သင်အမြဲစံပြအဖြစ်သတ်မှတ်ခဲ့တဲ့ Idol❤️ က ဘယ်သူဖြစ်မလဲ ❓❓
လူတိုင်းကတော့ ဘဝမှာ ကိုယ်အမြဲအားကျတဲ့လူတစ်ယောက်ရှိမှာပါနော်။ ကိုယ်အားကျရတဲ့သူလိုမျိုး အောင်မြင်ချင်တာ၊ အဆင်ပြေချင်တာ၊ ရဲဝင့်ချင်တာ၊ မှန်ကန်ချင်တာတွေရှိမှာပါ။ စာဖတ်သူတွေမှာရော အဲဒီလို Idol မျိုးရှိမယ်ဆိုရင် ဘယ်လိုသူဖြစ်မလဲ။
အချို့မိန်းကလေးများကို ယောကျ်ားလေးအချို့ကဘာကြောင့်စိတ်မဝင်စားတာလဲ❓
အချို့မိန်းကလေးတွေဟာ ရုပ်ရည်အလှအပကို ပိုဦးစားပေးမိနေပြီး ဘဝအတွက်လိုအပ်တဲ့အရည်အချင်းတွေကို မေ့ထားတတ်ကြပါတယ်။ တချို့ကျပြန်တော့ ငွေကိုသာ ရှင်ဘုရင်လိုကိုးကွယ်ပြီး ကိုယ်ကျင့်တရားရောင်းစားဖို့လည်း ဝန်မလေးတာမျိုးရှိကြပြန်ပါတယ်။ တချို့ကျပြန်တော့ အရည်အချင်းထက် အရေအတွက်၊ အပေါ်ယံရုပ်ဝတ္ထုပစ္စည်းတွေကိုသာ အလေးထားတတ်ကြပြန်တယ်။ ✅ တကယ်တမ်းက မိန်းကလေးတွေရဲ့ရုပ်ရည်က အဓိကကျတာမဟုတ်သလို၊ ငွေကြေးကလည်းအဓိကကျတာမဟုတ်ပါဘူး။ ✅ တကယ့်အရည်အချင်းရှိပြီး ကိုယ့်ကျင့်သိက္ခာကို တန်ဖိုးထားတတ်တဲ့မိန်းကလေးတိုင်းဟာ ဘယ်လိုအမြင်နဲ့ကြည့်ကြည့် အလှပဆုံးနဲ့အပြည့်စုံဆုံးမိန်းကလေးဖြစ်နေမှာပါပဲ။ အဆင်းသာရှိပြီ အချင်းမရှိလည်း အလကားဖြစ်မှာပါ။ အဲဒီလိုမိန်းကလေးဖြစ်နေတာကြောင့် အချို့သော ယောကျ်ားလေးတွေက စိတ်မဝင်စားကြတာလည်း ဖြစ်နိုင်ပါတယ်နော် "ငွေကြောင့်မဟုတ်ဘဲ ယောကျာ်းလေးတွေကို မိန်းကလေးအချို့စိတ်မဝင်စားရတဲ့အကြောင်းရင်း "ဆိုတဲ့အကြောင်းအရာလေးတွေကိုလည်း အောက်ကလင့်မှာဝင်ဖတ်ကြည့်ပြီး အမြင်လေးဖလှယ်ခဲ့ပါအုံး?? https://bit.ly/2B6N8Vo #BAWA101
ဘယ်သူကောင်းကောင်းမကောင်း ကိုယ်ကောင်းဖို့သာ အဓိကပါ။
ဒီစာသားလေးကို မြင်မိတော့ ဘယ်လိုခံစားရပါသလဲ။ ဘဝမှာ ကိုယ်ကကောင်းကောင်းနေခဲ့သားနဲ့ ကိုယ့်ကိုမကောင်းမြင်တတ်တဲ့လူတွေနဲ့ ကြုံးဖူးခဲ့တယ်မဟုတ်လား။ ကိုယ်ကစိတ်စေတနာကောင်းကောင်းထားခဲ့ပေမယ့် ကိုယ့်စေတနာကို အကောင်းမထင်တဲ့သူတွေနဲ့ ကြုံဖူးခဲ့တယ်မဟုတ်လား။ အဲဒီ့အခါ သေချာတာကတော့ ကိုယ့်စိတ်ထဲနာကျင်ရတယ်ဆိုတာပါပဲနော်။ ပြီးတဲ့အခါ “ဘာလို့များ ကိုယ့်ကိုနားမလည်ကြတာလဲ” “ဘာလို့များ ကိုယ့်စိတ်စေတနာကောင်းထားရဲ့သားနဲ့ တူညီတဲ့တုံ့ပြန်မှုမျိုးပြန်မရတာလဲ” “ကိုယ်ကောင်းရင် ရောင်ပြန်ဟပ်မယ်ဆိုတာအလကားပါပဲလား” ဆိုတဲ့အတွေးမျိုးတွေဝင်လာတော့တာပါပဲ။ လူတစ်ရာမှာ ၈၀လောက်က အဲဒီလိုဖြစ်တတ်ကြပါတယ်။
