ကိုယ့်စိတ်နဲ့ထပ်တူ လူတိုင်းကိုကောင်းမယ်လို့မျှော်လင့်မိတဲ့အခါ…….
တခါတလေကျရင် ကျွန်တော်တို့တွေအားလုံးဟာ ကိုယ်ချစ်တဲ့လူတွေ၊ ကိုယ်ခင်မင်တဲ့လူတွေ၊ ကိုယ်ယုံကြည်ရတဲ့လူတွေကို ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ အများကြီးမျှော်လင့်မိတတ်ကြပါတယ်။ မျှော်လင့်တယ်ဆိုတဲ့နေရာမှာ (၂) မျိုးရှိပါတယ်။
အချိန်ဆွဲတတ်တဲ့အကျင့်ကို ဘယ်လိုပြင်မလဲ။
ကိုယ့်မှာ အလုပ်တစ်ခုခုလုပ်မယ်ဆိုရင် အချိန်ဆွဲတတ်တဲ့အကျင့်ရှိနေတယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို အဓိကလုပ်ကြည့်လိုက်ပါနော်။ အဓိကက ကိုယ့်စိတ်ကိုသတိပြန်ပေးပြီး ကိုယ့်ကိုယ်ကိုယ်ပြန်တွန်းအားပေးဖို့ပါပဲ။ အဲဒါကတော့ ဘယ်သူမှလုပ်ပေးလို့မဖြစ်နိုင်ဘဲ ကိုုယ်တိုင်လုပ်မှရမှာဖြစ်ပါတယ်နော်။
အဆိုးမြင်သမားတစ်ယောက်ရဲ့အကျင့်ဆိုးများ
သင့်မှာ ဒီအချက်တွေရှိနေသလား ပြန်ဆန်းစစ်ကြည့်လိုက်ပါနော်။ - ဖြစ်ပြီးသားတွေကိုပဲ အားတိုင်းပြန်တွေးမိနေတယ်။ - ကိုယ့်ရဲ့အားနည်းချက်ကိုသာ တွေးပြီး ဝမ်းနည်းနေမိတယ်။ - သင့်ဘဝရဲ့ ဟာကွက်တွေ၊ ဆိုးကွက်တွေကိုသာ မြင်နေတယ်။ - မဖြစ်လာသေးတာတွေကိုလည်း ကြိုတွေးပြီး စိုးရိမ်ပူပန်နေတယ်။ - ကျရှုံးခဲ့တာတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့မဆုံးဘူး။
"ငွေကြောင့်မဟုတ်ဘဲ ယောကျာ်းလေးတွေကို မိန်းကလေးအချို့စိတ်မဝင်စားရတဲ့အကြောင်းရင်း "
အချို့တွေက ငွေရှိမှလူရာဝင်မယ်၊ ငွေကြောင့် ချစ်ခြင်းတရားအချို့ကပါ အရောင်ပြောင်းသွားနိုင်တယ်လို့ ပြောကြတာကြားဖူးကြမှာပါ။ မှန်သင့်သလောက်မှန်ပါတယ်။ ခံယူချက်ခြင်းမတူတဲ့အတွက်ကြောင့်ကိုပဲ လူအချို့ရဲ့အချစ်ဟာ အရောင်အမျိုးမျိုးပြောင်းလဲသွားနိုင်တာပေါ့။ ဒါပေမယ့် ငွေကြောင့်ဆိုတာကတော့ သိပ်ခိုင်လုံတယ်လို့လည်း ပြောမရပြန်ပါဘူးနော်။ ပြောင်းလဲချင်တဲ့လူက ပြောင်းလဲတတ်တာပါပဲလေ။ တကယ်တမ်းဆိုရင် ငွေဆိုတာ လူကလုပ်တာမဟုတ်လား။ အချစ်စစ်ကိုပိုင်ဆိုင်ထားတာမှန်တယ်ဆိုရင် သုညဘဝကစပေမယ့် ငွေရှိလာအောင် မောင်တစ်ထမ်းမယ်တစ်ရွက်နဲ့ကြိုးစားကြတဲ့လူတွေလည်း တပုံကြီးပါပဲနော်။ ငွေတွေရှိလာပြန်တော့လည်း အတူလက်တွဲသွားတဲ့လူတွေလည်း ဒူးနဲ့ဒေးပါပဲ။ ဘဝက စိတ်ကူးယဉ်နေသလို တဲအိုပျက်မှာ ထမင်းရည်တော့အတူလျက်လို့မရဘူးပေါ့။ လက်တွေ့ကျကျ အခက်ခဲတွေကို တကယ်ရင်ဆိုင်ဖြေရှင်းရဲတဲ့သတ္တိရှိဖို့တော့လိုတာပေါ့လေ။ အဲဒီလိုလက်တွေ့ကျကျ ဘဝကို ရင်ဆိုင်ဖြေရှင်းရဲတဲ့သတ္တိမရှိတာကြောင့် အချို့အချို့တွေက လက်တွဲဖြုတ်သွားကြတာမျိုးလည်းရှိပါတယ်။ အဲဒါကြောင့် ငွေမရှိလို့မဟုတ်ဘဲ မိန်းကလေးအချို့က ယောကျ်ားလေးအချို့ကို စိတ်မဝင်စားရတဲ့အကြောင်းရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ နောက်ထပ်လည်း ငွေကြောင့်မဟုတ်ဘဲ မိန်းကလေးတွေကို စိတ်မဝင်စားရတဲ့ ယောကျ်ားလေးတွေရဲ့အကြောင်းရင်းအချို့ကိုလည်း ဖော်ပြပေးသွားအုံးမှာပါ။ #BAWA101
