ဒီခေါင်းစဉ်ကိုမြင်လိုက်တာနဲ့ စိတ်ကောင်းရှိခြင်းက ဘယ်လောက်အရေးကြီးသလဲဆိုတာကို မြင်လာမယ်ထင်ပါတယ်။ အခုလက်တလောဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေနဲ့ဆိုရင် ပိုပြီးတော့ ချိန်ထိုးကြည့်လို့ မြင်နိုင်မယ်ထင်ပါတယ်။ ကိုဗစ်ကိုကြောက်လန့်တကြားဖြစ်နေကြတဲ့အချိန်မှာ လူတွေရဲ့စိတ်ထားတွေကို ပိုပြီး သိသာမြင်သာရှိလာမယ်ထင်ပါတယ်နော်။ စိတ်ကောင်းထားတယ်ဆိုတဲ့နေရာမှာ စိတ်ကောင်းရှိခြင်းဟာ တစ်ဦးပေါ်တစ်ဦးမေတ္တာထားခြင်း၊ စေတနာထားခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။
Covid - 19 ကူးစက်မှုမှ ကာကွယ်ဖို့ သင့်အိမ်ကိုလည်း ပိုးသတ်၊ သန့်ရှင်းရေးလုပ်ကြပါ။
Work from home တွေ အတော်များများက ဖြစ်နေကြပြီဆိုတော့ အိမ်တွင်းအောင်းပြီး အလုပ်လုပ်နိုင်ဖို့အတွက် ကိုယ့်အိမ်တွင်းမှာ Covid -–19 ဝင်ရောက်ခိုကပ်မနေနိုင်ဖို့ အိမ်တွင်းပိုးသတ်တဲ့နည်းလမ်းကို ပြောပြပေးချင်ပါတယ်။ Covid -19 က အပြင်ကနေပြန်လာရာမှ သင့်လက်၊ သင့်ခန္ဓာကိုယ် ၊ သင့်အဝတ်အစား တစ်ခုခုကနေ ကပ်ပါလာမယ်ဆိုရင် သင့်အိမ်တွင်းပစ္စည်းတွေကိုလည်း ကပ်ညှိနေနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်အိမ်လေးကို တစ်ပတ်မှာ နှစ်ခါ(သို့) သုံးခါလောက် ပိုးသတ်မှ စိတ်ချရမှာဖြစ်ပါတယ်။ အပြင်ထွက်ရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့လိုသလို ကိုယ့်အမြဲနေမယ့် အိမ်ဂေဟာကိုလည်း ပိုးသတ်ဖို့လိုပါတယ်။
ကိုယ့်ကိုမကောင်းပြောတတ်တဲ့သူတွေကို ဘယ်လိုဆက်ဆံမလဲ။
ကိုယ့်ကို အဆိုးမြင်စိတ်နဲ့ချည်းဆက်ဆံတတ်တဲ့သူတွေရှိတယ်လို့ ခံစားနေရသလား။ ကိုယ့်ကို မကောင်းပြောတတ်တဲ့သူတွေကို ဘယ်လိုပြန်တုံ့ပြန်တတ်သလဲ။ အများအားဖြင့်ကတော့ ကိုယ့်ကို အဆိုးမြင်စိတ်နဲ့ ဘာလုပ်လုပ်အပြစ်ပြောတတ်တဲ့လူမျိုးဆိုရင် ဘယ်သူကမှ မပတ်သက်ချင်ကြပေမယ့် မရှောင်နိုင်တဲ့အခါ ပတ်သက်နေရတာမျိုးလည်း ရှိမှာပါ။ အဲဒီ့လိုလူတွေကို ဘယ်လိုဆက်ဆံမလဲဆိုတာလေးဖော်ပြပေးလိုက်ပါတယ်။
ဒေါသတကြီးပေါက်ကွဲတတ်တဲ့အကျင့်ကိုဘယ်လိုပြင်မလဲ။
ကိုယ့်မှာ ဒေါသတကြီးပေါက်ကွဲတတ်တဲ့အကျင့်ရှိပါသလား။ ရုတ်တရက် ထပြီး ဒေါသတကြီး တုံ့ပြန်မိတာမျိုးပေါ့။ ဒေါသတကြီးပေါက်ကွဲပြီးမှ သွေးအေးသွားတဲ့အခါ ပြန်တွေးပြီး ဘာလို့ဒီလိုမျိုးတုံ့ပြန်မိပါလိမ့်ဆိုပြီး ပြန်တွေးမိနေတတ်တာမျိုးဖြစ်နေတတ်သလား။ အဲဒီလိုဒေါသတကြီးပေါက်ကွဲတတ်တဲ့အကျင့်ကို ဘယ်လိုပြုပြင်နိုင်မလဲဆိုတာလေးကို ဖော်ပြပေးချင်ပါတယ်။ များသောအားဖြင့်က ကိုယ့်ရဲ့စိတ်ကို ရုတ်တရက် မထိန်းလိုက်နိုင်ဘဲ စိတ်ကိုလွှတ်ပေးလိုက်သလိုဖြစ်တဲ့အခိုက်အတန့်မျိုးမှာ ဒေါသကပေါက်ကွဲသွားတာမျိုးပါ။ အဲဒါကြောင့် အဓိကက စိတ်ကို တည်ငြိမ်အောင် ထားဖို့လိုပါတယ်။
ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ
ဘဝမှာလူတွေနဲ့ပတ်သက်ပြီး စကားလက်ဆောင်များ
ဘဝမှာ လူအမျိုးမျိုး ကို ရင်ဆိုင်ရပြီး စိတ်ထားအမျိုးမျိုးကို ကြုံတွေ့ရပါလိမ့်မယ်။ တချို့လူတွေက ကိုယ့်ကို ဒဏ်ရာတွေပေးသွားပြီး တချို့လူတွေကတော့ သင့်ကို အမှတ်တရတွေပေးသွားပါလိမ့်မယ်။ သင်က အမှတ်တရတွေကိုတော့ သိမ်းထားရင်း ပီတိဖြစ်နိုင်သလို ဒဏ်ရာတွေကနေတော့ သင်ခန်းစာအချို့ရအောင်ယူတတ်ဖို့လိုပါတယ်။ အချို့လူတွေကတော့ သင့်ကို စွန့်ပစ်ခဲ့မှာဖြစ်ပြီး အချို့လူတွေကတော့ သင့်ကို တလေးတစားနဲ့ တန်ဖိုးထားကြမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ဘဝရဲ့အချိန်အချို့ကို သင်ပြန်တွေးတောမိတဲ့အခါ သင့်ဘဝတစ်လျှောက်မှာ ပတ်သက်ဖူးခဲ့သူတွေအားလုံးအပေါ် သင်ကိုယ်တိုင်က လိပ်ပြာမလုံစရာကောင်းတဲ့အကျင့်မျိုး၊ ဒုက္ခရောက်အောင်လုပ်ခဲ့တာမျိုး၊ အနိုင်ကျင့်ခဲ့တာမျိုးတွေနဲ့ စိတ်ပျက်စရာအမူအကျင့်တွေမလုပ်ခဲ့မိဖို့လိုပါတယ်။ အဲဒီလောက်ဆိုရင်ပဲ သင့်ဘဝမှာ သင့်ရှင်သန်မှုဟာ အဓိပ္ပါယ်ရှိနေပါပြီ။ အကောင်းဆုံးကတော့ သင့်အနားကလူတွေကို သင်အတတ်နိုင်ဆုံးမျှဝေကူညီဖူးခဲ့တယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကောင်းတာပဲပေါ့။ သင့်ဘဝမှာ လူတွေနဲ့ပတ်သက်ပြီး သင်မှတ်ထားသင့်တဲ့စကားလက်ဆောင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အပူဒဏ်လွန်ကဲတဲ့နေရောင်ခြည်ကနေ ဘယ်လိုကာကွယ်ကြမလဲ။
ခုချိန်မှာ ရာသီဥတုက ပိုပြီးပူပြင်းလာပါပြီ။ အပူဒဏ်အောက်မှာ မဖြစ်မနေထွက် အလုပ်လုပ်ရတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ်။ အဲဒါ နေပူဒဏ်ကို အတတ်နိုင်ဆုံးကာကွယ်နိုင်မယ့်နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။ မဖြစ်မနေနေပူထဲ သွားလာရမယ်ဆိုရင်တောင် ဘယ်လိုကာကွယ်မလဲဆိုတဲ့နည်းလမ်းတွေကို လိုက်နာခြင်းက အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ထွင်းစရာမလိုတော့ဘဲ ဆိုးကျိုးနည်းစေမှာဖြစ်ပါတယ်။ နေရောင်ခြည်ကနေ UVB rays တွေက အရေပြားကို နီလာတာ၊ ပျက်စီးစေတာမျိုးတွေအပြင် ဆိုးဝါးလွန်းတဲ့အခါ အရေပြားကင်ဆာထိပါဖြစ်နိုင်ချေရှိပါတယ်။ American Academy of Dermatology က လေ့လာချက်အရ အမေရိကန်လူမျိုး ငါးယောက်မှာ တစ်ယောက်ဟာ အရေပြားကင်ဆာဖြစ်ပွားမှုရှိပါတယ်လို့ ဖော်ပြထားပါတယ်။ အဲဒါကြောင့်ကာကွယ်ခြင်းဟာ အထိရောက်ဆုံးနည်းလမ်းဖြစ်တာကို မမေ့ပါနဲ့နော်။ ဘယ်လိုကာကွယ်ကြမလဲဆိုတာလေး ဖော်ပြပေးလိုက်ပါတယ်။
