စွမ်းရည်

စွမ်းရည်

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

သင်လက်တွဲဖော်အဖြစ်ရွေးချယ်တဲ့သူက သင့်ဘဝအပေါ်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

သင့်ရဲ့ဘဝကြီးတစ်ခုလုံးမှာ သူတစ်ယောက်တည်းရဲ့လက်ကိုတွဲပြီး ဘဝကိုဖြတ်သန်းတော့မယ်လို့ တချိန်ချိန်မှာ သင်ဆုံးဖြတ်ရမှာပါ။ ဘယ်လိုလူမျိုးကို သင်ရွေးချယ်မလဲ။ ဘယ်လိုလူမျိုးက သင့်အတွက် သင့်ဘဝရဲ့အကောင်းအဆိုးအားလုံးကို အတူရင်ဆိုင်ဖြေရှင်းမလဲ။ တကယ်တော့ သူစိမ်းနှစ်ယောက် ပေါင်းပြီး ဘဝတစ်ခုဖြစ်အောင် တည်ဆောက်ရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ သင့်ရဲ့ဘဝတစ်လျှောက်လုံးလက်တွဲဖော်အဖြစ် သင်ရွေးချယ်လိုက်တဲ့သူက သင့်ရဲ့ရှေ့ဆက်လျှောက်မယ့်ဘဝအပေါ် အများကြီး သက်ရောက်မှုရှိနိုင်ပါတယ်။ ဘယ်လိုသက်ရောက်မှုတွေလည်း ဆိုတာ အသေးစိတ်ဖော်ပြပေးလိုက်ပါတယ်နော်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ဘဝမှာပျော်ရွှင်စေမယ့်နည်းလမ်းများ (၂)

#ဘဝမှာပျော်ရွှင်စေမယ့်နည်းလမ်းများ (၂) “စကားပြောဖို့ အခွင့်အရေးရတုန်းပျော်စရာတွေကိုပဲပြောပါ။” #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အဆိုးမြင်တတ်တဲ့သူတွေကြားမှာ ဘယ်လိုပျော်ရွှင်အောင်နေကြမလဲ။

သင့်ပတ်ဝန်းကျင်မှာ မပျော်ရွှင်တဲ့သူတွေရှိနေသလား။ ပြောရရင် သင့်ပတ်ဝန်းကျင်မှာ မကောင်းတဲ့အတွေး၊ မကောင်းတဲ့ခံစားချက်ဖြစ်ပေါ်စေတဲ့သူတွေက သင့်ကိုပါ မကောင်းတဲ့ခံစားချက်တွေဖြစ်ပေါ်လာစေပါတယ်။ သူတို့တွေက သင့်ရဲ့ပျော်ရွှင်နေတဲ့ခံစားချက်တွေကိုပါ ပြောင်းလဲပစ်နိုင်ပါတယ်။ အဲဒီလိုမကောင်းတဲ့အမြင်တွေကို ဘယ်လိုဖယ်ထုတ်ပစ်မလဲ။ အဲဒီလို မကောင်းတဲ့အမြင်ရှိတဲ့ လူတွေကြားမှာ သင့်ရဲ့ကောင်းမွန်တဲ့အတွေးအခေါ်တွေ၊ ခံစားချက်တွေကို ဘယ်လိုထိန်းသိမ်းမလဲ။ မပျော်ရွှင်တတ်တဲ့လူတွေကြားမှာ သင့်ကိုသင်ဘယ်လိုပျေ်ာရွှင်အောင်နေထိုင်မလဲ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ဘဝမှာ ငွေနဲ့ဝယ်မရနိုင်တဲ့အရာများ

သင့်ဘဝမှာ အသက်အရွယ်ရလာလေလေ တချို့အရာတွေက ငွေနဲ့ဝယ်မရဘူးဆိုတာ သင်တဖြည်းဖြည်း သိလာမယ်ထင်ပါတယ်။ သင်ငယ်စဉ်အချိန်မှာတော့ ငွေနောက်ကို အသည်းအသန်လိုက်နေရပေမယ့် သင်အသက်ရလာတဲ့အချိန်မှာတော့ သင်ကြိုးစားပမ်းစားလိုက်ရှာထားရတဲ့ငွေတွေက သိပ်အဖိုးမတန်တော့ဘူးဆိုတာ သင်နားလည်လာမှာပါ။ သင့်ဘဝရဲ့နေဝင်ချိန်ရောက်ကာမှ ငွေနဲ့ဝယ်မရနိုင်တဲ့အရာများကို တန်ဖိုးထားတတ်လာမယ်ဆိုရင် အချိန်နှောင်းသွားနိုင်ပါတယ်။ အဲဒီလိုမဖြစ်ရအောင် ခုကတည်းက ဘဝမှာငွေနဲ့ဝယ်လို့မရတဲ့အရာတွေကို ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