ကိုယ့်ကိုယ်ကိုယ်ဘယ်လိုစိတ်ချမ်းသာအောင်ဘယ်လိုထားမလဲ။
လောကမှာ ရှင်သန်နေရတဲ့ဘဝကို ပျော်ရွှင်ဖို့အတွက် အဓိကအကြောင်းရင်းကတော့ ကိုယ်ရထားတဲ့ဘဝကို ချစ်ဖို့က အရေးကြီးဆုံးပါပဲ။ ကိုယ့်ရထားတဲ့ဘဝကို ချစ်ဖို့ဆိုတာက ကိုယ်လုပ်ချင်လေးတွေ လုပ်နေရမယ်၊ ကိုယ်ရည်မှန်းထားတာလေးဖြစ်လာမယ်၊ ကိုယ့်ကိုတန်ဖိုးထားပြီး ကိုယ်ကလည်းတန်ဖိုးထားတဲ့ချစ်သူ၊ အိမ်ထောင်ဖက်ရှိမယ်၊ မပူပန်ကြောင့်ကြစရာလိုဘဲ ဝင်ငွေရှိမယ် စတဲ့အချက်တွေအများကြီးလိုပါသေးတယ်နော်။ အဲဒီ့အချက်တွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်မယ်ဆိုရင်တော့ အဓိကက ကိုယ့်စိတ်ချမ်းသာမှုပါပဲ။
နောင်တစ်ချိန်အသီးအပွင့်လိုချင်ရင် ဒီနေ့အပင်စိုက်ပါ။
ဒီစာသားလေးက အဓိပ္ပါယ်တွေအများကြီးပါပါတယ်။ ဒီစကားမျိုးပြောလိုက်တာနဲ့ ဘာပြောချင်တယ်ဆိုတာ တန်းသိကြပါလိမ့်မယ်။ ဒါပေမယ့် ဒီစာသားအတိုင်း ကျင့်သုံးမိတဲ့သူကတော့ နည်းပါတယ်။ အဲဒါကြောင့်လည်း လူအများကြားမှာ အောင်မြင်တဲ့သူဟာ လူနည်းစုဖြစ်နေတာပါပဲ။ အောင်မြင်တယ်ဆိုတဲ့နေရာမှာ ကျိကျိတက်ချမ်းသာပြီး ငွေတွေအပုံလိုက်ရှိနေမှ အောင်မြင်တာမဟုတ်ပါဘူးနော်။ ကိုယ်စတင်လိုက်တဲ့အလုပ်လေးတစ်ခုကို အကောင်းဆုံးဖြစ်အောင်ကြိုးစားရင်း ရလဒ်လေးတွေရလာတာသည်လည်း အောင်မြင်တယ်လို့ ဆိုလို့ရပါတယ်။
ချစ်ခြင်းတရားနှင့်ပတ်သက်သော အမှန်တရားများ (၁)
အချစ်ဆိုတာ ပေးဆပ်တတ်သူအတွက် ပေးဆပ်ခြင်းဖြစ်ပြီး ရယူတတ်သူအတွက်တော့ရယူပိုင်ဆိုင်ခြင်းဖြစ်နေတတ်ပြန်ပါတယ်။ တဖက်သတ်ချစ်နေရတဲ့သူအတွက်ကျပြန်တော့လည်း အချစ်ဆိုတာ ငေးမောနေရခြင်းဖြစ်နေပြန်ရော......။ အဲဒါကြောင့် အချစ်ဆိုတာ ခံယူတဲ့သူအပေါ်မူတည်ပြီး အမျိုးမျိုးအဓိပါ္ပယ်ဖွင့်ဆိုခြင်းဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးလိုက်တဲ့အရာတွေကတော့ ဖတ်ကြည့်လိုက်ရင် ဘယ်တော့မဆို မှန်ကန်နေမယ့် အချစ်နဲ့ပတ်သက်တဲ့အမှန်တရားတွေပါပဲ။ #BAWA101
