သွေးတိုးရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်မလဲ။

သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့တောင် တင်စားကြတာသိကြမှာပါ။ သွေးတိုး‌ရောဂါကြောင့် လေဖြတ်ခြင်း၊ နှလုံးပျက်စီးခြင်းစတဲ့နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သွေးတိုးရောဂါမဖြစ်အောင် ကျန်းမာရေးနဲ့အညီဆင်ခြင်နေထိုင်သင့်ပါတယ်။ များသောအားဖြင့် အသက်၄၀နောက်ပိုင်းမှာသွေးတိုးအဖြစ်များတယ်လို့ ပြောတတ်ကြပေမယ့် အသက်၃၀မတိုင်မီမှာ ကျန်းမာရေးနဲ့အညီနေထိုင်ခြင်းက အသက်ရလာတဲ့အခါ သွေးတိုးရောဂါမဖြစ်ပေါ်နိုင်အောင် ကာကွယ်စေနိုင်ပါတယ်။ အဲဒါကြောင့် အသက်ရလာတဲ့အခါမှ သွေးတိုးရောဂါမဖြစ်နိုင်အောင် နေထိုင်စားသောက်ရမယ့်နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) သင့်ခန္ဓာကိုယ်အလေးချိန်ကိုထိန်းပါ။
ကိုယ်အလေးချိန်ကို ထိန်းခြင်းဟာ သွေးတိုးခြင်းနဲ့ဆက်စပ်နေပါတယ်။ ဝိတ်တိုးလာလေ သွေးဖိအားကလည်း တိုးလာပါတယ်။ အဲဒါကြောင့် သင့်ရဲံ့ ခန္ဓာကိုယ်အလေးချိန်ဟာ ရှိသင့်တဲ့အလေးချိန်မျိုးဖြစ်အောင် နေထိုင်စားသောက်သင့်ပါတယ်။

၂) ဆားလျှော့စားပါ။
အလွယ်ပြောရရင်တော့ ဆားလျှော့စားတဲ့အခါ သွေးမတိုးဘူးလို့ပြောတတ်ကြပါတယ်။ သင်နေ့စဥ်စားသုံးနေတဲ့အစားအသောက်မှာ အငန်များတာလျှော့စားမယ်ဆိုရင် သွေးတိုးခြင်းနဲ့နှလုံးရောဂါဖြစ်ပွားခြင်းကို သက်သာစေပါတယ်။

၃) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
တပတ်မှာ မိနစ် ၁၅၀ခန့်၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပေးခြင်းက သင့်ကို သွေးဖိအားပုံမှန်ဖြစ်အောင်ထိန်းပေးနိုင်ပါတယ်။

၄) ဆေးလိပ်၊အရက်၊ကဖင်းလျှော့ပါ။
ဆေးလိပ်၊ အရက်၊ ကဖင်းဓာတ်တွေက လွန်ကဲလာတဲ့အခါ ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်လာစေပါတယ်။ အဲဒါအပြင် သွေးဖိအားများခြင်းနဲ့လည်း တိုက်ရိုက်ဆက်စပ်နေတတ်ပါတယ်။ အဲဒါကြောင့် အပြတ်ဖြတ်နိုင်ရင်ဖြတ်၊ မဖြတ်နိုင်ရင်လည်း သတိလေးကပ်ပြီး လျှော့သင့်ပါတယ်။

၅) စိတ်ဖိစီးမှုကိုလျှော့နည်းအောင်နေထိုင်ပါ။
စိတ်ဖိစီးမှုကလည်း သွေးတိုးခြင်းနဲ့တိုက်ရိုက်ဆပ်စပ်နေပါတယ်။ ကိုယ့်ရဲံစိတ်ခံဏားချက်က ကိုယ့်ကျန်းမာရေးအတွက်အများကြီးသက်ရောက်စေတာမို့ ကိုယ့်ရဲံစိတ်ခံစားချက်တွေအဆင်မပြေတာ၊ ဖိစီးမှုတွေများနေတာမျိုးဆိုရင် ကိုယ့်စိတ်ကိုပြန်လည်အဆင်ပြေစေမယ့်အရာလေးတွေ၊ ဒါမှမဟုတ် အာရုံပြောင်းစေမယ့်အရာလေးတွေ လုပ်ပေးပါ။ ဥပမာ၊ အပင်စိုက်တာ၊ ပန်းချီဆွဲတာ၊ ရယ်စရာဗီဒီယိုဖိုင်တွေကြည့်တာမျိုးပေါ့။ ကိုယ့်စိတ်ကို ကိုယ့်တိုင်ပြန်သုံးသပ်နေသင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။