မိမိရင်သွေးငယ်လေးတွေ ကြီးလာရင် အရပ်ရှည်အောင် ဘယ်လိုလေ့ကျင့်ပေးမလဲ။

မိဘတွေအနေနဲ့ သူတို့ရဲ့ ကလေးငယ်တွေအတွက် ကြီးထွားဖွံ့ဖြိုးမှုရှိအောင်၊ အရိုးအဆစ်တွေသန်မာလာအောင်၊ ကျန်းမာအောင်၊ စိတ်ကျန်းမာအောင်၊ ကိုယ်ကျန်းမာအောင် စသဖြင့် အများကြီး လေ့လာထားရပါမယ်။ အဲဒါမှသာ စိတ်ကော ကိုယ်ပါကျန်းမာပြီး လိမ္မာယဉ်ကျေးတဲ့ကလေးဖြစ်အောင် ပြုစုပျိုးထောင်နိုင်မှာပါ။ ဒီတစ်ခါမှာတော့ ကိုယ့်ရဲ့ရင်သွေးငယ်လေးတွေကို အရပ်ရှည်ပြီး ကျန်းမာအောင် ဘယ်လိုကျွေးမွေးပြုစုရမလဲ ၊ ဘယ်လို လေ့ကျင့်ပေးရမလဲ ဆိုတာလေးတွေကိုဖော်ပြပေးချင်ပါတယ်။ ကလေးတွေကို အရပ်ရှည်အောင် ပြုလုပ်ပေးဖို့ လေ့ကျင့်ပေးနိုင်တဲ့နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ အဲဒီ့ထဲကမှ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးဖြစ်နိုင်မယ့် နည်းလမ်းတွေကိုဖော်ပြပေးပါမယ်။


၁) အစာအာဟာရ မျှတမှုရှိပါစေ။
ကလေးတွေ အရပ်ရှည်ဖို့ဆိုတာ ကလေးတွေစားတဲ့အစားအစာမှာ အာဟာရမျှတမှုရှိမရှိဆိုတဲ့အချက်က အရေးကြီးဆုံးပါ။ သူတို့စားသုံးတဲ့အစားအစာက အာဟာရပြည့်ဝတဲ့အခါ ကလေးတွေရဲ့ကြီးထွားမှုကို အထောက်အကူဖြစ်စေပြီး ကျန်းမာစေနိုင်ပါတယ်။ ညီမျှတဲ့အာဟာရဓာတ်ရရှိစေဖို့ ပရိုတင်းဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ အဆီနဲ့ ဗီတာမင်ဓာတ်တွေ အချိုးကျပါဝင်ဖို့လိုအပ်ပါတယ်။ အသင့်စားအစားအစာတွေကို သင့်ကလေးကို ရှောင်ခိုင်းသင့်ပါတယ်။ ဥပမာ၊ ဘာဂါ၊ အချိုများတဲ့အချိုရည်တွေ၊ ဆီကြော်ထားတဲ့အစားအစာတွေ ။
ပရိုတင်းဓာတ်က အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ အဓိက ပါဝင်ပါတယ်။ ကယ်လဆီယမ်နဲ့ ပိုတက်ဆီယမ်ကဲ့သို့ သတ္တုဓာတ်တွေ ပေါများတဲ့ အစားအစာတွေ စားသုံးသင့်ပါတယ်။
ပီဇာနဲ့ ကိတ်တွေကိုရှောင်ရှားသင့်ပါတယ်။ ဇင့်ဓာတ်က ကလေးရဲ့ကြီးထွားမှုကို တိုးတက်စေနိုင်ပါတယ်။ ဖရုံစေ့နဲ့မြေပဲဆံတို့မှာ ဇင့်ဓာတ်ပေါများစွာပါဝင်တဲ့အတွက် ကလေးရဲ့ကြီးထွားမှုကို ဖွံ့ဖြိုးစေဖို့ စားသုံးပေးသင့်ပါတယ်။ အစာအာဟာရမျှတစွာ စားသုံးခြင်းက ကလေးရဲ့အရပ်ရှည်ဖို့ အထောက်အကူဖြစ်စေရုံသာမက ပိုပြီ ကြံ့ခိုင်သန်မာစေနိုင်ပါတယ်။
