ယောကျာ်းလေးများ သူတို့ရဲ့ချစ်သူကိုချစ်ရက်နဲ့ ထားခဲ့ရတဲ့အကြောင်းရင်း

အချစ်က ဆွေးနွေးရခက်ပြီ အေဖြေရှာရခက်ပါတယ်။ ဘာကြောင့် အမျိုးသားတွေက အမျိုးသမီးတွေကို ချစ်ရက်နဲ့ထားခဲ့တာလဲ။ အမျိုးသားတွေအတွက်က အမျိုးသမီးတွေထက် ပိုပြဿနာက ဆွေးနွေးရပိုခက်မယ်ထင်ပါတယ်။ အမျိုးသားတွေအတွက် ဘယ်လိုချစ်မိသွားသလဲဆိုတာကို ရှင်းပြရခက်သလို၊ တခါတလေမှာလည်း ဘာမှမဟုတ်တဲ့အကြောင်းအရာလေးကနေ ချစ်မိသွားနိုင်သလို၊ ဘာမှမဟုတ်ဘူးလို့ ထင်ရတဲ့အကြောင်းအရာလေးတွေနဲ့တင် စိတ်ကုန်စိတ်ပျက်ပြီး ချစ်သူကိုထားခဲ့တာမျိုးလည်းဖြစ်တတ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ယောက်ျားလေးတွေက သူတို့ရဲ့ချစ်သူကိုချစ်ပေမယ့် ထားခဲ့ရတဲ့အကြောင်းရင်းတွေကို ဖတ်မိသလောက်ဖော်ပြပေးလိုက်ပါတယ်။


၁) ယောကျ်ားတစ်ယောက်ကိုပြောင်းလဲဖို့ကြိုးစားတဲ့မိန်ကလေးမျိုးကိုလည် စိတ်ကုန်လာတတ်ပါတယ်။
ယောကျ်ားတစ်ယောက်က သူ့မှာရှိပြီးသားစွမ်းရည်တွေနဲ့ မလုံလောက်ဘူး၊ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး၊ သူ့ရဲ့အားနည်းချက်က များတယ် စသဖြင့် သူ့ကိုယ်သူ ထိုကဲ့သို့ခံစားလာရပြီဆိုရင် ထွက်သွားဖို့ စဉ်းစားပါတော့တယ်။ အမျိုးသမီးတွေက သူတို့ိကို အရှိအတိုင်းလက်မခံနိုင်ဘဲ ပြောင်းလဲဖို့ကြိုးစားနေတယ်လို့ ထင်လာတဲ့အခါမှာ အမျိုးသားတွေက ထိုအမျိုးသမီးအနားကနေ ထွက်သွားဖို့စတင်စဉ်းစားပါတယ်။ Albert Einstein ကပြောတဲ့စကားရှိပါတယ်။ “အမျိုးသားတွေက သူတို့ကို ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးလို့ ထင်တဲ့အမျိုးသမီးတွေကို လက်ထပ်ပြီး အမျိုးသမီးတွေကတော့ အမျိုးသားတွေပြောင်းလဲလာလိမ့်မယ်လို့မျှော်လင့်ပြီး အမျိုးသားတွေကိုလက်ထပ်တာဖြစ်ပါတယ်။” တဲ့။ မဖြစ်နိုင်လာတဲ့အခါ နှစ်ဦးနှစ်ဖက် စိတ်ပျက်လာကြပါတယ်။ အမျိုးသားတွေက သူတို့ဖြစ်ချင်တာကို ချစ်ခင်ပြီး ဘေးကနေ ထောက်ပံ့ပေးတဲ့ partner ပုံစံအမျိုးသမီးမျိုးနဲ့အတူ ရှင်သန်ကြီးပြင်းချင်ကြပါတယ်။ သူတို့ကို ပုံစံသွင်းပြီး သူတို့ကိုပြောင်းလဲချင်တဲ့အမျိုးသမီးမျိုးကို မလိုချင်တတ်ကြပါဘူး။

