ကြင်နာတတ်တဲ့မိခင်တစ်ယောက်ဖြစ်စေဖို့ နည်းလမ်း ၅သွယ်
မိခင်တစ်ယောက်ဖြစ်ဖို့အကောင်းဆုံးအကြံပေးစကားမျိုး ကြားဖူးပါသလား။ ဒီဆောင်းပါးမှာတော့ အကောင်းဆုံးမိခင်တစ်ယောက်ဖြစ်နိုင်မယ့်နည်းလမ်းလေးတွေဖော်ပြပေးချင်ပါတယ်။ သင့်ရဲ့သားသမီးလေးတွေကို စိတ်ဓာတ်ခွန်အားပေးပြီး သူတို့ကို ချစ်ခင်ကြောင်းပြပါ။ သူတို့ကိုယ်သူတို့ယုံကြည်မှုရှိအောင် ကြိုးစားပေးခြင်းက ကြင်နာတတ်တဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အချက်ပါပဲ။ မိခင်တိုင်းလိုလိုက အလုပ်သိပ်များတတ်သူတွေပါ။ အဲဒါကြောင့်ကိုပဲ အော်တတ်တဲ့မိခင်၊ ဆူတတ်တဲ့မိခင်၊ ပွစိပွစိလုပ်တတ်သူ၊ အဖြစ်ပြောင်းသွားတတ်ကြပါတယ်။ ဒါပေမယ့် အားလုံးလိုလိုကတော့ ကြင်နာတတ်သူတွေချည်းပါပဲ။ ဟုတ်ပါပြီ အဲဒါဆိုရင် ကြင်နာတတ်တဲ့မိခင်ဖြစ်ဖို့က သင့်ရဲ့စကားလုံးလေးတွေ၊ သင့်ရဲ့အပြုအမူလေးတွေကို သတိထားရွေးချယ်လိုတာနဲ့ ဖြစ်လို့ရပါတယ်။ ဘယ်လိုလုပ်ကြည့်ရမလဲ ဖတ်ကြည့်လိုက်ပါနော်။
အစိမ်းရောင်ပြောင်းနေတဲ့အာလူးကအဆိပ်ဖြစ်စေတယ်ဆိုတာ သင်သိပါသလား။
သင့်အိမ်မှာ ဝယ်ထားတဲ့အာလူးတွေ အစိမ်းရောင်ပြောင်းနေတာကိုတွေ့ရတဲ့အခါ သင်ဘယ်လိုလုပ်ပစ်လေ့ရှိသလဲ။ လွှင့်ပစ်လိုက်သလား ဒါမှမဟုတ် မလွှင့်ပစ်ဘူးလား။ အချို့ကတော့ အစိမ်းရောင်ပြောင်းနေတဲ့ အပိုင်းကိုဖြတ်ထုတ်လိုက်ပြီး ကျန်တဲ့အခြမ်းကိုတော့ ပြန်သုံးတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အစိမ်းရောင်ပြောင်းနေတဲ့အာလူးက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ စစ်စစ်တော့ အစိမ်းရောင်ပြောင်းသွားတယ်ဆိုတာ အဆိပ်တွေပါဝင်မှုရှိနေပြီလို့ ပြသနေတာပဲဖြစ်ပါတယ်။ ထိုအစိမ်းရောင်ပြောင်းနေတဲ့အာလူးကို စားမိတဲ့အခါ သင့်ကို နာမကျန်းဖြစ်စေနိုင်ပါတယ်။ အာလူးကဘာကြောင့်အစိမ်းရောင်ပြောင်းသွားတာလဲ။
ဂျာမန်လူမျိုး ဒဿနပညာရှင် Friedrich Nietzsche ၏ မှတ်သားဖွယ်ကောက်နုတ်ချက်များ
ဂျာမန်လူမျိုး ဒဿနပညာရှင် Friedrich Nietzsche ၏ မှတ်သားဖွယ်ကောက်နုတ်ချက်များ
သင့်ကလေးကို ရိုးသားဖို့ဘယ်လိုသင်ပေးမလဲ။
