သင့်စိတ်ကျန်းမာစေဖို့လုပ်သင့်တဲ့အချက်များ
ဒီကာလမှာအားလုံးဟာအနည်းနဲ့အများ စိတ်ဖိစီးမှုတွေရှိနေကြမှာပါ။ အဲဒါကြောင့် ကိုယ့်စိတ်ဖိစီးမှုကိုလည် ကိုယ်က သတိလေးထားပြီး စောင့်ကြည့်ကာ စိတ်ဖိစီးမှုပြေပျောက်အောင်လုပ်ဆောင်သင့်တာတွေလုပ်ဖို့လိုပါတယ်.။ စိတ်ကျန်းမာနေတဲ့အခါ ကိုယ်ကျန်မာရေကိုလည်း ပိုဂရုစိုက်နိုင်သလို၊ အခြားသော ကဏ္ဏတွေမှာလည်း အဆင်ပြေအောင်ကြိုစားဖို့အထောက်အကူပြနိုင်ပတယ်။ အဲဒါကြောင့်အလွယ်ဆုံးလုပ်နိုင်တဲ့အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။
Social Media ကတဆင့် သင့်ရဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေသောကိစ္စများ
တကယ်တော့ ကျွန်တော်တို့စွဲစွဲလမ်းလမ်းသုံးနေတဲ့ Social Media ပေါ်မှာ နေ့စဥ်မြင်နေတွေ့နေရတဲ့အရာတွေမှာ တချို့အရာတွေဟာ ကျွန်တော်တို့ရဲ့စိတ်ကျန်းမာရေးကို မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုးနဲ့ ထိခိုက်စေပါတယ်။ အဲဒီ့အကြောင်းတရားတွေမှာ ဘယ်လိုအကြောင်းတရားတွေပါနေမလဲဆိုတာဖော်ပြထားပါတယ်။ စာဖတ်သူတို့လည်း တွေးမိတဲ့အချက်တွေရှိရင် ကွန်မန့်မှာထပ်ဖြည့်ပေးပါအုံးနော်။
အသက်မွေးဝမ်းကြောင်းအတွက် ထားရှိရမည့် ကိုယ်ပိုင်အရည်အသွေးဆိုင်ရာ ရည်မှန်းချက်များ
Personal development skills ဆိုတာက သင့်ရဲ့ပုဂ္ဂိုလ်ရေးအရရော၊ သင့်ရဲ့ professionally အရရော တိုးတက်ဖို့အတွက် ကူညီပေးနိုင်တဲ့စွမ်းရည်တစ်မျိုးပါပဲ။ အဲဒီ့စွမ်းရည်ကို နားလည်ပြီး တိုးတက်မှုရှိအောင်ကြိုးစားခြင်းက သင့်ဘဝရဲ့တိုးတက်မှုဖြစ်နိုင်ချေအများဆုံးပါပဲ။ အဲဒီ့ဖြစ်စဥ်က သင့်ကိုယ်သင်တိုးတက်မှုအတွက် နားလည်ခြင်းပါပဲ။ Personal development ရှိခြင်းက သင့်ရဲ့ပန်းတိုင်ကိုရောက်အောင်သွားနိုင်မယ်၊ သင့်အရည်အချင်းတွေနဲ့ ဗီဇတိုးတက်လာမယ်၊ သင့်ကိုယ်သင်ပိုကောင်းအောင်ကြိုးစားနိုင်မယ်၊ ပိုပြီး ပြီးပြည့်စုံလာတယ်လို့ ခံစားရမှာဖြစ်ပါတယ်။ အဲဒါကြောင့် အလုပ်ခွင်မှာ သင့်ရဲ့ Personal development တိုးတက်လာဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ဘယ်အရာတွေပိုတိုးတက်လာအောင်လုပ်မယ်၊ ဘယ်အရာတွေမှာတော့ အသိအမှတ်ပြုလက်မှတ်ရအောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက် (goal) တွေထားရမှာဖြစ်ပါတယ်။ အဲဒါမှသာ ကိုယ့်ရဲ့ အလုပ်ခွင်မှာထူးချွန်စေမယ့် Skills တွေတစ်ခုပြီးတစ်ခုတိုးလာမှာဖြစ်ပါတယ်။ အဲဒီ့အတွက် ဘယ်လို ရည်မှန်းချက်တွေ ထားသင့်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။
