ရွှေဖရုံညွှန့်ရဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

ရွှေဖရုံညွှန့်က ကညွှန့်၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်ရွက်တွေကဲ့သို့ အာဟာရဓာတ်၊ သတ္တုဓာတ်တွေပါဝင်ပါတယ်။ Iron ၊ Vitamin B6 ၊ Manganese ၊ Phosphorus ၊ Copper ၊ Vitamin A ၊ Vitamin c ၊ Amino acids စတဲ့ဓာတ်တွေပါဝင်ပါတယ်။


၁) နှလုံးကျန်းမာရေးကိုအထောက်အကူပြုစေခြင်း
အမျှင်ဓာတ်ပါဝင်တာကြောင့် ကိုလက်စထရောစုပ်ယူခြင်း လျှော့ချပေးတာကြောင့် သွေးထဲက ကိုလက်စထရောလျော့ကျစေပါတယ်။ အူထဲက ဘက်တီးရီးယားတွေကို ဖြိုခွဲလိုက်တဲ့အခါ အသည်းက ကိုလက်စထရောထုတ်လုပ်ခြင်းကိုလျှော့ကျအောင် fatty acids တွေ ထွက်လာစေပါတယ်။ အဲဒါကြောင့် သွေးထဲက ကိုလက်စထရောလျှော့ကျစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ချေနည်းပါးစေပါတယ်။ potassium ကြွယ်ဝမှုကြောင့် နှလုံးခုန်နှုန်းမမှန်ခြင်း၊ လေဖြတ်နိုင်ခြေကို နည်းပါးစေပါတယ်။

၂) ခုခံအားကောင်းစေခြင်း
Iron ပါဝင်မှုကြောင့် ခန္ဓာကိုယ်ခုခံအားတိုးစေပြီး သွေးအားကောင်းစေပါတယ်။ ခုခံအားတိုးစေတာကြောင့် ကူးစက်မှုတွေကို တိုက်ဖျက်နိုင်ပြီး သွေးနီဥတွေများများထုတ်လုပ်စေနိုင်ပြီး ဆဲလ်တွေ၊ တစ်ရှူးတွေ၊ ကိုယ်တွင်းအဂါၤတွေ အောက်ဆီဂျင်ပြတ်လပ်မှုမဖြစ်နိုင်တော့ပါဘူး။ အဲဒီ့အခါ hemoglobin မရှိစေတော့ပါဘူး။ hemoglobin မရှိတဲ့အခါ အောက်ဆီဂျင်မရစေတော့ပါဘူး။ အဲဒါကို သံဓာတ်က ကုစားပေးနိုင်ပါတယ်။

၃) အရေပြားကိုကျန်းမာစေခြင်း
Vitamin A ပါဝင်တာကြောင့် အဆိပ်အတောက်တွေနဲ့ free radicals တွေကိုဖယ်ရှားနိုင်စေပါတယ်။ အရေပြားကိုကျန်းမာစေပြီး စိုပြေစေပါတယ်။ အရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။

၄) ကင်ဆာရောဂါဖြစ်ပွားနိုင်ချေလျော့ကျစေခြင်း
ပုံမှန်စားပေးခြင်းအားဖြင့် အမျှင်ဓာတ်ပါဝင်မှုကြောင့် အူမကြီးကင်ဆာဖြစ်ပွားမှုကိုလျော့နည်းစေပါတယ်။ free radicals တွေကို တိုက်ဖျက်နိုင်တာကြောင့် ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေပါတယ်။

၅) အာရုံကြောရောင်ရမ်းခြင်းကိုလျော့ကျစေခြင်း
vitamin B6 ချို့တဲ့ခြင်းဟာ အာရုံကြောရောင်ရမ်းခြင်းကဲ့သို့ rheumatoid arthritis (RA) ရောဂါဖြစ်ပွားစေပါတယ်။ အစောပိုင်းလေ့လာချက်တွေအရ rheumatoid arthritis (RA) ရောဂါမှာ vitamin B6 နည်းပါးတဲ့အခါ အဆစ်မြစ်နာကျင်ရောင်ရမ်းခြင်း ၊ ကြွက်သားနာကျင်ခြင်းတွေဖြစ်နိုင်ပါတယ်။ vitamin B6 ကဲ့သို့ အာဟာရဓာတ်များများရဖို့လိုတယ်လို့ဆိုကြပါတယ်။

၆) အရိုးကျန်းမာစေခြင်း
calcium နဲ့ phosphorus ပါဝင်တာကြောင့် အရိုးနဲ့သွားတွေအတွက် ကောင်းမွန်ပါတယ်။ အရိုးသန်မာခြင်းနဲ့။ သွားကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

၇) ရာသီမလာခင်စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာပြဿနာများကိုကူညီပေးနိုင်ခြင်း
ရာသီမလာခင်ဖြစ်တတ်တဲ့ဝေဒနာတွေ စိတ်ခံစားချက်ပြောင်းလဲခြင်း၊ ခေါင်းကိုက်ခြင်၊ စိတ်ကျခြင်း၊ မူမမှန်ခြင်း စတဲ့ရောဂါတွေကို manganese ကသက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ ရွှေဖရုံညွှန့်မှာ manganese ပါဝင်တာကြောင့် ထိုဝေဒနာတွေကို သက်သာစေပါတယ်။

၈) ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း
အမျှင်ဓာတ်ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်ပါတယ်။ အမျှင်ဓာ်က အစာကိုချေလွယ်စေပြီး အူသိမ်ထဲက အူမကြီးဆီရွေ့လျားဖို့လွယ်ကူစေပါတယ်။

၉) သွားကျန်းမာစေခြင်း
Phosphorus ပါဝင်ခြင်းက အရိုးသန်မာခြင်းနဲ့ သွား၊ သွားဖုံးတွေသန်မာစေပါတယ်။ Calcium ၊ vitamin D ပါဝင်ခြင်းကြောင့် သွားတွေကိုပိုထိရောက်စွာအကျိုးပြုစေပြီး သွားကိုက်တာမျိုးကို သက်သာစေပါတယ်။

၁၀) အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးနိုင်ခြင်း
Copper ပါဝင်တာကြောင့် free radicals တွေကို တိုက်ဖျက်ဖို့ antioxidant တွေလိုအလုပ်လုပ်ပါတယ်။ အထူးသဖြင့် အိုမင်းရင့်ရော်ခြင်းကိုသက်သာစေပြီး အမည်းစက်၊အနီစက်၊ ဖြစ်ပေါ်ခြင်းတွေကိုသက်သာစေပါတယ်။ ကြက်မျက်သင့်ရောဂါ၊ ကင်ဆာ၊ ကျောက်ကပ်စတဲ့ပြဿာနာတွေကို ဖြေရှင်းဖို့ကူညီပေးနိုင်ပြီး သင့်ကို အရွယ်တင်နုပျိုစေပါတယ်။
https://www.healthbenefitstimes.com/pumpkin-leaves/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။