Stay At Home ကာလမှာ ဘာတွေလုပ်ကြမလဲ။
အခုလိုအချိန်မှာ လူတိုင်း Stay At Home လုပ်နေကြမယ့်အချိန်ပါပဲ။ အိမ်မှာနေရတာ များလို့ ပျင်းလာတာမျိုး၊ ဘာလုပ်ရမှန်းမသိဘူးဆိုတဲ့လူတွေအတွက် အိမ်မှာနေရင်းလုပ်လို့ရတဲ့နည်းလမ်းအချို့ကို ဖော်ပြပေးချင်ပါတယ်။ တကယ်တော့ အသုံးချတတ်ရင် အခွင့်အရေးကောင်းပါပဲ၊ ရုံးပိတ်ရက်ရှည်မှာ အရင်နှစ်တွေဆို ခရီးထွက်ဖို့ပြင်ဆင်ချင်ပြင်ဆင်နေမှာနဲ့တင် ကိုယ့်အိမ်မှာ လုပ်သင့်တာတွေ၊ လုပ်ကိုလုပ်ရမယ့်အရာတွေကို မေ့ထားတတ်ကြပါတယ်။ အခုနှစ်မှာတော့ ဘယ်မှထွက်မရမယ့်အတူတူ ကိုယ့်အိမ်လေးထဲမှာ ကိုယ်မအားလို့ မေ့ထားရတဲ့အရာလေးတွေ စဉ်းစားပြီး တစ်ခုချည်းလုပ်ကြည့်ပါလားလို့ တိုက်တွန်းလိုက်ပါတယ်နော်။
၁) ရုပ်ရှင်ကြည့်မယ် ရုံးပိတ်ရက်မှာ ပထမဆုံးစဉ်းစားမိတာကတော့ အလုပ်မအားလို့ဆိုပြီး ကြည့်ချင်ရက်နဲ့ ပစ်ထားရတဲ့ ရုပ်ရှင်ကားတွေကြည့်ဖို့ပါပဲ။ တစ်နေ့ထဲ ရုပ်ရှင် ၂ကား၊ ၃ကား တစ်ထိုင်တည်းကြည့်တာမျိုးတော့ မလုပ်မိပါစေနဲ့နော်။ လူလည်းအညောင်းမိသလို၊ ပိုလည်းပျင်းစရာကောင်းပြီး၊ နောက်နေ့တွေဘာလုပ်ရမယ်မှန်းမသိ ယောင်တောင်တောင်ဖြစ်သွားနိုင်ပါသေးတယ်။ ကိုယ်ကြည့်ဖို့ အရမ်းကြိုက်မယ်ထင်တဲ့ကားထဲက အရင်ဆုံးတစ်ကားလောက်ရွေးလိုက်ပြီး တစ်ရက်ကို တစ်ကားလောက်ပဲ ရွေးကြည့်သွားပါ။ အဲဒါက အပျင်းလည်းပြေ၊ လူလည်းမညောင်း၊ တခြားအရာတွေလည်း မျှပြီးလုပ်နိုင်တာမို့ လူကို relax ဖြစ်စေပါတယ်။
နောက်တစ်ပုံ၂) စာဖတ်မယ် နောက်တစ်ခုကတော့ ဖတ်ချင်လို့ ဝယ်ပြီး စာအုပ်စင်မှာစုထားရတဲ့စာအုပ်တွေပါပဲ။ ဖတ်မယ်လုပ်လိုက် မအားလိုက်နဲ့ စာအုပ်တစ်အုပ်ကို မင်မင်တို့လို ဇိမ်နဲ့အေးဆေးဖတ်၊ ဖတ်ပြီး ပြန်စဉ်းစားလိုက်၊ သုံးသပ်လိုက် လုပ်တတ်တဲ့သူတွေအတွက်တော့ ခုချိန်က အချိန်ကောင်းပါပဲ။ အကြိုက်ဆုံးစာအုပ်ကိုရွေးဖတ်လို့ရပြီလေ။ ကိုယ်ဖတ်ချင်တာလေးဖတ်ရသလို၊ စာအုပ်ထဲ မှတ်သားစရာတွေကိုပါ မှတ်စုထဲမှတ်ထားလိုက်ပါ။ ပြန်ဖတ်ပြီး သုံးသပ်ပါ။ ကိုယ်သာဆို ဘယ်လိုလုပ်မယ်ဆိုပြီး ပြန်တွေးကြည့်ပါ။ စာအုပ်တွေအများကြီးဖတ်ပြီးတာထက် တစ်အုပ်ဖတ်ပြီး ထိုတစ်အုပ်ထဲက ဘာတွေရသွားသလဲဆိုတာက ပိုအရေးကြီး၊ ပိုတန်ဖိုးရှိတယ်ဆိုတာ မမေ့ပါနဲ့နော်။ အဲဒါကြောင့် အပျင်းပြေစာဖတ်တယ်ဆိုတာထက် စာအုပ်တစ်အုပ်ကို အဆုံးထိဖတ်ရင်း တန်ဖိုးရှိတာတခုခုရအောင် ယူလိုက်ပါ။ Stay home နေရကျိုးနပ်တယ်ဆိုတာ ဒါမျိုးပေါ့။