"အခုချိန်မှာ တစ်ယောက်ယောက်ကို ရင်ထဲက မပြောဖြစ်တဲ့စကားလေးပြောရမယ်ဆိုရင် ဘာရင်ဖွင့်မလဲ။
"အခုချိန်မှာ တစ်ယောက်ယောက်ကို ရင်ထဲက မပြောဖြစ်တဲ့စကားလေးပြောရမယ်ဆိုရင် ဘာရင်ဖွင့်မလဲ။
ကလေးကိုစိတ်ဓာတ်ခွန်အားမြင့်တင်ပေးဖို့ ဘာတွေလုပ်ခိုင်းသင့်လဲ။
ကလေးတစ်ယောက်ရဲ့စိတ်ဓာတ်ခိုင်မာမှုကို ငယ်စဥ်ကတည်းက ပြုစုပျိုးထောင်ပေးထားရမှာပါ။ စိတ်ဓာတ်ခိုင်မာတဲ့ကလေးဟာ ဘဝတစ်လျှောက်မှာကြုံရသမျှ အခက်အခဲအနှောင့်အယှက်တွေကို ကြံ့ကြံ့ခံနိုင်မှာဖြစ်ပြီး ကျရှုံးမှုတွေကိုလည်း ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဘဝမှာ မြင့်တလှည့်နိမ့်တလှည့်ကြုံရတဲ့လောကဓံကနေ မိဘက အမြဲကာကွယ်မပေးနိုင်ပါဘူး ။ အဲဒီ့အတွက် လောကဓံကို ခံနိုင်ရည်ရှိဖို့အတွက် ကလေးရဲ့စိတ်ဓာတ်ကိုပဲ သင်ကြားပြုပြင်ပေးထားမှရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနေ့ခေတ်လိုအပြိုင်အဆိုင်များလာတဲ့ခေတ်မှာလည်း မိဘတွေရဲ့တာဝန်မှာ သားသမီးရဲ့စိတ်ဓာတ်ခွန်အားကို မြင့်တင်ပေးဖို့ တာဝန်ရှိပါတယ်။ အဲဒါမှ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကြံံလာသမျှ ပစ်တိုင်းထောင်လို ကျရာနေရာမှာ လက်မထောင်နိုင်အောင် ကြိုးစားချင်စိတ်ရှိလာမှာပါ။
ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ
Covid ကနေ ရနိုင်တဲ့ ဘဝသင်ခန်းစာများ
Covid ကြောင့် လူတွေစိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေး အမျိုးမျိုးထိခိုက်ရတာမှန်ပေမယ့် ယူတတ်မယ်ဆိုရင် ဘဝအတွက်သင်ခန်းစာတွေအများကြီးရနိုင်ပါတယ်နော်။ တကယ်တော့ ကျွန်တော်တို့တွေဟာ တစ်နေ့တစ်နေ့ ဘဝရှင်သန်ရပ်တည်ဖို့ကိုသာ ရုန်းကန်ကြိုးစားနေကြရာမှာ ဒေါသတွေ၊ မာန်မာနတွေ၊ အတ္တတွေ ၊ အမုန်းတရားတွေလည်း တရိပ်ရိပ် တက်နေကြပါတယ်။ ကိုယ့်ရဲ့မကောင်းသောစိတ်ထားအကျင့်အကြံဟာ ကိုယ့်ကိုသာထိိခုက်စေတာကို မေ့လျော့မိနေတဲ့အခိုက်အတန့်လည်းရှိမှာပါပဲ။
သင်လုပ်နိုင်တာကိုသာ အာရုံစိုက်ပါ။
ဒီစကားလေးက ကြားလိုက်ရင် ဘာမှမထူးဆန်းသလို ခံစားရပါတယ်။ ဒါပေမယ့် သေချာတွေးကြည့်ရင်တော့ အဓိပါ္ပယ်ရှိတာသိလာမှာပါ။ တခါတလေမှာ ကျွန်တော်တို့တွေက ဘဝရှင်သန်ရုန်းကန်မှုတွေကြားထဲ နစ်နေရင်းနဲ့ ကိုယ်မလုပ်နိုင်တာတွေကိုသာ မြင်တတ်ကြပါတယ်။ အကြောင်းရင်းကတော့ အပြစ်မြင်ရတာ လွယ်သကိုး။ တခုခုဆိုရင် “မင်းက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ဟိုက သူဌေးသားကွ” “နိုင်ငံခြားက ဘွဲ့ဘယ်ယူနိုင်ပါ့မလဲ၊ မင်းကို ဘယ်သူကကျောင်းထားပေးမှာမို့လို့လဲ” “မင်းလားဖြစ်မှာ……ဘယ်နေရာမှာများ ငွေပေါနေလို့လဲ” စသဖြင့် မဖြစ်နိုင်ဘူးဆိုတဲ့ ရှု့ထောင်ကနေ မြင်ဖို့ကလွယ်ပါတယ်။ တနည်းအားဖြင့် အဆိုးဘက်ကနေမြင်ဖို့လွယ်တယ်ပေါ့။ အဲဒီ့အခါမှာ ဘာဖြစ်လာသလဲဆိုရင် အဆိုးတွေကိုမြင်ခြင်း တနည်းအားဖြင့် ကိုယ်မတတ်နိုင်တာ၊ ကိုယ်မစွမ်းဆောင်နိုင်တာကိုသာ မြင်တဲ့အတွက် စိတ်ပျက်ပြီး လက်လျှော့ချင်စိတ်ဖြစ်လာပါတယ်။ အဲဒီ့အခါ မတတ်နိုင်ဘူးလို့ထင်တဲ့စိတ်အတိုင်းပဲ မကြိုးစားကြည့်တော့ဘဲ တကယ်မဖြစ်မြောက်လာတော့ပါဘူး။
ကံကောင်းတယ်ဆိုတာ အခြားသူတွေလက်လျော့လိုက်တဲ့အရာတစ်ခုအပေါ် ဇွဲမလျော့ဘဲ ပင်ပန်းတကြီးကြိုးစားခဲ့လို့ပါ။
ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပေါ့။ “ဟာ....သူက အလုပ်ကောင်းကောင်းရတယ်၊ ကံကောင်းလိုက်တာ” “သူက လစာကောင်းတယ် ကံကောင်းလိုက်တာ” “ဟယ်.....နင်ကအရမ်းကံကောင်းတာပဲ လစာများများပေးတဲ့အလုပ်ရတယ်။” “ရာထူးတိုးသွားတာမြန်လိုက်တာ ကံကောင်းလိုက်တာ” စသဖြင့်ပေါ့။ တကယ့်တော့ အဲဒီ့ကံကောင်းလိုက်တာဆိုတဲ့စကားတစ်ခွန်းရဲ့နောက်ကွယ်မှာ ကျွန်တော်တို့မသိတဲ့ ကြိုးစားအားထုတ်မှုတွေရှိပါတယ်။ ဘယ်သူကိုမှ အထူးတလည်ကံတွေကောင်းပြိး ဥုံဖွရယ်လို့ ဖြစ်လာတာမရှိပါဘူး။ ရှိတယ်ထားအုံး.......မကြာခဏ ကံကောင်းနိုင်မှာမဟုတ်ပါဘူး။ ကံအများဆုံးကောင်းနိုင်လည်း ကံကောင်းလို့ရရင် တစ်ခါပေါ့။
Covid ကာလအတွင်း ဆီးချိုသမားတွေအတွက် ကိုယ်ခံအားကောင်းစေသောအစားအစာများ
အခုလိုကိုဗစ်ကာလအတွင်းမှာ ရောဂါအခံရှိထားသူတွေနဲ့ သက်ကြီးရွယ်အိုကလေးသူငယ်တွေက ပိုပြီးသတိထားနေရပါတယ်။ ကိုယ်ခံအားကောင်းတဲ့လူငယ်တွေက ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူဖြစ်နိုင်ပြီးတော့ အိမ်မှာရှိနေတဲ့ ကိုယ်ခံအားနည်းသူတွေကို ပိုးကူးစက်ခံရတဲ့အခါမှာ ထိုကိုယ်ခံအားနည်းသူနဲ့ရောဂါပိုးအခံရှိသူတွေက ရောဂါလက္ခဏာပြပြီး ထိခိုက်နိုင်ပါတယ်။ အဲဒါကြောင့် ခုလိုချိန်မှာ ကိုယ်ခံအားကောင်းအောင်ဂရုစိုက်စားသောက်နေထိုင်သင့်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေဟာ ကိုယ်ခံအားအတွက်အထောက်အကူပြုနိုင်တဲ့ အစားအစာတွေစားပေးသင့်ပါတယ်။ ဆီးချိုရောဂါအခံရှိသူတွေအတွက် စားသင့်တဲ့အစားအစာတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။