ရွှေပဲသီးရဲ့ကောင်းကျိုးများ

ရွှေပဲသီးက ချိုပြီး ကုန်းဘောင်ကြီးကြော်၊ အစိမ်းကြော်စတာတွေမှာ ထည့်စားတတ်ကြပါတယ်။ အဲဒီ့ရွှေပဲသီးလေးက စားလို့လည်းကောင်းသလို အာဟာရလည်းပြည့်ဝပါတယ်။ ရွှေပဲသီးလေးမှာဆိုရင် ဗီတာမင်အေ၊ စီ၊ အမျှင်ဓာတ်တွေနဲ့ သံဓာတ်၊ ဗီတာမင်ကေတို့ပါဝင်တဲ့အပြင် အခြားအာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။


၁) အမျှင်ဓာတ်မြင့်မားပါတယ်။
အမျှင်ဓာတ်မြင့်မားတာကြောင့် အစာခြေစနစ်ကိုကူညီပေးနိုင်ပါတယ်။ သွေးထဲက သကြားဓာတ်ကိုလည်းထိန်းပေးနိုင်ပြီး အမျှင်ဓာတ်ကြောင့်အစာခြေလွယ်ပြီး ဝိတ်လည်းထိန်းနိုင်ပါတယ်။

၂) ကယ်လိုရီနည်းပါးပါတယ်။
ကယ်လိုရီနည်းပါးစွာပါဝင်တာကြောင့် ဝိတ်မတက်စေဘဲ နှလုံး၊ သွေးတိုး၊ ဆီးချိုစတဲ့ အခြားနောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်နိုင်ပါဘူး။

၃) နှလုံးကျန်းမာစေပါတယ်။
ကယ်လိုရီနည်းပါးခြင်းက နှလုံးနဲ့ဆက်စပ်တဲ့ပြဿနာတွေမဖြစ်စေတော့ပါဘူး။ အဲဒါအပြင် အဆီလည်းပါဝင်ခြင်းမရှိ၊ ဖောလိတ်ဓာတ်ကြောင့် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

၄) ခုခံအားကောင်းစေပါတယ်။
ဗီတာမင်စီ နဲ့ caretenoid ပါဝင်တာကြောင့် အအေးမိတုတ်ကွေးပြင်ပမှ ကူးစက်မှုတွေကို ကာကွယ်နိုင်ပါတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။

၅) အရိုးကျန်းမာစေပါတယ်။
နှလုံးကျန်းမာစေရုံသာမကာ သင့်ရဲ့ဝိတ်ကိုထိန်းနိုင်စေပြီး အရိုးတွေကိုလည်းကျန်းမာစေနိုင်ပါတယ်။
ဗီတာမင်ကေနဲ့ သံဓာတ်ပါဝင်တာကြောင့် သွေးအားနည်းခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။