အကြွေးတွေ လည်ပင်းထိရောက်နေတဲ့အခါ ဘယ်လိုဖြေရှင်းမလဲ။
အကြွေးတွေ အများကြီး ရှိပြီး ဘယ်လို ပြန်ဆပ်ရမယ်မှန်းမသိ၊ ဘာဆက်လုပ်ရမယ်မှန်းမသိဘဲ ဘဝမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သူမျိုးတွေ့ဖူးကြမှာပါ။ ဘယ်လိုလုပ်ရမယ်မှန်းမသိတာက အဓိကပြ ဿ နာပါပဲ။ စနစ်တကျနဲ့ ပြန်ဆပ်နိုင်မယ့်နည်းလမ်းတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။ ၁) အလုပ်ပိုလုပ်ပါ။ ရိုးရိုးလေးပါ၊ အကြွေးတွေများလာရင် အလုပ်ပိုလုပ်မှ ငွေပိုထွက်လာမယ်၊ ငွေပိုထွက်လာမှ အကြွေးကိုမြန်မြန်ပြီးအောင်ဆပ်နိုင်မယ်မဟုတ်လား။ တစ်ယောက်တည်းက အလုပ်ဘယ်နှစ်ခုလုပ်နိုင်မှာလဲလို့ ပြန်ပြောစရာရှိပါတယ်။ ပုံမှန်ဝင်ငွေ ဝင်နေတဲ့အလုပ်က တစ်ခုရှိတယ်ဆိုပါစို့၊ အလုပ်ချိန်ပြီးသွားတဲ့အခါ ဘာဆက်လုပ်နိုင်မလဲဆိုတာမျိုး ထပ်စဉ်းစားလိုက်ပါ။ ဥပမာ၊ အိမ်လိုက်ပြီး အခြေခံကွန်ပျူတာ သင်ပေးမလား၊ တစ်လဘယ်လောက်ဆိုတာမျိုး ဖေ့ဘုတ်ကနေ ကြေငြာတင်လိုက်ပါ။ သင့်အလုပ်ချိန်ပြီးတာနဲ့ သွားသင်ပေးလို့ရပါတယ်။ ဒါမှမဟုတ် တခြားအချိန်ပိုင်းအလုပ်တစ်ခုခု city mart လို နေရာမျိုးမှာ ညဘက်အလုပ်လုပ်တာမျိုး စနေ၊ တနင်္ဂနွေနှစ်ရက် အလုပ်ချိန်ရတာမျိုးပေါ့။ ၂) ငွေတွေ ပိုလာတဲ့အခါ အကြွေးဆပ်ဖို့သာ အာရုံစိုက်ပါ။ တစ်ချို့ကျတော့ ငွေတော့ ပိုထွက်လာပါတယ်။ သုံးလို့တောင်မလောက်ဘူးဆိုတာမျိုးရှိတာမို့ ပိုရလာသမျှငွေသည် အကြွေးကို ထိုးဆပ်ဖို့ဆိုတာ ကိုယ့်ကိုကိုယ် သတိပေးပါ။ အကြွေးမြန်မြန်ကြေလေ ဝန်ပေါ့လေပါပဲ။ အကြွေးကြေပြီးမှ ပိုလျှံလာသမျှ ငွေက သင့်ငွေပါပဲ။ ၃) ဦးစားပေးရမယ့် အကြွေးမျိုးကို အရင်စဉ်းစားပါ။ ဥပမာ အတိုးများတဲ့အကြွေးရယ်၊ အတိုးနည်းနည်းပဲယူတဲ့အကြွေးရယ်၊ အတိုးလုံးဝမယူတဲ့အကြွေးရယ် သုံးမျိုးယူထားတယ်ဆိုပါစို့၊ အတိုးများပြီး အချိန်ကြာလေလေ အရင်းတောင်ပြန်ကျေသွားနိုင်လောက်တဲ့အထိ အတိုးများတဲ့ အကြွေးမျိုးကို အရင်ဆုံးကျေအောင်ဆပ်လိုက်ပါ။ ပြီးမှ အတိုးနည်းတဲ့အကြွေးကို ဆပ်ဖို့ စဉ်းစားပါ။ အတိုးနည်းတဲ့အကြွေးဆပ်နေရင်းနဲ့ အတိုးမယူတဲ့အကြွေးသမားကို နည်းနည်းချင်းစီ ဖဲ့ဆပ်သွားကြည့်ပါ။ ၄) အတိုးနဲ့အရင်းတွဲဆပ်ပါ။ တစ်လလုံး ခြိုးခြံပြီး စားလိုက်ရတာက ကိစ္စမရှိပါဘူး၊ အချိန်တန်ရင် ငွေတွေပြန်ပေါ်လာမှာပါပဲ။ အကြွေးတွေ မဆပ်နိုင်ခြင်းကသာ ဝန်ပိစေတာပါ။ စားစရိတ်၊ အသုံးစရိတ်တစ်ချို့ကို လျှော့သုံးဖို့ကြိုးစားကြည့်ပါ။ အတိုးသမားကို အတိုးနဲ့အရင်းတွဲဆပ်ဖို့ ကြိုးစားကြည့်လိုက်ပါ။ အတိုးချည်းဆပ်တာထက်စာရင် အတိုးနဲ့အရင်းမျှဆပ်တာက အချိန်တိုအတွင်းမှာ အကြွေးတွေမြန်မြန်ကြေစေပါတယ်။ သင့်လည်း မြန်မြန်စိတ်ချမ်းသာရမှာပါ။ ၅) ခပ်ပေါ့ပေါ့မတွေးပါနဲ့။ အကြွေးမကျေခြင်းရဲ့ အဓိက တရားခံက “ငါအတိုးမှန်မှန်ပေးနေတာပဲ……အတိုးဆပ်နိုင်ရင်တော်ပြီပေါ့၊ ငွေပိုထွက်လာမှ အရင်းကို လုံးခနဲဆပ်လိုက်မယ်” ထိုကဲ့သို့တွေးခြင်းပါပဲ။ တစ်ချို့က အဲလိုတွေးပြီး ကိုယ့်ရဲ့ပုံမှန်နေ့စဉ်အသုံးစရိတ်ကို လုံးဝမလျှော့ချပါဘူး။ ဒါ့အပြင် စိတ်ရှိတိုင်း သုံးပစ်တတ်ကြပါသေးတယ်။ အဲဒါက သင့်ကို အတိုးပေါ်အတိုးဆင့်လာစေသလို၊ နောက်ထပ် အကြွေးတွေထပ်တင်ဖို့လည်း လွယ်ကူသွားစေပါတယ်။ ၆) အကြွေးဝယ်ကဒ်တွေကို မေ့ထားပါ။ တစ်ခါတစ်လေကျတော့ စိတ်အလိုလိုက်ဝယ်မိချင်စိတ်ကို အကြွေးဝယ်ကဒ်တွေက ပိုဆိုးစေတတ်ပါတယ်။ အကြွေးဝယ်ကဒ်ရှိနေရင်တောင် မေ့ထားလိုက်ပါ။ ၇) ကိုယ့်ကိုကိုယ်ဆန်းစစ်ပါ။ တစ်ခါတစ်လေ သုံးချင်တာပေါ်လာရင် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်လိုက်ပါ။ “ငါ့မှာ အကြွေးဘယ်လောက်ရှိနေသလဲ………ခုဝယ်မယ့်ပစ္စည်းက လိုအပ်လား၊ မလိုအပ်ဘူးလား၊ လိုချင်နေတာလား” အဲလိုပြန်တွေးကြည့်ပါ။ လိုချင်နေတာမျိုးဆိုရင်တော့ ခုချိန်မျိုးမှာ မဝယ်သင့်သေးပါဘူး။ ငွေအလကားကုန်ပါတယ်။ အကြွေးတွေကို အမြဲသတိရနေဖို့မလိုပေမယ့် အမြဲလည်း မေ့ထားလို့မဖြစ်ပါဘူး။ အလဟဿ သုံးမိတော့မယ်ဆိုရင် အကြွေးရှိနေတာကို သတိရပါ။ သင့်လက်ထဲ ပိုက်ဆံရလာတဲ့အခါ သတိရပါ။ အဲဒါက သင့်ကိုအကြွေးဆပ်ဖို့ သတိရစေမှာပါ။ အကြွေးကို စိတ်ညစ်လို့ အမြဲတစေမေ့ထားပြန်ရင်တော့ သင့်လက်ထဲငွေတွေရလာတဲ့အခါ သင်သုံးချင်တာသုံးမိပြီး အကြွေးတွေက မလျော့တဲ့အပြင် ထပ်တောင်တိုးလာနိုင်ပါတယ်။ ဖော်ပြထားတဲ့အချက်လေးတွေကို လိုက်နာကြည့်ပြီးတော့ ဖြေးဖြေးချင်းဆပ်သွားနိုင်အောင် ကြိုးစားကြည့်လိုက်ပါ။ #BAWA101
လူမှုရေးအရ အရက်သောက်သုံးခြင်းဆိုတာ ဘာလဲ။