၂) အမျိုးသမီးရဲ့အောင်မြင်မှုက အမျိုးသားအတွက် သိမ်ငယ်လာစေတဲ့အခါမျိုးမှာလည်း လက်တွဲဖြုတ်တတ်ပါတယ်။
ဖလော်ရီဒါတက္ကသိုလ်ရဲ့လေ့လာချက်အရ အမျိုးသမီးတွေရဲ့အောင်မြင်မှု့က အမျိုးသားတွေရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုထိခိုက်လာတဲ့အခါမျိုးမှာ ထိုအမျိုးသမီးကိုစွန့်ခွာတတ်ကြပါတယ်တဲ့။ ပေါ်တင် ပြိုင်ဆိုင်တာမျိုးမဟုတ်ပေမယ့် မသိစိတ်ထဲကနေ ကိုယ့်ရဲ့ချစ်သူအမျိုးသမီးက ကိုယ့်ထက်ပိုပြီးအောင်မြင်ကျော်ကြားနေတာမျိုးဖြစ်လာတဲ့အခါမျိုးပေါ့။ အမျိုးသမီးရဲ့အောင်မြင်မှုအပေါ် အမျိုးသားတွေဘယ်လိုခံစားသလဲဆိုတဲ့ပေါ်မူတည်ပြီးတော့ သူတို့ရဲ့ relationship ပေါ်သက်ရောက်ပါတယ်။ အမျိုးသားအနေနဲ့ကတော့ အမျိုးသမီးက သူ့ထက်ပိုအောင်မြင်နေတယ်လို့ခံစားရပြီး အမျိုးသားက သူ့ကိုယ်သူအသုံးမကျဘူးလို့ခံစားလာရတဲ့အခါမျိုးမှာ ထိုဆက်ဆံရေးကိုအဆုံးသတ်ဖို့ကြိုးစားလာနိုင်ပါတယ်။ သူမရဲ့အောင်မြင်မှုကို သူက မသိစိတ်ထဲကနေ ပြိုင်ဆိုင်နေမိပြီး သူမရဲ့အောင်မြင်မှုအတွက် ထပ်တူမခံစားပေးနိုင်သလို၊ ထိုအမျိုးသမီးကိုလည်း ဒီထက်ပိုပြီးအောင်မြင်အောင် မပံ့ပိုးပေးနိုင်တော့ပါဘူး။
၃) အချိန်တိုင်း တွန်းအားပေးနေတတ်တဲ့အမျိုးသမီးမျိုးကိုလည်း စိတ်ကုန်လာတတ်ပါတယ်။
မိန်းကလေးတွေက တစုံတခုကိုပဲ မကြာခဏ ထပ်ခါထပ်ခါ ပြောနေတယ်ဆိုရင် ယောကျ်ားလေးတွေက ထိုဇုံထဲကနေ ရုန်းထွက်ချင်စိတ်ဖြစ်လာတတ်ပါတယ်။ ယောကျ်ားလေးတွေက သူတို့ိုကိုအသိအမှတ်ပြုတာကိုလည်း လိုချင်တတ်ကြပါတယ်။ အဲလိုမကြာခဏ ထပ်ခါထပ်ခါပြောပြီး တခုခုလုပ်ခိုင်းတာမျိုးကို လျစ်လျူရှုထားတတ်ကြပါတယ်။ ယောကျ်ားလေးတွေဘာပဲလုပ်လုပ် အမြဲ complain တက်နေတယ်လို့ ခံစားရလာတဲ့အခါ သူ့အတွက် ပျော်ရွှင်စရာကောင်းပြီး အထောက်အပံ့ပေးနိုင်တဲ့အမျိုးသမီးမဟုတ်ဘူးလို့ ခံစားရတဲ့အတွက် လက်တွဲဖြုတ်တတ်ပါတယ်။ ဥပမာ။ ယောက်ျားလေးတစ်ယောက်ကို သူ့ချစ်သူမိန်းကလေးက ရေပိုက်ပြင်ဖို့အကူအညီတောင်းထားတယ်ဆိုရင် ထိုရေပိုက်ကိုမပြင်မချင်းတဖွဖွပြောပြီး ပြင်ဖို့သတိပေးနေတာမျိုးကို သူတို့က မကြိုက်တတ်ကြပါဘူး။

၄) သူစိမ်းဆန်တဲ့မိန်းကလေးမျိုးကိုလည်း လက်တွဲဖြုတ်တတ်ပါတယ်။
ယောက်ျားလေးတွေက မိန်းကလေးတွေထက် Intimacy လို့ခေါ်တဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမျိုး (လက်ကိုင်ခြင်း၊ ပခုံးဖက်ခြင်း၊ နမ်းခြင်း၊ လက်တွဲခြင်း)စတဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမျိုးပိုပြီးလိုချင်တတ်ကြပါတယ်။ ယောကျ်ားလေးဘက်က ထိုကဲ့သို့ရင်းနှီးတဲ့ဆက်ဆံရေးမျိုးနဲ့ ဆက်ဆံတတ်ပေမယ့် လိုလားတဲ့ပုံစံမရှိတဲ့ မိန်းကလေးမျိုးကို စိတ်ကုန်တတ်ပါတယ်။ ဟန်တခွဲသားနဲ့နေတာမျိုး၊ အရှက်ကြီးသလိုမျိုး ဒါမှမဟုတ် မထိနဲ့မကိုင်နဲ့ဆိုပြီး ချစ်သူရည်းစားခြင်း သူစိမ်းဆန်ဆန်နေတတ်တဲ့မိန်းကလေးမျိုးကို စိတ်ပျက်လာတတ်ပါတယ်။ အဲဒါကြောင့် တခြားသော relationship အသစ်ကို ရှာသွားတတ်ပါတယ်။

