သင့်ရဲ့မကောင်းတဲ့အမြင်တွေထဲကနေ သင့်ကိုသင်လွတ်မြောက်အောင်ဘယ်လိုလုပ်မလဲ
“A negative mind will never give you a positive life” လို့ကြားဖူးသလိုမျိုးပါပဲ။ မကောင်းတဲ့အမြင်တွေက ပိုကောင်းတဲ့ဘဝကို ဘယ်တော့မှပေးနိုင်မှမဟုတ်ပါဘူး။ တကယ်လည်း သင့်ရဲ့အတွေးအမြင်တွေက သင့်ဘဝအပေါ်သက်ရောက်မှုရှိနေပါတယ်။ အဲဒါဆိုရင် လူတိုင်းက အမြဲအကောင်းမြင်နေတတ်ကြတာလား ဆိုတော့လည်း မဖြစ်နိုင်ပြန်ပါဘူး။ ဘဝဆိုတာက နာကျင်မှု တလှည့် ပျော်ရွှင်မှုတခါ၊ ကြေကွဲမှု၊ စတဲ့ ကောင်းလိုက်မကောင်းလိုက်နဲ့ကြုံနေရမှာပါပဲ၊ အဲဒါကြောင့်အမြဲတမ်း အကောင်းမြင်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ အဲလိုပဲ မကောင်းတဲ့အတွေးတွေချည်းပဲတွေးပြီးလည်း စိတ်ဓာတ်ကျနေလို့ မဖြစ်ပြန်ပါဘူး။ ကောင်းတာတွေကြုံလာတဲ့အခါ အကောင်းမြင်တာ ပုံမှန်ဖြစ်ပေမယ့် မကောင်းတဲ့ကိစ္စတွေကြုံရတဲ့အခါမျိုးမှာတော့ ဘယ်လိုအကောင်းမြင်နိုင်အောင် ကြိုးစားမလဲဆိုတာက ဘဝအတွက်လိုအပ်ပါတယ်။ သင့်မှာ မကောင်းတဲ့အမြင်တွေရဲ့ဖိစီးမှုတွေ နှိပ်စက်မှုခံနေရပြီဆိုရင်တော့ သင့်ကိုသင် လွတ်မြောက်အောင် ဘယ်လိုလုပ်သင့်သလဲဆိုတာ သိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။
မိုးရာသီမှာ သင့်အသားအရေကို ထိန်းသိမ်းဖို့ နည်းလမ်း ၁၀ချက်
မိုးရာသီမှာ မိုးရေတွေနဲ့ အသားအရေက စိုစွတ်နေပြီး ဘက်တီရီးယားတွေလည်း ပေါက်ဖွားလွယ်စေပါတယ်။ ဆံသားတွေအတွက်လည်း မိုးမကြာခဏစိုထိုင်းတဲ့အတွက် ပိုပြီးကြမ်းတမ်းလာသလိုမျိုး ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် မိုးရာသီမှာ အသားအရေထိန်းသိမ်းသင့်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
ရင့်ကျက်လာတယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးကို ခေါ်တာလဲ။ အသက်အရွယ်ကြီးလာတိုင်း ထိုသူတစ်ယောက်က ရင့်ကျက်သွားတယ်လို့ ပြောလို့မရသလို၊ အသက်အရွယ်ငယ်နေပေမယ့် မရင့်ကျက်ဘူးလို့လည်း ပြောလို့မရပြန်ပါဘူး။ တကယ်တော့ ရင့်ကျက်တယ်ဆိုတာက အသက်အရွယ်နဲ့မသက်ဆိုင်ဘဲ ဘဝမှာ ကြုံတွေ့ခဲ့ရတာတွေ၊ နာကျင်ခဲ့ရတာတွေ၊ ခံစားခဲ့ရတာတွေကို အတွေ့အကြုံတွေအဖြစ်နဲ့ ကျင့်သားရပြီး စိတ်ရှိတိုင်း မတုံ့ပြန်တတ်တော့ဘဲ နားလည်ပေးနိုင်သွားတာလို့ ထင်ပါတယ်။ အဲဒါဆိုရင် ရင့်ကျက်သွားတဲ့လူတစ်ယောက်အနေနဲ့ ဘယ်လိုမျိုး လက္ခဏာတွေရှိလာသလဲဆိုတာ ယေဘုယျအားဖြင့် ဖော်ပြပေးလိုက်ပါတယ်။