ဒီနေ့ခေတ်မှာ အရက်သောက်ခြင်းကို လူမှုဆက်ဆံရေးအတွက် လိုအပ်ချက်တစ်ခုအနေနဲ့ အသုံးချတတ်ကြပါတယ်။ အဲဒါကို အလွယ်တကူ Social Drinking လို့ခေါ်ဝေါ်ကြပါတယ်။ ဒါပေမယ့် အရက်ဆိုတာ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်စေတာမို့ ။ နေရာတကာ social drinking လို့ နာမည်တပ်ပြီး အရက်သောက်သုံးဖို့ချည်း တွေးနေရင်တော့ social drinking မဟုတ်တော့ပါဘူး။ အန္တရာယ်ရှိသော သောက်သုံးခြင်းမျိုးဖြစ်လာပါပြီ။ အဲဒါကြောင့် ဒီနေ့ခေတ်လူငယ်တွေ social drinking ဆိုတာဘာလဲ၊ ဘယ်လိုမျိုးကို ခေါ်တာလဲ ဆိုတာသိစေဖို့ ပြောပြပေးချင်ပါတယ်။
စနေ၊တနင်္ဂနွေကိုရောက်ဖို့ စောင့်နေရတဲ့ အလုပ်ကနေထွက်လိုက်ပါ။
ဒီနေ့ခေတ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေက ပေါများလာသလို အလုပ်လက်မဲ့အရေအတွက်ကလည်း မနည်းပါဘူး။ တစ်ချို့ကကျတော့ ကိုယ်လိုချင်တဲ့အလုပ်နေရာမျိုးမဖြစ်တာနဲ့ ကိုယ်လိုချင်တဲ့လစာလောက်မရတာမျိုး၊ ကိုယ်နေတဲ့နေရာနဲ့ အတော်ဝေးဝေးနေရာမျိုးမှာ အလုပ်သွားရတာမျိုး စသည်ဖြင့် မိမိလိုချင်နေတာနဲ့ ရလာတာမကိုက်သလို၊ ခေါ်နေတဲ့အရည်အချင်းတွေက ကိုယ်နဲ့မကိုက်တာမျိုးမို့လည်း အလုပ်လက်မဲ့တွေဖြစ်လာကြရပါတယ်။ ထားပါတော့ အလုပ်လက်မဲ့တွေကျတော့ ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်မျိုးကို လိုချင်နေကြမှာပါ။
ကျောက်ကပ်ကျန်းမာရေး ဂရုစိုက်ထိန်းသိမ်းရန် လိုက်နာသင့်သည့်အရာများ
ကျောက်ကပ်က ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ကျောက်ကပ်မကောင်းတဲ့အခါ ကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်း စတဲ့ရောဂါတွေအပြင်အခြားရောဂါတွေလည်းဖြစ်ပွားလာနိုင်ပါသေးတယ်။ ကျောက်ကပ်ကို ထိခိုက်စေတဲ့ အကျင့်တွေက ဘာတွေဖြစ်မလဲဆိုတာ အောက်မှာဖတ်ကြည့်လိုက်ပါအုံး။ #BAWA101
မုန်းတဲ့သူ၊ ချောက်တွန်းချင်တဲ့သူတွေကြားထဲမှာ ဘဝကိုဘယ်လိုရှင်သန်နေထိုင်မလဲ။ စိတ်ကိုဘယ်လိုထားမလဲ။
သင့်ဘဝမှာလူအမျိုးမျိုးကို ကြုံဖူးမှာပါ။ ကိုယ့်ရဲ့ကောင်းကျိုးမှန်သမျှကို လိုလားတဲ့သူရှိသလို မကောင်းကျိုးကိုလိုလားတဲ့သူမျိုးလည်း ကြုံဖူးမှာပါ။ တစ်ချို့ကျတော့ မလိုလားရုံတင်မက ကိုယ့်ရဲ့စွမ်းဆောင်နိုင်ခြင်းမှန်သမျှကိုပါ ဝေဖန်တဲ့သူမျိုး၊ ရှုံ့ချတဲ့သူမျိုး၊ အကောင်းမမြင်တဲ့သူမျိုးစတဲ့လူမျိုးကိုလည်း ကြုံဖူးမှာပါ။ ကြုံလည်းကြုံရမှာပါ။ အဲဒါနဲ့တင်မကျေနပ်နိုင်သေးဘဲ ကိုယ်ကကောင်းအောင်နေရဲ့သားနဲ့ မကောင်းပါဘူးလို့ ကွယ်ရာမှာ ပြောတတ်သူမျိုးကိုလည်း ကြုံရမှာပါ။ ဟုတ်ပါပြီ……ထိုကဲ့သို့ လူမျိုးကို ကြုံလာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ။ သူနဲ့ တန်တဲ့ တုံ့ပြန်မှုမျိုး ချက်ချင်းကို ပြန်ပေးလိုက်မှာလား။ မုန်းတဲ့သူ၊ ချောက်တွန်းချင်တဲ့သူတွေကြားထဲမှာ ဘဝကိုဘယ်လိုရှင်သန်နေထိုင်သင့်လဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
ရုပ်ရှင်ဇာတ်လမ်းတွေကြည့်ခြင်းဖြင့် ဘာတွေသင်ယူနိုင်မလဲ။
ရုပ်ရှင်ဇာတ်လမ်းတွေကြည့်ခြင်းဖြင့် သင်ယူတတ်ရင် ရနိုင်တာတွေအများကြီးရှိပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေဆိုတာက အလကားစိတ်ကူးယဉ်ပြီးဖြစ်လာတာမဟုတ်ပါဘူး။ လူတွေရဲ့ စရိုက်တွေ၊ စိတ်နေသဘောထားတွေ၊ သမိုင်းကြောင်းတွေ၊ ချစ်ခြင်းမေတ္တာတွေကနေကိုမှ ဇာတ်အိမ်ဖွဲ့ပြီး အသက်သွင်းနိုင်မယ့် ဇာတ်ကောင်တွေသုံးပြီး ကြည့်ရှုတဲ့သူတွေရဲ့ရင်ထဲရောက်သွားအောင် ရိုက်ပြဖန်တီးထားတာပါ။ အဲဒါကြောင့် လူတွေရဲ့စရိုက်အမျိုးမျိုး၊ စိတ်ထားအမျိုးမျိုး၊ လူနေမှုဘဝအမျိုးမျိုး စုံလင်နေအောင် မြင်နိုင်မှာပါ။ ရုပ်ရှင်ဇာတ်လမ်းတွေကြည့်ခြင်းကြောင့် ဘာတွေသင်ယူနိုင်မလဲဆိုတာပြောပြပေးချင်ါတယ်။
သင့်ကိုဖြတ်ရန် သူတို့ပေးသော ဆင်ခြေဆင်လက် ၁၀၁ ခု။
ဘဝမှာဆုံးဖြတ်ချက်အမှားပေါင်းများစွာ သင်လုပ်ခဲ့ဖူးမှာပါ။ လက်တွဲဖော်ရွေးချယ်ရာမှာလည်း ထိုနည်းအတူပါပဲ။ ကိုယ်နဲ့လိုက်ဖက်မည့်သူ၊ ကိုယ်အထင်ကြီးလေးစားရတဲ့သူ၊ ကိုယ်အားကိုးတဲ့သူ၊ ကိုယ်မြတ်နိုးတွယ်တာရတဲ့သူတွေက ကိုယ့်ထင်ထားတာနဲ့ အလွဲကြီးလွဲနေတာကိုတွေ့ ရမှာပါ။ ကိုယ့်ကို မနှစ်သက်တော့လို့ ၊ မတွဲချင်တော့လို့ ၊ နောက်တစ်ယောက်တွေ့သွားလို့ သို့ အကြောင်းအမျိုးမျိုးကြောင့် အပြစ်ရှာ ထားခဲ့ချင်သူတွေလည်း ဘဝကြီးမှာ ရှိတတ်ပါတယ်။ အောက်တွင်ဖော်ပြထားသော ဆင်ခြေဆင်လက်များနှင့်သင့်ကို အဆက်ဖြတ်ရန်လုပ်သောသူကို အထာကျကျလေး ခပ်သဲ့သဲ့ပြုံးပြပြီး လှည့်ထွက်လာဖို့ အရေးကြီးပါတယ်။ သူပြောတဲ့ ဆင်ခြေဆင်လက်တွေကို သင်မယုံနိုင်ပေမည့် တကယ်လည်းမှန်နိုင်ခြေတော့ ရှိပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ထိုအကြောင်းပြချက်တွကို နှစ်ကိုယ်တူ ရင်ဆိုင်ဖို့ မရွေးချယ်ပဲ ထားခဲ့ဖို့သာ ရွေးချယ်ခဲ့တဲ့သူကို