လန်းဆန်းတက်ကြွပြီး အကျိုးရှိသော နေ့တစ်နေ့ဖြစ်စေဖို့ ပြင်ဆင်လုပ်ဆောင်ရမည့် အချက် ၁၀ ချက်။

လန်းဆန်းတက်ကြွစွာနဲ့ တစ်နေ့တာကို အကျိုးရှိရှိ ဖြတ်သန်းရုန်းကန်နိုင်ဖို့အတွက် လူတိုင်းနေ့စဉ်လုပ်ဆောင်နိုင်တဲ့ အချက်လေး ၁၀ ချက်ကို ဝေမျှလိုက်ရပါတယ်။


၁) အိပ်ရာစောစောထပါ။
အိပ်ရာစောစောထခြင်းက စိတ်ကိုလန်းဆန်းစေပြီးတော့ တစ်နေ့တာကို ဖြတ်သန်းဖို့အတွက် အချိန်ပိုမိုရစေမှာပါ။ မနက်ပိုင်းမှာ လေ့ကျင့်ခန်းအနည်းငယ်လုပ်ခြင်းကလဲ ခန္ဓာကိုယ်နဲ့စိတ်ကို တက်ကြွစေပါတယ်။ အချိန်ရလို့ရှိရင်တော့ လမ်းလေ ျှာက်ခြင်း၊ အနှေးပြေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။
၂) အစားကောင်းကောင်းစားပါ။
မနက်စာ၊ နေ့လည်စာ၊ ညစာတို့ကို စားသင့်တဲ့အချိန်မှာ ပုံမှန်စားသင့်ပါတယ်။ အစားအသောက်ကောင်းကောင်းစားခြင်းက လူကိုပျော်ရွှင်စေပါတယ်။
၃) သင်ယူပါ။
နေ့တိုင်း နေ့တိုင်း ကိုယ်မသိသေးတဲ့အရာ တစ်ခုခု သင်ယူခြင်းက ဦးနှောက်နဲ့ စိတ်ဓာတ်ကိုတက်ကြွစေပါတယ်။ စာဖတ်တဲ့အလေ့အကျင့်ကိုလဲ နေ့စဉ်ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
၄) အနားယူချိန်ထားပါ။
တစ်နေ့တာလုံး အလုပ်ချိန်ဇယားများနဲ့ ပြည့်နေတာက စိတ်ကိုညစ်ညူးစေပါတယ်။ အားလပ်ချိန်အနည်းငယ်ယူပြီး သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဒါမှမဟုတ် မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူရှိနေတာမျိုး လုပ်ပေးပါ။
၅) ညဘက်အိပ်ချိန်နောက်မက ျပါစေနဲ့။
မနက်ဖြန်မှာ တက်တက်ကြွကြွဖြစ်နေဖို့ အိပ်ရေးဝအောင် အိပ်စက်ဖို့က အရေးကြီးပါတယ်။ အိပ်ရေးပျက်တဲ့အခါ အားအင်ကုန်ဆုံးတတ်ပြီး စိတ်ကမလန်းမဆန်းတော့ပါဘူး။ တစ်နေ့မှာ အနည်းဆုံး ၆ နာရီပြည့်အောင် ကောင်းမွန်စွာအိပ်ဖို့ လိုအပ်ပါတယ်။
၆) သဘာဝတောတောင်ထဲမှာလေ ျှာက်သွားပါ။
အတော်မ ျားမ ျားကဒီအခ ျက်ကိုအလေးထားကြမှာမဟုတ်ပါ။ စိမ်းလမ်းဆိုပြေသောသဘဝတောင်တွေတောင်တွေကြားထဲတွင်သွားလာလှုပ်ရှားခြင်းဖြင့်စိတ်ဖိစီးမှုမ ျားကိုလေ ျာ့က ျစေခြင်း၊ တီထွင်စမ်းသစ်ဉာဏ်ပိုမိုကောင်းမွန်စေခြင်းနှင့်မှတ်ဉာဏ်တို့ကိုပိုမိုကောင်းလာစေနိုင်ပါတယ်။
၇) သူငယ်ခ ျင်း၊မိသားစုမ ျားဖြင့်အခ ျိန်ကုန်ဆုံးပါ။
အထီးက ျန်ခြင်းသည်နှလုံးရောဂါထဖောက်ခြင်း၊ တက်ခြင်းနှင့်ဆီးခ ျိုတို့ ဖြစ်စေတတ်ပါတယ်။ကမ္ဘာပေါ်ရှိအသက်အရှည်ဆုံးနေထိုင်သူမ ျားက အားကစားပြုလုပ်ခြင်းထက်လူမှု ဆက်ဆံရေးနှင့် relationships ကောင်းကောင်းတို့ကိုပိုပြီးအသားပေးဖို့ပြောပြလေ့ရှိပါတယ်။
ကောင်းသတင်းတွေကိုဝေမ ျှပါ။ ကိုယ့်အားကောင်းသတင်းမ ျားပြောလာလ ျှ င်လည်းတက်ကြွစွာတုန့် ပြန်ပါ။သူတို့အတွက်ကြင်နာသောအပြုအမူမ ျားနှင့်ဆက်ဆံပါ။
၈) ကေ ျးဇူးတင်ကြောင်းပြောပါ။
ပိုပြီးပေ ျှာ်ရွှင်လာပါလိမ့်မည်။ ပိုမိုကောင်းမွန်သောဆက်ဆံမှုမ ျိုးဖြစ်လာပါလိမ့်မည်။
၉ ) တရားထိုင်ပါ။
က ျန်းမာရေးအတွက်လည်းအထောက်အကူပြု၊ အာရုံစူးစိုက်မှုအားလည်းပိုမိုကောင်းမွန်လာစေပြီး စိတ်ပါကြည်လင်လန်းဆန်းလာမည်ဖြစ်ပါတယ်။
၁၀) ရီမောစွာနေထိုင်ပါ။
ရီမောခြင်းကိုနေ့စဉ်လိုအပ်သောဗီတာမင်လိုသဘောထားရပါမယ်။ ရီမောခြင်းဖြင့်က ျန်းမာအသက်ရှည်စေနိုင်တဲ့အပြင်အခြားသောအက ျိုးကေ ျးဇူးမ ျားစွာလည်းရရှိနိုင်မှာဖြစ်ပါသည်။ #FreshAndProductive #BaWa101
? ( BaWa101 )
Source: time.com / what 10 things should you do every day to improve yourself
ပုံကိုအွန်လိုင်းမှကူးယူဖော်ပြပါသည်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။