ဘာကိုမှ အလေးအနက်မထားတတ်သူတို့၏ အမူအကျင့်များ
သင့်ပတ်ဝန်းကျင်မှာ ဘာကိုမှအလေးအနက်မထားတတ်တဲ့သူမျိုးကို တွေ့ဖူးမှာပါ။ ထိုသူမျိုးက ဘယ်တော့မှလည်း ရောက်ရှိနေတဲ့နေရာကနေ တိုးတက်မှာမဟုတ်သလို၊ လက်ရှိရောက်နေတဲ့ နေရာထက် နိမ့်ကျတဲ့နေရာမျိုးကိုတောင် ကျဆင်းသွားနိုင်ပါသေးတယ်။ ထိုသူမျိုးက ဘဝကို ပေါ့ပါးစွာဖြတ်သန်းနေတတ်ပြီး ဘယ်သူ့အတွက်မှ ကောင်းကျိုးမပေးတတ်ပါဘူး။ ပတ်ဝန်းကျင်ကော မိသားစုကိုကော ကောင်းကျိုးမပေးနိုင်တဲ့ ထိုသူမျိုးရဲ့အမူအကျင့်တွေကို အကြမ်းဖျင်းဖော်ပြပေးလိုက်ပါတယ်။
သင့်ဘဝကို တစ်နှစ်အတွင်း ပြောင်းလဲနိုင်ဖို့ လိုက်နာသင့်တဲ့အချက် ၈ချက်
ကျွန်တော်တို့ အယောက်စီတိုင်းမှာ ကောင်းတဲ့အကျင့်တွေရှိသလို ဆိုးတဲ့အကျင့်တွေလည်း ရှိကြမှာပါ။ ကောင်းတဲ့အကျင့်တွေက ကိစ္စမရှိပေမယ့် မကောင်းမှန်းသိပြီး ပြင်မရတဲ့အကျင့်တွေကတော့ ဘဝတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်နိုင်ပါတယ်။ အဲဒါကြောင့် သင့်ဘဝကို တစ်နှစ်အတွင်း တိုးတက်စေရမယ်လို့ ဆုံးဖြတ်ချက်ချပြီး အောက်ပါအချက်တွေကို လိုက်နာကြည့်လိုက်ရအောင်။ ကိုယ့်ကိုကိုယ် စိန်ခေါ်ကြည့်ကြတာပေါ့။
ဘဝမှာ နေပျော်ဖို့အတွက် ကျင့်ယူသင့်တဲ့အကျင့်များ
ပျော်ရွှင်တတ်ရဲ့လား…..လို့မေးလိုက်ရင် လူအတော်များများက အံ့သြကြမယ်ထင်ပါတယ်။ လူတိုင်းလိုလို ပျော်ရွှင်တတ်ကြတာကိုး။ ဒါပေမယ့် ပျော်ရွှင်တတ်ပုံချင်းတော့ မတူပါဘူးနော်။ ပျော်ရွှင်ခြင်းလို့ပြောလိုက်ရင် တော်တော်များများက ပွဲလမ်းသဘင်တွေမှာ ပျော်ရွှင်တာ၊ အလည်အပတ်အပျော်အပါးသွားလို့ပျော်ရွှင်တာ၊ ပျော်စရာကိစ္စ၊ ပျော်စရာအကြောင်းအရာရှိမှ ပျော်ရွှင်တာမျိုးတွေးတတ်ကြပါတယ်။
အချိန်ကုန်ပြီး ဘာကောင်းကျိုးမှ ဖြစ်မလာစေသောအကျင့်ဆိုးများ
တစ်နေ့တာမှာ မသိလိုက်မသိဘာသာနဲ့ အချိန်တွေကုန်သွားတာမျိုးဖြစ်ဖူးကြမယ်ထင်ပါတယ်။ ကိုယ့်အတွက်လည်း ဘာဆိုဘာမှ ထိရောက်အောင် မလုပ်လိုက်ရပေမယ့် အချိန်တွေကတော့ ကုန်ဆုံးသွားတာမျိုးပါ။ တစ်ခုခုဆို ဘာမှမလုပ်ဖြစ်လိုက်ပေမယ့် အချိန်ကိုကြည့်မိတော့ အမြဲနောက်ကျနေတတ်တာမျိုးဖြစ်နေပြီဆိုရင်တော့ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်သင့်နေပါပြီ။
