လူသန်းပေါင်းများစွာကို စိတ်ဓါတ်ခွန်အားတွေ ပေးစွမ်းနိုင်ခဲ့သော မသန်စွမ်းသောသူရဲကောင်းများ
လူသန်းပေါင်းများစွာကို စိတ်ဓါတ်ခွန်အားတွေ ပေးစွမ်းနိုင်ခဲ့သော မသန်စွမ်းသောသူရဲကောင်းများ။
သင့်ဆံသားအတွက် မကောင်းတဲ့အကျင့် ၅ခု
လူတော်တော်များများအထူးသဖြင့် မိန်းကလေးတွေက သူတို့ရဲ့ဆံကေသာနဲ့ပတ်သက်ပြီး ဂုဏ်ယူလေ့ရှိကြပါတယ်။ အဲဒါကြောင့် ဆံသားကို ပိုပြီးကျန်းမာဖို့နဲ့ ပိုပြီးလန်းဆန်းတက်ကြွမှုကိုခံစားရစေဖို့ ဆံကေသာကို ဂရုစိုက်သင့်ပါတယ်။ သင်တောင်မသိလိုက်ဘဲ လုပ်မိနေတဲ့မှားယွင်းနေတဲ့အချက်တွေကြောင့်လည်း သင့်ဆံသားတွေထိခိုက်နိုင်ပါတယ်။ ဘယ်အချက်တွေကမှားယွင်းနေလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။
ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ အခြားအရေးကြီးတဲ့အာဟာရဓာတ်တွေပါဝင်ပြီး ကျွန်တော်တို့ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ လုပ်ဆောင်ချက်တွေအတွက် အရမ်းအကျိုးရှိစေပါတယ်။ ဟားဗတ်ကျောင်းရဲ့ လူထုကျန်းမာရေးလေ့လာချက်အရ ဟင်းသီးဟင်းရွက်တွေစားသုံးခြင်းက နာတာရှည်ရောဂါတွေဖြစ်ပေါ်ခြင်းမှ လျော့ကျဖို့ကူညီနိုင်ပါတယ်။ အထူးသဖြင့် အမျိုးအစား၂ ဆီးချိုရောဂါ၊ မျက်လုံးအမြင်အာရုံနဲ့ အစာခြေစနစ်ပြဿနာများ၊ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ သွေးဖိအားများခြင်းနဲ့ အခြားသော ကင်ဆာရောဂါအချို့ကို တိုက်ဖျက်ရာတွင် အကူအညီဖြစ်စေနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေတဲ့အကျင့် ၅ချက်
ကျွန်တော်တို့ နေ့စဉ်ရှင်သန်နေထိုင်နေတဲ့ ပုံစံတွေက ကျွန်တော်တို့တောင်မသိလိုက်ဘဲ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဆိုးဝါးစေတဲ့အကျင့်တွေရှိနေပါတယ်။ အဲဒါတွေက ဘာတွေဖြစ်မလဲဆိုတာ သိပြီး ပြုပြင်နိုင်အောင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါအုံး။
