အိပ်မပျော်တဲ့သူတွေအတွက် အိမ်တွင်းနည်းလမ်းများ
အမြဲအိပ်မပျော်တဲ့အခါ ကိုယ့်ရဲ့ကျန်းမာရေးကို အများကြီးထိခိုက်စေတာကို သိပြီးကြပြီးဖြစ်မှာပါ။ တချို့တွေက ဘယ်လိုပဲအိပ်ပျော်အောင် အိပ်ပါစေ ၊ အိပ်မရဘူးဆိုတာမျိုးတွေ ကြုံဖူးကြမှာပါ။ အဲဒီ့အတွက် အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းတွေ ရှိပါတယ်။ အိပ်ခါနီးကျမှ ကဖင်းပါတဲ့အချိုရည်၊ ကော်ဖီစတဲ့သောက်စရာတစ်မျိုးမျိုးသောက်မိတာမျိုး၊ ဒါမှမဟုတ် တခုခုကြောင့် စိတ်ဖိစီးမှုကို တွေးတောမိနေတာမျိုးကနေလည်း အိပ်မရတာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် အောက်ပါအချက်လေးတွေကို လုပ်ကြည့်ပေးပါ။
သင့်ရဲ့လက်တွေ့ဘဝနဲ့ကိုက်ညီအောင် သင့်ရဲ့အိပ်မက်တွေကို မနှိမ့်ချလိုက်ပါနဲ့။
သင့်ရဲ့လက်တွေ့ဘဝနဲ့ကိုက်ညီအောင် သင့်ရဲ့အိပ်မက်တွေကို မနှိမ့်ချလိုက်ပါနဲ့။
သင့်ကလေးတွေကို ငွေကြေးကအရေးကြီးကြောင်းမသင်ပေးပါနဲ့။
သင့်ကလေးတွေကို ငွေကြေးကအရေးကြီးကြောင်းမသင်ပေးပါနဲ့။
ဘုရားပေးတဲ့အကောင်းဆုံးဆုလာဘ်ကတော့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝကို ပြန်လည်ရှင်သန်ထမြောက်ဖို့ပါပဲ။
ဘဝရဲ့အခက်အခဲ၊ ဒုက္ခတွေကြုံရတဲ့အခါ “ငါ့ကိုကျတော့ ကူကယ်မယ့်သူ မရှိပါလား” ရယ်လို့ တွေးပြီး စိတ်ဓာတ်ကျဖူးကြမှာပါ။ လူအတော်များများက အခက်အခဲ၊ အကြပ်အတည်းကြားမှာ ကယ်တင်ရှင်ကို မျှော်လင့်နေတတ်ကြတာချည်းပါပဲ။ နာကျင်ဝမ်းနည်းစရာကြုံရင်တောင် “ရင်ဖွင့်ရမယ့်သူဘယ်သူမှမရှိပါလား” “ကူညီမယ့်သူဘယ်သူမှမရှိပါလား” “ နားလည်ပေးတဲ့လူဘယ်သူမှမရှိပါလား” ဆိုပြီး တွေးတတ်ကြပါတယ်။ အဲဒီ့လို တွေးလိုက်တဲ့အခါ ပိုပြီးတော့တောင် ဝမ်းနည်းနာကျင်ရတယ်မဟုတ်လား။ အဲဒီလိုတွေးမိလေလေ ကိုယ်ကတစ်ယောက်တည်းပါလား......ဆိုတဲ့အတွေးနဲ့ ပိုနာကျင်ရလေလေ၊ ကိုယ့်ကိုယ်ကိုယ်ပိုပြီး သနားမိလာလေလေဖြစ်ရပါလိမ့်မယ်။ တကယ်တော့ အဲဒီလိုအတွေးမျိုးဟာ သင့်အတွက် အားမဖြစ်စေဘဲ သင့်ကိုပါ စိတ်ဓာတ်ကျအောင် ဆွဲချပြီး အင်အားလျော့စေပါတယ်။
အမှောက်မိုက်ဆုံးအချိန်ဟာ အလင်းရောင်ရှာဖို့ တွန်းအားပါ။
အမှောက်မိုက်ဆုံးအချိန်ဟာ အလင်းရောင်ရှာဖို့ တွန်းအားပါ။
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ
စာဖတ်ချိန်မရဘူးဆိုသူတွေအတွက် နည်းလမ်းကောင်းများ
စာဖတ်ချိန်မရဘူးဆိုတဲ့သူတွေအတွက် မဖြစ်မနေရတဲ့နည်းလမ်းနဲ့စာဖတ်ဖို့ ဆုံးဖြတ်ချက်ချထားတယ်ဆိုရင်တော့ လုပ်လို့ရနိုင်တဲ့နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့ခေတ်က အွန်လိုင်းပေါ်ကနေ ဘာမဆိုဖတ်လို့ရနေတာမို့ စာဖတ်ချိန်သီးသန့်မထားဘဲနေလို့ရတယ်လို့ထင်လို့မဖြစ်ပါဘူး။ လူတိုင်းလိုလို တိုးတက်ဖို့ အပြိုင်အဆိုင် ကြိုးစားကြနေတာမို့ စာဖတ်ချိန်ကို မဖြစ်မနေ ထားသင့်ပါတယ်နော်။ စာဖတ်ဖြစ်ဖို့ အဓိက အချက်ကတော့ စာဖတ်မယ်ဆိုတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ပါပဲ။ ဆုံးဖြတ်ချက်အတိုင်း မသွေမတိမ်း ဖတ်ဖြစ်အောင်ဖတ်မယ်ဆိုတဲ့စိတ်ရှိတဲ့နောက်မှာတော့ တကယ်စာဖတ်ချိန်သတ်သတ်မှတ်မှတ်ဖြစ်လာမှာပါ။
ဘဝကိုတန်ဖိုးရှိစွာကုန်ဆုံးနိုင်စေဖို့........
