သင်သိပါသလား ? တခါတလေမှာ ကျွန်တော်တို့မသိလိုက်တဲ့အရာလေးတွေက ကျွန်တော်တို့ရဲ့ဘဝကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တခါတလေကျပြန်တော့လည်း ကျွန်တော်တို့ရဲ့အတွေးလေးကို ပြောင်းလိုက်တာနဲ့တင် ကျွန်တော်တို့ဘဝမှာ ပြောင်းလဲမှုကို လက်ခံနိုင်သွားပြန်တယ်။ အဲဒီ့ထဲမှာ ခုဖော်ပြထားတဲ့အကြောင်းတွေက ထိပ်ဆုံးကပါနေတယ်ဆိုတာ သင်သိပါသလား။
ကလေးကို မူကြိုစောထားသင့်မထားသင့် ဘယ်လိုစဉ်းစားကြမလဲ။
ကလေးကိုဘယ်အရွယ်မှာ မူကြိုထားသင့်သလဲဆိုတာ မိဘတွေတော်တော်များများခေါင်းစားကြတဲ့မေးခွန်းပါပဲ။ တချို့ကတော့ တစ်သက်လုံးစာဆိုတာကြီးကို သင်သွားရမှာဖြစ်တဲ့အတွက် ကလေးသဘာ၀ လွတ်လပ်စွာ ဆော့ကစားခွင့်ပေးချင်တဲ့အတွက် အသက် ၅နှစ်အထက်လောက်မှ မူကြိုပို့မယ်တွေးသလို၊ တချို့မိဘကျပြန်တော့ စားဝတ်နေရေးကြောင့်အလုပ်ထွက်လုပ်တာမျိုး၊ စိတ်ချရတဲ့လူပိုအိမ်မှာမရှိတာကြောင့်ရော၊ အကြောင်းအမျိုးမျိုးကြောင့် ကလေးကို ၂နှစ် ၃နှစ်လောက်နဲ့ မူကြိုပို့ကြပြန်ပါတယ်။ ဘယ်အယူအဆက ပိုမှန်သလဲဆိုတာ မေးစရာဖြစ်လာပါတယ်။ အိမ်မှာ မိဘတစ်ဦးဦးက ရှိနေပေမယ့် ကလေးတိုးတက်မှုအတွက် မူကြိုပို့သင့်သလား၊ မပို့သင့်ဘူးလား၊ ဆိုတဲ့ ဝေခွဲမရနိုင်တဲ့မေးခွန်းတွေဖြစ်လာပါတယ်။
ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ
လူတိုင်းက ဘဝမှာ ကောင်းမွန်တဲ့အရာတွေဖြစ်ပျက်လာတဲ့အခါ ပျော်ရွှင်နေတတ်ပြီး အဆိုးတွေကြုံရတဲ့အခါမှာတော့ ယူကြုံးမရ ဝမ်းနည်းတတ်ကြပါတယ်။ ဘဝဆိုတာက အမြဲပုံသေမရှိဘဲ ကောင်းတလှည့် ဆိုးတလှည့်ဆိုတာကို မေ့လျော့နေတတ်ကြပါတယ်။ ကောင်းမွန်တဲ့အရာတွေဖြစ်ပျက်လာရင်လည်း တစ်သက်လုံးအတွက်မဟုတ်ဘဲ ဆိုးတဲ့အရာတွေဖြစ်ပျက်လာရင်လည်း တစ်သက်လုံးစာမဟုတ်နိုင်ပါဘူး။
အောင်မြင်ချင်သူနဲ့ ကျရှုံးသူရဲ့ကြားက ခြားနားချက်များ
အောင်မြင်နေတဲ့သူတွေကို မြင်ရင်သာ “ဟာ…သူတို့က အောင်မြင်လိုက်တာ” “ ဟယ်…သူတို့ကတော်လိုက်တာ” ဆိုပြီး ဖြစ်တတ်ကြတာပါ။ အောင်မြင်သူတွေရဲ့နောက်ကွယ်က မအောင်မြင်ခင် ဘယ်လိုကြိုးစားခဲ့ကြရသလဲဆိုတာကိုတော့ ဘယ်သူမှ တန်းမမြင်နိုင်ကြပါဘူး။ အောင်မြင်သူတွေက အောင်မြင်သူအဖြစ်မွေးလာကြပြီး ကျရှုံးသူတွေက ကျရှုံးသူအဖြစ်မွေးလာတာမဟုတ်ပါဘူး။ အားလုံးဟာ အတူတူမွေးဖွားလာတာဖြစ်ပြီး အောင်မြင်သူကတော့ အသေအကြေကြိုးစားပြီး ကျရှုံးသူတွေကတော့ အောင်မြင်သူတွေ သေမလိုကြိုးစားနေချိန်မှာ မကြိုးစားဖြစ်တဲ့သူတွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် အောင်မြင်သူနဲ့ကျရှုံးသူကြားက ခြားနားချက်ကို ဖော်ပြလိုက်ပါတယ်။