ကမ္ဘာနဲ့အဝှမ်းသိမှတ်စရာအဖြာဖြာ (၁)
ကမ္ဘာနဲ့အဝှမ်းသိမှတ်စရာအဖြာဖြာ (၁) ကမ္ဘာနဲ့ချီတဲ့ အချို့သောအရာတွေက သိသလိုလိုရှိပေမယ့် သေချာမသိဘဲ မသဲကွဲတဲ့အရာမျိုးတွေရှိမှာပါ။ အဲဒါကြောင့် ရှာဖွေဖတ်မှတ်လို့ရသလောက် စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။ တစ်ချိန်ချိန်မှာ အသုံးဝင်နိုင်တာမို့ အချင်းချင်းလည်း ဖတ်ရှုနိုင်အောင်ရှယ်ပေးလိုက်ပါအုံးနော်။ နောက်ထပ်လည်း ရှာဖွေလို့ရသလောက်ဗဟုသုတအဖြာဖြာကို ဖော်ပြပေးသွားပါအုံးမယ်။ #BAWA101
တဖက်သတ်ချစ်တဲ့ အချစ်ကို ဘယ်လိုရပ်တန့်မလဲ။
တဖက်သတ်အချစ်ဟာ စိတ်မထားတတ်ရင် ပူလောင်လွန်းလှပါတယ်။ တနည်းအားဖြင့် ကိုယ့်လူဖြစ်နိုင်မဖြစ်နိုင်မသေချာသေးဘဲ ကိုယ်တစ်ယောက်တည်းကြိတ်ချစ်နေတာမျိုးက ပြုတ်ကျမလား၊ မပြုတ်ကျဘူးလားလို့ ဝေခွဲမရတဲ့ ကြိုးတန်းပေါ်လမ်းလျှောက်နေရသလိုပါပဲ။ ရင်တထိတ်ထိတ်နဲ့ပေါ့။ တဖက်လူက ကိုယ့်ကို မချစ်ဘူးဆိုတာသိတဲ့အခါမှာတော့ လှပ်ခနဲ နှလုံးသားတစ်ခုလုံး အသိမ်းခံလိုက်ရသလို ကိုယ်က ကြိုးတန်းပေါ်ကနေ ပြုတ်ကျတော့တာပါပဲ။ အဲဒါကြောင့်တဖက်သတ်ချစ်မိတဲ့အခါ ကိုယ့်ကို တဖက်လူကပြန်မချစ်နိုင်ဘူးလို့သိသော်လည်း စိတ်ဘယ်လိုထားမလဲ။ ကိုယ့်တဖက်သတ်အချစ်ကို ဘယ်လိုမျိုးထိန်းသိမ်းနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
ခက်ခဲတဲ့နေ့ရက်တွေက သင်ပိုသန်မာလာစေဖို့ကူညီပေးတာပါ ??
ခက်ခဲတဲ့နေ့ရက်တွေက သင်ပိုသန်မာလာစေဖို့ကူညီပေးတာပါ ??
မရှိတဲ့အရာတွေထက် ကိုယ့်မှာ ရှိထားပြီးသားအရာတွေရဲ့ တန်ဖိုးကိုသိပါစေ။
လူတော်တော်များများက များသောအားဖြင့် ကိုယ့်မှာရှိထားပြီးသားအရာအချို့ရဲ့တန်ဖိုးကို မေ့နေတတ်ကြပါတယ်။ နီးလွန်းလို့ မမြင်နိုင်တာလည်း ဖြစ်နိုင်တာပေါ့လေ။ ဒီခေါင်းစဉ်လေးကို ဖတ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်လိုက်ပါ။ ကိုယ်တိုင်ရော ကိုယ့်မှာမရှိတဲ့အရာတွေကိုသာ လိုချင်တပ်မက်စိတ်ဖြစ်နေမိတယ်မလား။ ကိုယ်မသိလိုက်ခင်မှာပဲ ကိုယ့်မှာမရှိတဲ့အရာတချို့အပေါ် လိုချင်စိတ်ဖြစ်ပေါ်နေတတ်ပြီး ထိုမရရှိ မပိုင်ဆိုင်ထားတဲ့အရာတွေအတွက်ပဲ ဝမ်းနည်းနေတတ်ပါတယ်။ ဥပမာ။ ခုလက်ရှိ ဆမ်ဆောင်းဖုန်းလောက်ကိုင်ထားတဲ့သူက ကိုယ့်ဆမ်ဆောင်းဖုန်းရဲ့အားသာချက်ကိုမေ့ပြီး အိုင်ဖုန်းနောက်ဆုံးပေါ် ရရင်တော့ လိုချင်သား….ဆိုတဲ့စိတ်မျိုးဖြစ်နေတာမျိုးပေါ့။