သင်ဘယ်တော့မှ မရှက်သင့်တဲ့အရာများ

ကိုယ့်ကိုကိုယ်သိမ်ငယ်ပြီး လူကြားထဲ ရှက်ရွံ့သလို၊ အားငယ်သလိုဖြစ်စေတဲ့အရာတွေ ရှိနေသလား။ တကယ်တော့ တချို့အရာတွေက သင်တကယ် ရှက်ရွံ့သင့်တဲ့အရာတွေမဟုတ်ပါဘူး။ လူတိုင်းလူတိုင်းက ကိုယ့်ဘဝကို ကိုယ့်ရဲ့ရှင်သန်ရာလမ်းကြောင်း ၊ ဘဝပေးအခြေအနေ၊ မိသားစုအခြေအနေ ၊ လိုအပ်ချက်အရ ကိုယ်အဆင်ပြေသလို ရပ်တည်ရှင်သန်နေရတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် သင်ဘယ်တော့မှ မရှက်သင့်တဲ့အရာတွေ ရှိပါတယ်။ အောက်မှာ တစ်ပုံချင်းဖော်ပြပေးထားပါတယ်။ စာဖတ်သူတွေကော ဘယ်လိုထင်သလဲ အထင်အမြင်လေးတွေ မန့်ခဲ့ကြပါအုံးနော်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ဝမ်းနည်းခြင်းတွေကိုဖယ်ရှားပစ်နိုင်မယ့်နည်းလမ်း ၅ချက်

ပျော်ရွှင်ချင်သလား၊ ဒါပေမယ့် မပျော်နိုင်လောက်အောင်စိတ်ညစ်စရာတွေထဲမှာ နစ်နေတယ်လို့ထင်သလား။ ကျွန်တော်တို့ဘဝမှာ တချို့သောအဖြစ်အပျက်တွေ ဖြစ်မလာဖို့ကို ကျွန်တော်တို့ကိုယ်တိုင် မထိန်းချုပ်နိုင်ပါဘူး။ ဖြစ်ပျက်လာတဲ့အခါမှသာ ကျွန်တော်တို့ရဲ့ခံစားချက်နဲ့ ကျွန်တော်တို့ရဲ့အတွေးတွေကိုသာ ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ခံစားချက်ကို ကျွန်တော်တို့ ကိုယ်တိုင်တောင် မထိန်းချုုပ်နိုင်ရင် ကျွန်တော်တို့ဘယ်တော့မှ ပျော်ရွှင်မှုကို အပြည့်အဝမရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဘဝဆိုတာက အမြဲစိတ်ဆင်းရဲ၊ စိတ်ညစ်စရာမျိုးက တခါမဟုတ် တခါတော့ ကြုံနေရမှာမို့လို့ပါ။ အဲဒါကြောင့် အဆိုးဆုံးအခြေအနေမှာတောင် အကောင်းဆုံးအခြေအနေတစ်ခုကိုရှာတွေ့နိုင်ဖို့က သင်က အဆိုးကိုချည်းအာရုံစိုက်ထားလို့မဖြစ်ပါဘူး။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အလွယ်ကူဆုံး အချိန်စီမံခန့်ခွဲနည်းလမ်း

Work hard ဖြစ်ဖို့ထက် work smart ဖြစ်ဖို့လိုတယ်ဆိုတာ ဒီနေ့ခေတ်မှာ ပိုပြီး သဘောပေါက်လာကြပါပြီ ။ အဲဒါအပြင် ဒီနေ့ခေတ်မှာ ဘယ်သူမှ အလုပ်တစ်ခုတည်းကို တရားသေလုပ်နေတယ်ဆိုတာမရှိကြတော့ဘဲ တစ်ပြိုင်တည်း ပေါ့ပေါ့ပါးပါးနဲ့ အလုပ်နှစ်မျိုး သုံးမျိုးလောက် အေးဆေး လုပ်နိုင်ကြတဲ့ခေတ်ဖြစ်ပါတယ်။ ပြောချင်တာ အလုပ်လည်း ပိုပြီး ပိုပြီးမြောက်သလို၊ ဝင်ငွေလည်း သုံးလေးခုရနေကြတဲ့သူတွေ များလာပါပြီ။ အဓိက အကြောင်းကတော့ work smart ဖြစ်ကြလို့ပါပဲ။ ဟုတ်ပြီ….အဲဒါဆိုရင် work smart ဖြစ်ဖို့အတွက် အဓိက အကျဆုံးကတော့ time management ဆိုတာ လူတိုင်းသိကြမှာပါ။ ပြောတော့သာ လွယ်တာ time management ဆိုတာ တကယ်လုပ်ကြည့်ရင်မလွယ်ပါဘူး။ အဓိကကတော့ ကိုယ့်ရဲ့စိတ်ကို ကန့်သတ် ထိန်းချုပ်နိုင်စွမ်းပါပဲ။ ကိုယ်သတ်မှတ်ထားတဲ့စည်းကမ်းကို ကိုယ်တိုင်သေချာလိုက်နာနိုင်မယ်ဆိုရင် time management လုပ်နိုင်သွားသလို၊ ကိုယ့်ရဲ့အလုပ်တွေလည်း ပိုပြီး များများပြီးစေနိုင်ပါတယ်။ အဲဒါကြောင့် time management ဘယ်လိုမျိုးလုပ်မလဲဆိုတာလေး ဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ကလေးပြုစုပျိုးထောင်ခြင်း, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အလုပ်တဖက်နဲ့မေမေတွေကို ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ကူညီကြမလဲ။