ကလေးကိုသင်ကြားပေးသင့်သော အလေ့အကျင့်ကောင်း ၅ချက်ဆိုတဲ့ဆောင်းပါးမှာ ကလေးတွေကို ရိုးသားမှုရှိအောင် သင်ပေးဖို့ ပါဝင်ပါတယ်။ တကယ်လည်း ရိုးသားမှုရှိခြင်းက လူကြီးတစ်ယောက်ရိုးသားမှုကိုတန်ဖိုးထားတတ်စေဖို့ ကလေးဘဝကတည်းက သွန်သင်ထားမှရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကလေးကို ရိုးသားမှုဆိုတာ တန်ဖိုးကြီးကြောင်း၊ ရိုးသားမှုကို ငွေဖြင့်ဝယ်လို့မရနိုင်ဘဲ ရိုးသားစွာဘဝကိုရှင်သန်ဖြတ်သန်းသင့်ကြောင့် သင်ထားသင့်ပါတယ်။ သင့်ကလေးကို ပေးနိုင်မယ့်အဖိုးတန်ဆုံးလက်ဆောင်အဖြစ် ရိုးသားတတ်ဖို့သင်ပေးပါ။ ကလေးတစ်ယောက်ကို ရိုးသားမှုရှိစေဖို့ အခြေခံအနေနဲ့ကတော့ အမှန်အတိုင်းပြောတတ်ဖို့ သင်ပေးခြင်းပါပဲ။ ဘယ်လိုသင်ပေးသင့်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး
သင့်အစာခြေစနစ်ကို ကောင်းမွန်စေမယ့် သဘာဝနည်းလမ်း ၁၁မျိုး
လူတိုင်းလိုလိုက အစာခြေစနစ်နဲ့ဆိုင်တဲ့လက္ခဏာတွေ ခံစားဖူးကြမှာပါ။ အစာမကြေဖြစ်ခြင်း၊ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ အော်ကလီဆန်ခြင်း စတဲ့လက္ခဏာတွေပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ထိုလက္ခဏာတွေက သင့်ရဲ့အစာခြေစနစ်နဲ့ဆိုင်တဲ့လက္ခဏာတွေဖြစ်ပြီး သင့်ကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့အစားအစာ စားသောက်ပုံစနစ်နဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ခြင်းက သင့်ရဲ့အူတွင်းကျန်းမာရေးအခြေအနေကို အကောင်းဘက်ပြောင်းလဲသွားစေနိုင်ပါတယ်။ သင့်အစာခြေစနစ်ကို အကောင်းဘက်ကပြောင်းလဲပေးနိုင်တဲ့ သဘာဝနည်းလမ်း ၁၁ခုကို ဖော်ပြပေးလိုက်ပါတယ်။
ဂျာမန်လူမျိုး ဒဿနပညာရှင် friedrich Nietzsche ၏ကောက်နုတ်ချက်များ
ဂျာမန်လူမျိုး ဒဿနပညာရှင် friedrich Nietzsche ၏ကောက်နုတ်ချက်များ
