အဆိုးတွေချည်းတွေးမိနေတဲ့အခါ ………….
အပေါင်းအသင်းတွေကြားထဲမှာ တစ်ခုခုမကောင်းတာပြောမိရင် “Positive thinking မရှိဘူး….” ဆိုပြီး ပြောတတ်တာမျိုး ကြားဖူးမှာပါ။ ကိုယ်တိုင်လည်း အခြားတစ်ယောက်ကို ပြောဖူးမှာပါ။ တနည်းအားဖြင့် အကောင်းဘက်ကမြင်တတ်တဲ့အတွေးမျိုးပေါ့။ ဖြစ်ရပ်တစ်ခုအပေါ်မှာ အမြဲနှစ်ဖက်အမြင်ရှိတယ်လို့ အကောင်းဘက်ကတွေးတတ်အောင်ဘယ်လိုကျင့်မလဲဆိုတဲ့ပို့စ်မှာ ရေးဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် တွေးလို့ရတာ နှစ်မျိုးပေါ့။ အကောင်းဘက်ကတွေးတာရယ်၊ အဆိုးဘက်ကတွေးတာရယ်ပါ။ ဥပမာ။ သင်ကရုံးနောက်ကျနေတယ်၊ သင်စီးလာတဲ့ဘတ်စ်ကားက ပြိုင်မောင်းတော့ ရုံးကို စောပြီးတောင်ရောက်သွားသေးတယ်ဆိုရင် ဘတ်စ်ကားပြိုင်မောင်းခြင်းက မကောင်းတဲ့ဘက်ကကြည့်ရင် အန္တရာယ်ရှိနိုင်တယ်၊ ကောင်းတဲ့ဘက်ကကြည့်တော့ ပြိုင်မောင်းတဲ့အတွက် သင့်ရုံးကိုအချိန်မှီထက် စောတောင်ရောက်သွားသေးတယ်ဆိုတာမျိုးပေါ့။ (ဘတ်စ်ကား ပြိုင်မောင်းခြင်းက အမြဲကောင်းတယ်လို့ဆိုလိုချင်တာမဟုတ်ပါဘူးနော်)
သင့်အလုပ်ခွင်မှာ ပျော်ရွှင်စေမယ့် နည်းလမ်း ၆ခု
အလုပ်ခွင်မှာ မတူညီတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အလုပ်ခွင်ကို ထိခိုက်စေတဲ့ မတူညီကြတဲ့ ရိုက်ခတ်မှုတွေအမျိုးမျိုးလည်း ကြုံတွေ့နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တစ်နေ့တာအချိန်သုံးပုံတစ်ပုံကို အလုပ်ခွင်မှာကုန်ဆုံးနေရတာမို့ ထိုအချိန်ပိုင်းအတွင်းမှာ ပျော်ရွှင်နေတာပိုကောင်းပါတယ်။ ပိုပြီးလည်း အလုပ်တွေပြီးမြောက်နိုင်သလို၊ ပိုပြီးအောင်မြင်နိုင်တာပေါ့။ အောက်မှာဖော်ပြထားတဲ့အချက် ၆ချက်က အလုပ်ခွင်မှာ ပျော်ရွှင်ဖို့နဲ့ အနှောင့်အယှက်တွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။
လက်တွဲဖော်အဖြစ်မရွေးသင့်သော မိန်းကလေးအမျိုးအစားများ