သင့်ရဲ့စွမ်းရည်တွေ တိုးတက်လာစေဖို့ ကျင့်သုံးသင့်သော အကျင့်ကောင်းများ
“Every next level of your life will demand a different you.”– Leonardo DiCaprio ပြောထားတဲ့စကားလိုပါပဲ။ သင့်ဘဝအတွက်နောက်ထပ်အဆင့်တစ်ခုမြင့်တက်ချင်တယ်ဆိုရင် သင့်ရဲ့စွမ်းရည်တွေလည်း တိုးတက်လာဖို့လိုအပ်ပါတယ်။ သင့်ဘဝမှာ ခုထက် ဝင်ငွေပိုရချင်သလား၊ ခုထက် ရာထူးတိုးချင်သလား၊ ခုထက် ဆရာကျချင်သလား ပိုမြင့်တဲ့ဘဝရဲ့အဆင့်တစ်ခုကိုရောက်ချင်တယ်ဆိုရင်တော့ သင့်ထက်ပိုတော်တဲ့ သင်ဖြစ်နေဖို့လိုပါတယ်။ သင့်မှာ ရှိတဲ့စွမ်းရည်တွေထက်မြက်လာလေ သင့်ဘဝရဲ့အဆင့်အတန်းကလည်း ပိုပြီးမြင့်တက်လာလေလေ သင့်ရဲ့ဝင်ငွေကလည်း လိုက်ပါတိုးမြင့်လာလေလေဖြစ်မှာပါ။ အဲဒါကြောင့် ဝင်ငွေကို အရင်မလိုချင်ပါနဲ့။ သင့်ရဲ့စွမ်းရည်ကိုသာ အရင်မြင့်တင်ပါ။ သင့်ရဲ့စွမ်းရည်တိုးတက်လာစေဖို့ လိုက်နာကျင့်သုံးသင့်တဲ့ အကျင့်ကောင်းလေးတွေဖော်ပြပေးလိုက်ပါတယ်။
မကြီးပွားစေမယ့် အကျင့်ဆိုးများ
ဘယ်လောက်ပဲ ပင်ပန်းကြီးစွာရှာဖွေပါစေ။ အချိန်တန် ဒီဘဝက ဒီဘဝနဲ့တင် ဖြစ်နေတဲ့လူအများစုထံမှာ အောက်ပါအကျင့်ဆိုးတွေကို တွေ့ရတတ်ပါတယ်။ မတိုးတက်တဲ့လူအများစုမှာ ကိုယ့်ကိုယ်ကိုယ်ပြန်မသုံးသပ်တတ်ကြဘဲ ကိုယ်မထိန်းချုပ်နိုင်တဲ့ အခြားသော အခြေအနေတော်တော်များများကိုသာ အပြစ်တင်နေတတ်ကြပါတယ်။ အဲဒါကြောင့် အချိန်မီ ကိုယ့်ထံမှာ အောက်ပါအကျင့်ဆိုးတွေရှိနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ခြင်းဖြင့် ပြင်ဆင်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
သင့်စိတ်ဆင်းရဲမှုများကို အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းများ
စိတ်ဆင်းရဲတယ်ဆိုတာ လူတိုင်းနီးပါးခံစားဖူးကြမှာပါ။ စိတ်ပူပန်စရာတွေတွေးနေတာ၊ စိုးရိမ်စိတ်များနေတာ၊ မဖြစ်လာသေးပေမယ့် ကြိုစိတ်ဆင်းရဲနေတာမျိုးကြုံတဲ့အခါ စိတ်ဆင်းရဲနေရတတ်ပါတယ်။ တချို့ကပြန်တော့လည်း ပြဿနာတွေပေါင်းစုံနဲ့ရင်ဆိုင်နေရတာမျိုးမှာ စိတ်ဆင်းရဲတတ်ပါတယ်။ အဲဒီလိုစိတ်ဆင်းရဲနေရတယ်လို့ သင့်ကိုသင်ထင်နေပြီဆိုရင် ဘာလုပ်သင့်ပါသလဲ။ စိတ်ဆင်းရဲမှုက သင့်ရဲ့စိတ်ကျန်းမာရေးကိုထိခိုက်စေပြီး ထိုမှတဆင့် ကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။