လူတိုင်းရဲ့ဘဝမှာ နာကျည်းစရာတွေ ကြုံခဲ့ဖူးမှာပါ။ နာကျည်းစရာတွေကို ပြန်တွေးမိတိုင်းလည်း နာကျည်းအောင်လုပ်ခဲ့ဖူးသူကို ပြန်ပြီး နာကျင်မိသွားပါလိမ့်မယ်။ အဲဒီ့အခါ ဒဏ်ရာအဟောင်းတွေက အသစ်တွေပြန်ဖြစ်ပြီး ပြန်နာကျင်ရပါလိမ့်မယ်။ တကယ်တော့ နာကျင်မှုဆိုတာက နာကျင်အောင် လုပ်တဲ့သူထက် ခံစားရတဲ့သူကမှ ပိုပြီး နားလည်မှာထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတဲ့ စကားအတိုင်းပါပဲ၊ ပြုလုပ်သူက သူတစ်ပါးဘယ်လောက်နာကျင်သွားမှန်းမခံစားနိုင်ပါဘူး၊ ပြုသူအတွက် အားလုံးကိုမေ့ပျောက်သွားချိန်မှာတောင် ခံစားလိုက်ရတဲ့သူအတွက်ကတော့ ပြန်တွေးမိတဲ့အချိန်တိုင်းဒဏ်ရာအဟောင်းလို ပြန်တွေးတိုင်း တမြေ့မြေ့ခံစားနေရဆဲမို့လို့ပါ။
အိမ်တွင်းအပင်စိုက်ခြင်းရဲ့အကျိုး
နောက်ပိုင်းလေ့လာတွေ့ရှိချက်တွေအရ အိမ်တွင်အပင်စိုက်ခြင်းက အဆောက်အဦးတွေနဲ့ လူတွေအတွက် ကောင်းကျိုးတွေအများကြီးရှိပါတယ်။ အိမ်တွင်းအပင်စိုက်ခြင်းက စိတ်ဖိစီးမှုကိုပြေလျော့စေပါတယ်။ စိတ်ပျော်ရွှင်ခြင်း၊ စိတ်တင်းမာမှုပြေလျော့ခြင်း၊ အလုပ်လုပ်ရ သက်တောင့်သက်သာဖြစ်ခြင်း နဲ့ စိတ်ကြည်လင်ခြင်းတို့ဖြစ်ပေါ်စေနိုင်ပါတယ်။
သင့်ကိုအထင်သေးနှိမ်ချတိုင်း သင်တကယ်နိမ့်ကျသွားပြီလား။
လူတိုင်းမှာ အားနည်းချက်၊ အားသာချက်ဆိုတာ ရှိကြပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေအတွက်ကတော့ လူတစ်ချို့ရဲ့အားနည်းချက်ကို လှောင်ပြောကဲ့ရဲ့စရာ၊ အထင်သေးနှိမ်ချစရာ အဖြစ်မြင်တတ်ကြပါတယ်။ သင့်ဘဝမှာ အထင်သေးနှိမ်ချခံခဲ့ဖူးသလား။ အဲဒီ့လို အထင်သေးနှိမ်ချခံရတိုင်း သင်ကိုယ်သင်တကယ်နိမ့်ကျတဲ့သူတစ်ယောက်ဖြစ်သွားပြီလား။
အောင်မြင်သူတွေရဲ့ဘဝကိုထိန်းချုပ်နည်း
အောင်မြင်သူနဲ့ မအောင်မြင်သူရဲ့ကြားမှာ ကွာဟချက်အကြီးကြီးကိုရှိပါတယ်။ ကြိုးစားထားရတဲ့အရာတွေခြင်းလည်း ကွာဟနေပါတယ်။ အောင်မြင်သူတွေက အများကြီး သင်ခန်းစာယူဖို့ အများကြီး ဆုံးရှုံးထားရသလို၊ အဆုံးသတ်မှာမှ အောင်မြင်မှုကိုဆုပ်ကိုင်နိုင်တာပါ။ မအောင်မြင်သူတွေကတော့ ကျရှုံးမှုတစ်ခါကြုံတိုင်း လဲကျအရှုံးပေးတတ်လို့ သင်ခန်းစာအများကြီး မပိုင်ဆိုင်သလို၊ ကြီးမားတဲ့အောင်မြင်မှုလည်း မရနိုင်ပါဘူး။ အောင်မြင်သူတွေက ဘဝမှာကျရှုံးမှုတွေအများကြီးကြုံဖူးပြီး လဲကျတိုင်းပြန်ထခဲ့လို့အောင်မြင်တာဖြစ်သလို၊ သူတို့ဘဝကိုလည်း ထိန်းချုပ်ထားတဲ့နည်းလမ်းတွေရှိပါသေးတယ်။