၂) အကြောအခြင် ပြေလျော့စေတဲ့လေ့ကျင့်ခန်းမျိုးလုပ်ခိုင်းပါ။
အဲဒီ့လေ့ကျင့်ခန်းတွေက သင့်ကလေးရဲ့ငယ်စဉ်အချိန်မှာ အရပ်ရှည်ထွက်လာစေဖို့ အထောက်အကူပေးပါတယ်။ သင့်ကလေးကို အရပ်ရှည်စေချင်တယ်ဆိုရင် ငယ်စဉ်မှာ လေ့ကျင့်ခိုင်းရပါမယ်။ ထိုလေ့ကျင့်ခန်းတွေက ကလေးရဲ့ကျောရိုးကို ဆွဲဆန့်သလိုဖြစ်စေပြီး ကိုယ်နေဟန်ထားကို ပျော့ပျောင်းစေနိုင်ပါတယ်။ ကလေးကို ထိုင်ခိုင်းပြီး ခြေထောက်တစ်ဖက်ဆွဲဆန့်ခိုင်းကာ ကလေးရဲ့လက်မောင်းကို ဆွဲဆန့်ခိုင်းပြီး ခြေချောင်းလေးတွေနဲ့ ကလေးရဲ့လက်ချောင်းလေးတွေကို ထိခိုင်းတဲ့လေ့ကျင့်ခန်းမျိုး လုပ်ခိုင်းပေးပါ။
၃) တွဲခိုတဲ့လေ့ကျင့်ခန်းမျိုးလုပ်ပေးပါ။
ဘားတန်းခိုခြင်းကဲ့သို့ လေ့ကျင့်ခန်းက သင့်ကလေးကျောရိုးကို ရှည်လာစေနိုင်ပါတယ်။ ပုံမှန်ဘားတန်းခိုပေးရန် သင့်ကလေးကို တိုက်တွန်းပေးပြီး တွဲလိုခိုစေတာမျိုး၊ ဘားတန်းကိုခိုပြီး မေးစေ့အထက်ထိရောက်အောင် အားနဲ့တွန်းတင်တာမျိုးလုပ်ဖို့ တိုက်တွန်းပါ။ အဲဒါက လက်မောင်းကြွက်သားတွေကို သန်မာစေသလို၊ ကျောက ကြွက်သားတွေကိုလည်း သန်မာစေပါတယ်။ ကျန်းမာဖို့အတွက် ကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။
၄) ယောဂကျင့်တဲ့ပုံစံ ကိုယ်နေဟန်ထားမျိုး ကျင့်ခိုင်းပါ။
လူကြီးတွေလုပ်တဲ့ယောဂလေ့ကျင့်ခန်းက ခန္ဓာကိုယ်ဆွဲခြင်း၊ ဆန့်ခြင်းတွေအများအပြားလုပ်ရပါတယ်။ အဲဒါကြောင့် အဲလိုပုံစံလေ့ကျင့်ခန်းလုပ်ခိုင်းခြင်းက ကလေးတွေကို အရပ်ရှည်ထွက်လာစေနိုင်ပါတယ်။ ယောဂကျင့်တဲ့ အနေအထားတစ်ချို့က သင့်ကလေးကို အရပ်ရှည်ထွက်လာစေဖို့ အကူအညီဖြစ်စေပါတယ်။ သင့်ကလေးရဲ့ကျောကို ပက်လက်ပုံစံကနေ ကော့ချစေပြီး လက်ချောင်းလေးတွေကို ကြမ်းပြင်နဲ့ ထိအောင် အင်္ဂလိပ်စာလုံး ယူစာလုံးပုံစံ လေ့ကျင့်စေခြင်းမျိုးပါ။
၅) ကြိုးခုန်တာမျိုး လုပ်ခိုင်းပေးပါ။
ကြိုးခုန်တာမျိုးက ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားပြီး အလုပ်လုပ်စေပါတယ်။ အဲဒါက နှလုံးအတွက်လည်း ကောင်းမွန်စေပြီး သင့်ကလေးရဲ့အရပ်ရှည်ထွက်လာစေအောင်လည်း ကူညီပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကို တည့်မတ်နေအောင် ထိန်းမတ်ထားပြီး ကြိုးခုန်တာက နှလုံးကို အလုပ်လုပ်စေပြီး သင့်ကလေး တက်ကြွမှုနဲ့ ကျန်းမာဖို့ ကူညီပေးနိုင်ပါတယ်။