နောက်တစ်ပုံ၃) စိတ်ကြိုက်ချက်စားမယ် တစ်နေကုန် ရုပ်ရှင်တစ်ကားပြီးတစ်ကားကြည့်တာ၊ စာချည်းထိုင်ဖတ်နေတာမျိုးက သင့်ကို အပျင်းပြေစေတာမဟုတ်ဘဲ ပိုပြီး အညောင်းထိုင်ပျင်းရိစေတယ်ဆိုတာ မမေ့ပါနဲ့။ အဲဒါကြောင့် အချိန်လေးနဲ့ ကန့်သတ်ပြီး မနက်စာ၊ နေ့လည်စာ၊ ညစာစားဖို့ရာ အာဟာရပြည့်ပြည့်၀၀နဲ့ သေချာပြင်ဆင်ပြီးစားသင့်ပါတယ်။ အဲဒီ့အတွက် ကိုယ်စားချင်တာလေးကို ဖွယ်ဖွယ်ရာရာလေးဖြစ်အောင် ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပါ။ မိသားစုနဲ့ဆိုရင်လည်း မိသားစုလိုက် ကူညီပြီးချက်ပြုတ်ကြည့်ပါ။ သင်္ကြန်ပိတ်ရက်လည်းဖြစ်တာဆိုတော့ သင်္ကြန်စာဖြစ်တဲ့ မုန်လုံးရေပေါ်၊ သာကူ၊ ကျောက်ကျောစတာတွေကို အရင်နှစ်တွေက စတုဒီယာကစားရပေမယ့် ခုနှစ်မှာတော့ မိသားစုလိုက်လုပ်စားကြတာပေါ့။
နောက်တစ်ပုံ၄) အိမ်သန့်ရှင်းရေးလုပ်မယ် တစ်ယောက်တည်းဆိုလည်း Stay Home မှာ အိမ်သန့်ရှင်းရေးကိုမဖြစ်မနေလုပ်ဖို့လိုပါတယ်။ ပိုးသတ်ဆေးဖြန်းတာ တစ်နေ့ ၂ကြိမ်ခန့်လုပ်သင့်တာပါ။ တစ်အိမ်လုံး တစ်မိသားစုလုံး အိမ်ကို သန့်ရှင်းဖို့ အတူတကွ ပြင်ဆင်ကြတာမျိုးလုပ်ပါ။ အပျင်းလည်းပြေ၊ အိမ်လည်းပိုးသတ်ပြီးသားဖြစ်စေပါတယ်။ ဒါပေမယ့် ကလေးငယ်တွေရှိရင်တော့ သတိထားသင့်ပါတယ်နော်။
နောက်တစ်ပုံ၅) ဗီရိုရှင်းမယ် ရုံးတက်ရုံးဆင်းနဲ့တင်အချိန်တွေကုန်နေတာနဲ့ သေချာမရှင်းလင်းရတဲ့အထဲမှာ ကိုယ့်ဗီရိုလည်းပါမယ်ထင်ပါတယ်။ ကိုယ့်ဗီရိုလေးကို ကိုယ်တိုင်ရှင်းလိုက်ပါ။ မလိုတာတွေထုတ်လိုက်ပါ။ ဒါမှမဟုတ် စာအုပ်စင်ရှင်းတာပဲဖြစ်ဖြစ် Stay Home ကာလမှာ ကိုယ်မအားလို့မလုပ်ဖြစ်တာတွေလုပ်ဖို့ အခွင့်အရေးအပြည့်အဝအသုံးချလိုက်ပါနော်။
နောက်တစ်ပုံ၆) အိမ်အတွင်ပြင်ဆင်သင့်တာပြင်ဆင်မယ် နောက်ထပ် အိမ်ပြင်တာ၊ အိမ်ဆေးသုတ်တာ၊ အိမ်အခန်းသစ်ဖွဲ့ချင်တာ စသဖြင့် အိမ်ကို ပြင်ဆင်ချင်တာမျိုးတွေအတွက် ရုံးပိတ်ရက်ရှည်ဖြစ်တာမို့ ဒီအချိန်မှာ လုပ်ဖို့အကောင်းဆုံးပါပဲ။ သင့်အိမ်လေးပိုပြီး ခိုင်ခံ့သားနားသွားဖို့ တစ်ခုခုပြန်ရှိုှုင်းတာမျိုးပေါ့။ စာဖတ်သူတွေရော ရုံးပိတ်ရက်လည်းဖြစ် Stay At Home ကာလမှာ ဘာတွေလုပ်ဖြစ်သလဲ လက်တို့ခဲ့ပါအုံးနော်။