နှစ်သစ်မှာ အားပေးသင့်သောစကားများ
နှစ်သစ်မှာ ဘာတွေ အစီအစဉ်ချမှတ်ထားပြီးပြီလဲ။ နှစ်သစ်ရောက်လို့ Happy new year! လို့အော်လိုက်ရုံနဲ့ နောက်ထပ်ရောက်လာမယ့်နှစ်သစ်က ပျော်စရာကောင်းသွားမှာ မဟုတ်ပါဘူးနော်။ အဓိကက သင်ကိုယ်တိုင်ပါပဲ။ သင့်ရဲ့နှစ်သစ်ကို ဘယ်လိုစိတ်ထား၊ ဘယ်လိုရည်မှန်းချက်တွေနဲ့ သင်ဖြတ်သန်းမလဲဆိုတာ အရေးကြီးပါတယ်။ နှစ်သစ်မှာ နှစ်ဟောင်းက လုပ်ခဲ့တာတွေ၊ မှားခဲ့တာတွေ၊ မဖြစ်မြောက်ခဲ့တာတွေကို ပြန်တွေးပြီး နောင်တရနေလို့ဘာမှမထူးတော့ပါဘူး။ အဲဒါကြောင့် ရောက်လာမယ့်နှစ်သစ်မှာ သင့််ကိုသင်အားပေးတဲ့စကားတွေနဲ့ နှစ်သိမ့်လိုက်ပြီး နှစ်သစ်မှာ နှစ်ဆကြိုးစားဖို့အားခဲထားလိုက်ပါ။ ကဲ….ဘယ်လိုစကားတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အားပေးမလဲဖတ်ကြည့်လိုက်ပါအုံးနော်။
မောင်နှမအချင်းချင်းအချစ်တိုးစည်းလုံးစေဖို့ မိဘတွေလုပ်သင့်တဲ့အချက်များ
မောင်နှမ အချင်းချင်းချစ်ခင်စည်းလုံးစေဖို့က မိဘတွေပေါ်အဓိက မူတည်ပါတယ်။ တစ်ဦးတည်းသော သားသမီးတွေထက် မောင်နှမရှိတဲ့သားသမီးတွေက လောကမှာ ဖေးမကူညီဖော်ရှိတယ်လို့ အကြမ်းဖျင်းသတ်မှတ်ကြပါတယ်။ ဒါပေမယ့် မချစ်ခင်စည်းလုံးမှုမရှိတဲ့မောင်နှမတွေဖြစ်လာရင်တော့ ဖေးမကူညီဖော်ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေရင်း၊ မိဘအမွေလုတာမျိုး၊ အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်နေတာမျိုးတွေ၊ ဘယ်သားသမီးကိုတော့ ပိုချစ်တယ်ဆိုတာမျိုးတွေနဲ့ မောင်နှမတွေကြားမှာသွေးခွဲမှုတွေဖြစ်လာတတ်ပါတယ်။ အဓိကဖေးမကူညီပေးမယ်ယူဆရသူတွေကပဲ အနှောင့်အယှက်ပေးနိုင်သူတွေဖြစ်လာပြန်ပါတယ်။ အဲဒါကြောင့်မိဘတွေအနေနဲ့ သားသမီးအချင်းချင်းကြားမှာ ချစ်ခင်စည်းလုံးမှုရှိအောင် ပြုစုပျိုးထောင်ပေးဖို့လိုပါတယ်။
စိတ်ထားမကောင်းသူနဲ့ စိတ်ထားပြည့်ဝသူတို့ရဲ့ ခြားနားချက်များ
ကျွန်တော်တို့ဘဝမှာ လူအမျိုးမျိုးကိုတွေ့ကြုံဆက်ဆံဖူးကြမှာပါ။ လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို လူချင်းသာ တူရင်တူမယ်၊ စိတ်ထားခြင်းကတော့ ဖြတ်သန်းခဲ့တဲ့ဘဝပေးအခြေအနေပေါ်မူတည်ပြီး မတူညီနိုင်ပါဘူး။ အဲဒီ့ထဲမှာမှ စိတ်သဘောထား ယုတ်မာသနဲ့ စိတ်သဘောထာပြည့်ဝသူတို့ရဲ့ခြားနားချက်တွေကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။ စာဖတ်သူတို့လည်း အမြင်လေးတွေမန့်ခဲ့ကြပါအုံးနော်။