ခဝဲသီးချိုချိုလေးရဲ့ ကျန်းမာရေးအကျိုးများ

ခဝဲသီးမှာအဆီပါဝင်မှုနည်းပါးပြီး ကယ်လိုရီပါဝင်မှုလည်းနည်းပါတယ်။ fiber ၊ vitamin C ၊ riboflavin ၊ zinc ၊ thiamin ၊ iron နဲ့ magnesium ကဲ့သို့ အာဟာရဓာတ်တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက်အကျိုးရှိပါတယ်။ ခဝဲသီးချိုချိုလေးကို ဟင်းရည်ချက်စားစား၊ ဆီပြန်ချက်စားစား အရသာရှိပြီး ကျန်းမာရေးအတွက်အောက်ပါအကျိုးကျေးဇူးတွေရနိုင်ပါတယ်။


၁) သွေးသန့်စင်ပေးနိုင်ခြင်း
သင့်ရဲ့သွေးထဲအညစ်အကြေးတွေကို အထိရောက်ဆုံးသန့်စင်ပေးနိုင်ပြီး အသည်းကိုကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။ အရက်သောက်ခြင်းကနေဖြစ်တဲ့အဆိပ်အတောက်တွေနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ သွေးထဲအဆိပ်အတောက်တွေကိုဖယ်ရှားဖို့ အသည်းကိုကူညီနိုင်ပါတယ်။

၂) ဝမ်းမှန်စေခြင်း
အမျှင်ဓာတ်ပါဝင်မှုကြောင့် ဝမ်းချုပ်ခြင်းလိုပြဿနာမျိုးကို ဖြေရှင်းပြီးသားဖြစ်စေပါတယ်။

၃) အသားဝါရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေခြင်း
ဆေးဘက်ဆိုင်ရာအရ အသားဝါရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေပြီး အစေ့များနဲ့အခွံများမှာတောင်မှ အသားဝါရောဂါဖြစ်ပွားနိုင်ချေကို လျော့ကျစေတဲ့အစွမ်းသတ္တိရှိတယ်လို့ဆိုကြပါတယ်။

၄) ဆီးချိုသွေးချိုရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေခြင်း
ခဝဲသီးအရင့်မှာ သွေးချိုဆီးချိုရောဂါကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိတယ်လိုဆိုပါတယ်။ ခဝဲသီးမှာပါဝင်တဲ့ peptides ဆိုတဲ့ဓာတ်တစ်မျိုးက အင်ဆူလင်ကဲ့သို့အသုံးဝင်တာကြောင့် သွေး၊ ဆီးထဲမှာပါဝင်တဲ့သကြားဓာတ်ကို လျော့ကျအောင် ဆောင်ရွက်ပေးပါတယ်။ အဲဒါကြောင့် သွေးထဲကသကြားဓာတ်ကို ထိန်းချုပ်နိုင်ပါတယ်။

၅) ဝိတ်ကျဖို့ကူညီနိုင်ခြင်း
ခဝဲသီးက ဝိတ်ကျဖို့ကူညီနိုင်ပါတယ်။ အဓိကက အဆီပါဝင်မှုနဲ့ ကယ်လိုရီပါဝင်မှုနည်းပါးတာကြောင့်ပါပဲ။ ခန္ဓာကိုယ်ထဲ ကိုယ်လက်စထရောစုပ်ယူမှုနည်းစေပါတယ်။ ရေဓာတ်ပါဝင်မှုပမာဏလည်းများတာကြောင့် ဗိုက်ပြည့်နေစေပါတယ်။

၆) ရောင်ရမ်းမှု့ကိုသက်သာစေခြင်း
ရောင်ရမ်းမှုကို သက်သာစေတဲ့ဓာတ်တွေပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အဆိပ်တောက်ဖြစ်စေတဲ့ဒြပ်ပေါင်းတွေအားလုံး ကို ကင်းစင်စေနိုင်တာကြောင့် အရေပြားရောင်ရမ်းမှုကိုပါ သက်သာစေပါတယ်။

၇) ခုခံအားကောင်းစေခြင်း
ဘက်တီးရီးယားပြင်ပမှ ကူးစက်မှုတွေကို တိုက်ဖျက်နိုင်ပြီး အအေးမိဖျားနာခြင်းတွေကိုပါကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် ဗီတာမင်စီပါဝင်ပြီး အခြားအာဟာရဓာတ်တွေလည်း ကြွယ်ဝခြင်းကြောင့်ပါ။

၈) အရေပြားကျန်းမာစေခြင်း
အရေပြားခြောက်သွေ့ခြင်း၊ ရောင်ရမ်းခြင်းတွေနဲ့ ဆဲလ်သေတွေကို ကင်းစင်စေနိုင်တာကြောင့် အရေပြားချောမွေ့စေပါတယ်။ သွေးကိုသန့်စင်ပေးနိုင်တာကြောင့်အခြားဘက်တီးရီးယားကြောင့် ဝက်ခြံတွေထွက်ခြင်းကိုလည်း သက်သာစေပါတယ်။

၉) အစာအိမ်ကိုကူညီနိုင်ခြင်း
ခဝဲသီးမှာပါဝင်တဲ့အမျှင်ဓာတ်ကြောင့် အူမကြီးလုပ်ဆောင်ချက်ကို အားပေးပြီး ကူညီပေးပါတယ်။ အစာအိမ်ကို သက်တောင့်သက်သာဖြစ်စေပြီး လေအောင့်ခြင်း၊ လေနာခြင်း၊ လေပွခြင်း၊ ရင်ပူခြင်းတွေကိုလည်းသက်သာစေပြီး အစာအိမ်ပြဿနာတွေအေးစေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။