၅) အခြားယောက်ျားနဲ့နှိုင်းယှဉ်တတ်ခြင်းကြောင့်လည်း စိတ်ကုန်သွားတတ်ပါတယ်။
အရင်ကထားခဲ့တဲ့ relationships တွေအကြောင်းကို နားထောင်ရတာလောက် ယောက်ျားလေးတစ်ယောက်အတွက် စိတ်ဆိုးစရာကောင်းတာမရှိပါဘူး။ မိန်းကလေးက သူမထားခဲ့ဖူးတဲ့အရင်ချစ်သူတွေနဲ့ ခုလက်ရှိချစ်သူနဲ့ နှိုင်းယှဉ်လိုက်တာမျိုးလုပ်ခံရတဲ့အခါ ယောကျ်ားလေးတွေက အရမ်းစိတ်ဆိုးတတ်ပါတယ်။

၆) ကိုယ်ပိုင်လွတ်လပ်ခွင့်မပေးတဲ့မိန်းကလေးမျိုးကိုလည်း စိတ်ပျက်လာတတ်ပါတယ်။
ယောက်ျားလေးတွေက သူတို့အတွက် space လေးတစ်ခု သီးသန့်လိုအပ်ပါတယ်။ ပြောချင်တာက သူတို့ရဲ့သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာမျိုး၊ ပျော်ပါးစကားပြောကြတာမျိုးပါ။ ကလေးတစ်ယောက်လို မိန်းကလေးတစ်ယောက်က ပြောသမျှနားထောင်ပြီး ခေါင်းငြိမ့်နေရတာမျိုးကို မကြိုက်တတ်ကြပါဘူး။ ယောကျာ်းလေးတွေက သူတို့ရဲ့လွတ်လပ်တဲ့ space ကိုဆုံးရှုံးသွားပြီလို့ခံစားရတဲ့အခါမျိုးမှာ ထိုမိန်းကလေးနဲ့နေရတာ ကျဉ်းကြပ်တယ်လို့ခံစားလာရတတ်ပါတယ်။ အဆင်ပြေတဲ့ relationship တစ်ခုမှာ အပြန်အလှန် space လေးတွေထားဖို့လိုပါတယ်။ မိန်းကလေးလည်း မိန်းကလေးအလျှောက် ယောက်ျားလေးလည်းယောက်ျားလေးအလျှောက် သူတို့နဲ့သက်ဆိုင်တဲ့ သူငယ်ချင်းတွေနဲ့ နေထိုင်သွားလာဆက်ဆံရေးအတွက် နားလည်ပေးဖို့လိုအပ်ပါတယ်။

ယောက်ျားလေးတွေက သူတို့ကိုယ်သူတို့ အကျဉ်းသားတစ်ယောက်လို ခံစားလာရပြီဆိုရင် စိတ်ညစ်လာတတ်ပါတယ်။ အဲဒီလိုခံစားချက်တွေနဲ့ မွန်းကြပ်လာပြီဆိုရင် ဘယ်လောက်ပဲချစ်ပါစေ ထိုဆက်ဆံရေးကို တစ်ဘဝလုံးယူဆောင်သွားဖို့ မစဉ်းစားတတ်ကြဘဲ လမ်းခွဲတတ်ကြပါတယ်။ ယောကျ်ားလေးတွေများသောအားဖြင့်က သူတို့ကို အသိအမှတ်ပြုဖို့၊ လေစားဖို့၊ အားပေးဖို့၊ သူတို့ကိုနားလည်ပေးဖို့ မျှော်လင့်တတ်ကြပါတယ်။ သူ့ကို သူရဲကောင်းတစ်ယောက်လို မဆက်ဆံတတ်တဲ့မိန်းကလေးမျိုးကို သူတို့နဲ့တစ်ဘဝလုံးလက်တွဲဖို့ ပြန်လည်စဉ်းစားတတ်ကြပါတယ်။
powerofpositivity.com/reasons-men-leave-women/… လင့်မှာ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။