မမေ့နိုင်တဲ့ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဆိုဘာဇာတ်ကားဖြစ်မလဲ❓
မမေ့နိုင်တဲ့ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဆိုဘာဇာတ်ကားဖြစ်မလဲ❓
လွန်ခဲ့တဲ့နှစ်ပေါင်များစွာက မိန်းကလေးဆိုရင် ယောကျ်ားကိုအားကိုးလို့ရတယ်၊ မိန်းကလေးက အိမ်ထောင်မှုထိန်းသိမ်းတတ်ရင်တော်ပြီပေါ့....ဆိုတာမျိုးတွေနဲ့ ဘောင်ခတ်ခံခဲ့ကြတာ ကြားဖူးကြမှာပါနော်။ အခုခေတ်မှာတော့ အားလုံးလိုလိုအမြင်ကျယ်လာကြပါပြီ။ မိန်းကလေးဖြစ်ပေမယ့် ဝင်ငွေရှာတဲ့နေရာမှာရော၊ အိမ်မှုကိစ္စမှာပါ မိန်းမရယ်၊ ယောကျ်ားရယ်မခွဲခြားတော့ဘဲ တန်းတူကြိုးစားပြီး တန်းတူအမြင်ရှိလာကြပါပြီ။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်တဲ့အချက် ၁၀ ချက်
ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တယ်ဆိုတာက ရုပ်ပိုင်းဆိုင်ရာတစ်ခုထဲကို လှပသန့်ရှင်းနေအောင်၊ လူမြင်ကောင်းအောင်၊ သစ်လွင်တဲ့အဝတ်အစားတွေ၊ brand တွေဝတ်ဆင်ပြီး လူကြားထဲတင့်တယ်အောင်ဂရုစိုက်နေတာတစ်ခုတည်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကို ဘယ်လောက်ပဲသသ အဲဒီ့လူရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်မကောင်းရင် ထိုလူရဲ့မျက်နှာမှာပေါ််််််််််််််််််််လွင်ထင်ဟပ်နေမှာဖြစ်သလို ကာယကံရှင်ကိုယ်တိုင်လည်း ပျော်််််််််််ရွှင်နေမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာတစ်ခုထဲကို ဂရုစိုက်သင့်တာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကို အဓိက ပိုဂရုစိုက်သင့်ပါတယ်။
အလုပ်ခွင်မှာမအောင်မြင်တဲ့အကြောင်းရင်းများ
အလုပ်ခွင်မှာ ကိုယ်ဘာကြောင့်မအောင်မြင်ရသလဲ။ ဒါမှမဟုတ် အလုပ်ခွင်မှာ အောင်မြင်တဲ့လူတွေက ဘယ်နေရာတွေများ ကိုယ့်ထက်သာနေသလဲဆိုတဲ့အတွေးမျိုးတွေးဖူးပါတယ်။ များသောအားဖြင့် အလုပ်ခွင်မှာ မအောင်မြင်တဲ့လူတော်တော်များများဟာ အလုပ်ကို အလုပ်နဲ့တူအောင်မလုပ်တဲ့လူတွေများတာကို တွေ့ရပါတယ်။ အလုပ်ကို အလုပ်လို့သဘောမထားဘဲ ထမင်းစားရရုံ၊ ပုံမှန်အသက်ရှင်သန်ဖို့ရာ အလုပ်တစ်ခုလုပ်မဖြစ်လို့လုပ်နေရရုံသက်သက်သာ လုပ်နေတဲ့သူတွေဖြစ်တတ်ပါတယ်။
တိရိစ္ဆာန်တွေနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အံ့အားသင့်ဖွယ်ရာအချက်များ (၅)
တိရိစ္ဆာန်တွေနဲ့ပတ်သက်ပြီး သင်မသိသေးတဲ့အချက်တွေအများကြီးရှိမှာပါ။ သင်သိပြီးသားတွေဖြစ်နိုင်သလို ကိုယ်တိုင်လုံးဝမထင်မှတ်ထားတဲ့အချက်တွေဖြစ်နိုင်ပါတယ်။ ဘယ်လိုအချက်တွေဖြစ်မလဲ ဖတ်ကြည့်လိုက်ပါအုံးနော်။ နောက်ထပ်ဗဟုသုတရစရာတွေလည်း တင်ပေးသွားပါအုံးမယ်နော်။ #BAWA101
ဆိုးရွားတဲ့ဘယ်လိုလူမျိုးကိုမှ တုံ့ပြန်ဖို့မလိုပါဘူး။ သူပေးသလို သူပြန်ရမှာပါပဲ။
ကိုယ်တိုင်က ဒေါသကြီးတဲ့အထဲမှာပါတာမို့ ကိုယ့်ကိုမဟုတ်မမှန်တာပြောတာ၊ ကိုယ့်အပေါ်မတရားလုပ်တာ၊ ကိုယ့်ကို အနိုင်ကျင့်တာ၊ ကိုယ့်အပေါ်မမုန်မကန်လုပ်လာရင် ဆတ်ဆတ်ထိမခံတဲ့အထဲမှာ ပါပါတယ်။ အထူးသဖြင့် ကိုယ်မှားနေတဲ့အခါ တောင်းပန်ဖို့ဝန်မလေးပေမယ့် ကိုယ်မှန်နေတာကိုမှ မတော်မတရားတွေပြောလာရင် သိပ်မခံချင်ကြတာ လူတိုင်းဖြစ်မယ်ထင်ပါတယ်နော်။
"စာဖတ်တဲ့အခါ ဘယ်လိုဖတ်နည်းပုံစံမျိုးနဲ့ဖတ်ကြလဲ မျှဝေပေးပါအုံး။"
"စာဖတ်တဲ့အခါ ဘယ်လိုဖတ်နည်းပုံစံမျိုးနဲ့ဖတ်ကြလဲ မျှဝေပေးပါအုံး။"
အဝေးသင်ကျောင်းသားပေမယ့် အလုပ်ကောင်းကောင်းရနိုင်ဖို့ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ။
အဝေးသင်ကျောင်းသားမို့ အားငယ်စရာမရှိပါဘူးနော်။ တကယ်တမ်းစဥ်းစားကြည့်ရင် အဝေးသင်ကျောင်းသားတွေက ပိုပြီးတော့တောင် အခွင့်အရေးများကြပါသေးတယ်။ နေ့တိုင်းကျောင်းတက်နေရတဲ့ကျောင်းသားတွေအတွက် ကျောင်းတက်နေရတဲ့အချိန်မှာ အဝေးသင်ကျောင်းသားတွေဟာ အလုပ်တစ်ခုခုလုပ်ရင်း လုပ်ငန်းအတွေ့အကြုံရအောင် ကြိုးစားနေလို့အချိန်ပိုရပါတယ်။ အဲဒါအပြင် သင်တန်းတစ်ခုခုကိုလည်း ထူးချွန်စွာတတ်မြောက်အောင် သင်ယူနေနိုင်ပါသေးတယ်။