လူပီသတဲ့လူဖြစ်ဖို့ဆိုတာက အဓိပါ္ပယ်အများကြီးပါပါတယ်။ လူသားဖြစ်နေပေမယ့် လူသားပီသတဲ့ အတွေးအခေါ် အကျင့်အကြံတွေမရှိဘူးဆိုရင် လူပီသတဲ့လူမဖြစ်နိုင်ပါဘူး။ လူဖြစ်နေပေမယ့် လူမဆန်တဲ့လူတွေအများကြီးကြုံဖူးမှာပါ။ အောက်မှဖော်ပြထားတဲ့အကြမ်းဖျင်းအချက်လေးတွေမရှိနိုင်ဘဲ လူပီသတဲ့လူမဖြစ်နိုင်ပါဘူး။ ကိုယ့်ရဲ့အားနည်းချက်တွေ ၊ အမှားတွေကို အတတ်နိုင်ဆုံးပြုပြင်ရင်း လူပီသတဲ့လူဖြစ်ဖို့ကြိုးစားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်မသိနိုင်တဲ့အခြားတဖက်ကိုလည်း တွေးကြည့်ပေးပါ။
“Every one is a moon, and has a dark side which he never shows to anybody” ဆိုတဲ့ Mark Twin ရဲ့ ကောက်နုတ်ချက်လေးတစ်ခုကို သတိရမိပါတယ်။ လူတိုင်းဟာ လလိုပဲ အခြားဘယ်သူ့ကိုမှ ပြောမပြထာတဲ့ အမှောင်ဘက်အခြမ်းကိုယ်စီရှိကြပါတယ်တဲ့။ မှတ်မှတ်ရရ ဆရာမဂျူးရဲ့ဝတ္ထုတစ်အုပ်မှာ ဖတ်ရင်းကြိုက်လို့မှတ်ထားမိတဲ့စာသားလေးပါ။ လူတိုင်းကို ကိုယ်မြင်နေတွေ့နေနိုင်တဲ့အပိုင်းကိုပဲ မြင်နိုင်တာပေါ့၊ ဒါပေမယ့် ကိုယ်တွေမသိနိုင်တဲ့ ၊ ကိုယ်မမြင်နိုင်တဲ့ အခြားတစ်ခြမ်းကိုတော့ ဘယ်တုန်းကမှ မတွေးကြည့်မိတတ်ကြပါဘူး။ အဲဒါက ဘာကိုပြောသလဲဆိုရင် ကျွန်တော်တို့အားလုံးဟာ လူတစ်ယောက်ရဲ့အပြုအမူ၊ အနေအထိုင်၊ ပြဿနာတစ်ခုခု၊ ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုခုပေါ်မှာ ကိုယ်တွေမြင်တာနဲ့သာ ဆုံးဖြတ်တတ်ကြတာပါပဲ။ ကိုယ်မသိနိုင်တဲ့အခြားတစ်ဖက်မှာ ဘယ်လိုအကြောင်းပြချက်တွေ၊ အကြောင်းအရာတွေရှိမလဲဆိုတာကို သိပ်မတွေးမိတတ်ကြဘူးလို့ ဆိုလိုချင်တာပါ။ ဘယ်စာအုပ်ထဲက စာသားလဲတော့မမှတ်မိတော့ပါဘူး။
သင့်နှလုံးသားနဲ့ရင်းပြီး ရနိုင်တဲ့အမြတ်များ
တစ်ခုရဖို့ တစ်ခုရင်းရတယ်တဲ့။ သင်နှလုံးသားတစ်ခုလုံးရင်းလိုက်ရတဲ့အခါမှာတော့ သင်ပြန်ရလိုက်တဲ့အရာတွေက သင့်ဘဝအတွက် အများကြီး အဓိပါ္ပယ်ရှိတဲ့အရာတွေဖြစ်ပါစေ။ သင့်နှလုံးသားရင်းရခြင်းဟာ အလကားမဖြစ်စေပါဘဲ သင့်ဘဝပြန်လည်ထူမတ်ဖို့ရာ ခွန်အားတွေအဖြစ်ယူနိုင်အောင်ကြိုးစားလိုက်ပါနော်။