ခေါင်းစဉ်က ကစားနည်းလို့ပေးထားတာက ဒီဆောင်းပါးကိုဖတ်မယ့်သူတွေအတွက်လည်း ကစားနည်းတစ်ခုလိုမျိုး ပါဝင်ကစားကြဖို့ တိုက်တွန်းချင်တဲ့သဘောပါ။ လောကမှာ မပျော်ရွှင်ချင်တဲ့သူ မရှိဘဲနေပါ့မလား။ ဒါပေမယ့်လည်း ဘဝရဲ့အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ဖိစီးမှုတွေ၊ နာကျင်မှု၊ ဝမ်းနည်းမှုတွေကြားထဲမှာ သံသရာလည်နေရင်းနဲ့ပဲ ပျော်ရွှင်ခြင်းတွေက အမြဲပျောက်ဆုံးတော့မလိုဖြစ်ဖြစ်သွားတတ်ကြပါတယ်။ အဲဒါကြောင့် ဒီကစားနည်းလေးကို မှတ်သားပြီး အကျင့်လေးရအောင် လိုက်လုပ်ကြည့်နိုင်ဖို့ ဖော်ပြပေးချင်ပါတယ်။ ကစားနည်းတစ်ခုလို ကစားရမှာထက် အကျင့်လေးတစ်ခုဖြစ်အောင် အလေ့အကျင့်လုပ်ပြီးတွေးတတ်တဲ့အကျင့်လေးကို ပြောပြပေးသွားမှာပါ။
လမ်းမလျှောက်တတ်သေးတဲ့အရွယ်လောက်ကပေါ့၊ လမ်းမှမလျှောက်တတ်သေးဘဲ စမ်းတဝါးဝါးလျှောက်ရင်း လဲကျလိုက် ငိုလိုက်ပြန်ထလိုက်နဲ့ နောက်ဆုံး လမ်းလျှောက်တတ်သွားတာပါ။ လဲကျနေတိုင်းသာ ပြန်မထဘဲ ငိုပြီး ထိုင်နေလိုက်မယ်၊ နောက်လဲ လမ်းလျှောက်မသင်တော့ဘူးဆိုရင် လမ်းလျှောက်တတ်ပါ့အုံးမလား။ မိဘဖြစ်သူကလည်း လဲကျလည်း မထနဲ့တော့… သားသမီးနာကျင်မှာစိုးလို့ မိဘတွေကိုယ်တိုင် ဝင်ပြီးလမ်းလျှောက်ပေးလိုက်ပေးလို့လည်း မရပြန်ပါဘူး။ အဲလိုပါပဲ ငယ်စဉ်ကတည်းက ကိုယ်တိုင်လမ်းလျှောက်တတ်အောင် လဲကျလိုက် ပြန်ထလိုက်နဲ့ အနာခံပြီး သင်ယူခဲ့လို့ ဒီနေ့မှာ သင်လမ်းလျှောက်တတ်လာတာပါ။
သွားကိုက်ခြင်းကို သက်သာစေမယ့် နည်းလမ်းများ
သွားကိုက်တယ်ဆိုတဲ့ဝေဒနာက အင်မတန်ကို ဆိုးဝါးတာ ခံစားဖူးသူတိုင်းသိမှာပါနော်။ စားချင်တာတွေလည်း စားလို့မရနိုင်၊ မြင်သာမြင်ရ ….မကြင်ရ၊ အိပ်ချိန်ရောက်ပြန်လည်း တဆစ်ဆစ်နဲ့ကိုက်လွန်းလို့အိပ်မရပြန် ၊ အင်္ကျ ီဝတ်သလို ဒီသွားကြီးကိုလည်း ချွတ်ထားပစ်လို့ကလည်း မရနဲ့။ အရမ်းဆိုးဝါးပါတယ်။ တစ်ချိုု့ကတော့ ကြိတ်မှိတ်ခံလိုက် ပျောက်သွားလိုက်နဲ့ဖြစ်တတ်ပေမယ့်၊ တစ်ချို့ကတော့ အလုပ်ပျက်အကိုင်ပျက်တဲ့အထိတောင် ဆိုးဝါးပါသေးတယ်။ အဲဒါကြောင့် တော်တန်ရုံသွားကိုက်တာလောက်တော့ ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာတင်လုပ်ကြည့်လို့သက်သာမယ့်နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
စိတ်ဖိစီးမှုကို လျော့ကျစေဖို့ စားသုံးသင့်သောအစားအစာများ
