ကျန်းမာရေး

ကျန်းမာရေး

ကျန်းမာရေး, အစားအစာ, လူနေမှုဘဝ

အစာစားပြီးနောက်မလုပ်သင့်တဲ့အရာများ

ထမင်းစားပြီးနောက် ကျွန်တော်တို့ပုံမှန်လိုလုပ်နေတဲ့တစ်ချို့အရာတွေက သင့်ရဲ့ယေဘုယျကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ သင်သိပါသလား။

ကျန်းမာရေး အစားအစာ လူနေမှုဘဝ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အိပ်ရာမဝင်မီလုပ်သင့်သောအရာများ

ညစဉ်ညတိုင်း အိပ်ရာမဝင်ခင်မှာ လုပ်သင့်သောအရာတွေရှိပါတယ်နော်။ သိပြီးသားလေးတွေဖြစ်ပေမယ့် တချို့အရာလေးတွေကျတော့ အမှတ်တမဲ့ သတိမမူမိဘဲ မလုပ်မိလိုက်တာမျိုးလေးတွေ မဖြစ်ရအောင် ပြန်ပြီး သတိပေးတဲ့အနေနဲ့ အိပ်ရာမဝင်မီလုပ်သင့်သောအရာလေးတွေကို ပြန်လည်ဖော်ပြပေးပါရစေ။

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အိပ်ပျော်စေရန် အကြံပြုချက်များ။

တစ်နေ့တာလုံးပင်ပန်းခဲ့သမျှကို ညဘက်မှာ ကောင်းမွန်စွာ အိပ်ပျော်စေခြင်းက အများကြီး အကျိုးသက်ရောက်မှုရှိစေပါတယ်။ ညဘက်ကောင်းစွာအိပ်မပျော်ခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စားဝတ်နေရေးပေါ်မှာလည်း သွားပြီး ထိခိုက်နိုင်တာပါပဲ။ အဲဒါကြောင့် ညဘက်ကို ကောင်းမွန်စွာအိပ်စက်စေနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, အစားအစာ

ပန်းပွင့်စိမ်းရဲ့ကောင်းကျိုးများ

ကျန်းမာရေးနဲ့သင့်တော်တဲ့အသီးအရွက်တွေကိုပြရမယ်ဆိုရင် ပန်းပွင့်စိမ်းကလည်း မပါမဖြစ် ပါဝင်မှာပါပဲ။ ပန်းပွင့်စိမ်းရဲ့အကျိုးတွေက များပြားလှတယ်ဆိုတာ သိပေမယ့် ပိုပြီး တိတိကျကျသိသွားရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။ ၁) ကင်ဆာရောဂါကို တိုက်ဖျက်ရာတွင် ကူညီပေးနိုင်ခြင်း ၂) သွေးဖိအားနှင့် ကိုလက်စထရောကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ခြင်း ၃) အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်ခြင်း ၄) သွားနဲ့သွားဖုံး ကျန်းမာရေးကို ကောင်းမွန်အောင် ကူညီပေးနိုင်ခြင်း ၅) အရိုးသန်မာအောင် ကူညီပေးနိုင်ခြင်း ၆) လမစေ့ဘဲ ကလေးမွေးဖွားခြင်းကို ကာကွယ်ဖို့ကူညီနိုင်ခြင်း၊ ၇) အရေပြားကျန်းမာရေးနဲ့ပတ်သက်သမျှကို ကောင်းမွန်ဖို့ကူညီပေးနိုင်ခြင်း ၈) ဒဏ်ရာအနာတရဖြစ်ခြင်းမှ သက်သာအောင်ကူညီနိုင်ခြင်း ၉) မျက်လုံးကျန်းမာရေးကို ကောင်းမွန်အောင်ကူညီပေးခြင်း ၁၀) သွေးတွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားရာတွင် ကူညီပေးနိုင်ခြင်း ၁၁) အသည်းရောဂါကို ကာကွယ်ရာတွင် အထောက်အကူဖြစ်နိုင်ခြင်း ၁၂) ရေဓာတ်ကိုထိန်းပေးပြီး သွေးထဲကအက်ဆစ်ဓာတ်ကိုပါ ထိန်းပေးဖို့ ကူညီပေးခြင်း ၁၃) ဟော်မုန်းနဲ့ပတ်သက်တဲ့ကျန်းမာရေးကို ကောင်းမွန်ဖို့နဲ့ အဒရီနယ်ဂလင်း (adrenal gland)ရဲ့လုပ်ဆောင်ချက်တွေကို ပုံမှန်ဖြစ်ဖို့ အထောက်အကူဖြစ်စေနိုင်ခြင်း ၁၄) ခန္ဓာကိုယ်အတွင်း လုပ်ဆောင်ချက်တွေကို ပုံမှန်ဖြစ်စေခြင်းနဲ့ ကိုယ်အလေးချိန်တိုးခြင်းကို ထိန်းပေးဖို့ ကူညီစေခြင်း ၁၅) အသက်အရွယ်ကြီးရင့်အိုမင်းလာခြင်းကြောင့်အမြင်အာရုံေ၀ဝါးခြင်းမှ ကာကွယ်ရာတွင်ကူညီပေးနိုင်ခြင်း https://www.pinterest.com/pin/33706697188073686/ pinterest မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, အစားအစာ, လူနေမှုဘဝ, ကိုးကားစာများ

