? လှပတဲ့နေရာတစ်ခုကိုသာ ဖန်တီးလိုက်ပါ ?
? လှပတဲ့နေရာတစ်ခုကိုသာ ဖန်တီးလိုက်ပါ ?
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ
ကမ္ဘာနဲ့အဝှမ်းသိမှတ်စရာအဖြာဖြာ (၆)
ကမ္ဘာနဲ့ချီတဲ့ အချို့သောအရာတွေက သိသလိုလိုရှိပေမယ့် သေချာမသိဘဲ မသဲကွဲတဲ့အရာမျိုးတွေရှိမှာပါ။ အဲဒါကြောင့် ရှာဖွေဖတ်မှတ်လို့ရသလောက် စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။ တစ်ချိန်ချိန်မှာ အသုံးဝင်နိုင်တာမို့ အချင်းချင်းလည်း ဖတ်ရှုနိုင်အောင်ရှယ်ပေးလိုက်ပါအုံးနော်။ နောက်ထပ်လည်း ရှာဖွေလို့ရသလောက်ဗဟုသုတအဖြာဖြာကို ဖော်ပြပေးသွားပါအုံးမယ်။ #BAWA101
ဘဝမှာ သင် အာရုံစိုက်စရာမလိုသောအရာများ
ဘဝမှာ အခြားသူတွေရဲ့အမြင်တိုင်းကို လိုက်ခံစားနေလို့ မဖြစ်နိုင်ပါဘူး။ အရာရာတိုင်းကိုသာ လိုက်ခံစားနေရင် အခြားသူရဲ့အမြင်တွေ၊ အပြုအမူတွေ၊ အပြောအဆိုတွေနဲ့တင် အခြားလူတွေရဲ့သတ်မှတ်ချက်အောက်မှာတင်နေထိုင်ရသလိုဖြစ်နေမှပါ။ ဘယ်လိုမှ ကိုယ့်အတွေးအမြင်နဲ့ရှင်သန်ရမှာမဟုတ်တော့ဘဲ ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးသွားမှာဖြစ်သလို၊ ကိုယ့်ရဲ့လုပ်စရာရှိတဲ့ကိစ္စတွေကိုမလုပ်နိုင်ဘဲ အချိန်အလကားကုန်ဆုံးသွားရပါလိမ့်မယ်။ အဲဒါကြောင့် သင့်ဘဝမှာ အာရုံစိုက်စရာမလိုသောအရာတွေကိုဖော်ပြပေးလိုက်ပါတယ်။
ကြားဖူးကြမှာပါ….ဆိတ်ဆိတ်နေ ထောင်တန်ဆိုတဲ့စကား။ အချို့ကိစ္စတွေမှာ ဘာမှဝင်မပြောဘဲ တိတ်တိတ်နေလိုက်ခြင်းက တန်ဖိုးရှိတယ်လို့ပြောချင်တာဖြစ်ပါတယ်။ ဖတ်ဖူးသလောက်ကတော့ ခြင်္သေ့တစ်ကောင်က မြေခွေးမတစ်ကောင်နဲ့ပေါင်းဖက်မိလေရာမှ ခြင်္သေ့ငယ်လေးတစ်ကောင်မွေးဖွားလာပါတယ်။ ခြင်္သေ့ငယ်လေးမှာ အသံပြုမိလျှင် မြေခွေးသံပါနေသဖြင့် အခြားသောတောတွင်းတိရိစ္ဆာန်များ မရိုမသေဖြစ်မှာကို စိုးရိမ်လျက် ခြင်္သေ့ငယ်လေးကို ခြင်္သေ့ကြီးက အသံမပြုဖို့ သတိပေးပါတယ်။
နွေးထွေးတဲ့အိမ်လေးတစ်အိမ်ဖြစ်ဖို့ …..