စိတ်ဖိစီးမှုနဲ့ ပူပန်မှုတွေက ကျွန်တို့တော်တို့ နေ့စဉ်ရှင်သန်မှုဘဝမှာ ခွဲခြားထားခဲ့လို့မရတဲ့ ပြဿနာပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ် အစားအစာ ၆မျိုးစားသုံးခြင်းက စိတ်ဖိစီးမှုနဲ့ပူပန်မှုတွေကို လျော့ကျစေဖို့ အကူအညီပေးနိုင်ပါလိမ့်မယ်။
လောကမှာ စွန့်ပစ်ခံဖူးတဲ့သူနဲ့ စွန့်ပစ်ဖူးတဲ့သူ နှစ်မျိုးနှစ်စားရှိပါတယ်။ လူတိုင်းနီးပါးလည်း ထိုအခြေအနေမျိုးကို ကြုံဖူးမယ်ထင်ပါတယ်။ ကိုယ်က စွန့်ပစ်လိုက်ရတာက သိပ်ပြီး မသိသာပေမယ့်လည်း ကိုယ်က စွန့်ပစ်ခံလိုက်ရရင်တော့ နာကျင်တတ်ကြပါတယ်။ အများအားဖြင့် စွန့်ပစ်လိုက်တဲ့သူက ဘယ်လိုမှ သိပ်မခံစားရနိုင်ပေမယ့် စွန့်ပစ်ခံလိုက်ရတယ်ဆိုတဲ့ခံစားချက်ကျတော့ စူးစူးနစ်နစ်နာကျင်တတ်ကြပါတယ်။ (စွန့်ပစ်လိုက်ပေမယ့် နာကျင်တဲ့သူလည်း ရှိမှာပါ။) သင်ကစွန့်ပစ်ခံဖူးတယ်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ဖြစ်မှာပါ။ သင်က ဘာအကြောင်းပြချက်မှ မပေးခံရဘဲ စွန့်ပစ်ခံလိုက်ရတယ်ဆိုပါတော့။ သင့်မှာ ခံပြင်းမှု၊ နာကျင်မှု၊ ပူဆွေးမှု၊ ဝမ်းနည်းမှု၊ အားငယ်မှု စတဲ့ခံစားချက်ပေါင်းစုံနဲ့ သင်ဗလောင်ဆူနေမိမှာပါ။
အမျိုးသမီးများရဲ့ ကျန်းမာရေးအတွက် အဓိက လိုအပ်သော ဗီတာမင်ဓာတ်များ
အမျိုးသမီးနဲ့ အမျိုးသားမှာ မတူညီတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိပါတယ်။ အဲဒါအပြင် မျိုးဆက်ပွားကျန်းမာရေးအရကော အမျိုးသမီးတွေမှာ အဓိက လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေရှိပါတယ်။ ခန္ဓာကိုယ်မှာ တစ်ခါတစ်ရံ ဗီတာမင်ဓာတ်လိုအပ်သလောက် မရရှိတာမျိုးဖြစ်တဲ့အခါ ကျန်းမာရေးထိခိုက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ လိုအပ်နေတဲ့ဗီတာမင်ဓာတ် များကို ဖော်ပြပေးလိုက်ပါတယ်။
အခွင့်အလမ်းကိုထိုင်စောင့်နေတာမှန်ရဲ့လား
လူတစ်ချို့မြင်ဖူးပါတယ်။ ကိုယ့်လက်ထဲမှာ ဘာမှမရှိလို့ဆိုပြီး အကြံရှိပေမယ့် လက်ထဲကို အရင်းအနှီးရောက်လာတာထိုင်စောင့်နေတတ်တဲ့သူမျိုးပါ။ တစ်ချို့လူငယ်တွေလည်း မြင်ဖူးပါတယ်။ အလုပ်ကို ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်မရသေးလို့ဆိုပြီး ကိုယ်နဲ့ကိုက်တဲ့အလုပ်ကို စောင့်နေတတ်တာမျိုးပေါ့။ အဲလိုလူမျိုးကို အခွင့်အလမ်းကို ထိုင်စောင့်နေတဲ့သူလို့ခေါ်ပါတယ်။