၆) ရေကူးသင်ပေးပါ။
ရေကူးခြင်းကလည်း အခြားသော ကျန်းမာစေတဲ့အလေ့အကျင့်တစ်ခုပါပဲ။ ရေကူးခြင်းက ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားရပြီး ကြွက်သားတွေကို အလုပ်လုပ်စေတဲ့ အကျိုးရှိသောလေ့ကျင့်ခန်းပါပဲ။ ရေကူးခြင်းကြောင့် သင့်ကလေးရဲ့ပိုလျှံနေတဲ့အဆီတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ ကလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာစေနိုင်ပါတယ်။ ရေနဲ့မဆော့ချင်တဲ့ကလေးဆိုတာမရှိလို့ သင့်ကလေးကို အရပ်ရှည်စေချင်ရင် ရေကူးသင်ပေးလိုက်ပါ ။
၇) ရွရွလေးပြေးတဲ့လေ့ကျင့်ခန်းမျိုးလုပ်ပါ။
ရွရွပြေးတဲ့လေ့ကျင့်ခန်းက ကလေးတွေကို သန်မာစေ၊ ကြီးထွားစေတဲ့အကျိုးရှိတဲ့ အံ့အားသင့်စရာလေ့ကျင့်ခန်းပါပဲ။ ရွရွပြေးခြင်းက အရိုးတွေနဲ့ခြေထောက်တွေသန်မာစေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းတွေ ထုတ်လွှတ်ပေးပါတယ်။ ပိုပြီးလည်း ပျော်စရာကောင်းစေဖို့ သင့်ကလေးနဲ့ သင်တို့အတူတကွ ပြေးနိုင်ပါသေးတယ်။
၈) အိပ်ရေးဝပါစေ။
အိပ်ချိန်လုံလောက်အောင် အိပ်စက်ခြင်းက သင့်ကိုစိတ်ဖိစီးမှုကနေလျော့ကျစေနိုင်ပါတယ်။ အိပ်စက်ချိန်မမှန်ခြင်းက ကလေးရဲ့ ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ တစ်နေ့ကို ၈နာရီခန့်အိပ်စက်သင့်ပါတယ်။ ကလေးတွေရဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဟော်မုန်းတွေကို ထုတ်ပေးဖို့ ကူညီပေးလို့ သင့်ကလေးရဲ့အရပ်ရှည်စေဖို့ ကူညီပေးနိုင်ပါတယ်။ အိပ်စက်ချိန်မမှန်ခြင်းက ဆိုးဝါးတဲ့အကျင့်တစ်ခုဖြ အဲဒါကြောင့် သင့်ကလေးကို အရပ်ရှည်စေချင်တယ်ဆိုရင် အိပ်စက်ချိန်မှန်ဖို့လည်း လိုပါတယ်။
အခုဖော်ပြထားတဲ့အချက်လေးတွေ တစ်လှည့်စီလုပ်စေခြင်းဖြင့် သင့်ကလေးရဲ့ အရပ်ရှည်ကြီးထွားမှုကို အထောက်အကူဖြစ်စေမှာပါ။
https://parenting.firstcry.com/articles/top-8-ways-to-increase-height-in-children/လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။