မိသားစုဆိုတဲ့အဓိပ္ပါယ်ပြည့်ဝပြီး တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာတတ်တဲ့ နွေးထွေးတဲ့အိမ်လေးတစ်အိမ်ဖြစ်ဖို့ဆိုတာက လိုအပ်ချက်တွေအများကြီးရှိပါတယ်။ ပင်လယ်ပြင်ကို လှေငယ်နဲ့ဖြတ်သန်းရသလိုပါပဲ။ တစ်ယောက်ထဲလှော်နေလို့လည်း ခရီးမရောက်နိုင်သလို၊ ဘယ်သူမှမလှော်ဘဲ အဆင်သင့်လိုက်ပါနေလို့လည်း မဖြစ်နိုင်ပါဘူး။ တနည်းအားဖြင့်တော့ နွေးထွေးတဲ့အိမ်လေးတစ်အိမ်ဖြစ်ဖို့အတွက် အိမ်မှာရှိတဲ့မိသားစုဝင်တိုင်းမှာ တာဝန်ရှိတာပါ။
အသက်ကြီးပေမယ့် အသိတရားမရင့်ကျက်လာတဲ့လူရဲ့ အကျင့်များ
အချို့သော လူတွေကြုံဖူးကြမှာပါ။ အသက်ကြီးပေမယ့် အသိတရားမရင့်ကျက်ဘူးလို့ ပြောရလောက်အောင် အသိတရားနည်းတဲ့သူမျိုးတွေပေါ့။ အဲဒီ့လိုလူမျိုးနဲ့ကြုံရတဲ့အခါ ကိုယ့်မှာ အတော်ဘေးကြပ်နံကြပ်ဖြစ်ရတတ်ပါတယ်။ အမှန်ကိုပြောပြ ထောက်ပြရင်လည်း လက်မခံသလို ၊ သူတို့ရဲ့အမှားကို မှားပါတယ်လို့ လက်မခံတတ်ပါဘူး။ ကိုယ့်ဆီက အကြံဉာဏ်ယူချင်ရင်တောင် အပေါ်စီးကနေ ခပ်ကြောကြောဆက်ဆံပြီး ကိုယ့်အိုင်ဒီယာကို သူ့အိုင်ဒီယာလုပ်သွားတတ်တာမျိုးနဲ့ ခံလိုက်ရတတ်ပါတယ်။ တခါတလေ အသက်ကြီးပြီး အသိတရားမကြီးတာမို့ ဒီက ယဉ်ကျေးမှုအရ ကိုယ်မှန်နေပေမယ့် ကိုယ့်ထက်အကြီးဖြစ်နေတာကြောင့်ငြိမ်ခံလိုက်ရတာမျိုးတွေပေါ့။
အလွယ်တကူ Bully လုပ်မိနေပြီလား။
Bully လုပ်ခြင်းဆိုတာက အနိုင်ကျင့်ခြင်း၊ အခြားတစ်ယောက်ယောက်ကို ရုပ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း ထိခိုက်အောင် လုပ်ခြင်းတစ်မျိုးပါပဲ။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဒဏ်ရာ အနာတရဖြစ်သွားအောင် လုပ်မိခြင်းမှသာ နာကျင်ရတာမဟုတ်ပါဘူး။ ကိုယ့်အတွက် ဘာရယ်မဟုတ် ပြောဆိုလိုက်တာမျိုး၊ စနောက်လိုက်တာမျိုး၊ ဆိုရှယ်မီဒီယာပေါ်မှာ ကွန့်မန့်လေးတစ်ကြောင်းရေးလိုက်တာမျိုးနဲ့တင် တဖက်သားရဲ့စိတ်ကို ထိခိုက်နစ်နာသွားစေနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာခေတ်စားလာခြင်းက ကောင်းသောအရာတွေရှိသလို ဆိုးကျိုးတွေလည်း အများကြီးရှိပါတယ်။
Life isn't finding shelter in the storm. It's about learning to dance in the rain. Sherrilyn Kenyon ပြောထားတဲ့စကားလေးက သိပ်ကိုလှပါတယ်။ “ဘဝဆိုတာ မုန်တိုင်းထဲမှာ ခိုလှုံရာရှာရမှာမဟုတ်ပါဘူး။ မိုးစက်တွေနဲ့အတူ ကခုန်တတ်ဖို့ သင်ယူရမှာဖြစ်ပါတယ်”တဲ့။ ဒီစာသားလေးဖတ်မိတော့ တွေးမိသွားပါတယ်။ တကယ်တော့ ဘဝကမုန်တိုင်းထန်တယ်ဆိုရင် ဒီမုန်တိုင်းထဲကနေ လွတ်မြောက်ဖို့ရာအတွက် ခိုလှုံနိုင်မယ့်နေရာတစ်ခုကိုရှာရမှာမဟုတ်ပါဘူးတဲ့။ မုန်တိုင်းထဲက မိုးရေစက်တွေစိုရွှဲနေရင်းနဲ့တောင် ပျော်ရွှင်အသားကျနေအောင် နေတတ်ဖို့သင်ယူရမယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်။