ဘဝကပေးသလောက်နဲ့ အကောင်းဆုံးကြိုးစားဖို့ပဲလိုပါတယ်။
များသောအားဖြင့် လူတွေက ကိုယ့်လက်ထဲဆုပ်ကိုင်ထားတဲ့အရာတွေကို မမြင်တတ်ကြဘဲ ခပ်လှမ်းလှမ်းက ကိုယ်မြင်နေရတဲ့အရာတွေကိုသာ မြင်တတ်ကြပါတယ်။ တနည်းအားဖြင့် ကိုယ်မရထားတဲ့အရာတွေကို လိုချင်တပ်မက်စိတ်ကြောင့် ပူလောင်နေပြီး ကိုယ်ရထားတဲ့အရာကိုတော့ မေ့နေတတ်ပါတယ်။ ကိုယ်ရထားတဲ့အရာဆိုတာက ဘဝက ပေးထားတဲ့အရာတွေပေါ့။
အကျင့်ဆိုးတွေကို ဘယ်လိုဖျောက်ပစ်ကြမလဲ။
လူတိုင်းမှာ အကျင့်ဆိုးတွေကိုယ်စီရှိတတ်ကြတာပါပဲ။ ကြီးတာနဲ့ သေးတာပဲကွာပါတယ်နော်။ အကျင့်ဆိုးအသေးအဖွဲလေးတွေကနေ အကျင့်ဆိုးကြီးကြီးမားမားထိ ပြောင်းလဲလာရင်တော့ မကောင်းတဲ့အကျိုးဆက်တွေသာ ဖြစ်လာပြီး သင့်ဘဝကိုပါထိခိုက်လာတဲ့အထိဖြစ်လာနိုင်ပါတယ်နော်။ အဲဒီ့တော့ ကိုယ့်ရဲ့အကျင့်ဆိုးတွေက ဘာတွေဖြစ်မလဲ သုံးသပ်ပြီး ကိုယ့်ရဲ့အကျင့်ဆိုးတွေကို အသေးအဖွဲလေးကစပြီး ပြုပြင်နိုင်ဖို့ကြိုးစားသင့်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့အကျင့်ဆိုးတွေကို ဘယ်လိုဖျောက်ပစ်ကြမလဲဆိုတဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
သင့်ကို ပြဿနာပေးတတ်သူတွေကို မရှောင်ကျဉ်နိုင်တဲ့အခါ ဘယ်လိုလုပ်သင့်သလဲ။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အမြဲတမ်း ကိုယ့်ကို နှောင့်ယှက်တတ်သူ၊ ဒုက္ခပေးသူ၊ မနာလိုသူ၊ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့လုပ်တတ်သူတွေ ၊ ကိုယ်တိုင်လည်း အဖြစ်မရှိ၊ အဖြစ်ရှိအောင် အားသွန်ခွန်စိုက်ကြိုးစားနေသူများကိုလည်း ဘေးထိုင်ဘုပြောလုပ်တတ်သူများကို ကြုံကိုကြုံရမှာပါ။ လူတိုင်းဟာ ကိုယ့်ခံယူချက်နဲ့ ကိုယ်၊ ကိုယ့်ဘဝအတွေ့အကြုံနဲ့ကိုယ်မို့ အမြင်ချင်းမတူနိုင်တာက လက်ခံပေးလို့ရပါတယ်။
မှတ်ဉာဏ်တိုးစေဖို့ ဘာတွေလုပ်သင့်သလဲ။
အလုပ်များလေ မေ့ဖို့လွယ်လာလေလေပါပဲ။ မေ့တာများလေလေ ကိုယ့်ရဲ့အလုပ်ခွင်၊ ရုံး၊ ကျောင်း၊ သင်တန်း စသဖြင့်မှာ အဆင်မပြေနိုင်ပါဘူး။ အဲဒါကြောင့် အဲဒီလိုမေ့တတ်တာမျိုး၊ မေ့လွယ်တာမျိုး ၊ ပြောနေတုန်းသတိရပြီး ခဏနေ မေ့သွားတာမျိုး မဖြစ်ရအောင် မှတ်ဉာဏ်ကို နေ့တိုင်းလို ကျင့်ပေးသင့်တဲ့နည်းလမ်းတွေရှိပါတယ်။ သင့်ရဲ့မေ့တတ်တဲ့အကျင့်အတွက် အထောက်အကူဖြစ်စေမယ့်နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။