အလုပ်တဖက်နဲ့ မေမေတွေက အင်မတန်အလုပ်များတဲ့အပြင် ဖိစီးမှုလည်း များတဲ့သူတွေဖြစ်ပါတယ်။ သူမတို့ရဲ့ အလုပ်ကိစ္စအပြင် အိမ်မှုကိစ္စ၊ သားသမီးဝေယျာဝစ္စ၊ လင်ယောကျ်ားဝေယျာဝစ္စ၊ မိဘဝေယျာဝစ္စ စတဲ့ အလုပ်တွေအားလုံးကို သူတို့အလုပ်တာဝန်အဖြစ် တာဝန်ယူကြရတာဖြစ်ပါတယ်။ အိမ်မှုကိစ္စဆိုတာကလည်း ဘယ်တော့မှ အငြိမ်းစားမရတတ်တဲ့အလုပ်မျိုးပါပဲ။ အဲဒါကြောင့် အလုပ်တဖက်ရှိတဲ့မေမေတွေမှာ အိမ်အလုပ်အပြင်၊ အပြင်အလုပ်ကတစ်မျိုးမို့ ပိုပြီး ဖိစီးမှုများ အလုပ်ရှုပ်တတ်လို့ ကိုယ့်ကိုကိုယ်အနားပေးဖို့တောင်မေ့နေတတ်ကြတာမျိုးပါ။

စွမ်းရည် ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အကြွေးလည်ပင်းနစ်နေတဲ့အခါ လုပ်သင့်တဲ့နည်းလမ်းများ

အကြွေးယူတာက လွယ်ပါတယ်။ ဒါပေမယ့် လွယ်လွယ်ယူလိုက်လို့ အကြွေးတွေထပ်ပုံလာပြီး အကြွေးတွေရယ်၊ အတိုးတွေရယ်ပေါင်းလိုက်တဲ့အခါ ဆပ်လို့မကြေနိုင်တော့ပါဘူး။ အကြွေးတွေတောင်လိုပုံလာတဲ့အခါ အကြွေးရှိနေတဲ့လူတစ်ယောက်အတွက် ထူပူလာနိုင်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲဒီ့အခါမှာတော့ အကြွေးကို ကြေအောင်ဆပ်တာထက် လွတ်ရာကိုရှောင်ပြေးတယ်ဆိုတာမျိုးတွေ၊ ကတိမတည်နိုင်တော့တာမျိုးတွေ၊ လိမ်ညာဖို့ရည်ရွယ်ချက်မရှိပေမယ့် လိမ်ညာမိတာမျိုးတွေဖြစ်လာပြီး လူမှုပတ်ဝန်းကျင်မှာ နာမည်ပျက် ၊ သိက္ခာကျတာမျိုးဖြစ်လာရပါတော့တယ်။ အဲဒါကြောင့် အကြွေးလည်ပင်းနစ်နေတဲ့အခါ လုပ်သင့်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အားနာတတ်တဲ့စိတ်က သင့်ကိုနစ်နာစေနိုင်သလား။

သင့်မှာ အားနာတတ်တဲ့စိတ်ရှိနေသလား။ မရှိဘူးဆိုရင်တော့ အရမ်းကောင်းပါတယ်လို့ပြောချင်ပါတယ်။ အားနာတတ်တဲ့စိတ်ထားဆိုတာ သနားကြင်နာတတ်တဲ့စိတ်နဲ့ ကိုယ်ချင်းစာစိတ်ပေါင်းစပ်ပြီး တဖက်လူကို “သူ့အခြေအနေမျိုးမှာဆိုရင် ငါလည်း ဒီလောက်ခံစားနေရမှာပါပဲလေ…..” ဆိုတဲ့အတွေးနဲ့ နာကျင်နေတဲ့သူကိုပဲဖြစ်ဖြစ်၊ အကူအညီလိုအပ်နေတဲ့သူကိုပဲဖြစ်ဖြစ် ပစ်ပစ်ခါခါ မငြင်းရက်တာ၊ ပြတ်သားစွာမပြောနိုင်တာမျိုုးဖြစ်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။