သင့်ဘဝမှာ သင့်ကိုအလှပဆုံးဖြစ်စေမယ့် အလှကုန်ပစ္စည်းများ

သင့်ဘဝမှာ သင့်ကိုအလှပဆုံး ဖြစ်စေမယ့် အလှကုန်ပစ္စည်းတွေဆိုတာကတော့……ငွေနဲ့ဝယ်လို့မရနိုင်တဲ့အရာတွေပါပဲ။ ငွေနဲ့ဝယ်လိုရတဲ့အလှကုန်ပစ္စည်းတွေက အချိန်တန် သက်တမ်းအလိုက်သာ ကြာရှည်ခံပေမယ့် ငွေနဲ့ဝယ်မရတဲ့ အလှကုန်ပစ္စည်းတွေကတော့ အမြဲတမ်း အသုံးဝင်နေသလို ကိုယ့်အတွက်သာမက အခြားသူများအတွက်ပါ အကျိုးရှိစေမယ့်အရာတွေပါပဲ။ အဲဒါတွေကတော့


၁) နှုတ်ခမ်းအတွက် အမှန်တရား
သင့်နှုတ်ထွက်စကားတိုင်းဟာ မှန်ကန်တဲ့စကားတွေသာဖြစ်သင့်တယ်လို့ပြောချင်တာပါ။ နှုတ်ခမ်းက ပြောလိုက်တဲ့စကားတိုင်းဟာ အမှန်တရားဖြစ်နေမယ်ဆိုရင် လိမ်ညာခြင်းမရှိခြင်းက သင့်အတွက် လိပ်ပြာလုံခြင်း၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်း၊ အခြားသူအတွက်အမှန်ကန်ဆုံးစေမယ်ဆိုရင် အင်မတန်အကျိုးရှိမှာပါ။ သင့်နှုတ်ခမ်းအတွက် အလှဆုံးအလှကုန်ကတော့ လီဆယ်ခြင်းမရှိတဲ့အမှန်တရားသာပဲဖြစ်ပါတယ်။

၂) မျက်လုံးအတွက် စာနာစိတ်
မျက်လုံးကနေမြင်သမျှအရာတိုင်းအတွက် စာနာတတ်တဲ့စိတ်ထားလေးထားလိုက်ရင် သင့်အတွက်လည်း အကျိုးရှိစေ၊ အခြားလူအတွက်လည်း အကျိုးရှိစေမှာပါ။ မျက်လုံးနဲ့မြင်သမျှတိုင်းကို စာနာစိတ်နဲ့မခံစားဘဲအပြစ်ချည်းတွေးနေရင်တော့ သင်လည်းပျော်ရမှာမဟုတ်ပါဘူး။

၃) စကားသံအတွက် ဆုတောင်းစကား
သင့်နှုတ်ကထွက်သမျှစကားတိုင်းဟာ အခြားလူတွေအတွက် ကောင်းစေချင်တဲ့စိတ်စေတနာနဲ့ တောင်းဆုပြုတဲ့စကားသာဖြစ်မယ်ဆိုရင် ကြားရသူအတွက်လည်း ကောင်းသလို၊ သင့်အတွက်လည်းအကျိုးရှိစေလို့ သင့်နုတ်ထွက်စကားသံအတွက် အလှဆုံးက ဆဲရေးတိုင်းထွာတဲ့စကားမျိုးမဟုတ်ဘဲ ကောင်းစေလိုတဲ့စေတနာဖြင့်ဆုတောင်းစကားပါပဲ။

၄) မျက်နှာအတွက် အပြုံး
အပြုံးတစ်ခုဟာ ဒေါသမာန်မာနတွေကို ပြုစားနိုင်ပါတယ်။ အဲဒါကြောင့် သင့်မျက်နှာအတွက် ဟန်ဆောင်ပန်ဆောင် မိတ်ကပ်တွေ၊ မျက်နှာဖုံးတွေမလိုဘဲ စစ်မှန်တဲ့အပြုံးတစ်ခုသာလိုတာပါ။

၅) နှလုံးသားအတွက် ချစ်ခြင်းမေတ္တာ
ချစ်ခြင်းမေတ္တာဆိုတာ ၁၅၀၀ချည်းပဲမဟုတ်ဘဲ ၅၂၈ကဲ့သို့နွေးထွေးသောမေတ္တာမျိုးလည်းအကျုံးဝင်ပါတယ်။ လူတိုင်းကို အကြင်နာတရားနဲ့ဆက်ဆံခြင်းဟာလည်း ချစ်ခြင်းမေတ္တာတရားပါပဲ။ အဲဒါကြောင့် သင့်နှလုံးသားမှာ မုန်းတီးနာကျင်မှုတွေသိမ်းဆည်းမယ့်အစား ချစ်ခြင်းမေတ္တာတွေသာ ဖြန့်ဝေပေးပါ။ အဲဒါသင့်နှလုံးသားအတွက်အလှပဆုံးအလှကုန်ပစ္စည်းပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။