အသည်းကျန်းမာရေးအတွက် အထောက်အကူပြုသောအစားအစာများ

သင့်ခန္ဓာကိုယ်အတွက် လုပ်ဆောင်ချက်ပေါင်း ၅၀၀ကျော်ကို ဆောင်ရွက်ပေးနေတဲ့ သင့်အသည်းက သင့်အတွက် အကြီးမားဆုံးကိုယ်တွင်းအဂါၤတစ်ခုပါပဲ။ အဲဒါကြောင့် သင့်အသည်းကျန်းမာဖို့ မှန်ကန်တဲ့အစားစာတွေကို စားသုံးခြင်းဖြင့် ထိန်းသိမ်းဖို့ အရမ်းကိုအရေးကြီးပါတယ်။ အခုဖော်ပြပေးထားတဲ့အစားအစာတွေကတော့ သင့်အသည်းရဲ့လုပ်ဆောင်ချက်တွေကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးနိုင်မယ့်အစားအစာတွေပဲဖြစ်ပါတယ်။

ကျန်းမာရေး အစားအစာ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ

ဥနီရဲ့ကောင်းကျိုးများ

မုန်လာဥနီက ဗီတာမင် အေ ပါဝင်ပြီး အခြားသော ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေအများကြီး ရနိုင်ပါသေးတယ်။ မုန်လာဥနီမှာ ဗီတာမင်အေသာမက ဗီတာမင် ကေ၊ ပိုတက်ဆီယမ်၊ မဂ္ဂနစ် (managanese)ဓာတ်တွေပါဝင်ပါသေးတယ်။ အဲဒါကြောင့် မုန်လာဥနီစားသုံခြင်းက ဘာအကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ ၁) အမြင်အာရုံကောင်းမွန်စေခြင်း ၂) ကင်ဆာရောဂါကာကွယ်ဖို့ ကူညီပေးနိုင်ခြင်း ၃) အိုမင်းရင့်ရော်ခြင်းကို နှေးစေရန် ကူညီနိုင်ခြင်း ၄) အရေပြားကျန်းမာရေးကို ပိုမိုကောင်းမွန်ဖို့ ကူညီနိုင်ခြင်း ၅) ဘက်တီးရီးယားနဲ့ ဗိုင်းရပ်ပိုးကြောင့် ကူးစက်ခြင်းများကို ကာကွယ်ဖို့ ကူညီနိုင်ခြင်း ၆) နှလုံးရောဂါကို ကာကွယ်ရာတွင် ကူညီနိုင်ခြင်း ၇) ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ခြင်း၊ အသည်းလုပ်ဆောင်ချက်ကို တိုးတက်စေခြင်း ၈) အူနဲ့ သွား ကျန်းမာရေးကို ကာကွယ်ဖို့ ကူညီနိုင်ခြင်း ၉) ရုတ်တရက် လေဖြတ်ခြင်းကို ကာကွယ်ဖို့ ကူညီနိုင်ခြင်း ၁၀) ကျောက်ကပ်လုပ်ဆောင်ချက်ကို တိုးတက်ဖို့ ကူညီနိုင်ခြင်း ၁၁) အစာခြေစနစ်ကို ကောင်းမွန်ဖို့ ကူညီနိုင်ခြင်း ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးဆိုသလို အလွန်အကျွံစားသုံးခြင်းကတော့ ဘယ်အရာမှမကောင်းပါဘူး။ အားလုံးပဲချိန်ဆစားသုံးခြင်းဖြင့် ကျန်းမာကြပါစေ။ #BAWA101