ဘဝဟာ လုပ်စရာရှိတာတွေလုပ်ဖို့ရာ တိုတောင်းလွန်းပါတယ်။ အဲဒီ့အတွက်
ကိုယ့်ရဲ့ပထမဆုံးအလုပ်ခွင်ဝင်ခဲ့တုန်းက အလွဲတစ်ခုခုလုပ်ခဲ့ဖူးလား ❓❓
ကိုယ့်ရဲ့ပထမဆုံးအလုပ်ခွင်ဝင်ခဲ့တုန်းက အလွဲတစ်ခုခုလုပ်ခဲ့ဖူးလား ❓❓
ဘယ်ကျောင်းသင်ခန်းစာ၊ ပြဌာန်းစာအုပ်ထဲမှာမှ မပါတဲ့ လူသားဆန်ခြင်းတစ်ခုက ကိုယ်ချင်းစာတရားပါပဲ။ တကယ်တော့ ကိုယ်ချင်းစာတယ်ဆိုတာ အခြားလူတစ်ယောက်ခံစားသမျှကို ကိုယ်တိုင်ထပ်တူခံစားပြီး တဖက်လူအပေါ် နားလည်နိုင်ခြင်းပါ။ ကိုယ်မှာမနာတာ တပါးသူတော့နာပါစေ။ ကိုယ်မှမထိခိုက်တာ တပါးသူထိခိုက်တာထိခိုက်ပါစေ၊ ကိုယ်မှ မနစ်နာတာ တပါးသူနစ်နာတာ နစ်နာပါစေ ဆိုတဲ့ ကိုယ်မထိခိုက်ရင်ပြီးရော.....ဆိုတဲ့ တစ်ကိုယ်ကောင်းဆန် အတ္တကြီးတဲ့စိတ်ထားမျိုးသာ လူတိုင်းလိုလိုထားကြမယ်ဆိုရင် လူ့လောကြီးမှာ ထိခိုက်နစ်နာသူတွေချည်းဖြစ်လာမှာဖြစ်သလို, ခုချိန်မှာ ကိုယ်အသာစီးရနေရင်တောင် တချိန်မှာတော့ ကိုယ့်ကိုထိခိုက်အောင်လုပ်လာမယ့်လူမျိုးနဲ့ တွေ့ပြီး ကိုယ်ခံရမယ့်အလှည့်ဆိုတာ ရောက်ကိုရောက်လာမှာသေချာပါတယ်။
လုပ်ငန်းအတွေ့အကြုံမရှိဘဲ အလုပ်ဘယ်လိုရှာရမလဲ။
အလုပ်လျှောက်တဲ့အခါ အဓိက ပြဿနာကတော့ အလုပ်အတွေ့အကြုံမရှိတာပါပဲ။ အလုပ်အတွေ့အကြုံရှိမှ အလုပ်ခေါ်တာများတာမို့ အလုပ်အတွေ့အကြုံမရှိတဲ့လူတွေက အလုပ်ရှာရခက်တတ်ပါတယ်။ ဒါပေမယ့် လူတိုင်းက မွေးရာပါ လုပ်ငန်းအတေါ့အကြုံပါလာကြသူတွေချည်းမဟုတ်ပါဘူး။ ကြိုးစားသင်ယူရင်းကနေမှ အတေါ့အကြုံရလာတာချည်းပါပဲ။ အဲဒါကြောင့် အလုပ်အတွေ့အကြုံမရှိတဲ့အခါ အလုပ်ခေါ်စာတွေ၊ ဂျာနယ်တွေဖတ်တဲ့အခါ အောက်ပါအချက်လေးတွေကိုလုပ်ထားပါ။