လက်တွဲဖော်အဖြစ်မရွေးသင့်သော ယောကျာ်းလေးအမျိုးအစားတွေဖော်ပြခဲ့ပြီးပြီမို့ ဒီတစ်ခါတော့ လက်တွဲဖော်အဖြစ်မရွေးသင့်တဲ့မိန်းကလေးအမျိုးအစားတွေကိုဖော်ပြပေးသွားမှာပါ။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာဖြစ်သလိုပဲ ကိုယ်နဲ့ ဘဝတစ်ခုလုံးအတူလက်တွဲမယ့်သူကိုလည်း အမှားနည်းမယ်၊ ပြုပြင်ချင်စိတ်ရှိမယ့်သူမျိုးကိုရွေးချယ်ဖို့လိုသလို၊ ကိုယ်တိုင်လည်း အမှားနည်းဖို့လိုသလို၊ အမှားတွေကိုပြုပြင်ချင်စိတ်ရှိဖို့လိုပါတယ်နော်။ အဲဒါမှ သာယာတဲ့အိမ်ထောင်ရေးတစ်ခုဖြစ်ပြီး ဘဝကိုရေရှည်လက်တွဲနိုင်မှာပါ။ လက်တွဲဖော်အဖြစ်မရွေးသင့်တာ ဘယ်လိုမိန်းကလေးတွေဖြစ်မလဲ တစ်ချက်ဖတ်ကြည့်လိုက်ပါအုံး။
စပျစ်သီးစားခြင်းရဲ့ကောင်းကျိုးများ
စပျစ်သီးမှာ ဗီတာမင် စီ၊ ကေ၊ အေပါဝင်ပြီး သင့်ရဲ့ကိုယ်တွင်းအဂါၤတွေရဲ့ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ အစာမကြေခြင်း၊ နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ်ကိုလျော့ကျစေနိုင်ခြင်း၊ ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ antioxidant ပမာဏများပြားစွာ ပါဝင်ပါတယ်။
ကလေးတွေကို ရိုက်ပြီးဆုံးမသင့်လား မဆုံးမသင့်ဘူးလား။
ကျွန်တော်တို့ မိဘများ သားသမီးကို ဆုံးမပုံက ဘယ်သူကစတင်လိုက်လဲတော့မသိပါဘူး။ ပြောစကားနားမထောင်ရင် နာနာသာ ရိုက်….ဆိုပြီး ပြောတတ်ကြပါတယ်။ ကျောင်းအပ်တာက အစ ဘယ်ဆရာက ရိုက်သလဲ၊ လက်သံပြောင်သလဲ၊ ထိုကဲ့သို့ လက်သံပြောင်မှ ရိုက်မှ ကြောက်ပြီး ကလေးက ပြုပြင်မယ်၊ လိမ္မာမယ်ဆိုတဲ့အတွေးအခေါ်မျိုးရှိတတ်ကြတာပါပဲ။ ကျွန်တော်တို့လည်း ငယ်စဉ်က အရိုက်ခံခဲ့ရတာပါပဲ။ ဒါပေမယ့် အရိုက်ခံရလို့များ ထိုကိစ္စကို မလုပ်ဘဲနေမိလား…..ဆိုတော့ မနေပါဘူး။ ရိုက်တာကိုတော့ ကြောက်ပါတယ်၊ ဒါပေမယ့် လုပ်ချင်တာလည်း လုပ်လိုက်ရမှ ကျေနပ်မိတာပါပဲ။ ကလေးရဲ့သဘာဝက ကိုက စူးစမ်းချင်တာပါ။ လူ့လောကထဲကို ရောက်လာတာကလည်း လူကြီးထက်ကို နောက်ကျတယ်မဟုတ်လား။ အဲဒီ့တော့ သူ့ပတ်ဝန်းကျင်မှာ သူသိချင်တာတွေ၊ သူစူးစမ်းချင်တာတွေ အများကြီးမှ အများကြီးဖြစ်နေတာပါ။
လောကမှာ ပေးတဲ့လက်ကသာ အမြတ်ဆုံးလို့ ဖတ်ဖူးပါတယ်။ ဒါပေမယ့် ပေးနိုင်တိုင်းလည်း ပေးကမ်းတိုင်းလည်း အမြတ်ဆုံးလို့ ယူဆလို့မရနိုင်ပါဘူး။ ပေးတဲ့သူရဲ့စိတ်ရင်းပေါ်မူတည်ပြီးမှ မွန်မြတ်တယ်၊ မွန်မြတ်ခြင်းမရှိဘူးရယ်လို့ ကွဲလွဲသွားနိုင်ပါတယ်။ အဲဒီလိုပါပဲ ယူတဲ့သူမှာလည်း လိုချင်တပ်မက်တဲ့စိတ်နဲ့ တကယ်လိုအပ်လို့ မဖြစ်မနေယူရမယ့်စိတ်ပေါ်မူတည်ပြီး တန်ဖိုးထားခြင်း မထားခြင်းရယ်လို့ ကွဲလွဲသွားနိုင်ပြန်ပါတယ်။