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

ဟက်ဟက်ပက်ပက်ရယ်မောပါ

ကမ္ဘာပေါ်မှာ အကောင်းဆုံးခံစားချက်တစ်ခုကတော့ ဟက်ဟက်ပက်ပက်ရယ်မောခြင်းပါပဲ။ အဲဒါက လူတွေကိုအံ့သြဖွယ်ကောင်းလောက်အောင် တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးခိုင်မာစေပါတယ်။ တခစ်ခစ်ရယ်မောခြင်းကနေ ဟက်ဟက်ပက်ပက်ရယ်မောခြင်းက အရာအားလုံးကိုပြောင်းလဲပစ်နိုင်ပါတယ်။ တိတ်ဆိတ်ခြောက်ကပ်နေတဲ့အခန်းထဲမှာ ရယ်မောလိုက်တဲ့အခါ နွေးထွေးပြီး နှစ်လိုဖွယ်ကောင်းတဲ့ပတ်ဝန်းကျင်အဖြစ်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ရယ်မောခြင်းက လူမှုဆက်ဆံရေးအတွက် လိုအပ်သလို၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ အားလုံးပဲ ရယ်မောခြင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ဖတ်ကြည့်လိုက်ပါအုံး။

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ

ကျောက်ကပ်အတွက်ကောင်းမွန်စေသောအစားအစာများ

ကျောက်ကပ်ဆိုတာက ကျွန်တော်တို့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့အင်္ဂ ါတစ်ခုဖြစ်ပါတယ်။ သူက သွေးထဲက အဆိပ်အတောက်တွေ၊ မလိုအပ်ပဲပိုလျှံနေတဲ့ရေတွေကိုဖယ်ရှားဖို့ ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့် ကျောက်ကပ်အတွက် ကောင်းမွန်စေတဲ့အစားအစာများကိုဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, အစားအစာ

မနက်စောစောရေသောက်သင့်တဲ့အချက် ၅ချက်

ရေက လူသားတို့ နေ့စဉ်ဘဝမှာ အရမ်းအရေးပါသလို၊ လူသားတို့အတွက် ကျန်းမာစေတဲ့အကျိုးသက်ရောက်မှုတွေ အများကြီးရှိပါတယ်။

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, လူနေမှုဘဝ

ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်သည့်နည်းလမ်း ၁၀ချက်

ခေါင်းကိုက်ခြင်းကို လူတိုင်းလိုလိုခံစားဖူးကြမှာပါ။ ခေါင်းကိုက်ခြင်းက စိတ်ဖိစီးမှုများခြင်း၊ ပင်ပန်းခြင်း တို့နဲ့လည်း ဆက်စပ်နေတတ်ပါတယ်။ တစ်ချို့ကတော့လည်း ရောဂါကြောင့် ခေါင်းကိုက်တာမျိုးလည်းဖြစ်တတ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ခေါင်းကိုက်တဲ့အခါ အလွန်ခံစားရခက်ပါတယ်။ အဲဒါကြောင့် ခေါင်းကိုက်ခြင်းကိုခံစားရသက်သာစေမယ့် နည်းလမ်းတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်နော်။

ကျန်းမာရေး လူနေမှုဘဝ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာ ပူဆွေးနေခြင်းက မှန်ရဲ့လား

ဒီလောကမှာ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ဥပမာ၊ ကံတရား၊ အချိန်၊ ကိုယ့်ရဲ့အထက် လူကြီး၊ ဆွေမျိုး၊ အသိုင်းအဝန်း၊ ပတ်ဝန်းကျင် စသည်ဖြင့် အများကြီးပါပဲ။ ကိုယ်က သူတို့ကို သွားပြုပြင်ပေးလို့မရတာမျိုးပေါ့။ ဥပမာ။ ကုန်ဈေးနှုန်းတွေတက်လာတာမျိုးကို စိတ်ထိုင်ညစ်နေလို့ အလကားပါပဲ။ အဲလိုပါပဲ…..အကောင်းဘက်ကလှည့်တွေးလိုက်မယ်ဆိုရင် ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာသာ ပိုပြီး အာရုံစိုက်လိုက်ပါ။ အဲဒါက သင့်အတွက်ပိုပြီးကောင်းသလို၊ သင့်ဘဝလည်း ပိုပြီးတိုးတက်လာပါလိမ့်မယ်။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ကျန်းမာရေး, လူနေမှုဘဝ

ဆောင်းရာသီအတွက် အသားအရေ ထိန်းသိမ်းနည်းများ။

ဆောင်းရာသီမှာ အရေးပြားတွေက ပိုပြီး ခြောက်သွေ့လွယ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ဖို့လည်း လွယ်ပါတယ်။ အဲဒါကြောင့် ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အသားအရေပြဿနာတွေကတော့ နှုတ်ခမ်းကွဲခြင်း၊ ဆံသားခြောက်သွေ့ခြင်းနဲ့ အရေပြားခြောက်သွေ့ခြင်းတို့ အဖြစ်များပါတယ်။ အသားအရေထိန်းသိမ်းနိုင်ဖို့ အကောင်းဆုံးဖြစ်ပြီး ရိုးရှင်းတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး လူနေမှုဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။