ကိုယ့်ဘက်က စိတ်ထားကြီးကြီးထားပြီး အပြုံးလေးနဲ့ လှည့်ထွက်လာတတ်ဖို့တော့ လိုပါလိမ့်မယ်။ အဲ့လိုလူမျိုးနဲ့ ရှေ့ ဆက်သွားလို့လည်း ကိုယ့်ဘဝအတွက် ဘာအကျိုးမှရှိမှာ မဟုတ်တဲ့အတွက်ကြောင့်ပါ။ ဘယ်လို အူကြောင်ကြား အကြောင်းပြချက်တွေနဲ့ လမ်းခွဲခဲ့တာ ကြားဖူးတယ်ဆိုရင်လည်း အောက်မှာ ပြောပေးသွားပါအုန်းနော်။ ဒီဇိုင်းမှာ ထပ်ထည့်ချင်လို့ပါ။ ကျေးဇူးပါ။ #BAWA101 #InspiredByMyanlearn
စိတ်ပူခြင်းကြောင့် ဘာမှဖြစ်မလာနိုင်ပါ။
လူတိုင်းပူပန်ဖူးကြမယ်ထင်ပါတယ်။ တစ်စုံတစ်ခုအတွက် ပူပန်ခြင်းက လူတိုင်းနဲ့မကင်းနိုင်တဲ့အရာတစ်ခုဖြစ်မယ်ထင်ပါတယ်။ အလုပ်မှာအဆင်ပြေပါ့မလား……..စာမေးပွဲအောင်ပါ့မလား၊ အင်တာဗျူးအောင်ပါ့မလား၊ ငွေကြေးကိစ္စ အဆင်ပြေပါ့မလား။ စသည်ဖြင့် လူတိုင်းမှာ ပူပန်မှုကိုယ်စီနဲ့ပါပဲ။ ဒါပေမယ့် ပူပန်ခြင်းကြောင့် ဆိုကျိုးတွေသာဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆိုးကျိုးတွေသာမက ရုပ်ပိုင်းဆိုင်ရာအရလည်း ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲဒီ့တော့ စိတ်ပူတတ်တဲ့အကျင့်လေးတွေကို အတတ်နိုင်ဆုံးလျော့ကျအောင်နေနိုင်တာအကောင်းဆုံးပါ။ စိတ်ပူတတ်တဲ့အကျင့်ကြောင့် ဘာတွေဖြစ်လာနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
အရက်ကို ရုပ်ပျက်ဆင်းပျက်မမူးရအောင် ဘယ်လိုသောက်ကြမလဲ။
မြောက်အမေရိကန်တွေနဲ့ ကမ္ဘာတစ်ဝန်းမှာ အရက်သောက်ခြင်းဆိုတာ ယဉ်ကျေးမှုတစ်ရပ်လို သောက်သုံးလာကြပါတယ်။ အရက်သောက်တဲ့အခါ တန်ဆေးလွန်ဘေးဆိုသလို သောက်တတ်ရင်ဆေးလိုဖြစ်ပြီး မသောက်တတ်ရင်တော့ ဘေးဖြစ်နိုင်ပါတယ်။
ငယ်ငယ်တုန်းက သင်ခဲ့ရသော ဘဝအတွက် အသိတရားများပေးတဲ့ ကဗျာလေးများ #BAWA101
ငယ်ငယ်တုန်းက သင်ခဲ့ရသော ဘဝအတွက် အသိတရားများပေးတဲ့ ကဗျာလေးများ #BAWA101
လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ ကလေးပြုစုပျိုးထောင်ခြင်း
တနင်္လာနေ့အတွက် လိုအပ်သောခွန်အားများပေးရန် ရွေးချယ်ဖော်ပြထားသော ကောက်နုတ်ချက်များ #BAWA101
တနင်္လာနေ့မှာ စိတ်ဓာတ်ခွန်အားတက်ကြွစေတာနဲ့ တစ်ပြိုင်တည်း တစ်ပတ်လုံးမှာ စိတ်ဓာတ်ခွန်းအားပြည့်ဝနေသလို ခံစားရစေပါလိမ့်မယ်။ အဲဒါကြောင့် တနင်္လာနေ့ဖတ်ဖို့ ကောက်နုတ်ချက်တွေဖော်ပြလိုက်ပါတယ်။ #BAWA101