ညမအိပ်မီ အောင်မြင်သူတွေလုပ်တတ်တဲ့အကျင့်များ
အောင်မြင်သူတွေက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အိပ်စက်ချိန်အပြည့်အဝယူကြပါတယ်။ ဒါပေမယ့်လည်း မအိပ်မီမှာတော့ သူတို့ရဲ့ လုပ်နိုင်စွမ်းအတွက် လုပ်သင့်လုပ်ထိုက်တာတွေ ကြိုတင်လုပ်ဆောင်တတ်ကြပါတယ်။ အခုဖော်ပြပေးမှာကတော့ အောင်မြင်သူတွေရဲ့ ညမအိပ်မီ လုပ်လေ့ရှိတဲ့အကျင့်လေးတွေဖြစ်ပါတယ်။
တက္ကသိုလ်တက်နေရင်းအလုပ်လုပ်ခြင်းရဲ့ကောင်းကျိုးများ
တက္ကသိုလ်နေရင်းနဲ့ အလုပ်လုပ်ခြင်းက အကျိုးအများကြီးရှိတယ်ဆိုတာ သိပါရဲ့လား။ တစ်ချို့လူငယ်တွေမှာ တက္ကသိုလ်တက်နေရင်းနဲ့ တစ်ဖက်က အလုပ်ဝင်လုပ်ရလို့ တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝမခံစားရတာမှန်ပေမယ့် တကယ်တော့ ကောင်းကျိုးတွေက တက္ကသိုလ်အချိန်ပြည့်တက်နေတဲ့သူတွေထက် များပါတယ်။ (တက္ကသိုလ်အချိန်ပြည့်တက်နေတဲ့သူတွေက မကောင်းဘူးဆိုလိုချင်တာမဟုတ်ပါဘူး။ တကယ်ကြိုးစားသင်ယူရင် အချိန်ကုန်ရကျိုးနပ်တာပါပဲ)
တရုတ်အတွေးအခေါ်ပညာရှင်ကွန်ဖြူးရှပ်ရဲ့ ကောက်နုတ်ချက်များ
တရုတ်အတွေးအခေါ်ပညာရှင်ကွန်ဖြူးရှပ်ရဲ့ ကောက်နုတ်ချက်များ#BAWA101
ကျရှုံးချိန်မှာ သတ္တိရှိပါ။ အောင်မြင်ချိန်မှာ မျှဝေပါ၊
ထိပ်ဆုံးရောက်နေတဲ့သူ အားလုံးနီးပါးဟာ ကျရှုံးဖူးတဲ့သူတွေသာဖြစ်ပါတယ်။ ကျရှုံးမှုပေါင်းများစွာကို ခံစားရပြီး ကျရှုံးချိန်မှာ သတ္တိရှိခဲ့လို့ နောက်ဆုံးမှာ အောင်မြင်ခဲ့တဲ့သူတွေဖြစ်လာခဲ့တာပါ။ မအောင်မြင်တဲ့သူတော်တော်များများက ကျရှုံးဖူးပေမယ့် ပြန်လည်ကြိုးစားဖို့ သတ္တိမရှိသလို၊ ကျရှုံးမှုတွေထပ်ပြီး ကြုံတွေ့ရမှာကိုလည်း ရင်ဆိုင်ဖို့ သတ္တိမရှိသူတွေပါပဲ။ ရပ်ကွက်ထဲက လူတွေပြောတတ်ကြတဲ့စကားတစ်ခုရှိပါတယ် “အရင်းမရှိရင် အရှုံးမရှိဘူး” ဆိုတဲ့စကားပါ။ ထိုစကားရဲ့အဓိပါ္ပယ်က ဘာမှမရင်းထားရင် ရှုံးတယ်ဆိုတာရှိမှာမဟုတ်ဘူးဆိုတဲ့သဘောပါ။ ဒါပေမယ့် ထပ်စဉ်းစားကြည့်ရင် ဘာမှမရင်းထားရင် ဘာအရှုံးမှ မရှိသလို၊ မြတ်တာလည်း ရှိမှာမဟုတ်ဘူးမဟုတ်လား။ ဘယ်အရာမဆို ရှုံးမှာကြောက်လို့များ မရင်းဘူးဆိုရင် မြတ်တာလည်း သင်စံရမှာမဟုတ်ပါဘူး။ တကယ်တော့ ထိုစကားက မှန်သယောင်နဲ့ မှားပါတယ်။ ကျရှုံးဖို့ သတ္တိိမရှိသူတွေက ထွင်ခဲ့တဲ့စကားဖြစ်ပုံရပါတယ်။ ကျရှုံးမှာကို သတ္တိရှိရှိ ရင်မဆိုင်ရဲရင် အောင်မြင်တာလည်း မရှိနိုင်ဘူးဆိုတာနဲ့ အဓိပါ္ပယ်အတူတူပဲမဟုတ်ဘူးလား။
ကလေးတွေကို အမှန်အတိုင်းပြောပေးပါ။
လူကြီးတော်တော်များများက ကလေးကို မအိပ်မှာစိုးလို့ “ဒေဝေါကြီးလာမှာမို့ အိပ်တော့” ဆိုပြီး ခြောက်လန့်တာမျိုး၊ အရုပ်ပူဆာလို့ မဝယ်ပေးချင်တဲ့အခါမျိုးမှာ “ အဲလိုအတင်းမပူဆာနဲ့ ညကျ အကောင်ကြီးက လာဆွဲမှာ” ဆိုတာမျိုးနဲ့ ကလေးတွေကို လိမ်ညာတာမျိုးမြင်ဖူးပါတယ်။ အဲဒါမျိုးက ကလေးငယ်တုန်းမှာ ကလေးကို ပြောပြလည်း နားမလည်သေးလို့ သူကြောက်အောင်ခြောက်လိုက်မယ်၊ တနည်းအားဖြင့်လိမ်လိုက်မယ်၊ ကြောက်သွားတဲ့အခါ ငြိမ်သွားတာကို လိုချင်တာကြောင့် လူကြီးတွေလုပ်လေ့ရှိပါတယ်။ ထိုအရွယ်လေးကတည်းက ကလေးကိုနားမလည်ဘူးထင်တတ်တာကနေမှ အစ၊ နည်းနည်းလေး အရွယ်ရောက်လာတဲ့အခါကျတော့ ဒေဝေါလည်းမကြောက်၊ ငရဲကြီးမယ်ဆိုတာလည်း မကြောက်တတ်တော့ပါဘူး။ အဲဒီ့အချိန်ကျမှ ငယ်စဉ်က ကြောက်ရင်ငြိမ်အောင်လိမ်ခဲ့သမျှက မဟုတ်မှန်းသိသွားတဲ့အခါ ထိန်းချုပ်ရခက်သွားပြန်ပါတယ်။
သခွားသီးစားသုံးခြင်းရဲ့ကောင်းကျိုးများ
သခွားသီးမှာရေဓာတ် ၉၆ရာခိုင်နှုန်းခန့်ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကို ရေဓာတ်ရရှိစေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်ကောင်းမွန်စေတဲ့ flavonoids and tannins တို့ကဲ့သို့ antioxidant ဓာတ်တွေလည်း ပါဝင်ပါတယ်။ ကယ်လိုရီနည်းပါးစွာပါဝင်ပြီး အခြားသော ဗီတာမင် စီ၊ ကေအပြင် မဂ္ဂနီဆီယမ်၊ မဂ္ဂနီစ်၊ ပိုတက်ဆီယမ်၊ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ သခွားသီးစားခြင်းကြောင့် ရရှိနိုင်တဲ့ကျန်းမာရေးကောင်းကျိုးလေးတွေ ဖော်ပြပေးလိုက်ပါတယ်။