သင့်ဆံပင် ရှည်လျား၊နက်မှောင် အုံထူစေဖို့ လုပ်သင့်သည့်အချက်များ
ဆံသားကို နက်မှောက်ပြီး အုံထူစေဖို့ အိမ်မှာတင်လုပ်လို့ရတဲ့ နည်းလမ်းကောင်းလေးတွေကို တင်ပြပေးလိုက်ပါတယ်။
စာဖတ်ဖို့အချိန်မရှိဘူးဆိုတဲ့သူတွေ လုပ်ကြည့်သင့်တဲ့နည်းလမ်းများ
စာဖတ်ခြင်းက လူတစ်ယောက်ရဲ့အတွေးအခေါ်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ သိပြီးဖြစ်ကြမှာပါ။ လူတစ်ယောက်ရဲ့အတွေးအခေါ်ပြောင်းလဲသွားတဲ့အခါ ထိုသူရဲ့ဘဝလည်း လိုက်ပါပြောင်းလဲသွားနိုင်ပါတယ်။ အဲဒါကြောင့် ပုံမှန် စာဖတ်ခြင်းရဲ့အကျိုးက လူတစ်ယောက်ရဲ့ဘဝကိုအများကြီးသက်ရောက်နိုင်ပါတယ်။ စာဖတ်ခြင်းကို ဝါသနာပါပါတယ်၊ စာလည်းဖတ်ချင်ပါတယ်၊ ဒါပေမယ့် အလုပ်တွေများလို့၊ အချိန်မရလို့၊ စာအုပ်မသယ်ချင်လို့ စတဲ့အကြောင်းအမျိုးမျိုးနဲ့ စာဖတ်ဖို့ ပျက်ကွက်တတ်ကြပါတယ်။ ဖေ့ဘုတ်သာ တစ်နေ့ ၂၄နာရီမှာ မသုံးလိုက်ရမရှိပေမယ့် စာဖတ်ဖို့ကျတော့ နည်းမျိုးစုံနဲ့ အကြောင်းပြပြီး မေ့နေတတ်ကြပါတယ်။ အဲဒါကြောင့် စာဖတ်ဖို့ အချိန်မရှိဘူးလို့ မညည်းရတော့ဘဲ စာဖတ်ဖြစ်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်နော်။
လူတော်လူကောင်းတစ်ယောက်ဖြစ်စေဖို့
နှစ်သစ်မင်္ဂလာဖြစ်ပါစေလို့ ပထမဦးစာွဆုမနွ်ကောင်းတောင်းပေးလိုက်ပါတယ်။ လူတိုင်းကိုယ်စီမှာ ကိုယ်ဖြစ်ချင်တဲ့အရာများစာွရှိကြပါတယ်။ အချို့ ကတော့ မျက်လှည့်ပညာရှင်ကြီးဖြစ်ချင်တယ်၊ မိသားစုကို လိုအပ်ချက်မရှိအောင်ထားနိုင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်၊ နိုင်ငံကိုအထောက်အကူပြုတဲ့ နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်ချင်တယ်၊ ရင်ဘတ်ထဲထိစေမယ့် ကဗျာတစွောတွေရေးတဲ့လူတစ်ယောက်ဖြစ်ချင်တယ်၊ ကောင်မလေးအများကြီးနဲ့ဂေါ်နိုင်တဲ့ဘဲကြီးဖြစ်ချင်တယ်ဆိုပြီး တစ်ယောက်တစ်မျိုးမရိုးရလအေောင် ထူးခြားတဲ့ရည်မှန်းချက်တွေ အိမ်မက်တေရွှိကြပါတယ်။
အဖေ့ထံမှသင်ကြားခဲ့ရသော ဘဝအတကွ်အရေးပါသည့် သင်ခန်းစာ ၉ ခု
အဖေ့ထံမှသင်ကြားခဲ့ရသော ဘဝအတကွ်အရေးပါသည့် သင်ခန်းစာ ၉ ခု
နာကျင်စရာများကိုကျော်လွှားနိုင်ရန် အထောက်အကူပြုစေမည့် စကားလုံး ၄လုံးအကြံပြုချက်များ။
နာကျင်စရာများကိုကျော်လွှားနိုင်ရန် အထောက်အကူပြုစေမည့် စကားလုံး ၄လုံးအကြံပြုချက်များ။