ပိန္တွဲသီးစားခြင်းရဲ့ကောင်းကျိုးများ

ပိန္တွဲသီးကို ခုလိုရာသီမှာပေါများစွာ စားသုံးနိုင်ပါပြီ။ ပိန္တွဲသီးရဲ့အရသာမှာ ချိုပြီး မွှေးကြိုင်နေတတ်ပါတယ်။ တချို့တွေကတော့ မမှည့်သေးတဲ့အစိမ်းကိုလည်း ဟင်း အဖြစ် အခြားသော ကြက်သား၊ ဝက်သားစသဖြင့် ရောကာချက်စား တတ်ကြပါတယ်။ အမှည့်အတိုင်းစားရင်လည်း အရသာရှိပြီး ချိုမြိန်ပါတယ်။ ပိန္တွဲသီးမှာ fiber နဲ့ antioxidants ဓာတ်တွေပါဝင်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ Protein ၊ Vitamin A ၊ Vitamin C ၊ Riboflavin ၊ Magnesium ၊ Potassium ၊ Copper ၊ Manganese ဓာတ်တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက်ကောင်းကျိုးများရရှိစေပါတယ်။


၁) ခုခံအားကောင်းစေပါတယ်။
ပိန္တွဲသီးမှာ ပါဝင်တဲ့ vitamin C ကြောင့် သင့်ခန္ဓာကိုယ်ကို ခုခံအားကောင်းစေပြီး ပြင်ပမှ ကူးစက်ရောဂါများ တုတ်ကွေး၊ အအေးမိဖျားနာခြင်းမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၂) အစာကြေလွယ်စေပါတယ်။
Fiber ပါဝင်ခြင်းကြောင့် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပြီ အစာကြေလွယ်စေပါတယ်။

၃) ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ကျစေနိုင်ပါတယ်။
lignans, isoflavones နဲ့ saponins ကဲ့သို့ Phytonutrients ပါဝင်ခြင်းကြောင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို လျော့ကျစေပါတယ်။

၄) စွမ်းအင်တိုးစေပါတယ်။
vitamin B6 ပါဝင်ခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာ စွမ်းအင်ပြည့်ဝစေပါတယ်။ သွေးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။

၅) သွေးဖိအားကို ထိန်းချုပ်နိုင်ပြီး နှလုံးကျန်းမာစေပါတယ်။
potassium ပါဝင်ခြင်းကြောင့် သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဖြစ်ပွားမှုအန္တရာယ်ကိုလျော့ကျစေပါတယ်။

၆) အမြင်အာရုံကောင်းမွန်စေပါတယ်။
vitamin A ပါဝင်ခြင်းကြောင့် မျက်လုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး အမြင်အာရုံကောင်းမွန်စေပါတယ်။

၇) အရေပြားကျန်းမာစေပြီး အိုမင်းရင့်ရော်ခြင်းကိုလျော့ကျစေပါတယ်။
ရေဓာတ်ပါဝင်တာကြောင့်လည်း အရေပြားကို စိုပြေစေပြီး အရေပြားကျန်းမာစေပါတယ်။ အရွယ်မတိုင်ခင် အရေပြားခြောက်သွေ့ပြီး အရေးအကြောင်းတွေကြောင့် အိုမင်းရင့်ရော်ခြင်းကို လျော့ကျစေပါတယ်။

၈) အရိုးကျန်းမာစေပါတယ်။
calcium ကြွယ်ဝတာကြောင့် အရိုးကျန်းမာဖို့အထောက်အကူပြုပါတယ်။ magnesium ပါဝင်ခြင်းကြောင့် calcium စုပ်ယူမှုကိုလည်း ပိုပြီးလွယ်ကူစေပါတယ်။ potassium ပါဝင်ခြင်းကြောင့်လည်း calcium ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ပါတယ်။
https://foodrevolution.org/blog/what-is-jackfruit/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။