်က စည်းမျဉ်းတွေကို ပြန်တွေးပြီး သုံးသပ်ကြည့်ပါ။ အဖြေတစ်ခုခုတော့ ရသွားပါလိမ့်မယ်။ သင့်စိတ်ထဲအေးချမ်းသွားရရင်တောင် အမြတ်ပါပဲနော်။#BAWA101
သင့်စွမ်းရည်က သင့်ကိုယ်ပိုင်အလင်းရောင်ပါပဲ။
“စိန်နားကပ်ရောင်နဲ့ ပါးပြောင်…” ဆိုတဲ့စကားကိုကြားဖူးကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်အလင်းရောင်နဲ့ လင်းလက်နေတာမဟုတ်ဘဲ စိန်နားကပ်ရဲ့အရောင်ကြောင့် ပြောင်လက်နေရတယ်ဆိုတဲ့သဘောပါ။ ပြောချင်တာကတော့ ကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖိုးနဲ့မဟုတ်ဘဲ အခြားသူတစ်ယောက်ရဲ့ တန်ဖိုးပေါ်မူတည်ပြီး ကိုယ်ပါတန်ဖိုးရှိသယောင်ထင်မြင်စေတာဖြစ်ပါတယ်။ “ဆင်ဖြူတော်မှီပြီး ကြံစုပ်ချင်တဲ့သဘော” ပါ။ ထိုသဘောတရားအရ ဆင်ဖြူတော်ရှိနေတုန်းတော့ ကြံရည်၀၀လင်လင်ရနိုင်ပေမယ့် ဆင်ဖြူတော်မရှိတော့တဲ့အခါ ဘယ်လိုလုပ်မလဲလို့တွေးစရာရှိပါတယ်။
ဘဝအတွက် ကိုယ်တိုင်သိထားရမည့်သင်ခန်းစာများ
ဘဝမှာ အကောင်းဆုံးရှင်သန်ရပ်တည်နိုင်ဖို့ တာဝန်ရှိတာကတော့ ကိုယ်တိုင်ပါပဲ။ မိဘလုပ်သူက အချိန်တန်ဘဝမှာရပ်တည်နိုင်အောင် အရွယ်ရောက်ချိန်ထိ သွန်သင်ပြုစုပေးလိုက်ပြီးတဲ့နောက်မှာတော့ ကိုယ့်ဘဝအတွက်တာဝန်ရှိတာကိုယ်တိုင်ပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဘဝမှာ ကိုယ်တိုင်သိထားရမယ့်သင်ခန်းစာတွေကိုဖော်ပြပေးလိုက်ပါ။
ဘဝကခက်ခဲပေမယ့် တိုက်ပွဲဝင်ရမှာပါပဲ။
ဘဝကခက်ခဲပေမယ့် တိုက်ပွဲဝင်ရမှာပါပဲ။
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